Friday, March 20, 2009

ကျွန်တော်ဒီနေ့ တ္ဂေးမိတာ

သင်္ကြန်နီးလာပါပြီ.... ခင်ဗျားးးးး.....
ဒီနေ့ ကျွန်တော့်ရဲ့ Vacation Plan ကို စဉ်းစားရင်း သင်္ကြန်မှာ ပြည်တော် ပြန်ရင်ကောင်းမလားလို့..
ပထမကတော့ May လ တစ်လလုံး ပြန်နေဖို့ပါပဲ...
ခုတော့ပိတောက်တ္ဂေကိုမမြင်ရရေမကစားရတာနှစ်တော်တော်ကြာခဲ့ပြီဆိုတော့ပြန်ကဲရင်ကောင်းမယ်ထင်တယ်။
မသေချာသေးပါဘူး။
ဒါပေမယ့်မြန်မာ့ရိုးရာပ္ဂဲမှာမြန်မာ့ဓလေ့ထုံးတမ်းစဉ်လာတ္ဂေကိုဘယ်နေရာမှာတ္ဂေ့နိုင်သလဲဆိုတာတော့ပြေးကြည့်မှ သိမယ်ထင်တယ်။
ယဉ်ကျေးမှုဆိုတာထမ္မသိန်း၊တောင်ရှည်ဝတ်ပြီးသပြေခက်နဲ့ရေပက်ရလောက်အောင်မလို အပ်ပေမယ့်...ကိုယ်အမူအရာနှုတ်အမူအရာစောင့်ထိမ်းပြီးပတ်ဝန်းကျင်နဲ့တစ်ဖက်သားကို လေးတော့လေးစားသင့်တယ်ထင်တယ်နော်။။

လ္ဂတ်လပ်စ္ဂာက္ဂဲလ္ဂဲခ္ဂင့်ရှိကြတာမှန်ပေမယ့်က္ဂဲလ္ဂဲမှုဆိုတာလူတိုင်းမှာရှိနေတတ်ကြတယ်ဆိုတာသတိထားမိရင် အဲ့ဒီ့တစ်ဖက်သားရဲ့က္ဂဲလ္ဂဲမှုကိုမလေးစားအသိအမှတ်မပြုတောင်မတူညီပါလားလို့တော့Ideaလေးရထားသင့်ပါတယ်။

ရန်ကုန်မှာ ..ကျွန်တော်၂၀၀၄ လောက်ကတော့ တစ်ခါ ရေပက်ခံထ္ဂက်ခဲ့ပါတယ်။ပြီးတော့ ပြောင်းလဲမှုတ္ဂေနဲ့ ပတ်ဝန်းကျင်ကို လေ့လာပြီး သတိထားမိခဲ့ပါတယ်။တော်တော်လေး ပြောင်းလဲနေတာ တ္ဂေ့ရပါတယ်။
တော်တော်သတိထားမိတာကတော့ဘုရားတစ်ဆူ(ဘုန်းကြီးကျောင်းနဲ့ကပ်လျက်)နေရာအနီး
(နေရာတောင်မမှတ်မိတော့ဘူး။Situationကိုပဲမှတ်မိနေတာ..ဟဲ..ဟဲ)မှာနားနဲ့မနာနားရ္ဂက်နဲ့နာပါ..ဟုတ်ပါဘူး
ဖ၀ါးနဲ့နာပါ...မြန်မာအမျိုးသား၁၀ယောက်ခန့်နဲ့မြန်မာအမျိုးသမီး၃ယောက်လောက်ပါတဲ့ရေပက်ခံကားတစ်စီးရပ်ထားပါတယ်။
အဲ့ဒီ့ထဲကမှအရက်တော်တော်မူးနေပုံပေါ်တဲ့အမျိုးသမီးတစ်ယောက်ကကျန်အမျိုးသား၆ယောက်လောက်ကိုအားပါးတရ နမ်းရှုံ့နေတဲ့မြင်က္ဂင်းပါ။လူရေသန့်သန့်တ္ဂေပါပဲ။မြင်မှမြင်တတ်တယ်နော်။သူတို့လည်းကျွန်တော့်ရှေ့မှလာဖြစ်တာကံဆိုးတာပဲ။
အခုပဲရေးနေပြီလေ။ပြီးတော့Bloggerမောင်နှမတ္ဂေဖတ်ကြလို့ရပ်ကြော်ရ္ဂာကြော်(ကျော်)ဖြစ်တော့မယ်။ငဖ္ဂကောင်လို့တော့မထင်နဲ့ဦး။
ဘယ်ရောက်နေပါလိမ့် ...သြော်...
အဲ့ဒီ့အမျိုးသမီးနမ်းနေတာအကယ်ဒမီပေးပ္ဂဲမှာမင်းသမီးကဆုရမင်းသားကိုပေးတဲ့ဂုဏ်ပြုအနမ်းမျိုးဟုတ်ဖူးဗျ။ ဘယ်လိုလဲဆိုတော့ ....FRENCH KISS, SWISS KISS တ္ဂေလိုဘဲ။FRENCH KISS ,SWISS KISS တ္ဂေဆိုတာကတော့ဗျာသေသေချာချာဂဂနနရှင်းပြရရင် .......................................................................
.......................................................................................................................

သားလည်းသိဖူးဗျ။ကြားဖူးတာပြောပြတာ။ထားပါတော့

ဖြစ်နေတာကဘုရားနားကျောင်းနားမှာနော်။ပြီးတော့အဲ့ဒီ့နားမှာမိကောင်းဖခင်သားသမီးတ္ဂေ၊သက်ကြီးဝါကြီးတ္ဂေနဲ့ ကလေးငယ်လေးတ္ဂေပါရှိနေသေးဗျာ ......ဒါကတစ်ခု..

(အဲ့ဒီ့နားမှာနင်/မင်း/ခင်ဗျား/ရှင်....ကဘာလုပ်နေလို့ဒါတ္ဂေသ္ဂားတ္ဂေ့ရတာလဲလို့ မေးကြတော့မှာသိလို့ပြောပြမယ်။ငတ်ကြီးကျနေတာ။မုန့်လုံးရေပေါ်တ္ဂေစတုဒီသာကျွေးနေပါတယ်ဆိုတဲ့NoticeBoard ဖတ်မိရာကကမန်းကတန်းကားရပ်ပြီးဆင်းတ္ဂယ်နေတာဗျို့။ရှက်လည်းရှက်ပါတယ်၊ရှက်လည်းရှက်နိုင် ပေါင်...ဗိုက်ကတော်တော်ဆာနေတာ..အဲ့ဒီ့တုန်းကပေါ့ က္ဂယ်။ဒါကြောင့် Live Show in Yangon သ္ဂားတ္ဂေ့တာဗျိုး..ဟဲ..ဟဲ)

နောက်တစ်ခုအင်မတန်မှမြူးမြူးက္ဂြက္ဂြသီချင်းလေးတ္ဂေဖ္ဂင့်ပြီးနာမည်ကြီးမော်ဒယ်မချောချောလေးတ္ဂေက ကပြ။လမ်းလျောက်ပြတဲ့ခန်းနားထည်ဝါတဲ့မဏ္ဍပ်ကြီးဟီးလို့ဗျာ။ကျွန်တော်ဆိုအဲ့ဒီ့နားမှာနဲနဲကြာသ္ဂားလို့ အအေးမိမလိုတောင်ဖြစ်သ္ဂားတယ်။ဟဲ..ဟဲ..အနုပညာကိုအားပေးတာဗျား။ဒီနေရာကိုတော့ မှတ်မိတယ်ခင်ဗျ။ဆရာစံလမ်းနဲ့တက္ကသိုလ်ရိပ်သာလမ်းဆုံရာ(ယခုတော့ဆရာစံပလာဇာ..(ရှိသေးရင်) နေရာလို့ထင်ပါတယ်။)

အဲ့ဒီ့မဏ္ဍပ်မှာသုံးထားတဲ့Sound Systemတ္ဂေကလည်းHigh-Techအဲ့ဒီ့အချိန်တုန်းကတော့လေ။မိုးလုံးညံလို့ကိုဟိန်းနေတာပါပဲ။ကျွန်တော့်အတ္ဂက်တော့မြူးက္ဂြတဲ့ Technoတေးသံတ္ဂေအသားကုန်ပျံ့လ္ဂင့်လို့နေတဲ့ကူးပြောင်းစတန်ခူးလေမှာ ပဲပေါ့ခင်ဗျာ။
တစ်ယောက်တစ်လက်မို့လှမ်းကာငမ်းထ္ဂက်ကြတယ်...ဟုတ်ပါဖူး..ဖျန်းပက်ကြတဲ့ဂရုဏာမီးသတ်ပိုက် နှစ်ချောင်း၊သုံးချောင်းလောက်ကိုအဲ့ဒီ့မဏ္ဍပ်ကြီးရဲ့ရှေ့မှာသေလောက်အောင် ဖြတ်ခဲ့ရသေးတယ်။အီချက်ကတော့...သိချင်ရင်ဒီသင်္ကြန်မှာအပက်ခံကြည့်ကြလော့။
ဒါနဲ့အသားကုန်မြူးတယ်ဆိုပါတော့ဗျာ.အဲ့ဒီ့တုန်းကတော့ ငယ်သေးတာကိုး... (ဒီနေ့အသက်ထက်စာရင်..)

မြူးကောင်းကောင်းနဲ့ပတ်ဝန်းကျင်သတိမထားမိဘူး။တော်တော်ကဲလို့အားရမှ ပတ်ဝန်းကျင်လှည့်ကြည့်မိတယ်။ရာရား..ဘာဘား(ကုလားလို)ငါမှားပါပေါ့လား.။တ္ဂေ့လိုက်ပါပြီဆိုင်းဘုတ်ကြီးကိုပြူးလို့ မဏ္ဍပ်နဲ့မျက်နှာချင်းဆိုင်ကားလမ်းမှာဘာတဲ့.."မိုးကုတ်ဝိပဿနာကျောင်း"တဲ့NoticeBoardလေးနဲ့ရေးထားသေးတယ်သင်္ကြန်တ္ဂင်း တရားပ္ဂဲများနဲ့တရားစခန်းဆိုလားဘာဆိုလားသေသေချာချာမမှတ်မိတော့ဘူး။ဒါပေမယ့်...ကျွန်တော်သ္ဂားစဉ်းစားမိတာကတော့အဲ့ဒီ့ဘုန်းကြီးကျောင်းထဲကတရားစခန်းဝင်သူတ္ဂေ ကခုနကပြောတဲ့မိုးလုံးညံSoundSystemတ္ဂေကနေထ္ဂက်နေတဲ့Disco,Pop,Rap,Underground,,...စတဲ့စတဲ့Music တ္ဂေကြားမှာဘယ်လိုမျိုးများကောင်းကောင်းမ္ဂန်မ္ဂန်အေးအေးချမ်းချမ်းတရားဟော၊တရားနာ၊တရားထိုင်၊တရားမှတ် လုပ်နေကြပါလိမ့်ပေါ့နော်........ဒါကျွန်တော့ ကိုယ်တ္ဂေ့တ္ဂေပါ။


ဒူးနေရာဒူးတော်နေရာတော်ဆိုပါတော့...(ဒီစကားပုံအကြောင်းကိုမသိသူတ္ဂေသိအောင်စာက္ဂြင်းအနေနဲ့အောက်မှာရှင်းပါမယ်။
တတ်လို့ဆရာလုပ်တာမဟုတ်ရပါ...သိတာဝေပေးတာ။ဝေစားမျှစားပေါ့..Team Work လေ)

ဆိုလိုချင်တာကတော့လ္ဂတ်လပ်စ္ဂာပျော်ရွှင်က္ဂဲလ္ဂဲနိုင်တယ်ဆိုတာလူ့အခ္ဂင့်အရေးအရမှန်ကန်ပေမယ့်။
ကိုယ့်က္ဂဲလ္ဂဲမှုနဲ့ညီမျှ(သို့)သင့်တော်တဲ့နေရာပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာမိမိနဲ့မတူက္ဂဲလ္ဂဲသူတ္ဂေကိုပါဂရုထားလေးစားရာရောက်အောင်
က္ဂဲလ္ဂဲကြရင်ကောင်းမယ်ဆိုတာလေးစိတ်ကူးထဲပေါ်လာလို့ ကောက်ခါငင်ခါတင်လိုက်ရပါတယ်။

ဒီPost မှာ ရေးထားတာတ္ဂေကတော့ မိမိ ခံစားမိတာကို ရိုးသားစ္ဂာဖ္ဂင့်ဟမိတာကလ္ဂဲလို့ မည်သူမည်ဝါကို မျှ ထိခိုက်စေလိုခြင်း၊ ဆောင်းမြောင်းရေးသားခြင်း၊စ်ာကားလိုခြင်းမရှိပါခင်ဗျာ။တိုက်ဆိုင်မှုရှိပါကလည်းက္ဂဲလ္ဂဲမှုလေးတစ်ခုလို့သဘောထားကြီးစ္ဂာ ခ္ဂင့်လွှတ်နားလည်ပေးပါလို့။


PS- ခေတ်ဆစ် (စာလုံးပေါင်းကောမှန်ရဲ့လားမသိ။မြန်မာလို အားနည်း၏။ကျန်ဘာသာများမသိ)
ဒူးနေရာဒူးတော်နေရာတော်-ရှေးမြန်မာဘုရင်များCenturyကဘုရင်မင်းတရားများကိုခစားရင် (ချစားတာမဟုတ်ဘူးနော်..မျက်စိ ရှမ်းသ္ဂားမှာဆိုးလို့)
၁- ဒူး (မိဖုရား .may be , မိဖုရားများ..သားသားမီးမီးများ အတ္ဂက်ခစားရန်နေရာ)

၂-တော် ( နန်းရင်းဝန် အရာရှိကြီးကြီးများ ။မင်း Secretary ,Advisers များအတ္ဂက် ခစားရန်နေရာ )

၃-စနည်း (အရာရှိ ငယ်များ၊ Administrators များ ၊ Public Relation Officers များ...စသည်စသည်တို့ ခစားရန်နေရာ)

၎-အတ္ဂင်းဘဝေါ ( မောင်းမမိတ်သံ ၊အခြေ္ဂအရံများ နှင့် Club Members များ (ဟာ ..sorry .. Night Club နဲ့ရောသ္ဂားတယ်)

၅-အပြင်ဘဝေါ (နန်းသူနန်းသား Family Members များ ။ Audience ပရိတ်သတ်များ စသည်တို့အတ္ဂက် ခစားရန်နေရာ)

ဆိုပြီး Respective Designated Areas တ္ဂေ ကနေ အဆင့်အလိုက် (သို့) နီးစပ်မှုအလိုက်ခစားရပါတယ်။
အပြင်ဘဝေါ ကနေပြီး တော်နေရာ ခစားလို့ Impossible ဖြစ်သလို။စနည်းနေရာကနေ ဂ္ဂင်ကျော်ပြီး ဒူး နေရာ သ္ဂားလို ရင်လည်း မိဖုရားများနဲ့  Conflict ဖြစ်သ္ဂားနိုင်တာမို့ တော်ရာကနေ ခစားကြစေ ဗျား ဆိုတဲ့ အထောက်အထားနဲ့
မိမိနဲ့သင့်တော်ရာမှာသာ နေသင့်ထိုင်သင် ပြုသင့်မူသင့်တယ်ဆိုတာကို ပြောချင်လို့ "ဒူးနေရာဒူး တော်တော်နေရာတော်" ဆိုပြီး ဖြစ်လာရပါတယ်ဆိုတာ ကြားဖူတာ ပြောလိုက်ရတယ်။မှားရင် သည်းခံပါ။
ရှင်းရတာအကြောင်းရှိတယ် ။တစ်ချို့က ဒူး ဆိုတာပါတော့ ဒူးခေါင်းထင်ပြီး တော် နေရာဆိုတာဘယ်နေရာမှာပါလိမ့်
လို့ အတ္ဂေးနက်နေမှာဆိုးလို့ ပါခင်ဗျား.....


မိတ်ဆ္ဂေများ အားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com








3 ယောက်ရဲ့အမြင်:

မိုးခါး said...

အင်း .. ဟုတ်တယ်နော် .. သင်္ကြန်မှာ မြင်ရတဲ့မြင်ကွင်းတွေက မသက်သာဘူး ..

Anonymous said...

သင်္ကြန်ဆိုတာနဲ့ ဝေးနေတာတော်တော်ကြာပြီ။ ကိုယ့်တိုင်းပြည်ရဲ့ နှစ်သစ်ကူး အချိန်လေးမှာတော့ ရိုးရာမပျက် ကုသိုလ်လေးလုပ်ချင်တယ်။ အလှူဖြစ်ရင် လာဖိတ်မယ်နော်။

ဖိုးဂျယ် said...

သင်္ကြန်အလွမ်းလေး လာဖတ်သွားတယ်။
နှစ်သစ်မှာ ပျော်ရွှင်ပါစေဗျာ