" ဒီဇင်ဘာ " ည တစ်ည ရဲ့ နှင်းငွေ့တွေ ကို
ညှင်းသွေ့သွေ့ လေပြေက ဆောင်ချ လာတော့
မှောင်ပြပြ ဒီ ညထဲ က အတွေးလှိုင်းတွေက
ပြေးခိုင်းလိုက်တယ် စိတ်တွေကို ယူဇနာတစ်သန်း
နွမ်းလျှ လို့တောင် နားချိန်မပေး အဝေးဆိုတာများထက် ပိုဝေးတဲ့ ကာလများဆီ…..
နှင်းဖြူတွေ ဆိုင်းသီ နေတဲ့ ပရ၀ုဏ်ထဲ
ဂုဏ်ကွဲ သတ္တိတွေနဲ့ မှတ်မိစရာမရှိအောင်ကို
ရပ်ကြည့်နေရင်း ကိန်းဂဏန်း ရေမရတဲ့
မြေခ သစ်ရွက် နွမ်း တို့ က လက်လျူရှု ပစ်ပယ်ခံ မတည်မြဲခြင်း နိယာမများ ကို
သိသာသမျှ တည်ခင်း ပွဲတော်ခံနေကြရင်း ကိုယ်ထင်ပြနေကြတယ်…….
ဒီညမှာပဲ မှိန်ပြပြ မာကျူရီ ခံစားမှု စည်းဝါးမှန်မှန် နဲ့
ညီးတွားသံ သဲ့သဲ့ တို့ က မြူးကြွနေကြလို့
တူးဆွစရာ တောင် သိပ်မလိုတဲ့ ရင်ခုန်သံ အိုဟောင်းတို့က
တိုတောင်းတဲ့ “နရီ ” ရိုက်ချက်ပြင်းပြင်း တွေ ကြားထဲ
နားကွဲ မတတ် အောင်တော်မူပတ်ပျိုး တေးသွားများနဲ့ ချက်ကျကျ ကခုန် ပျော်ပါး နေကြလေရဲ့…..
ဒီဇင်ဘာနေကွယ်ချိန် တစ်ခု ရဲ့ သဲကိုးဖြာ ညစည်းဝိုင်းထဲ
လှပြီးတိုင်း လှနေရက်ပုံကို ဖော်ကြူး လို့
ပျော်မြူးနေကြတဲ့ ငွေလွှာနှင်းစက်တို့တဖြောက်ဖြောက် နောက်
ကောက်ကောက် ပါအောင် လွင့်ပါးရင်း ခြေရာပျောက်သွားတာ
သေချာဆောက်မယ့် ရဲတိုက်တစ်လုံး ရဲ့ စိတ်ကူး ပုံကြမ်းလေး တောင် အစအနကောက်မရလောက်အောင်ပါပဲ…..
ဘာပဲပြောပြော စိတ်အတွေးက စိတ်အတွေးပဲ
အတိတ်အဆွေး တွေ ကိုခြေရာပြန်ကောက်နေတာ ဒီဇင်ဘာ ကြောင့်မဟုတ်ဘူး
ကြည်လင် လာတဲ့ အသိစိတ်တို့ က ပုံကြမ်းဆွဲလို့ သဲကွဲလာခါမှ
အမြဲပဲ လာနေကျ ဒီဇင်ဘာ ဟာ နှင်းတို့နဲ့ ပျော်မြူးလို့
ဖော်ကျူးလာခဲ့တဲ့ လှလှပပ ဆောင်းညတွေဟာ နှင်းပွင့်တို့ နဲ့ နေသားတကျ ရှိနေခဲ့တာ ဟိုး..ပဝေသနီ ကတည်းက….
ဒီလို အံဝင်ဂွင်ကျ ဒီဇင်ဘာညတစ်ည ရဲ့ နယ်ပယ်ထဲ
မလည်မ၀ယ် စိတ်ကူးတွေ ဖောင်ဖွဲ့ရင်း ရေဆန်မှာ
လေထန်တဲ့ စိတ်ဂရက်လှိုင်း တွေကို အံတုမိလို့
အကြံပြု ….ဝေဖန် သွားသတဲ့ လေ.. အဲ့ဒီ့ ဒီဇင်ဘာ ည ကလေးကပဲ ပေါ့
ဘ၀လေးတစ်ခုကို မှုန်ပျပျ ရ,ထားတာတောင် “နွေး နွေး ထွေးထွေး ” မနေတတ်တဲ့ ကောင် …တဲ့…..။…..။
Melbourne near me Trusted Removalist
-
Melbourne Removalist; Melbourne Near Me Removalist; Melbourne West
Removalist; Removalist; House moving company; Removalist near me; Local
removalist; Fur...
1 week ago
17 ယောက်ရဲ့အမြင်:
ကဗျာလေးက ဆောင်းကဗျာလေးမို့လို့လားမသိဘူး ဖတ်ရတာ ချမ်းအေးအေးနဲ့ အရသာရှိနေတာပဲ။
ဆောင်းတွင်းအေးအေးလေးမှာ
နွေးနွေးထွေးထွေး ဖြစ်သွားအောင် သောက်စရာလေးတွေ လာပို့တယ်ဗျာ။ ရေနွေးကြမ်းပူပူနွေးနွေးလေး =)
အယ် အပေါ်ကတယောက် သူ့နာမည်ပါအောင်မန့်သွားတယ်
ကဗျာလေး ဖတ်သွားတယ်နော်
ရေနွေးကြမ်းဆိုတော့ ကျမလည်း
ဆတ်သားခြောက် ဖုတ်လေးလာပေးတယ်ရော့
ကဗျာလေးဖတ်သွားပါတယ် ..
ပျော်ရွှင်တဲ့ ခရစ္စမတ်နေ့တွေ ပိုင်ဆိုင်ပါစေ
ချမ်းချမ်းစီးစီး ဒီဇင်ဘာညမှာ စောင်ခြုံထဲ ကွေးပြီး စိတ်တွေ ယူဇနာတစ်သန်း ရွက်လွှင့်လို့ ကောင်းတာပေါ့....
ကဗျာလေးက ကောင်းတယ် တစ်ကယ်။
“ဘာပဲပြောပြော စိတ်အတွေးက စိတ်အတွေးပဲ
အတိတ်အဆွေးတွေကို ပြန်ခြေရာကောက်နေတာ ဒီဇင်ဘာကြောင့်မဟုတ်ဘူး...“
ဒီအဖွဲလေး တကယ်ကြိုက်တယ်...
းဝ)
ဖတ်ပြီးမောသွားတယ်... ဘာကြောင့်မှန်းမသိဘူး...
ကဗျာလေး အေးအေးနဲ့ စပ်သွားတယ်ထင်ပ။ ကောင်းတယ်။
ကိုဖြိုးရေ..အေးမြတဲ့ ဆောင်းတညမှာဆိုတဲ့ သိချင်းနဲ့ ဖြတ်သန်းပေတော့။
ကိုကြယ်ရေ့ ..
ကာရန်ကလဲ မိ၊ အဓိပ္ပါယ်ကလဲ ရှိ၊ ရိုက်ချက်ကလဲ ထိ ဆိုတော့.. လိုက်ဆိုကောင်းရင်းနဲ့ လိုက်ဆိုနေလိုက်တာ ကဗျာအဆုံးကို ရောက်သွားမှန်းတောင်မသိလိုက်ဘူး။
မရေးဘဲအောင်းတုန်းကအောင်းပြီး ရေးပြန်တော့လဲ ကာရန်တွေမြူးကြွနေပါလား။
ဒီစာသားလေးတွေ ကဇာတ်ထဲရောက်သွားရင် ပြဇာတ်တစ်ပုဒ်လောက် ကောင်းကောင်းဖန်တီးလို့ရတယ်။
ဟိုးပဝေသနီက ဘီအီးဒီအောင်သိုက်တို့လို၊
ပန်းချီးလေးဝင်းတို့လို၊
ကောလိပ်ချင်နေ၀င်းတို့လို အပြောမျိုးဗျ။
နောက်တစ်ခေါက်ထပ်ဖတ်ကြည့်လိုက်ပြန်ဦးမယ်။
စားပြီးရင်း စားချင် ဆိုသလိုဘဲ။
ပျော်ရွှင်ကြည်နူးနိုင်ပါစေဗျာ။
ပျော်စရာခရစ်စမတ်နှင့် ကြည်နူးစရာ နှစ်သစ်ကူးလေး ပိုင်ဆိုင်နိုင်ပါစေ။
ဒီဇင်ဘာ ဆိုတော့  အင်း..အပီပြင်ပါပဲ လွမ်းစရာ
တွေ အသေအချာဖြစ်နေမှာပါနော်...။
ကာရံတွေ မိမိ နဲ့  ထိ နေအောင်ကို ရေးသွားတာပါလား...။
ကဗျာလေးကိုခံစားဖတ်ပါတယ်ဗျာ
ကာရန်တွေ မြူးမြူး ကြွကြွနဲ့ ကဗျာလေးကို လာရောက် ခံစားသွားပါတယ်
ကဗျာလေးက ဒီဇင်ဘာနဲ့ လိုက်ဖက်ပါတယ် ကိုလင်းကြယ်ဖြူရေ
လင်းကြယ်ဖြူ
လာဖတ်သွားတယ်နော်
နှစ်သစ်မှာပျော်ရွှင်ပါစေ
ကဗျာဖတ်ပြီး နှင်းတဖွဲဖွဲကိုတောင် မြင်ယောင်လာမိပါတယ်..
ချစ်စရာကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ပါ..ဆောင်းရဲ့ အငွေ့အသက်တွေ မြောက်လေနဲ့အတူ ရိုက်ခတ်လို့....................
I feel cold because of your poem
ကောင်းလိုက်တဲ့ ကဗျာလေးဗျာ.... အခုမှဖတ်မိလို့ နောင်တတောင်ရမိတယ်... ဘာလို့ ကျွန်တော်မတွေ့ခဲ့တာလည်း မသိဘူး...
ဖတ်ရင်းနဲ့ ခံစားလိုက်တာ ချမ်းအေးအေးလေးနဲ့ တကယ်ကို လွမ်းဆွေးဖွယ်ကောင်းလိုက်တာဗျာ...
ကဗျာအရမ်းအရေးကောင်း၏..
ခင်မင်စွာဖြင့်
ညရဲ့ကောင်းကင်
Post a Comment