အို.. ပျားပိတုန်းတို့ …..
အားမာန်ထည့်
နားရန်ကွယ့် အလျင်းမရှိ
ပျင်းရိခြင်းတွေ မြေမှာနင်းလို့
ဝေဆာခြင်းနဲ့ ပန်းအလှတွေဆီ
လှမ်းကြလေပြီ တက်ညီလက်ညီ ပေါ့….
အို..ပျားပိတုန်းတို့…..
လိုရာခရီး ချီ နေဆဲ
ဒီလေထဲ ဒီမိုးက သည်းလို့ထန်
မဲညှို့ပြန် လို့ သူမာန်ခွင်းလည်း
ပူရန်အလျင်း မဲ့ အသင်းအဖွဲ့ နဲ့ တူတကွ
ကူကြဖေးကြ ရင်း ချီလာခဲ့ကြတာပဲ…..
အို ပျားပိတုန်းတို့ …..
ပန်းပွင့်ဝေတဲ့ သစ်တစ်ပင် မှာ
ချစ်ခင်စွာ တေးသီလို့
ဖေးညီကြ လက်တွေတွဲ
ရမ္မက်ပွေလွဲ လို့ စိတ်မကွဲ
အရိပ်မဲ တွေ ပွေ့ပိုက်ရင်း တော့ ဒို့ မနေဘူးဟေ့…….
အို ပျားပိတုန်းတို့…..
သောက်ယူကြ ၀တ်ရည်ချို
ချစ်ကြည်လို တဲ့ နှလုံးသားနဲ့
အမုန်းတရားဆို ကြဉ်ရှောင်
မြင်အောင်ပြမယ့် ဒို့ ချစ်ခြင်းကြောင့်
စစ်ခင်း လို သူတွေတောင် မှင်သက်နောက်ဆုတ်စေမယ်…..
အို ပျားပိတုန်း တို့…..
လှမ်းသင့်တဲ့ခရီး ဖြစ်တည်ရောက်
ဝတ်ရည်သောက် လို့ အားတို့ဖြည့်
သွားစို့ဟေ့ ခိုင်ခိုင်ဆောက်ရင်း
ယိုင်နိုင်လောက်ပါ ဘု ဒို့ဇာတိ နဲ့ ဒို့ ဂုဏ်
ဒို့ ပရ၀ုဏ် က ညီညွတ်ခြင်း နဲ့ လွှမ်းလို့ခြုံလို့ ပေါ့…….။ ။
Melbourne near me Trusted Removalist
-
Melbourne Removalist; Melbourne Near Me Removalist; Melbourne West
Removalist; Removalist; House moving company; Removalist near me; Local
removalist; Fur...
1 week ago
21 ယောက်ရဲ့အမြင်:
ရေးလိုက်တဲ့ ကဗျာလေးက ကျွန်တော်တို့ရဲ့ လက်တွေ့ဘဝတွေကို ထင်ဟတ်ပေါ်လွင်စေတယ်ဗျာ...
ကဗျာစပ် အရမ်းကောင်း၏ လို့ မှတ်ချက်ပေးပါရစေ။
ကွက်တိဘဲဗျို့ ။ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေကြတာနဲ့။
ပျားပိတုန်းလို ချစ်ချစ်ခင်ခင်နေနိုင်ကြရင်တော့ အကောင်းသားလားဗျာ။ အခုတော့.. ခက်တယ်။
တွေ့ပါမြင်ပါများတော့... သမုဒယပိုးကြိုးလေးတွေ.. ချစ်ခွန်းနှောင်ဖွဲ့...။ အဲဒါနဲ့ တစ်ခြားစီဘဲဗျို့ ။ လူ့အကြောင်းပေါင်းမှသိဆိုသလို တွေ့ပါမြင်ပါများတော့ အတွင်းသိအစင်းသိတွေဖြစ်ပြီး အဆင်မပြေကြတော့ဘူး။
သူလဲ ကိုယ့်အကြောင်းသိ ကိုယ်လဲ သူ့အကြောင်းသိ။
ပြုပြင်ရတော့ အတော်လေးခက်ပါဘိ။
ရေကြည်ရာ မြက်နုရာ ရှာလာနေကြတဲ့သူတွေအချင်းချင်း
စည်းလုံးကြရင် အကောင်းဆုံးပဲမို့လား။
အင်း..ဒါပေမယ့်.....
ဒါပေမယ့် ကဗျာလေးကတော့
ဖတ်လို့ကောင်းတယ် အစ်ကို။
ပျော်ရွင်ပါစေ။
ခွန်သဒ္ဒါ
ကဗျာလေး ကောင်းလိုက်တာ အစ်ကိုရေ...
အမြဲတမ်း အားပေးနေပါတယ် ခုလို ကဗျာကောင်းလေးတွေ များစွာဖန်တီးနိုင်ပါစေ ...
ခရီးသွားဦးမှဖြစ်လို့ တစ်ခါတည်းပဲ နှုတ်ဆက်ခဲ့ပါရစေ...
လေးစားခင်မင်မှုများဖြင့်
ညီမလေး နှင်း
အဝေးေ၇ာက်ပျားပိတုန်းတွေအတွက် စည်းလုံးမှုက အရေးကြီးတယ်နော်.. ကဗျာကောင်းလေးပါ
ကောင်းလိုက်တဲ့ ကဗျာလေး.. ဖတ်ပြီးတာနဲ့ အားအင်တစ်ခုခု ရလိုက်သလို ခံစားရပါတယ်.. စကားလုံးလေးတွေ လှပသေသပ်ပါတယ်...
လင်းကြယ်ဖြူက ကဗျာလေးတွေလဲ စပ်အကောင်းသားနော်...
နောင်လဲ များများရေးနိုင်ပါစေ...
ခင်မင်လျှက်
ချော
ကဗျာလေးက ရသမြောက်တယ် လင်းကြယ်ရေ..။ တကယ်သာ အဲဒီကဗျာလေးထဲကအတိုင်းဆို သိပ်ကောင်းမှာပဲ။
အဝေးတနေရာမှ စုစည်းနေကြရတဲ့ ဘ၀တွေ ရိုင်းပင်းကူညီတတ်ကြစေချင်တယ်။
ခင်မင်လေးစားလျှက်
ကဗျာလေးကောင်းတယ်။ သူတပါးပြည်မှာရောက်နေတဲ့ ပျားပိတုန်းအားလုံးတို့ ဖတ်သင့်တယ်။
ဘဝတူတဲ့  အမျိုးချင်းမို့  လူချင်းတောင်မတွေ့ ဘူး
ပေမဲ့  လေလှိုင်းထဲကတောင် ဒီလောက်ခင်နေကြတာပါ။
စာလေးကို ရေးနေရတဲ့ ဝါသနာ တွေပါတူနေကြတော့ 
ဘာပြောကောင်း... ပိုလို့ တောင် တွယ်တာမိပြန်ရော..
အဲ့ ဒီ ပျားလေးတွေက ကျွန်တော်တို့  ဘလော့ ရွာကြီး
ထဲက ပျားလေးတွေ ဟုတ်လားဗျ။
ခင်တဲ့ 
အခုချိန်ထိ မဖြူသေးတဲ့ 
အဖြူလေး
ပျားပိတုန်းတွေ ကူညီဖေးဖပြီး ချစ်ချစ်ခင်ခင် နေကြရအောင်နော့။
ကောင်းတယ်အကို
အခုတော့ တုံးအောက်က ဖားချင်းအတူတူ အတည့်ကြဘူး။
ဖားတွေလိုမနေချင်ဘူး။ အကိုပြောတဲ့ ပျားလေးတွေလို နေကြရရင်ကောင်းမယ်နော်။
ကောင်းလိုက်တဲ့ကဗျာလေး အဝေးမှာနေနေရတဲ့သူတွေ အတွက် တကယ် လိုက်ဖက်တဲ့ ကဗျာလေးပါ..
ကဗျာလေးက အရမ်းကောင်းတယ်...
စပ်ထားတာ တော်တော် ထိမိတယ်...
လေးစားပါတယ်ဗျာ...
ကဗျာစပ်တာ အရမ်းကောင်းတယ်...
ကဗျာလေးဖတ်လိုက်ရုံနဲကို
လူမှုဘ၀ကိုအပြည့်အဝ
ဖတ်ရှုမိသွားစေတယ်
ရေးသားမှုလေးတော်လိုက်တာ
ကဗျာလေး ကျတော့တို့ ဘ၀ကို ပိုရုပ်လုံးပေါ်စေတယ်ဗျာ.. ဂွတ်တယ်
လာဖတ်ခံစား သွားတယ်ဗျိုးးးးးးး
နေကောင်းလား မတွေ့တာတောင် ကြာပေါ့ ဟိဟိ
အစ်ကိုလင်းကြယ်ဖြူရေ
ကဗျာကောင်းလေး ဖတ်လိုက်ရလို့ ကျေးဇူးတင်ပါတယ်။
ကဗျာလေးကလှလိုက်တာ
သူတပါးတိုင်းပြည်မှာ နေနေရတဲ့သူတွေအတွက် ကိုယ့်လူမျိုးချင်း စည်းလုံးသင့်တယ်
အားလုံးမဟုတ်ပေမယ့် တချို့ကတော့ ဒီလိုမဟုတ်ကြဘူး
အင်း .. ကိုယ့် လက်ချောင်းတွေတောင် အတိုအရှည် မညီကြပဲနော် ...း)
စကားမစပ် ဟိုနေ့က ကြည့်ဖြစ်တဲ့ ကာတွန်းက ပျား ကာတွန်း .. သွားသတိရမိလို့ပါ ..း)
နင်အရေးကောင်းတယ်လို့တော့ ပြောမနေတော့ပါဘူးဟာ။
လူငယ်တိုင်းဖတ်သင့်တယ် ဆင်ခြင်လိုက်နာသင့်ပါတယ်။
သတိရလို့ ကျေးဇူးတင်တယ်ဟာာာာာ။
ငါလဲ အားလုံးကို အမှန်အကန် အကြီးကြီးကို သတိရနေတာ နင်တို့ နားလည်ပါစ။
ထားဝယ်မကြီးဝက်သားနှပ်ဆိုတာ ဦးအုန်းပေးတဲ့နာမည်ပါ။ ထားဝယ်မကြီးတစ်ယောက်ကထမင်းဆိုင်ဖွင့်တယ်။
သူ့ဆိုင်ကဟင်းစုံတယ်၊
သူ့ဆီက၀က်သားဟင်းကိုမနက်ပိုင်းမရတတ်ဘူး။
သူကမနက်ဆိုရင်အစောကြီးဆိုင်ဖွင့်တာ။
ပြီးရင်ဝက်သားလေးကိုနှပ်(နယ်)ထား။
တခြားဆိုင်အတွက်ပြင်စရာရှိတာလေး
ပြင်ဆင်ထားပြီးမီးမွှေး။မီးမွှေးပြီးတာနဲ့
တခြားဟင်းတွေအရင်ချက်ပြီးတော့
မီးလေးလျှော့ပြီးဝက်သားအိုးတည်တော့တာပဲ။
အချိုမှုန့်လုံးဝမသုံးဘဲ။ သကြားပဲသုံးတယ်။ ကြက်သွန်ဖြူနှစ်ထဲ့တဲ့အပြင် ကြက်သွန်ဖြူလေးကိုဓားပြားရိုက်ထဲ့။
ကြက်သွန်နီဥကို ၄စိပ်စိတ်ထဲ့တာ။ မွှေးအီပြီးအရမ်းနူးညံ့တဲ့ ၀က်သားဟင်းလေးပေါ့။
ရန်ကုန်လေဆိပ်ဝန်ထမ်းစားသောက်
ဆိုင်ဝင်းထဲမှာရှိပါတယ်။သူ့ဆိုင်ရှိသေးလို့ သူ့လက်ရာမပြောင်းသေးရင်တော့ အလည်ပြန်ရင်သွားစားလိုက်ဦးမယ်။ :P
Post a Comment