Friday, April 24, 2009

ကျွန်တော့်ရဲ့ Vacation


ကျွန်တော်....တော်တော်လေးကိုပျော်နေပါတယ်(အရည်မဟုတ်ပါ)။အလုပ်လုပ်ဖို့ကလည်းကြားထဲမှာ၎ရက်လောက်ပဲကျန်တော့တယ်။
ပြီးတော့ဝယ်စရာတ္ဂေလည်းဝယ်ပြီးပြီ။Luggage ကလည်း Hand Carry ပဲပြင်ဖို့ကျန်တော့တယ်။

သြော်..ဘာလဲဆိုတာ ပြောဖို့မေ့နေတယ်။ပျော်လို့ပါ။ကျွန်တော် ပြည်တော်ကို ၄၅ ရက် Vacation ပြန်ခ္ဂင့်ရလို့ပါပဲ။
နောက်တစ်ပတ် သောကြာနေ့ (1-05-09)မှာ Silk Air (Singapore Airline) ကြီးကို ပျော်ပျော်စီးပြီး သူငယ်ချင်း နှစ်ယောက်နဲ့ အတူ ပြည်တော်ကို ခ္ဂင့်ရက်ရှည် ပြန်တော့မှာမို့ပါ။နောက်နေ့ 2-05-09 မှာတော့ Singapore အချိန်မနက်အစောကြီး ၆ နာရီလောက် လေဆိပ်ကို Arrival ရောက်မယ်လို့ခန့်မှန်းထားပါတယ်။Transit သက်သက်ပါ။ခဏလေးပါပဲ။ပြီးတော့မှ အဲ့ဒီ့နေ့မှာပဲ Singapore အချိန် မနက် ၈ နာရီ လောက်ကြရင် ပြည်တော်ကို ပြန်ဖို့ နောက်ထပ်ခရီးဆက်ရပါမယ်။၂နာရီလောက် ပဲပေါ့ လေဆိပ်ထဲမှာ..
ဘာကြောင့်ပြောရသလဲဆိုရင် Vacation ကာလမှာ ကျွန်တော့်ရဲ့ ချစ် မိဘနှစ်ပါး ရယ် ကျွန်တော့် အစ်မကြီးရယ် ကို တ္ဂေ့ပြီး အလှူတ္ဂေလည်းလုပ်စရာရှိလို့ပါ။မိတ်ဆ္ဂေတ္ဂေကို ဖိတ်တယ်နော်။မလာနိုင်လည်း သာဓု ခေါ်ပေါ့။

နောက်တစ်ချက်ကတော့ အားလုံးသိတဲ့အတိုင်း Network က ကြည်သာမယ် ဆိုရင်တော့ Blogging ကို ကောင်းကောင်းလုပ်နိုင်ပေမယ့်။မကြည်သာခဲ့ရင်တော့ နှစ်လ နီးပါး လင်းကြယ်ဖြူ တစ်ယောက် မဘလော့ခ် နိုင်မယ့်အရေးတ္ဂေးပြီး မိတ်ဆ္ဂေညီအစ်ကိုမောင်နှမတ္ဂေ ကို သတိရနေမယ်ဆိုတာလေးကို အလ္ဂမ်းသယ်ချင်လို့ပါ။

ကျွန်တော် တကယ်လို့ ကျွန်တော့် Blog လေးမှာ နှစ်လနီးပါးလောက် ဧည့်ဝတ်မကျေနိုင်ခဲ့ရင်လည်း ဆက်လက် အားပေးကြပါဦးလို့ မေတ္တာရပ်ခံ ပါတယ်နော်။အဲ့ ဒီ့ ရက်တ္ဂေမှာလည်း ရ ရင်ရသလို ၊ အဆင်ပြေရင်ပြေသလို မရ ရအောင်တော့ ရေးပါမယ်။ချစ်မိတ်ဆ္ဂေတ္ဂေနဲ့လည်း အတတ်နိုင်ဆုံး Keep in Touch နိုင်အောင်ကြိုးစားမယ်။

Singapore Airport ရောက်လို့ Transit နားနေတဲ့ အချိန်မှာလည်း တ္ဂေ့သမျှမြင်သမျှ Observe လုပ်ပြီး ဗဟုသုတရစရာလို့ထင်ရာမြင်ရာလေးတ္ဂေကို လည်း တင်နိုင်အောင်(ဖြစ်နိုင်ရင် Transit မှာစောင့်နေရတုန်း အင်တာနက် အဆင်ပြေရင်) တင်ပြပေးချင်ပါတယ်။

ပထမတော့ စလုံး (စင်ကာပူ) ဆိုတာကို ၀င်လည်ဖို့ပါပဲ။နောက်တော့ သူငယ်ချင်းတ္ဂေက Urgent ကိစ္စလေးတ္ဂေရှိနေတယ်ဆိုတာနဲ့ လက်လျော့လိုက်ရပါတယ်။နောက်နှစ်တော့ အဆင်ပြေရင် (သို့) အကြောင်းတိုက်ဆိုင်ရင် Singapore ကို ၀င်လည်ဖို့ Plan လေးတော့ ဆ္ဂဲ ထားပါတယ်ခင်ဗျာ။ဒီတော့မှ Singapore မှာ မှီတင်းနေထိုင်ကြပါကုန်သော Blogger ညီအစ်ကို မောင်နှမတ္ဂေကို လည်း အခ္ဂင့်သင့်ရင် ၀င်တ္ဂေ့လို့ရချင်ရမှာပေါ့နော်။ဒီတော့မှ ပျော်ပျော်ပါးပါး မုန့်ဝယ်စားကြတာပေါ့ ။ဘယ်သူသိနိုင်မလဲ ကျွန်တော်တို့တ္ဂေရဲ့ ရေစက် ကို။ဖြစ်နိုင်ရင်တော့ အားလုံးကို တ္ဂေ့ချင်တာပါပဲ။

ညီမငယ် မေသစ္စာမောင် ၊ ညီမငယ် ကြယ်ဖြူစင် ကတော့ လာလည်ပါတဲ့။ကြည့်ရတာ မုန့်ဝယ်ကျွေးမယ်ထင်တယ်။(နောက်တာပါ)။အစ်မ မေတ္တာရောင်ပြန် ကလည်းဖိတ်ထားတယ်။လာရင်နန်းကြီးသုတ်ကျွေးမယ်တဲ့န္ဂေးန္ဂေး ကလည်းလာလည်ပါတဲ့ ဒါပေမယ့် ၀က်သားဒုတ်ထိုး ၊ငဖယ်သုတ်တ္ဂေ စားချင်လို့ မနာလိုဖြစ်နေတယ်ဆိုပြီး နောက်တယ်။မိုးခါး ကလည်း တ၀ကြီးပျော်ပါစေတဲ့။ကိုဝင်းဇောနဲ့ ကိုစနေသား တို့ကတော့ အဆင်ပြေအောင် ဆုတောင်းပေးကြတယ်။

မည်သို့ပင်ဆိုစေကာမူ အလျင်းသင့်သလို ဘော်ဒါတ္ဂေရဲ့Blog အိမ်တ္ဂေကိုတော့ မ ရ ရအောင်ကိုလာလည်နေပါဦးမယ် ဆိုတာ လေးကို ပြောပါရစေ။
အဲ့ဒီ့တော့

လင်းကြယ်ဖြူ

အင်တာနက်စာမျက်နှာ လေးရဲ့ ပိုင်ရှင် ကျွန်တော်က လေးစား ချစ်ခင် ရပါသော ညီအစ်ကိုမောင်နှမများ ထံ ခ္ဂင့်ပန်လိုက်ရင်း
ထုံးစံအတိုင်း

မိတ်ဆ္ဂေများအားလုံး ပျော်ပါစေ လို့ ဆုမ္ဂန်ကောင်းတောင်းလိုက်ပါတယ် ခင်ဗျာ.....

လင်းကြယ်ဖြူ


www.lkphyu.blogspot.com

(မပြန်ခင်အချိန်ရရင် တစ်ခုခုတော့ ဒီကြားထဲ (တစ်ပတ်) မှာ ရေးနိုင်အောင်ကြိုးစားမယ်နော်။မရေးဖြစ်ရင်တော့ စိတ်မရှိကြပါနဲ့ ခင်ဗျာ လို့လေးစားစ္ဂာတောင်းပန်ပါတယ်)



20 ယောက်ရဲ့အမြင်:

Anonymous said...

Transit ဆိုတော့ အပြင်ထွက်လို့မရဘူးပေါ့။ လာဖြစ်ရင် ဖုန်းဆက်လိုက်နော်။ မေးလ်နဲ့ပို့ထားလိုက်မယ်။ ဖြစ်နိုင်ရင် လေဆိပ်ကို လာတွေ့ချင်ပါတယ်။ ကြိုးစားကြည့်မယ်လေ။
ပျောရွှင်ဖွယ် ခရီးလေးဖြစ်ပါစေ။ မပြန်နိုင်သေးတော့ ပြန်တဲ့သူတွေကိုပဲ အားပေးနေရတယ်။

ခင်တဲ့
မေတ္တာရောင်ပြန်

မေသစ္စာမောင် said...

ဟုတ်တယ် မုန့်ဝယ်ကျွေးမယ်ဗျို့း-)

Anonymous said...

သြော်သြော်သြော်
မနာလိုလိုက်တာနော်း(
သူကတော့ ပြည်တော်ပြန်တယ်ပေါ့
တ၀ကြီးပျော်နိုင်ပါစေ
ဒါနဲ့ ခုနေနေတာက ဘယ်မှာလဲဟင်
မမေးရသေးတော့ ခုထိမသိဘူး :D

မိုးခါး

နွေးနွေးသဲမွန် said...

ခွင့်လွှတ်ပါတယ်…သွားစေ..ဒါပေမယ့်.. မနာလိုဘူးးးးးးး……နွေးလဲပြန်ချင်တယ်… ငဖယ်အစာသွပ်စားချင်တယ်…အင်းယားမှာမုန့် တီသောက်မယ်..၀က်သားဒုတ်ထိုးစားမယ်…ပြီးတော့မနက်စောစော အစုံသုတ်စားချင်တယ်..၀ါးးးး… :-‘(

Welcome said...

လမ်းခရီး သာယာပါစေ

အပျော်တွေနဲ့ ပြန်လာဖို့ မျှော်လင့်ပါတယ် ။

ခင်မင်လျက်
ဝင်းဇော်

စနေသား said...

အဆင်ပြေ ချောမွေ့ ပြီး ပျော်စရာအကောင်းဆုံး အိမ်ပြန်ခရီးလေး ဖြစ်ပါစေဗျာ......

စနေသား said...

အဆင်ပြေ ချောမွေ့ ပြီး ပျော်ရွှင်စရာ အကောင်းဆုံး အိမ်ပြန်ခရီးစဉ်လေး ဖြစ်ပါစေဗျာ...

မေကဆုန် said...

၁လကျော်နေရမှာ ကောင်းလိုက်တာ.. မိသားစု၊ သူငယ်ချင်းတွေနဲ့ တွေ့ရတဲ့ အချိန်ဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး.. အစားအသောက် စုံအောင် စားခဲ့နော်.. ဝမ်းပျက်တာကိုလည်း သတိထားပါ.. ညီမ ပြန်တုန်းကတော့ ဝမ်းပိတ်ဆေး သောက်ပြီးတော့ စားတယ်.. အဟဲ ကြိုတင်ကာကွယ်မှုပါ.. အားခဲ့ရင် မြန်မာပြည်အနှံ့ လျှောက်လည်ခဲ့ပေါ့.. သဘာဝအလှအပတွေ အများကြီးရှိပါတယ်.. ပြည်တော်ပြန် ခရီးစဉ်မှာ အဆင်ပြေပြေ ချောမွေ့စွာ စိတ်အနှောက်အယှက်မရှိ မိသားစုနဲ့ ပျော်ရွှင်နိုင်ပါစေ..

chocothazin said...

ပြည်တောပြန် ခရီး ဖြောင့်ဖြူးပါစေ။

flowerpoem said...

ကို လင်းကြယ်ဖြူ ပျော်ရွင်ပါစေရှင်..

ရွှေပြည်သူ (ShwePyiThu) said...

၄၅ ရက်တောင် ပြန်ခွင့်ရတယ်ဆိုလို့ အရမ်းအားကျမိပါတယ်။ အလှူအတွက်လည်း သာဓုခေါ်ပါတယ်။ ပျော်ရွှင်စရာ အိမ်အပြန်ခရီးဖြစ်ပါစေ (ဖြစ်လည်း ဖြစ်မှာပါး)

Anonymous said...

:)....Sinapore ရောက်ရင်လာလယ်ဖို့ ညီမကလဲ
ဖိတ်ပါတယ်ရှင်။ :)
အေးချမ်းပါစေ။ အိမ်တောင်ပြန်ချင်လာပြန်ပြီ။:)

ကောင်းကင်ပြာ said...

အစစ အရာရာ ချောမွေ့ အဆင်ပြေတဲ့ အပြန်ခရီးလေး ဖြစ်ပါစေနော်

ကဗျာဦး said...

ကောင်းမွန်သောခရီးလေးမှ
အပြန် ပိုစ့်ကောင်းလေးများကို
စောင့်နေမယ်ရှင်

ဖိုးဂျယ် said...

ပျော်ရွှင်ပါစေဗျာ
ကောင်းမွန်သော အိမ်အပြန် ခရီးလေးပါ။
ကျွန်တော်ကတော့ မသေချာ သေးဘူး။
နောက်လထဲတော့ ပြန်ဖြစ်မယ် ထင်တာပဲ။

WWKM said...

ပျော်ရွှင်စရာကောင်းတဲ့ ပြည်တော်ပြန်ခရီးလေးဖြစ်ပါစေ.
အစစအရာရာ အဆင်ပြေပါစေ.

မဆုမွန် said...

ဘန်ကောက်ဘက်ရောက်ရင် လှည့်ဝင်ခဲ့ပါနော်..

အိမ်အပြန်အတွေ့အကြုံတွေ ပို့စ်လေးတွေ ဖတ်ချင်တယ် လက်ဆောင်လေးတွေလဲ များများသယ်ခဲ့ပေးနော်..

နေမကောင်းတာ ဆုတောင်းပေးသွားတာကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်

ဖြိုးဇာနည် said...

ပြည်တော်ပြန် ခရီးစဉ်မှာ အဆင်ပြေပြေ ချောမွေ့စွာ ပျော်ရွှင်နိုင်ပါစေ..

MANORHARY said...

ခုတလော မနာလိုကောင်းစရာလူတွေကိုချည်း
တွေ့နေရတယ် အင်းးးးးးးးး တစ်နေ့တော့
ကိုယ့်အလှည့်လာမှာပေါ့နော်.......

Anonymous said...

အစတုန်းက လင်းကြယ်ဖြူစာမျက်နှာကို ဖွင့်ရင် မရလို့ မရောက်ဖြစ်တာ။ လာလည်တိုင်း ပြန်တော့လည်ခဲ့ပါတယ်။ ဘယ်မှာနေလို့ ပြည်တော်ပြန်တာတောင် မသိလိုက်ဘူး။