Tuesday, December 8, 2009

စိတ်ထောင်းကိုယ်ကြေ ပြေလျှော့စေ (၁)


Work Stress Management အကြောင်းလေးကို ကျွန်တော် တက်ခဲ့ရတဲ့ သင်တန်းလေးတစ်ခုကနေ ရခဲ့တဲ့ ဗဟုသုတ လေး များ အပေါ် မှီငြမ်းပြီး လက်လှမ်းမီသလောက်ကလေး အတိုချုံ့လို့ဆွေး နွေး ပါရစေ…လိုအပ်ချက်တွေရှိနေတယ် ဆိုရင် အကြံပေး ပြုပြင်ပေး မှုကိုများ လေးစားစွာ မျှော်လင့်နေရင်း တစ်ဖက်ကလည်း ဖတ်ရသူ အတွက် နည်းနည်းလေး လောက် ကလေး ပဲ အကျိုး ရှိတယ်/ရှိမယ် ဆိုရင်တောင် ပျော်စရာပါပဲ…။
(ကိုယ်ကိုယ်တိုင် လည်း stress တွေ များနေရင်း..အဲ့သလိုများနေတာတွေကို နိုင်သလောက်ကလေးထိမ်းရင်းနဲ့ပဲ ...Stress အကြောင်းတွေ ကိုရေးဖြစ်နေပါတယ်....။)

အလုပ် အကိုင် (JOB/WORK)..တဲ့….ဟုတ်တယ်…အဲ့ဒီ့ အလုပ်ဆိုတဲ့ JOB ကို ကျွန်တော်တို့ အတော်များများ အလုပ်လုပ်ကြပါတယ်..အဲ့ဒီ့အလုပ်လုပ်ခြင်းကြောင့် ပဲ...
-၀င်ငွေတွေ တိုးတက်လာတယ်(Income).....
-အဲ့ဒီ့ဝင်ငွေ ကနေ တစ်ဆင့် တစ်ခြား(စားဝတ်နေရေး...လူနေမှု အဆင့်အတန်း..စတဲ့)လိုအင်တွေကို သင့်တော်သလောက် ပြည့်ဝ စေ တယ်(Fulfills a variety of other needs) .....
-အလုပ်လုပ်နေခြင်းကြောင့် စိတ်စွမ်း ကိုယ်စွမ်းတွေ Knowledge တွေ ပညာတွေ အတွေ့အကြုံတွေ တိုးပွါးစေတယ်(Mental and physical exercise).....
-လူမှု ပေါင်းသင်းဆက်ဆံရေး နယ်ပယ် ကျယ်ပြန့်လာစေတယ်။ပေါင်းတတ်၊သင်းတတ် ပြောတတ်၊ဆိုတတ် ဖြစ်လာစေ တယ်. (Social contact)....
-ပြီးတော့ မိမိကိုယ်ကိုယ် တန်ဖိုးရှိတယ်.. အလုပ်လက်မဲ့ မဟုတ်ပါ..စတဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ယုံကြည်မှုတွေကိုလည်း ခံစား ရရှိ စေတယ်.. (Feeling of self worth and competence).....

သို့သော် အလုပ်လုပ်နေကြပြီဆိုရင် မည်သည့် အလုပ်အကိုင်မှာမဆို Work related Stress လေးတွေကို (ရာထူး. .အလုပ် အကိုင် ကွာဟချက်တွေ ကို ထည်းမစဉ်းစားရင်တောင်မှ) အနည်းနဲ့ အများဆိုသလို ခံစားခဲ့ကြ ရဖူးမှာပါ ဒါမှမဟုတ် …ခံစား နေရ ကောင်းလည်းခံစားနေရမှာပါ..

အဲဒီ့ Work Stress ဆိုတာက ဘာလဲဆိုတော့ ..ဒီလိုပါတဲ့
What is Work Stress?
"The harmful physical and emotional responses that occur when the requirements of a job do not match the capabilities, resources, or needs of the worker.”


အလုပ်လုပ်နေရင်းနဲ့ အဆင်မပြေ ဖြစ်ရင်.ဒါမှမဟုတ် အလုပ်တာဝန်တွေ အရမ်းပိ ပြီးနေ ရင်..နောက်ပြီး. ပတ်ဝန်းကျင် (အ လုပ်ထဲမှာ) နဲ့ သဟဇာတ မဖြစ်ရင် ..မလုပ်ချင်ပဲ လုပ်နေရရင်။..ပြီးတော့ ဖြစ်ချင် လုပ်ချင်တာတွေ လိုနေတာတွေက မပြည့်နိုင်သေးရင် စတဲ့...စတဲ့ အချက်တွေ အကုန်လုံး (သို့) အချို့ကို ကြုံတွေ့ခံစား လာရပြီဆိုရင် ကိုယ့်မှာ စိတ်ပိုင်း / ရုပ်ပိုင်း ဆိုင်ရာတွေ ကို စိတ်ခံစားမှုကနေတစ်ဆင့် ထိခိုက်ခံစားလာရပြီး ကာယစွမ်းရည်..ဥာဏစွမ်းရည် နဲ့ လူမှုဆက်ဆံရေး စတဲ့ အပိုင်းတွေမှာ တုန့်ပြန်မှုတွေက လျော့ပါးကျဆင်းလာတတ်ခြင်းပါပဲ...။

(တစ်ဦးနဲ့တစ်ဦးမှာတော့ Stress ကို ဖြစ်စေတဲ့ အကြောင်းအရင်းလေးတွေက မတူညီကြပါဘူး။တစ်ဦးအတွက် အဲ့ဒီ့ထဲက တစ်ချက်ကြောင့် stress တွေ ရစေပေမယ့် အဲ့ဒီ့တစ်ချက်ကပဲ အခြေအနေ အနေအထား ခံစားမှု စတာတွေပေါ်မူတည်လို့ နောက် တစ်ဦးအတွက် Stress ဖြစ်ချင်မှ ဖြစ်စေနိုင်ပါလိမ့်မယ်။လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတော့ကာ ခံစားချက်တွေကလည်းမတူကြဘူးပေါ့နော။နောက်ပိုင်းမှာ အလုပ်ထဲ မှာ Stress ကို ဖြစ်ပေါ်စေတဲ့ Source လေးတွေကို အသေးစိတ် လက်လှမ်းမီသလောက် ဆွေးနွေးပြကြည့်ပါရစေ)

Stress ဆိုတာကတော့ အလုပ်ထဲမှာ မှ အလုပ်နဲ့ ပတ်သက်မှမဟုတ်ပါဘူး။နေ့စဉ် မိမိအသိုင်းအ၀ိုင်းမှာလည်း မိသားစု ၊ ဆွေမျိုး၊ ရပ်ရွာ၊ ကိုယ်ရေးကိုယ်တာ စတာတွေနဲ့ ပတ်သက်ပြီးလည်း ဖြစ်ပေါ်တတ်ပါတယ်။ဒီမှာကတော့ Work Related Stress အကြောင်းကိုပဲ အသားပေးပြောသွားပါရစေ..အလုပ်ထဲ က တကယ့် ကိုကြောက်စရာကောင်းတဲ့ ရန်သူပါပဲ။
ဘာကြောင့် Stress ဆိုတာလေးက အဲ့သလောက်တောင် ကြောက်စရာကောင်းတဲ့ လုပ်ငန်းတွင်းက ရန်သူ ဖြစ်လာ ရပါ သလဲ …?? ?သူ့ကြောင့်မို့ မိမိမှာ ဘာတွေ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရလာသလဲ????ဘယ်လို ဆိုးကျိုးတွေများ သူက ပေးလို့ အဲ့သလောက်တောင် ကြောက်စရာကောင်း(သို့) သတိထားစရာကောင်းနေ ရပါသလဲ ????

ဒါတွေကြောင့်ပါတဲ့….Stress ရလာပြီဆိုရင် (အရင်က စိတ်ထောင်းကိုယ်ကြေ ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ရေးခဲ့ပြီးသားမို့ ထပ်ပြီး အကျယ်မချဲ့တော့ဘူးနော..ဒီအကြောင်း ဒီ Topic က တော်တော်ကို များနေလို့ပါခင်ဗျာ..)

Early Warning Signs of Work Stress တဲ့ …Stress တွေသိပ်များလာပြီဆိုရင် ..ဖြစ်တတ်တာတွေကတော့ ...

Headache ( အောင်မယ်လေး..ခေါင်းတွေ မူးလိုက်တာနော်…ခေါင်းကိုက်တယ်…)

Sleep Disturbances ( ကောင်းကောင်းကို အိပ်လို့မရဘူး ဆိုတာမျိုး..ပြီးတော့ ဘယ်လောက် အိပ်အိပ် အိပ်ရေး ကောင်းကောင်း မ၀ဘူး လို့. ...ဟူး )

Difficulty in concentrating ( ဘာကိုမှ လေးလေးနက်နက် သေသေချာချာ အာရုံ စူးစိုက် လို့မရ ဘူးဖြစ် နေတယ် ..မေ့တတ် လျော့တတ်လိုက်တာ လည်း အခုတလော လွန်ပါရောလား…)

Short Temper (စိတ်တိုလာပြီနော်…..ဆတ်ဆတ်ထိကိုမခံချင်ဘူးဟေ့…)

Upset Stomach (သိပ်စားမ၀င်..စားဝင်ရင်လည်း..ခဏခဏပြန်ပြန်ပြီး ဗိုက်ကဆာနေတာပဲ)

Job Dissatisfaction (ဒီအလုပ်ကို ဆက်ကို မလုပ်ချင် တော့ပါဘူး…မလွဲ သာ လို့သာ လုပ်နေရတာ .. ဖြစ်နိုင်ရင် ထွက်တောင် ပြေးချင်တယ်နော်…စိတ်ညစ်တယ်ကွယ်)

Low Morals ( ငါဟာ အသုံးမကျတဲ့သူ တစ်ယောက်များ ဖြစ်နေပြီလား..ဘာလုပ်လုပ်ကို အဆင်ကိုမပြေဘူး..ငါ့ကံက တော်တော့်ကို ဆိုးတာပဲ ..မကောင်းမှုတွေက ငါ့ဆီကိုပဲ ရောက်ရောက်လာတယ် ..ဘယ်ဘ၀က ၀ဋ်ကြွေး များပါလိမ့်..ညစ်တယ်..ညစ်တယ်..) စလို့..စလို့...

အဲ့သလိုမျိုးတွေ တွေးတတ်လာကြပါတယ်...(Stress ကြောင့်ဖြစ်တတ်တဲ့ လက္ခဏာ အတော်များများကို အရင်က “စိတ်ထောင်းကိုယ်ကြေ” ဆိုတဲ့ စာစုလေးမှာ ဖော်ပြပေးထားပါတယ်။)…Low Morals စိတ်ပိုင်းဆိုင်ရာ အထိခိုက်ဆုံး ဖြစ်လာရင်တော့ တော်တော်ကို အရေးကြီး ပါတယ်။သတိထားသင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ သူက Physical နဲ့ Mental တွေကို ၀င်ရောက် ပြီး နှောင့် ယှက်တတ် လို့ပါပဲ….

သူက လူကို သတ်တယ်…Sucide ဆိုတဲ့ လူသတ်သမားဟာ Stress ကနေ စလို့ Depression အဆင့်ကိုကျော်ပြီး နောက်ဆုံးအမြင့်ဆုံး Low Morals အဆင့် အနေအထားမှာ သူက ၀င်ဝင် နှိပ်ကွပ်လို့ အကြောင်းမဲ့ ဘာမှ မဟုတ် တဲ့ ပြဿနာ ကနေ အသက်ဆုံး ခဲ့ရသူတွေ မနည်းလှပါဘူး..။
ဒါပေမယ့် ဘာမှ ပူစရာမရှိတော့ပါဘူး…ဒီလိုမဖြစ်အောင် Stress ဆိုတဲ့ လုပ်ငန်းတွင်း က ရန်သူကို နှိမ်နင်းရန် အချိန်ကျရောက်လို့လာပြီဆိုရင် ဘယ်လို နည်းဗျူးဟာတွေ ၊ဘယ်လို စိတ်နေစိတ်ထားတွေ ၊ဘယ်လို အခြေ အနေ ကောင်း တွေ နဲ့ တန်ပြန် တိုက်ခိုက် ကြရမလဲဆိုတဲ့ နည်းလမ်းကောင်းတွေ၊လက်နက်တွေ၊ထိုးစစ်တွေ က အဆင်သင့် ရှိလို့ နေ ပါ ပြီ..။

ပြသနာတစ်ခုကိုဖြေရှင်းဖို့ဆိုတာကလည်း အဲ့ဒီ့ ပြသနာ ရဲ့ Source ကို သိရင် ပိုပြီး ဖြေရှင်းရလွယ်လို…Stress ကို ဖြေရှင်း ကိုင်တွယ် နိုင်အောင် (သို့) လျော့ပါးသွားအောင် လုပ်ဖို့ဆိုတာကလည်း အဲ့ဒီ့ Stress ရဲ့ Source တွေ ၊လုပ်ငန်းတွင်း အလုပ်ခွင်တွင်း က Stress တွေ ကို ဖြစ်ပေါ်စေတဲ့ အကြောင်းတရားတွေကို သိထားရင် ဘာကြောင့် ကိုယ့်မှာ ဒီလိုဖြစ် ရ တယ်.. ဆိုတာနဲ့ ဘယ်လိုဖြေရှင်းကိုင်တွယ်ရမလဲ ဆိုတဲ့ အသိတရား Knowledge ရယ် ပေါင်းစပ်လိုက်ရင် ….ဘာခံနိုင်မှာလဲ တဲ့ အဲ့ဒီ့ Stress ဆိုတာပေါ့...။

အလုပ်/လုပ်ငန်း တွင်းမှာ Stress တွေ ကို ဖြစ်ပေါ်လာအောင် ပြုလုပ်ပေးတတ်တဲ့ Situations ..အကြောင်းလေးတွေ ၊ အခြေအနေလေးတွေ ၊အနေအထားလေးတွေ ကတော့ ကွဲပြားကြပါတယ်။အချက်တိုင်းကတော့ Stressor မဟုတ် ပါနော ..အရင် က ပြောခဲ့သလိုပါပဲ..တစ်ဦးနဲ့တစ်ဥိး က ဘယ်လို အကြောင်းခြင်းရာ Situation တွေကြောင့် Stress ဖြစ်ရတယ် ဆို တာ Case to case လိုက်လို့ မတူကြပါဘူးလို့ ….အဲ့သလို မတူညီတဲ့ source of stress ဒါမှမဟုတ် causes of Work /Job Stress လေးတွေကတော့ ဒီလိုပါတဲ့ …...

Causes of Work Stress/ Causes of Job Stress

1. Task Design
Heavy workload, infrequent breaks, little or job control, long hours of work or shift work..

(အလုပ်တွေ မတန်တဆ များနေတာ၊Dead line တွေ လွတ်မလိုဖြစ်တာ(သို့) လွတ်သွားတတ်တာ၊အလုပ်ချိန်အတွင်း နားချိန် Break Times တွေ မရပဲ လုပ်နေရတာ၊…နားချိန်ကိုမရှိဘူးပေါ့နော။အလုပ်ကို မနိုင်နင်းတာ.. မကျွမ်းကျင်တာ။ ..ကူညီမယ့်သူ မရှိ..ညွှန်ပြမယ့်သူ မရှိ (အလုပ်သစ်မှာ ဆို များသောအားဖြင့် ဖြစ်တတ်ပါတယ်)…အလုပ်ချိန်အကြာကြီး ဥပမာ-တစ်နေ့ကို ၁၂ နာရီထက် မနည်း လုပ်ရတာတွေ။..ပြီးတော့ Schedule အချိန်တွေ (Shift ခေါ်မှာပေါ့ နော)…ခဏခဏပြောင်းဆင်းရတာ..နေ့ပိုင်းရောက်လိုက်..ညနေပိုင်းရောက်လိုက် ..ညကြီးပိုင်း ရောက်လိုက် ..လုပ် လိုက် ရ .. စတာ..စတာတွေ ကြောင့်ကလည်း Work Stress ဖြစ်စေတဲ့ တစ်ချက် အပါအ၀င်ပါတဲ့)

2. Management Style
Lack of worker participation in decision making, poor communication, lack of family friendly policies...

(အလုပ်ထဲမှာ လိုသလောက် အခွင့်အရေးမရတာ..အခွင့်အရေးအပေးမခံရတာ..performance ကို တတ်စွမ်းသလောက် ပြခွင့်မရှိတာ.ဒါမှမဟုတ်.အနှိမ်ခံရတာ..နောက်ပြီး Communication မကောင်းတာ(အမျိုးမျိုးဖြစ်နိုင်တယ်. တစ်ဦးနဲ့တစ်ဦး အဆင်မပြေတာ..ဘာသာစကား အခက်အခဲ…နားလည်မှုလွဲတာ..စတာစတာတွေ)..အလုပ်ထဲမှာ မတည့်အတူ နေ ဖြစ်နေ တာ။..အလုပ်ကို က ဦးတည်ချက်တွေကောင်းကောင်းမပေးနိုင်တာ..job description ဆိုတာ ဘာလဲ မသိ..ခိုင်းတာ ကောက် လုပ် လိုက်ရတာမျိုး။...Standard Operating Procedures(S.O.Ps) ဆိုတာဘာလဲမသိ...ကြုံသလို အဆင်ပြေပြီးပြီးရော လုပ်နေရတာ..စလို့စလို့ Well-Organized မဖြစ်တဲ့ (သို့) Well-managed မလုပ်နိုင်တဲ့ နေရာ အလုပ်မျိုးမှာ လုပ် နေ ရ ရင် လည်းအဲ့ဒါတွေ က မသိမသာ တဖြည်းဖြည်း နဲ့ Work Stress ကို ဖြစ်စေတတ်လာနိုင်ပါတယ်တဲ့)

3. Interpersonal Relationship
Poor Social Environment, lack of support from co-workers or supervisors.

(ဘာသာမတူ၊လူမျိုးခြား လို့ က တမျိုး…ရင်းနှီး ကျွမ်းဝင်မှု မရှိတာက တစ်သွယ်…ကျော်မယ်ခွမယ်..ခြေထိုးမယ်..ဂုံးဆင်းကို ဘီး တပ်ပြီး..ချောဆီ များများ ထည့် တွန်းပေး တတ်ကြတဲ့ လုပ်ဖော်ကိုင်ဖက် မျိုးတွေ(ခုခေတ်တော့ အချွန်နဲ့ မ..တယ် ဆိုပြီး တော်တော်များများ ရေပန်းစားနေတဲ့ စကားလေးလိုပေါ့နော..) တစ်ဦးအခက်အခဲလည်း တစ်ဥိးက မကူညီနိုင်…အင်မတန်မှ ဆိုးတဲ့ Manager , Team Leader, Supervisor စတဲ့ ကိုယ့်ကို ကောင်းကောင်းကို (Bamboo ကျွေးတယ်ခေါ်မလား ) ဆီ လို အပေါက်ရှာပြီး ညစ်ကန်ကန် လုပ်ကြတဲ့ သူမျိုးတွေ နဲ့ အတူ လုပ်နေရတာ …(အဓိကကတော့ Working Environment မ ကောင်း တဲ့ နေရာမျိုးတွေ လိုဆိုရမှာပေါ့နော…) အဲ့ဒီ့လို အခြေအနေတွေကလည်း Work Stress ကို ဖြစ်အောင် အားပေး အားမြှောက် ပြုတတ် ကြပါတယ်တဲ့)

နောက်ထပ် အောက်က အချက်တွေကလည်း Causes of work stress တွေပါပဲတဲ့..

-Pressure for increased productivity
( အလုပ်က ပိုပို များများလာတယ်…မနိုင်မနင်းဖြစ်နေပြီပေါ့)

-Environmental Factors
(ခုနက ပြောတဲ့ ပတ်ဝန်းကျင် အနေအထားတွေ.... လုပ်ငန်းတွင်းမှာဆိုရင်တော့ Internal Environment ပေါ့။ကိုယ်က Control လုပ်မယ်ဆိုရင် တစ်ချို့ ကို ရကောင်းရမယ်..အကုန်တော့မဟုတ်ဘူးနော)
ကိုယ်က ထိမ်းချုပ် ကိုင်တွေ မဖြေရှင်းနိုင်တဲ့ External Environmental Factors တွေကျပြန်တော့ ထိမ်းလို့သာမရတယ် .. အလုပ်ကို လာပြီး ကောင်းကောင်း ထိခိုက်စေနိုင်သေးတဲ့

-Economic Uncertainty
(နိုင်ငံ ရဲ့ စီးပွါးရေးအနေအထား..ခုဆိုရင်ခေတ်စားနေတာ..ဘာတဲ့ ..Economy Crises ဆိုလား ဘာလားပဲ.တော်တော်ခေတ်စားနေလေရဲ့...း-)

-Political Uncertainty
(နိုင်ငံရေး အနေအထား.)

-Technological Uncertainty
(နည်းပညာ အားနည်းမှုတွေ၊လျော့ပါးမှုတွေ၊မနိုင်နင်းတာတွေ) စတာစတာ တွေကလည်း အလုပ်ကို ထိခိုက်စေနိုင်လို့..သူတို့ကြောင့်လည်း Stress တွေ ရနိုင်ပါတယ်တဲ့…
(Environmental Factors မှာ Internal နဲ့ External Factors နှစ်မျိုးကွဲပြားတဲ့ အသေးစိတ်အကြောင်းကိုတော့ နောက်ကြုံမှ ဆွေးနွေးချင်ပါတယ်။သူကလည်း နောက်ထပ် topic တစ်ခု ပေါ့နော... ဆားချက် တာမဟုတ် ပါခင်ဗျာ..လုပ်ငန်း တွေအတွက် အရေးကြီးတယ်ဆိုရမှာပါပဲခင်ဗျာ)

အခုလောလော ဆယ်တော့ Stress တွေ ဖြစ်လာရင် ဘာတွေ ဖြစ်လာတတ်တယ်(Physical and Emotional Effects caused by Stress) …ဆိုတာတွေ နဲ့ ပြီးတော့ ဘယ်လို အခြေအနေတွေကြောင့် အလုပ်ထဲ လုပ်ငန်းခွင်ထဲ မှာ အဲ့ဒီ့ Stress တွေ က ဖြစ်လာတတ်ကြတာလဲ (Causes of Work Stress) ဆိုတာလေးတွေ ကို သိသမျှထဲက ကောက်နှုတ်ချက် လေး များပါ ….

အဲ့ဒီ့ လုပ်ငန်းခွင် အတွင်း က ရန်သူလို့ ပြောလို့ ရတဲ့ အဲ့ဒီ့ Stress ကို ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်သလဲ(Stress Management Strategies) ဆိုတဲ့ အကြောင်းလေးကို နောက်ထပ် စာစုလေးတစ်ခု (စိတ် ထောင်း ကိုယ်ကြေ ပြေလျှော့စေ-၂) အနေနဲ့ လက်လှမ်းမီ သလောက် ကလေး ဆက်လက်ပြီး ဆွေးနွေး သွား ပါရ စေ နော …


မိတ်ဆွေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ

19 ယောက်ရဲ့အမြင်:

khun thadar said...

အလုပ်နဲ့stressကတော့ဒွန်တွဲနေသလို
ပါပဲအစ်ကိုရေ
ခွန်ကတော့stress တွေများလာရင်
အလိုလိုဈေးတွေလျောက်ဝယ်မိရော....
အဲဒါကြောင့်မို့ stressများလို့စိတ်ညစ်ရတာထက်
ဈေးတွေဝယ်မိလို့ပိုက်ဆံကုန်မှာ
ပိုကြောက်ရတယ်...ဟီး.....

ခွန်သဒ္ဒါ

Welcome said...

စိတ်ဖိစီးမှုကတော့ တစ်ခုမဟုတ် တစ်ခုအမြဲ ရှိနေတတ်ပါတယ်။ ခုလို connection မကောင်း လဲ ဖြစ်တယ်။ လုပ်ချင်တာ လုပ်လို့ မရလို့လေ။
ထူးရှယ်ပေးလို့ ကျေးဇူး ..

Beauty Studio USA Branded Store said...

စိတ်တွေထောင်းပြီး အိပ်မဖောင်းတော့
Stress တွေညောင်းပြီး
ကိုယ်ကျန်းမာရအောင်
ဟိုကြော်ငြာထဲကလိုလေ
ဘရမ်းကြက်ပေါင်းရည်....
အတူတူသောက်ရအောင်
ကိုဖြိုးရေ .........
ကြက်တစ်ကောင်သာ
ဝယ်လာခဲ့ဗျို့။ =P

နွေးနေခြည် said...

stress များနေတဲ့အချိန်ဖတ်မိတာနဲ့ အတော်ပဲ။
sign of stress and causes of work stress တွေ တော်တော်များများတိုက်ဆိုင်တယ်။
ခုလောလောဆယ်တော့ This too will pass နဲ့ အားတင်းရင်းလုပ်နေရတယ်။ တကယ်ကို ထွက်ပြေးချင်စိတ်တွေလည်း ပေါက်နေတယ်... ဟင့်
ဆက်ရေးပါဦး။

Nge Naing said...

စိတ်ဖိစီးမှုကို နှိမ်နှင်းဖို့ တရားမှတ်တဲ့ နည်းတဲ့ ကောင်းတဲ့နည်းလမ်း မရှိပါဘူး။

ahphyulay said...

ကျွန်တော်ကတော့  များများစားစား တော့ မပြောတတ်
ပါဘူး၊Stress နဲ့  ပတ်သက်လို့ ပါ။ ရေးခဲ့ ဘူးပါတယ်။
အပြင်က ထိုးဝင် လာလာနေတတ်တဲ့  အပူရောင်၊ အမြိုက်ဓါတ်
တွေ ကိုဖြတ်တောက်ထားနိုင်တဲ့ ဖြူ့  လေး ကို ကိုယ့်  ဆီမှာ
တပ်ထားနိုင်တဲ့  တသက်လုံးက မှ သတိမထားမိတဲ့ ၊ မသိခဲ့ ဘူး
တဲ့  အသက်ရှု နေတာလေးကို သိ သိ ပေးနေတတ်တဲ့ 
အလေ့ အကျင့် လေး တစ်ခု အကြောင်းပါပဲ။ လုပ်ကြည့် 
စေချင်ပါတယ်လို့ ၊ လိုက်ဆိုနေစရာမလိုပါ။ သိ ပေးနေဖို့ ပါပဲ။
လုပ်နိုင်သလောက် အကြိုးများပါတယ်လေ။

linn said...

Stress က စိတ်ပေါ်မှာ မူတည်တယ် ... အဓိကတော့ စိတ်မထားတတ်လို့ပေါ့နော ... (ကိုယ့်ကိုယ်ကို ပြောတာပါ ... ) ခု အပိုင်း (၁) လေး ဖတ် ၊မှတ်သွားပါတယ် ... အပိုင်း (၂) ဆက်ဖတ်မယ် နော ... ပြင်သင့်တာတွေ ပြင်လို့ရတာတွေ ပြင်နိုင်အောင်ပေါ့ ...
ခင်မင်စွာဖြင့်.....

သူကြီးမင်း (တုံးဖလား) said...

စထရက်စ်ကတော့ လူတိုင်းနီးပါးလောက်ရှိနေတယ် ကိုကြယ်ရေ...
ဒီပို့စ်လေးက အားလုံးအတွက် အသုံးဝင်ပါတယ်။
အလုပ်လုပ်တဲ့သူတွေမှ မဟုတ်ပါဘူး။ ပညာရေး စီးပွါးရေး နိုင်ငံရေး အချစ်ရေးစတဲ့ စတဲ့ ရေးများစွာမျာ ဒီ စထရက်စ်က ရှိနေမြဲပါဘဲ။

ရေးရင်းနဲ့တောင် ပရီစင်တေးရှင်းန်အတွက် စထရက်ဖြစ်လာပြီ။ ဟဲ ဟဲ။

ပျော်ရွှင်ကြည်နူးနိုင်ပါစေဗျာ။

မငုံ said...

ကိုဖြိုးရေ မှတ်သွားတယ်ဟေ့။ stress နဲ့ပက်သက်ပြီး အပြင်ကပါလာရင်လဲ အလုပ်မှာ ထိခိုက်တာတွေ ရှိနေတယ်နော်။ ထပ်ဝေမျှဦး။

မိုးစက်အိမ် said...

တကယ်ကောင်းတဲ့  ပို့ စ်လေးဘဲ အရင်တစ်ခါ
အဆက်လို့ လည်းထင်ပါတယ် . . . ဖိအားဆိုတာ
စိတ်နဲ့ အများကြီးသက်ဆိုင်တယ် ဆိုတာအမှန်ဘဲ
အစ်ကိုရေ . . . အစ်ကိုရှင်းလင်းထားတဲ့ အထဲမှာ
ခုညီဖြစ်နေတာက Sleep Disturbances နဲ့ ခပ်
ဆင်ဆင်တူနေတယ်ဗျာ . . .

မေသစ္စာမောင် said...

stress ကတော့ လူကြီး လူငယ် ကလေးတွေက အစ ခံစားရရှိတတ်ကြပါတယ်။ stress နဲ့ အမြဲကင်းကွာအောင်တော့ နေလို့ရမယ်မထင်ဘူးလေ..
ဒါကြောင့် stress ကို ကျမတို့ဘယ်လို manageလုပ်တတ်ကြသလည်းဆိုတာကလည်း အရေးပါ လိမ့်မယ်လို့ယူဆမိပါတယ်။ အသေးစိတ်ပြောကြရမယ်ဆိုရင်တော့ ဒါတင်မကဘူးပေါ့နော်။ တခြားထည့်စဉ်းစားစရာတွေ အများကြီးရှိပါသေးတယ်။

ဘာပဲဖြစ်ဖြစ် သေသေချာချာ ကိုင်တွယ်ဖြေရှင်းတတ်ကြမယ်ဆိုရင် stress ကြောင့် အကျိုးရရှိတာလေးတွေလည်း ရှိတတ်ပါတယ်။ အင်း အပြောလွယ်သလောက် လုပ်ရတာမလွယ်ဘူးနော်...အဲဒီထဲမှာ ကိုယ်လည်းပါ ပါတယ် :)

စည်သူ said...

ဟာ...

ကိုကြယ်ရေ.. ဖတ်လိုက်တာ မောပါ မောသွားတယ်
မှန်တယ်ဗျာ..

တစ်ဆက်တည်း ပြောမယ်ဗျာ..
စာလုံးက တစ်ခြားအရောင် မရဘူးလားဗျ..
ဖတ်ရတာ မျက်စိ အတော်လေးကို ကျိန်းတယ်ဗျ..
ကျွန်တော့် မျက်စိကြောင့်ပဲဖြစ်တာလားမသိဘူး..

ဘော်ဘော်တွေကိုလည်း မေးကြည့်အုံးနော် ကိုကြယ်ရေ.. ဘော်ဘော်တွေက ဘာမှ မဖြစ်ဘူးဆိုရင်.. ကျွန်တော့်ဘတ်သီးက မရတော့လို့ပဲဗျ.. ဟီးဟီး

ပျော်ရွှင်ပါစေ
စည်သူ။

Unknown said...

စိတ်ထောင်းကိုယ်ကြေဆိုလို့ဖတ်လိုက်မိတာအလုပ်ထဲပြန်ရောက်သွားသလိုခံစားရတယ်ဟူး... မဖြစ်သေးပါဘူးသိပ်မကျန်တော့တဲ့အားလပ်ရက်လေးပျောက်လို့မဖြစ်ဘူး
ဒုက္ခပဲ enervonC လဲမပါလာဘူးကိုဖြိုးရေ

ရင်မောလျှက်
မပွင့်

Anonymous said...

very good post..i m waiting for the new post to read that how can we handle each stress...thanks you very much for sharing to us...

Anonymous said...

အရမ်းကောင်းတဲ့ ပို့စ်လေးပဲ

Anonymous said...

အရမ်းကောင်းတဲ့ ပို့စ်လေးပဲ

ဂျစ်တူး ( မုံရွာ ) said...

ရေးတတ်လိုက်တာဗျာ-

certain condition cube said...

ဖွေရှာရောက်ရှိခဲ့ပါတယ်။ ကောင်းတဲ့ post လေးပါပဲ။ ဈေးကွက်နဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အကြောင်းလေးတွေ ရေးပါတယ်။ အချိန်ရရင် လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။

http://mgtmkting.blogspot.com

အားပေးလျှက်ပါ ---

naharfaherty said...

Betway Casino UK Review 2021 ✔️ 100$ Welcome Bonus
Betway Casino Review ✓ Trusted review of the games, the bonuses 게임 종류 and 포커 규칙 promotions, customer support, banking methods, 🏆 Betway Casino: Claim 뉴 포커 디펜스 Bonus🎲 Games: dafabet 329+🤵 Minimum Deposit: £5📱 Mobile: Android,iPhone,iPad,Other Mobile 러시안 룰렛 가사 Rating: 4.4 · ‎Review by Casino Sites