Sunday, February 21, 2010

ဦးတည်ရာလမ်း အလှမ်းမပျက်


“မျှော်လင့်ချက် နဲ့ အသက်ရှင် ရင် မျှော်နေရင်း လင့်သွားမယ်” ၊ ဒါကြောင့်မို့ “ရည်မှန်းချက် ၊ ဦးတည်ချက် ကလေးတွေ နဲ့ အသက်ရှင်တာက ပိုပြီး အဓိပ္ပါယ်ရှိတယ်”…..ဆိုတဲ့ ဆရာတော် တစ်ပါးဟောပြ သွန်သင်မှုလေးကို သတိရရင်း နဲ့ အဲ့ဒီ့ Aim/Objective/Goal နဲ့ Plan ဆိုတာလေးတွေ ကို အတွေးရောက်သွားမိ ပါတယ်။

လုပ်ငန်းခွင်တွေမှာ ၊ Organization တွေ ထဲမှာ တာဝန်ထမ်းနေရသူများအဖို့ အဲ့ဒီ့ စကားလုံးတွေကို ရင်းနှီးပြီးသားဖြစ်သလို ဦးတည်ချက်တွေကို ချမှတ်တဲ့နေရာမှာ ဘယ်လို အချက်တွေနဲ့ ပြည့်စုံရမယ်ဆိုတာကို သိကြပါတယ်။နောက်ပြီး ဒီလို ဦးတည်ချက် ချမှတ် ဆောင်ရွက်တတ်ခြင်းဟာ အလုပ်အတွက် သက်သက်သာမကပဲ မိမိ ဘ၀ အတွက်လည်း အချိန်ကို တန်ဖိုးရှိစွာ အသုံးချရင်း အများကြီး အထောက်အကူပြုနိုင်တဲ့ အကျင့်ကောင်းလေး ပါပဲ…တစ်နေ့စာ… တစ်ပတ်စာ … တစ်လစာ..ဒါမှမဟုတ် တစ်နှစ်၊နှစ်နှစ် စသည်ဖြင့် တတ်နိုင်သလောက် ဦးတည်ချက်ကလေး တွေ နဲ့ လုပ်စရာ ရှိတာ ကို ဆက်လုပ် နေရင် ထိုက်သင့်သလောက် အကျိုးပေး တတ်တယ်လို့ ဆိုထားကြပါတယ်။

Objective ၊ Goals ..စတာတွေ ကို ချမှတ်ဆောင်ရွက် မယ်ဆိုရင် အရင် ဦးစွာ “SMART” ဖြစ်ရမယ်တဲ့။ဒါကတော့ အတော်များများ က သိနေပြီးကြသားပါ။ဒီ(Acronym)အတိုကောက် "SMART" လေးကို အကျယ်ချဲ့ရရင် တော့ ဦးတည်ချက်တွေ ကို ချမှတ်တော့မယ်ဆိုရင် လိုက်နာရမယ့်..ထည့်စဉ်းစားရမယ့် အချက်ကလေး တွေပါ။သူတို့လေးတွေက တော့ ........

Specific (တိကျနိုင်သမျှတိကျပြီး ၊ ရှုပ်ထွေးများပြားခြင်းမရှိတဲ့ အကြောင်းအရာကိုရွေးချယ် ရပါမယ်)

Measurable ( အချိန်ပိုင်း ၊ ကိန်းဂဏန်း သဘောအရ တိုင်းထွာ နိုင်ခြင်းရှိရပါမယ်..ဥပမာ - ရက်၊လ၊နှစ်၊ အရေ အတွက်.. စ လို့ပေါ့)

Achievable (တကယ်ရောက်နိုင် ရနိုင် အကြောင်းအရာ၊ဦးတည်ချက်လည်း ဖြစ်ရပါယ်..အဓိပ္ပါယ် ပါရမယ်တဲ့)

Realistic (လက်တွေ့ဆန်ပြီး တကယ်ဖြစ် လည်းဖြစ် နိုင်မယ့် အကြောင်းအရာ လေးလဲ ဖြစ်ရမယ် ဆိုထားပြန် ပါတယ်)

T
ime-bounded (ပြီးတော့ အချိန်ကို လည်းကန့်သတ်ရန် လိုပါသေးတယ်။ဥပမာ..လာမည့် သက္ကရာဇ် ဘယ်လောက် မှာဘာကို ရ ရမယ်ဆိုတာမျိုးပေါ့နော…)

ဦိးတည်ချက်တွေကို ချမှတ်ဆောင်ရွက်ရင် အဲ့ဒီ့အချက် ငါးချက်နဲ့ ကိုက်ညီမှ ပြည့်စုံတယ်ဆိုထားပါတယ်။အခုနောက် ပိုင်း တော့ “SMART” ကနေ “SMARTER” ဆိုပြီး SMART နောက်ကနေ E (Evaluated ) နဲ့ R (Review) ဆိုပြီး ထပ်ဖြည့် ထားရင်း (John Adair ဆိုတဲ့ Business Management and Leadership Guru တစ်ဦးက စဉ်းစားပြထား တာလေးပါ) ဦးတည်ချက်ကို ရောက်အောင်သွားနေတုန်း လိုအပ်သလို အားနည်း အားသာချက် တွေ ကို ကြည့်နိုင်ရင်း ပြင်ဆင်သင့်တာ ပြောင်းလဲ သင့်တာကို ပြောင်းနိုင်အောင် ထည့်စဉ်းစားနေကြတာတွေ့ရပါတယ်။အရွယ်ရောက်သူ အတော်များများမှာ (အလုပ်လုပ်ကိုင်နေကြတယ်ဆိုရင် ) အဲ့ဒီ့ ဦးတည်ချက် ၊ ရည်မှန်းချက် ကလေးတွေ ကတော့ ရှိနေတတ်ကြ စမြဲမို့ ဦးတည်ချက်များကို ဘယ်လို ချရမလဲဆိုတာကို အသေး မစိတ် တော့ပါဘူး။

ဒီစာစုလေးမှာ ကတော့ အဲ့ဒီ့ ဦးတည်ချက်တွေ ကို ချမှတ်ပြီး အရောက်လှမ်းကြတဲ့နေရာမှာ Ambition ခေါ်တဲ့ ရည်မှန်းချက် ဆိုတာကို ထက်သန်ပြီး ထိထိရောက်ရောက် အောင်မြင်အောင်ဆောင်ရွက်တတ်ကြ သူ များ ရဲ့ စိတ်နေသဘောထားလေးတွေ
၊အကျင့်စရိုက် လေး တွေ ကို Research တစ်ခုက ချပြထားတာလေး ဝေမျှ လိုက်ပါရစေ...

ဒီ အချက်ကလေးတွေ နဲ့ များများကိုက်ညီရင်တော့ ချမှတ်ထားတဲ့ ဦးတည်ချက်တွေ ကို အောင်မြင်အောင် ဆောင်ရွက် လိုတဲ့ Ambition တွေ များတာ သေချာပါတယ်။အားလုံးကိုက်ညီတယ်ဆိုရင်တော့ ရည်မှန်းချက်ကို ထိထိမိမိ လှမ်းဆက် နိုင်အောင် Ambition ကတော့ အကောင်းဆုံး အနေအထား ပါတဲ့ ..အဲ့ဒီ့ အချက်ကလေးတွေ ကတော့…

  • You see yourself as a young person (ကိုယ့်စိတ်ကို နုပျိုအောင်နေတယ်..နုပျိုအောင်ထားတတ်တယ်)
  • You are stable , calm, adventurous , socially bold, confident and self-assured.(တည်ငြိမ်ရဲရင့်တယ်၊ ပေါင်းတတ်သင်းတတ်တယ်၊ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည် သင့်သလောက်ယုံကြည် ပြီး ဖြစ်အောင်လုပ်နိုင်မယ် ဆိုတဲ့ စိတ်ထားတတ်တယ်)
  • You have a high need for achievement.(အောင်မြင်အောင်လုပ်လိုတဲ့ စိတ်ပြင်းပြတယ်)
  • You welcome change as positive(အပြောင်းအလဲ တွေ ကို အကောင်းဖက်ကနေမြင်ပြီး ရင်ဆိုင် တတ်တယ် ၊ ရင် ဆိုင်နိုင် အောင်ကြိုးစားတယ်၊အဆိုးတွေ ကို အကောင်းစိတ်နဲ့ ရင်ဆိုင်တတ်တယ်)
  • You have sense of freedom and feel that you are going somewhere ( နေရာစွဲ၊ပုဂ္ဂိုလ်စွဲတွေ သိပ်မဖြစ်တတ်ဘူး Open-minded ဖြစ်တတ်တဲ့သဘော နေမယ်နော်)
  • You enjoy taking calculated risks ( Challenge တွေ ကို တတ်နိုင်သမျှ ကို ရင် ဆိုင်တတ်တယ်၊ရင်ဆိုင်ရဲတယ်)
  • You spend a lot of time with your superiors ( အရာရှိတွေ ၊ အကြီးအကဲများထံမှ တတ်နိုင်သမျှ အချိန်ယူ သင်ယူတတ်တယ်..လေ့လာတတ်တယ်)
  • You are willing to move ( အရွှေ့အပြောင်းတွေ ကို သိပ်မမှုဘူး၊အပြောင်း အလဲ အနေအထား တွေကိုလဲ လိုလား တတ် တယ်)
  • You are rarely ill or absent from work ( အကြောင်းကြောင်းကြောင့် အလုပ် ပျက်ကွက်တတ်တာ မျိုးတွေ သိပ်မ ရှိဘူး)
  • Stress and Tension do not effect you (စိတ်ဖိစီးမှုတွေ ကို အလွယ်တကူ ကျော်လွှားနိုင်တယ်)
  • You do not smoke and take regular exercise ( ဆေးလိပ် ၊ မူးယစ်တတ်တာ တွေ လုံးဝ (သို့) တတ်နိုင်သမျှ မမှီဝဲပဲ လေ့ကျင့်ခန်း ၊ ကစားခုန်စား မှန်မှန်လေး လုပ်တတ်သေးသတဲ့၊ကျန်းမာဖို့က ပထမ ဆိုသလိုပေါ့)
  • Your career has proved more successfully than you originally hoped ( လုပ်ငန်းခွင်မှာ ထင်တာထက် ပိုပြီး Recognized အဖြစ်ခံရရင် (သို့) ထင်တာထက် အောင်မြင် နေရင်တဲ့…ဒါကတော့ နေရာတိုင်းမဟုတ်သလို Ambition အတွက် လည်း အဓိက ထောက်ပံ့ပေးတဲ့ အချက်မဟုတ်ပါဘူး)

အဲ့ဒီ့ အချက်ကလေးတွေ ကတော့ ဦးတည်ချက်နဲ့ နေထိုင်ကြတဲ့ သူတွေအတွက် Ambition ဆိုတာကို အားကောင်းအောင်မြှင့် တင်ပေးတတ်သလို ..သူတို့လေးတွေက Ambition တွေကောင်းတဲ့ သူတွေ မှာ တွေ့ရတတ်တဲ့ စရိုက် လက္ခဏာ လေးတွေပါ တဲ့။ပြီးတော့ အဲ့ဒီ့ ဦးတည်ချက် လေးတွေ ၊ ရည်မှန်းချက်လေးတွေ နဲ့ ပတ်သက်လို့ အနက်အဓိပ္ပါယ် ပြန်ပြီး ရှင်းထား တာလေးကို လေ့လာ လိုသူတွေ အတွက် မူရင်းအတိုင်းလေး ထည့်ပေး လိုက် ပါတယ်...

1. Goal = the selected result to be achieved only with effort

2. Objective = tangible, attainable end toward which effort is expended

3. Purpose = the desired result or movement toward it

4. Aim = the target aimed at

5. End = the intended effects of actions (as opposed to means)

6. Object = the same as end, but also conveys wish and motives

7. Mission = the purpose for which the individual or organization was ‘sent’

8. Plan = set of idea to achieve desired results

9. Vision = a concept denoting clarity of foresight/sharpness of understanding of a scheme

10. Intention = what is in mind to do .........စတာလေးတွေပါ…

အားလုံးပဲ ရည်ရွယ်ရာ ၊ ဦးတည်ရာ လမ်း ကို အလှမ်း မပျက်ကြ ပဲ ကောင်းသော လိုရာတွေ ကို စွမ်းဆောင် ရယူနိုင် ကြပါစေ လို့.…..


မိတ်ဆွေများ အားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

ဆက်လက်ဖတ်ရှူရန်...

Tuesday, February 2, 2010

ဝတ်ရည် သောက်ဖော်များ (သို့) ရေကြည်ရာ မြက်နုရာ


အို.. ပျားပိတုန်းတို့ …..
အားမာန်ထည့်
နားရန်ကွယ့် အလျင်းမရှိ
ပျင်းရိခြင်းတွေ မြေမှာနင်းလို့
ဝေဆာခြင်းနဲ့ ပန်းအလှတွေဆီ
လှမ်းကြလေပြီ တက်ညီလက်ညီ ပေါ့….

အို..ပျားပိတုန်းတို့…..
လိုရာခရီး ချီ နေဆဲ
ဒီလေထဲ ဒီမိုးက သည်းလို့ထန်
မဲညှို့ပြန် လို့ သူမာန်ခွင်းလည်း
ပူရန်အလျင်း မဲ့ အသင်းအဖွဲ့ နဲ့ တူတကွ
ကူကြဖေးကြ ရင်း ချီလာခဲ့ကြတာပဲ…..

အို ပျားပိတုန်းတို့ …..
ပန်းပွင့်ဝေတဲ့ သစ်တစ်ပင် မှာ
ချစ်ခင်စွာ တေးသီလို့
ဖေးညီကြ လက်တွေတွဲ
ရမ္မက်ပွေလွဲ လို့ စိတ်မကွဲ
အရိပ်မဲ တွေ ပွေ့ပိုက်ရင်း တော့ ဒို့ မနေဘူးဟေ့…….

အို ပျားပိတုန်းတို့…..
သောက်ယူကြ ၀တ်ရည်ချို
ချစ်ကြည်လို တဲ့ နှလုံးသားနဲ့
အမုန်းတရားဆို ကြဉ်ရှောင်
မြင်အောင်ပြမယ့် ဒို့ ချစ်ခြင်းကြောင့်
စစ်ခင်း လို သူတွေတောင် မှင်သက်နောက်ဆုတ်စေမယ်…..

အို ပျားပိတုန်း တို့…..
လှမ်းသင့်တဲ့ခရီး ဖြစ်တည်ရောက်
ဝတ်ရည်သောက် လို့ အားတို့ဖြည့်
သွားစို့ဟေ့ ခိုင်ခိုင်ဆောက်ရင်း
ယိုင်နိုင်လောက်ပါ ဘု ဒို့ဇာတိ နဲ့ ဒို့ ဂုဏ်
ဒို့ ပရ၀ုဏ် က ညီညွတ်ခြင်း နဲ့ လွှမ်းလို့ခြုံလို့ ပေါ့…….။ ။

(တစ်ပါးသော အရပ်ဒေသတွေ မှာ ပညာရှာ၊စီးပွါးရှာနေကြရင်း လူမျိုးတူ အချင်းချင်း မတည့်သူတွေ ရော ၊ချစ်ခင် စည်းလုံးကြသူတွေရော နှစ်မျိုးစလုံး နေ့စဉ်မြင်တွေ့နေတာ လေးတွေကို သတိထားမိရင်း အပြုသဘောနဲ့ စာစုလေးတစ်ခု အဖြစ် ဖန်တီးမိလိုက်ပါတယ်။အဆင်ပြေသလို ခံစားဖတ်ရှု နိုင်ပါစေ ခင်ဗျာ။)


မိတ်ဆွေများ အားလုံး ပျော်ပါစေ

လင်းကြယ်ဖြူ
www.lkphyu.blogspot.com


ဆက်လက်ဖတ်ရှူရန်...