Friday, June 5, 2009

အရမ်းကောင်းတဲ့ မြန်မာ့ ပန်းပု များ နဲ့ နာဂစ်မိသားစု

ကျွန်တော် ရန်ကုန်ကိုရောက်တော့ မေလ ၂ ၇က် နေ့ ၊ရောက်ပြီး တာနဲ့ ကြားရတာက ပန်းပုပြပ္ဂဲကြီး အကြီးအကျယ်လုပ်နေတယ်တဲ့။ နေရာက ဆရာစံလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းထောင့် က ဆရာစံပလာဇာမှာ ။ပန်းပုပြပ္ဂဲ ရဲ့ နာမည်က နာဂစ်နှစ်ပတ်လည် ပန်းချီ၊ပန်းပု ပြပ္ဂဲ၊ပြိုင်ပ္ဂဲ တဲ့..

အော်…အသက်ပေါင်းများစ္ဂာ၊ဘ၀ပေါင်းများစ္ဂာ၊ မျှော်လင့်ချက်ပေါင်းများစ္ဂာ ကို နှုတ်ယူနင်းခြေသ္ဂားတဲ့ နာဂစ် မုန်တိုင်း လေဆိုးရိုင်းကြီး တိုက်ခတ်ပြီးခဲ့တာ တစ်နှစ်ကျော်တောင်ရှိခဲ့ပါ ပေါ့လား…….......

ဒီပြပ္ဂဲမှာ အသုံးပြုတဲ့ ပန်းပုထုဖို့ သစ်သားတ္ဂေကတော့ နာဂစ်မုန်တိုင်းဒဏ်ကြောင့် လဲပြိုခဲ့ရတဲ့ သစ်ပင်ကြီးတ္ဂေကို လေလံဆ္ဂဲသူက ဆ္ဂဲပြီး အဲ့ဒါတ္ဂေကို အသုံးချ လို့ မြန်မာနိုင်ငံတစ်ဝှမ်းလုံး က ပန်းပုပညာရှင် အယောက် ၃၀၀ ကို ဖိတ်ခေါ် ယှဉ်ပြိုင်စေခဲ့ပါတယ်။

ပထမဆုကို မြန်မာကျပ်င္ဂေ သိန်း ၃၀ ၊ဒုတိယဆုကို မြန်မာကျပ်င္ဂေ သိန်း ၂၀၊ တတိယဆုကို မြန်မာကျပ်င္ဂေ ၁၀ သိန်း အစရှိလို့ ချီးမြှင့်ခဲ့ပါတယ်။ပြတာကတော့ ပန်းပုကိုဦးစားပေးလို့ ပန်းချီကိုပါ ယှဉ်ပြိုင်စေခဲ့တာပါ။ဒီထဲကမှကျွန်တော်ရော မြင်ရကြည့်ရသူအပေါင်းကို ပါ ဆ္ဂဲဆောင်သ္ဂားတဲ့ ပထမဆုရ ပန်းပုလေးကို တင်ပြပေးမယ်နော်။ဒီပန်းပုလက်ရာလေးကို ပန်းပုဆရာကိုယ်တိုင်ကတော့ဘယ်လိုအမည်ပေးချင်သလဲ၊ဘယ်လိုအမည်ပေးထားသလဲမသိ။ကြည့်ရှုအားပေးသူတ္ဂေကတော့ တူညီစ္ဂာ နာမည်တပ်လိုက်ကြတာ……. “နာဂစ် မိသားစု”.... တဲ့…….



ဒီပန်းပုလေးမှာ သရုပ်ဖော်ထားတာကတော့ …
နာဂစ်မုန်တိုင်းကြမ်းကြီး ကြောက်မက်ဖ္ဂယ် တိုက်ခတ်နေစဉ်မှာ ရေတ္ဂေမြင့်တက်နေတုန်း သစ်ပင်တစ်ပင်ကို မိသားစုတစ်စုက အားကိုးတကြီးဖက်တ္ဂယ်ရင်း မုန်တိုင်းဒဏ်ကို အလူးအလဲ ကြံ့ကြံ့ခံရင်ဆိုင် နေရတဲ့သရုပ်ဖော်ပုံလေးဖြစ်ပါတယ်။

ဒီမှာမိဘကိုအားကိုးတကြီးကြောက်လန့်တကြားတ္ဂယ်ဖက်ထားရတဲ့သားသမီးလေးတ္ဂေ။မုန်တိုင်းဒဏ်ကိုအံတုလို့ သစ်ပင်ကို ဆ္ဂဲကိုင်ရင်း မိမိလက်ထဲက ကလေးငယ်ကိုမြဲမြဲ ကိုင်တ္ဂယ်ထားတဲ့ ဒုက္ခတ္ဂေကြားထဲ က ဖခင်တစ်ယောက် နဲ့ ၀မ်းနည်း၊ကြောက်ရ္ဂံ့ ထိတ်လန့်၊စိတ်ဓါတ်ကျနေတဲ့ မျက်နှာဖြင့် ဘေးဆိုးကို ရင်ဆိုင်ရင်းက သားသမီးလေးတ္ဂေကို မြဲမြဲ ဖက်ရင်းကာက္ဂယ်ပေးနေတဲ့ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်တို့ရဲ့ အေးမြမေတ္တာနဲ့ခံစားနေရတဲ့ဒုက္ခကိုပီပီပြင်ပြင် ဖော်ကျူးထားပါတယ်။
အဲ..သူတို့ရဲ့ အောက်ကရေစပ်ထဲမှာ အိမ်က ခ္ဂေးလေးတစ်ကောင်ကလည်း အတူတူ တ္ဂယ်ကပ်လို့ ပေါ့။

ဒီပန်းပုလေးကိုကြည့်ရသူအပေါင်းဟာလည်း နာဂစ်မုန်တိုင်းသင့် အမိမြန်မာနိုင်ငံသားများရဲ့ ခံစားရသမျှ ဘေးဒုက္ခတ္ဂေကို ကိုယ်ချင်းစာမြင်ယောင်ရင်းက ပန်းပုလေးကို လ္ဂမ်းလ္ဂမ်းဆ္ဂေးဆ္ဂေးငေးမောကြည့်ရှုရင်း ကြည့်မ၀နိုင်အောင် ခံစားအားပေး လို့နေခဲ့ကြပါတော့တယ်ခင်ဗျာ…..

အော်…အသက်ပေါင်းများစ္ဂာ၊ဘ၀ပေါင်းများစ္ဂာ၊ မျှော်လင့်ချက်ပေါင်းများစ္ဂာ ကို နှုတ်ယူနင်းခြေသ္ဂားတဲ့ နာဂစ် မုန်တိုင်း လေဆိုးရိုင်းကြီး တိုက်ခတ်ပြီးခဲ့တာ တစ်နှစ်ကျော်တောင်ရှိခဲ့ပါပေါ့လား……..

ဒီအောက်မှာ တော့ နောက်ထပ်ပန်းပုလက်ရာကောင်းကောင်းတ္ဂေကို ဆက်လက်ရှုစားပါခင်ဗျာ

န္ဂားနှစ်ကောင်တပ် မြန်မာ့ န္ဂားလှည်းကြီး

မြန်မာ ခြင်္သေ့ နဲ့ တရုတ်ခြင်္သေ့ ဘယ်ကောင်ပိုခန့်လဲ

လူမျက်နှာပုံကြီး အကြီးကြီးပဲ ခင်ဗျ

ဒီပုံက ဘုရား၊တရား၊သံဃာ၊အဖိုးအဘ္ဂား၊မိဘ၊ဆရာ၊ရင်သ္ဂေး စတာတ္ဂေကို ဆင့်ပြီးထုထားတဲ့ ပန်းပု

ဒီလို စားပ္ဂဲခုံမျိုးနဲ့ ထမင်းထိုင်စားရလို့ကတော့ ရှယ်ပဲနော်

ဓါတ်ပုံမရိုက်ရဆိုတဲ့ စည်းကမ်းကြားကနေ ပန်းပုရုပ်တ္ဂေကြားက ကျွန်တော့လိုပဲ ဓါတ်ပုံရိုက်နေတဲ့ သူငယ်ချင်း


ဝင်ဝင်ချင်း ခြံထဲက သစ်ငုတ်ထဲက ပုတ်သင်ညိုကြီး အကြီးကြီးပ

အဲ .....ဒါကတော့ ပျူစောထီးတဲ့ တော်တော် ခန့်တဲ့ပုဂ္ဂိုလ်ပဲခင်ဗျ အမြင့်ကြီးထုထားတာအကြီးကြီးပဲ

ကျွန်တော်ကြားရသလောက်ကတော့ ဒီပန်းပုတ္ဂေထဲက တစ်ချို့ ကို Singapore ကို သယ်ပြီး ပြပ္ဂဲ၊ရောင်းပ္ဂဲ လုပ်ဦးမယ်ဆိုတာရယ်..နောက်တော့ မြန်မာပြည်မှာ ကမ္ဘာ့အကြီးဆုံး ပန်းပု ပြတိုက်ကြီး ကို အကောင်အထည်ဖော်မယ်ဆို တာပါပဲ။

ဘယ်လိုပဲ ပြောပြော မြန်မာ့ ပန်းပု လက်ရာဟာ ကမ္ဘာမှာ ဘယ်လိုမှ အဆင့်မနိမ့်ဘူးဆိုတာရယ် ၊ မြန်မာပြည်မှာ အခုလို ပညာရှင်တ္ဂေ အတော်များများ ရှိနေပါလားဆိုတာရယ်ကို တ္ဂေးလို့ အင်မတန်မှ လက်ရာကောင်းမ္ဂန်တဲ့ မြန်မာ့ ပန်းပုလက်ရာတ္ဂေကို ကြည့်ရှုခံစားရသူ အပေါင်းဟာ ဒီပန်းပုပြခန်းထဲမှာ မင်သက်ရင်း ကြည့်မ၀နိုင်အောင် ဖြစ်ခဲ့ကြရပါတော့တယ်ခင်ဗျာ။

အော်..အသက်ပေါင်းများစ္ဂာ၊ဘ၀ပေါင်းများစ္ဂာ၊မျှော်လင့်ချက်ပေါင်းများစ္ဂာကို နှုတ်ယူနင်းခြေသ္ဂားတဲ့ နာဂစ်မုန်တိုင်း လေဆိုးရိုင်းကြီး တိုက်ခတ်ပြီးခဲ့တာ တစ်နှစ်ကျော်တောင်ရှိပါ ပေါ့လား.........................

မိတ်ဆ္ဂေများအားလုံးပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

8 ယောက်ရဲ့အမြင်:

ရုံလေး said...

ကိုကြီးး
ဖတ်သွားတယ်
နောက်မှလာမယ်
မအားဖူးနော်

မိုးစက်အိမ် said...

အကိုရေ ပုံလေးတွေပါ ကြည်.ရလို
အရမ်းကျေးဇူး တင်ပါတယ်ဗျာ

မငုံ said...

ကောင်းလိုက်တာ။ မြန်မာပြန်သွားပြီး တော်တော်လေး နေရာအနှံသွားပုံရတယ်။
မြန်မာ့ ပန်းပုတွေကို ဖော်ပြပေးတာ သိပ်ကောင်းတာပဲ။

ဝက်ဝံလေး said...

မြန်မာ့ ပန်းပုတွေကို နှစ်သက်တယ်နဲ့တူတယ် နော်
မျှဝေပေးတာ ကျေးဇူးပါပဲ ရှင့်

မအားလို့ ချက်ချင်းလာမလည်နိုင်တာ ခွေးလွှတ်နော် (ဝုတ် ဝုတ်) ဟိဟိ အဲလိုပဲ ညီမ က ပေါ၏ ခိခိ
ဘိုင်

mysterysnow said...

ကိုလင်းရေ
ပန်းပုလက်ရာလေးတွေနဲ့ နာဂစ်ပို့စ်လေးကို
စိတ်ဝင်တစား လာဖတ်ပါတယ်ရှင့်...
ဒီပန်းပုလေးတွေကိုမြင်တော့ ယဉ်ကျေးမှုတက္ကသိုလ်က
သူငယ်ချင်းမလေးကို သတိရမိတယ်...
သူက ခြင်္သေ့ပုံထုရင် ကြွက်ပုံဖြစ်ဖြစ်သွားတယ်
ဆိုပြီး အမြဲကြွားနေကျမို့လေ...

မိုးခါး said...

ပုံတွေအတွက် ကျေးဇူးပါ
နာဂစ်မိသားစုပုံကိုကြည့်ရတာ စိတ်ထဲခံစားရတယ် ..း(

ဇော် said...

ကိုကြယ်
ပန်းပုရုပ်လေးတွေ မြင်ရတော့ ရွာကိုလွမ်းမိတယ်။ အိမ်ပြန်ချင်ပြီဗျာ။
သြော် ဒါနဲ့ အိမ်ကိုလာလည်တာ ကျေးဇူးဗျ။ အဟဲ။ တစ်ခါတည်းပြောလိုက်မယ်နော။ လင့်ပြီ။ အဲ့ဒါပြောမို့ ရာသီဥတုကို စောင့်နေရတာ။အဟိ။ ခုတော့ လင့်ပလိုက်ပြီ။ မကျေနပ်ရင် လမ်းမှာတွေ့မုန့်ဝယ်ကျွေးလိုက်။ ကျနော်က စိတ်မဆိုးတတ်ဘူး။ သိလား။ ဟီး။

မေသစ္စာမောင် said...

ဟုတ်တယ်နော်...အရမ်းကို လက်ရာကောင်းမွန်တယ်။

ဒီမြန်မာ့ ပန်းပုလက်ရာတွေကို နိုင်ငံခြားမှာ ပြသပြီး နာဂစ် ဒုက္ခသည်တွေအတွက် အလှူငွေ (donations) ကောက်ခံယူမယ်ဆိုရင် ကောင်းလိမ့်မယ်လို့တွေးမိတယ်...

စင်ကာပူမှာ ပြပွဲလုပ်ရင် ရောက်အောင်သွားရမယ်
အခုလို ပန်းပုပုံတွေတင်ပြပေးထားတာ ကျေးဇူးနော်...း)