အခုတလော ငယ်ဘ၀ နဲ့ ပတ်သက် တာတ္ဂေကိုချည်းပဲ Tag ခြင်းကို ခံနေရသမို့ အနည်းငယ်မျှ ငယ်မူပြန်ချင် လာပါတယ်..ဒီလို ငယ်မူပြန်ချင်စိတ်ကလေး ပေါ်လာတော့ ဟိုးအရင် ကလေးလေးဘ၀ တုန်းက ရ္ဂတ်ဆို ဖြစ်ခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေ၊ ရောက်တတ်ရာရာ ကလေးဘ၀က သီဆို ဟစ်ကြေ္ဂးဖြစ်ခဲ့တာလေးတ္ဂေ က ခေါင်းထဲကို အစီအရီ လာရောက် ရိုက်ခတ် နေရာယူလာကြပါတော့တယ်.....
ဒီတစ်ည မအိပ်စက်ခင် ကောင်းကင်က ငွေလမင်းကြီးကို မော့ကြည့်နေရင်းက အတွေးထဲကို ၀င်လာတဲ့ ကလေးအရ္ဂယ် ငယ်ငယ်က သီဆို ရင့်ကြူး ကြည်နူး ခဲ့ရတဲ့ ကဗျာလေးတ္ဂေ က လင်းလက်နေတဲ့ ကြယ်ဖြူ ပွင့်လေးတွေ အလား အစီအရီ ခေါင်းထဲကို ၀င်ရောက် နေရာယူ လာတာမို့ ကောင်းကင်ကို မော့ကြည့်နေရင်း ပြုံးနေမိပါတော့တယ်.......
ရွှေလမှာ ယုန် ၀တ်လို့
ဆန်ဖွတ်တဲ့ အဖိုးအို ဟောကြည့်ပါဆို
ဆို သာဆို ပိုမိုသည့် စကား
ကလေးအငိုတိတ်အောင် အရိပ်အယာင်ပြတယ်
ဖိုးလနတ်သား....... တဲ့ ကျွန်တော် မိခင်ဖခင် ကျေးဇူးရှင်တို့ရဲ့ ကျေးဇူးကြောင့် စာမဖတ်တတ်ခင် စာမရေးတတ်ခင် အရင်ဦးစ္ဂာ သီဆို ဟစ်ကြေ္ဂးတတ်ခဲ့တဲ့ စာစုလေး စိတ်ထဲမှာ ပြန်ပေါ်လာတယ် ..ရေးရေးလေး မဟုတ်ဘူး ... သေချာတယ် ..ကောင်းကောင်း မှတ်မိနေတယ်လေ....ဒါလေးနဲ့ ဘ၀ထဲက ကဗျာဆိုတာကို စတင် မိတ်ဆက်ပေးခဲ့ကြတဲ့ မိဘနှစ်ပါး ကိုလည်း ရိုသေစွာ ဦးညွှတ်ဂါရ၀ပြုမိပါတယ်.........
ဒီလိုနဲ့ အချိန်တန်ပြီဆိုတော့...............ခေါင်းလောင်းသံ ချိုချိုတို့ ရိုက်ခတ်သံတွေကြားမှာ ........
ပန်းကလေးများ ပ္ဂင့်တော့မည်
ဖူးတံဝင့်လို့ချည်
နေခြည်မှာ ရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း .....................ဆိုတဲ့ ကဗျာလေးကို ကျွန်တော့် ဘ၀ရဲ့ စာရေးစာဖတ်ခြင်း အတတ်ပညာတို့ ရဲ့ အုတ်မြစ်ချရာ ဋ္ဌာန ထဲမှာ ခဏခဏ ပျော်ပျော်ရွှင်ရွှင် ညီညီညာညာ သီဆိုခဲ့ဖူးပါတယ်....ဒီလိုသီဆို တတ်အောင် ချော့တစ်ခါ ခြောက်တစ်လှည့် စေတနာတွေ ရင်ထဲထည့် ..ပီတိကိုစားလို့..အားရှိနေခဲ့ကြပါတယ် ဆိုတဲ့ မြတ်သောဆရာ မြတ်ဆရာ အပေါင်းတို့ကိုလည်း အမှတ်ရလို့ ကြည်ညိုမိပြန်ပါတယ်..............................
ဒီလိုနဲ့ အဲ့ဒီ့ ဋ္ဌာန လေးရဲ့ ကျေးဇူးတော် အနန္တတို့ဖြင့် စာရေးစာဖတ် ကောင်းကောင်းတတ် ခဲ့ရပြီး နောက် ... စာမြင်ရင် ဖတ်ချင်စိတ်၊ကဗျာမြင်ရင် ရ္ဂတ်ချင် စိတ် ကလေးတ္ဂေက နိုးထလာခဲ့ရပြီး .......................
မုန့်လုံးကို စက္ကူကပ်
ရွှေကလာပ်နဲ့ ဆ္ဂမ်းတော်တင်
ပုလ္လင်ပေါ်က မျောက်ကလေး
ဆင်းတယ်လို့ ပြေး ဂျာအေး............ဆိုတဲ့ မုန့်လုံးစက္ကူကပ် အမြစ်မပြတ် သီဆိုနိုင်တဲ့ ကဗျာလေးတ္ဂေ ...
နောက်တော့....
ရွှေစွန်ညို
ဘာကိုလိုလို့ ၀ဲတယ်ဝဲတယ် ...
မအေးလိုလို့ ၀ဲပါတယ်....
မအေးမပါ သူ့ချည်းသာ ပါပါရက်သား နောက်ကထား...အစပြုတဲ့ ကဗျာလေးကို ရ္ဂတ်ရင်း ကစားရတဲ့ ကစားနည်းလေး ကိုလည်း အကြိမ်ကြိမ် မြူးတူးပျော်ပါး ဆော့ကစားခဲ့ဖူးပါတယ်....အမှတ်တရရှိလိုက်တာ ငယ်ကဗျာလေးတ္ဂေကိုလေ....
ဒီလိုနဲ့ အတန်းတ္ဂေအဆင့်ဆင့်ဖြတ် လို့ အလယ်တန်းခေါ်တဲ့ ပညာရေး လမ်းကြာင်းရဲ့ခရီးတစ်ဝက်မှာ မြန်မာစာ သင်ပေးခဲ့တဲ့ ဆရာမတစ်ယောက် ကို အမြဲ အမှတ်တရရှိမိပါတယ်...သူမက အဆိုတော်လည်း လုပ်ဖူးခဲ့ပါတယ်...ဒါကြောင့် ဆရာမ က ကဗျာလေးတ္ဂေကို သင်ရင် သီချင်းလေးလို တီထ္ဂင်သီဆိုပြီး သင်ပြပေးတဲ့အတွက် မမေ့မလျော့ပဲ ယနေ့တိုင် ရင်ထဲမှာရှိနေတဲ့ ကဗျာလေးတစ်ပုဒ်ကတော့......
တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့ တောင်လုံးသာကျန်ပြန်လေသမို့
ဖန်ဖန်လေ အားအင်နှိုး လို့ရယ် ကြိုးလျှောက်ရပြန် ................... ဆိုတဲ့ ကဗျာလေးပါပဲ...ဘယ်တော့မှမမေ့နိုင်ပါဘူး ဆရာမရယ်..ဆရာမ သားတို့ ကို ကျောခိုင်းပြီး နှုတ်ဆက်ခ္ဂင့်တောင် မရလိုက်ပဲ ဘ၀ဆိုတဲ့ သံသရာခရီး ကြော ကနေ တိတ်တဆိတ် ထ္ဂက်ခွါသ္ဂားပေမယ့် ဆရာမက သီချင်းလေးလို သီဆို တီထ္ဂင်ပြီး သင်ပေးခဲ့တဲ့ ကဗျာလေးကို ရင်ထဲထည့်လို့ ဘ၀ခရီးလမ်း များကို ကြိုးစား လျှောက်လှမ်းရင်း ဒီကဗျာလေးကလေ သားတို့ အတ္ဂက် အားအင်သစ်ကိုဖြစ်စေခဲ့တာမို့ ဆရာမ ရောက်လေရာ ဘ၀မှာ အေးချမ်းသော သူ အဖြစ် တင့်တယ်စွာ စံစားနိုင်ပါစေလို့ ရင်နင့်စွာ ဆုတောင်းပေးလိုက် ပါရစေ မြတ်သော ဆရာ မြတ်ဆရာ ရေ.........
အော်...ငယ်ငယ်တုန်းက ပျော်ရွှင်ကြည်နူးစွာ လွတ်လွတ်လပ်လပ် ရွတ်ခဲ့ ဆိုခဲ့ ကြူးရင့်ခဲ့ တဲ့ ကဗျာလေးတွေ ကအများကြီးပဲ လေ...အားလုံး ကို ပြန်လည်အမှတ်ရပြီး....ငယ်ငယ်က သူငယ်ချင်းတ္ဂေနဲ့ လသာသာ ညလေးတွေမှာ ကဗျာလေးတွေရ္ဂတ် ရင်း လွတ်လပ်ပျော်ပါး လို့ အပူအပင်ကင်းကင်း နဲ့ ပြေးလွှားဆော့ ကစားနေခွင့်လေး..........ဟာ......
အော်..တော်တော်လေးကို အတွေးနယ်တွေ ချဲ့ နေလိုက်မိတာ....မော့ကြည့်နေတဲ့ လမင်းကြီးကိုတောင် တိမ်ဆိုင်လွှာ တစ်ထပ်က ခဏဖုန်းထားလိုက်ပြီပဲ..................................တိမ်တွေမြန်မြန် လွင့်သွားစမ်းပါ...လွင့်သွားလိုက်စမ်းပါ........
ဟော.....ကြည့်နေရင်ပဲ တိမ်တွေ ပြန်လည် ကင်းစင်လို့ လမင်းဝင်းဝင်းကြီး ကထပ်ပေါ်လာပြီ......အခုမှ သတိရတယ် ဒီနေ့လပြည့်ညပဲ...... ဟုတ်တယ် ဒီနေ့လပြည့်ည........
ဒီတစ်ည မအိပ်စက်ခင် ကောင်းကင်က ငွေလမင်းကြီးကို မော့ကြည့်နေရင်းက အတွေးထဲကို ၀င်လာတဲ့ ကလေးအရ္ဂယ် ငယ်ငယ်က သီဆို ရင့်ကြူး ကြည်နူး ခဲ့ရတဲ့ ကဗျာလေးတ္ဂေ က လင်းလက်နေတဲ့ ကြယ်ဖြူပွင့်လေးတွေ အလား အစီအရီ ခေါင်းထဲကို ၀င်ရောက် နေရာယူ လာတာမို့ ကောင်းကင်ကို မော့ကြည့်နေရင်း ပြုံးနေမိပါတော့တယ်... ....... ......
ပြီးမှတိုးတိုးလေး...ဟုတ်တယ်..တကယ့်တိုးတိုးလေး..လေသံဖျော့ဖျော့လေးနဲ့လေ..........
ရွှေလမှာ ယုန် ၀တ်လို့
ဆန်ဖွတ်တဲ့ အဖိုးအို
ဟောကြည့်ပါဆို
ဆို သာဆို ပိုမိုသည့် စကား
ကလေးအငိုတိတ်အောင် အရိပ်အယာင်ပြတယ်
ဖိုးလနတ်သား...................................။ ။
ဒီနေ့ကျမှ လမင်းကြီးကလည်း သာနေလိုက်တာ ..............
ကဲ...မနှင်း ရေ ကျေနပ်လိမ့်မယ်ထင်ပါတယ်ခင်ဗျာ....မှတ်မိသလောက်ရယ် ၊ တကယ်ကို ရင်ထဲမှ ကျန်နေတဲ့ ကဗျာ စာစု လေးတ္ဂေရယ်ကို စာမျက်နှာပေါ်မှာ ရေးခြစ်လိုက်ပါတယ်နော်.....
မိတ်ဆွေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com
ဆက်လက်ဖတ်ရှူရန်...
ပြီးပါပြီ...
အခန်းထဲမှာ တစ်ယောက်တည်း သီချင်းလေး နားထောင်နေ မိပါတယ်။ပြီးတော့ အဲ့ဒီ့ သီချင်းလေး နဲ့ အတူ ဟိုး.. ငယ်ငယ်တုန်းက အဖြစ်လေးတ္ဂေ .... အပူအပင် ကင်းကင်း မိဘရင်ခ္ဂင်တ္ဂင်း မှာ စစ်မှန်တဲ့ ပျော်ရွှင်မှုလေးတ္ဂေနဲ့ ကြည်နူးခဲ့ရ ပုံလေးတ္ဂေကို အမှတ်မထင် အတ္ဂေးပုံရိပ်များ အဖြစ်နဲ့ပြန်လည် ထင်ဟပ် လို့ လာခဲ့ပါတယ် ... ဒါနဲ့ အတိတ်က အရိပ်တ္ဂေထဲ ပျော်စရာလေးတ္ဂေကိုပြန်တ္ဂေးရင်း တစ်ဆက် တည်း မှာပဲ ... အစ်မ မဟာဆန် ပြောပြဖူးခဲ့တဲ့ ငယ်ဘ၀က စားခဲ့ တာလေးကို သတိတရဖြစ်လာပါတယ်...
ဒါပေမယ့် အရင်တစ်ခါက ဒီလိုဆင်ဆင်လေး ရေးခဲ့ဖူးပါတယ်။ ဒီတော့ အခု ဘယ်လိုစဉ်းစားမိလဲဆိုတော့ ငယ်ငယ်က မိဘတ္ဂေ ရင်ခ္ဂင်ထဲက စောင့်ရှောက်မှုအောက် မှာ နေခဲ့စားခဲ့ဖူးတဲ့ ခံစားမှုနဲ့ ကိုယ်ပိုင်ဘ၀ကို လျှောက်လှမ်းနေတဲ့ နေ့ရက်တ္ဂေကြားထဲက က္ဂဲပြားမှု လေးကို ကျွန်တော်ရင်ထဲ စိတ်ထဲက နေခံစားမိသမျှကို ကဗျာ လေးတစ်ပုဒ် အနေနဲ့ ပဲ ဖ္ဂင့်ချလိုက်ပါရစေ..အဆင်ပြေသလိုသာ တ္ဂေးတော ခံစားပေးပါလို့ မေတ္တာ ရပ်ခံပါရစေခင်ဗျာ...
အတိတ်ဝေး က အရိပ်တ္ဂေးများ
မုန့်တစ်ခုအတ္ဂက် ငိုကြေ္ဂးလ္ဂယ်တဲ့
ဟိုကလေးအရ္ဂယ် ငယ်ငယ်က
တကယ်ကျ လောဘ ဒေါသဆိုတာ နို့တစ်ခ္ဂက် လောက်အရာမထင်ခဲ့…..
ရွှေစင္ဂေစ တ္ဂေဆိုတာ
ကလေက၀ ပါပဲ
အဖေက ပေးတဲ့ ဂျယ်လီတစ်ဗူး လောက်တောင် စိတ်ကူးမရှိဘူး…..
အမေကခေါ်ရင် ဗျာသံ ဆူးဆူး
မကြာအမြန်ထူးရင်း ငါမြူးလို့ပြေး
ရာထူး တို့ အခ္ဂင့်အရေးတို့ ဆိုတာ ဘာတ္ဂေလဲ …..
အဖေ၀ယ်လာတဲ့ အိမ်ပြန်မုန့်တစ်ဗူး
အလိမ်ဟန် နဲ့ မဟုတ် ဇိမ်ခံပြီး တမက်တမော စားတတ်ခဲ့
ရမ္မက်ဇော ကပ်နေတဲ့ အပူစာ မဟုတ်တာသေချာတယ်…..
မြေခကြေ္ဂလာတဲ့ ခြံထဲပင်က အသီးတစ်လုံး
ပြီးဆုံးအောင် ဝေမျှပြီး သူငယ်ချင်း တ္ဂေနဲ့စား
တကယ်အရင်း အမြတ်တ္ဂေကျန်ပါ့မလား ဆိုပြီး မတ္ဂေးဘူး…..
ငယ်အတန်းဖော် သူငယ်ချင်းတ္ဂေ နဲ့
ဖလှယ်ရင်း ဝေမျှစားတဲ့ ထမင်းဗူး
ဟင်းအထူးတ္ဂေ မပါလည်း မငြင်းဘူး အတူစားပြီးချစ်ကြတာ…..
ကျောင်းနေဖက် အတူပျော်
သူတော်တယ်ငါတော်တယ် တယ်မတ္ဂေးမိဘူး
တကယ်အရေးကြီးရင် အချင်းချင်းကူကြ ထူမလို့ပေးတတ်တယ်…..
ဘုရားရှိခိုး အမျိုးမျိုးကိုအမေကသင်ပြ
ရင်ကလာတဲ့ ကြည်ညိုမှုနဲ့ ခယ၀ပ်တ္ဂား
ခဏခဏအပြစ်များ လည်းမလုပ်မိသေးဘူး ….
ပူပင်သောကနဲ့အကြောင်းမလှလို့
ခေါင်းကျ အောင်မအိပ်နိုင်သူတ္ဂေ လောကမှာရှိတယ်တဲ့
ပြောပြ မှ သိတော့တယ် ဟုတ်ပါ့မလား……
ဒီလိုနဲ့.....
ရက်တ္ဂေလစား လတ္ဂေနှစ်ဖြတ်
အမြစ်ပြတ်ခြင်း မရှိတဲ့ ရာသီတ္ဂေ လည်ပတ် ရင်း
တကယ်မရပ်ခဲ့ ပါလား ဘ၀ ဆိုတဲ့ ရထား….
ခုတော့လည်း…..
ဟိုး…….အတိတ်ဝေးပျပျက
အရိပ်တ္ဂေးလေး တ္ဂေထက္ဂြခဲ့ရလို့
အိပ်ရေး ၀၀ မအိပ်နိုင်တဲ့ နေ့တ္ဂေက ထုနဲ့ဒေး….ဖြစ်ခဲ့ရပေါ့….လ္ဂမ်းလိုက်တာ ငယ်ဘ၀ရယ်…….
**********
ကဲ အစ်မ မဟာဆန် ရေ ကျေနပ်လိမ့်မယ်ထင်ပါတယ်......ကဗျာလေးရေးလို့အပြီး ခုနက နားထောင်နေတဲ့ သီချင်းလေးဆီကို အာရုံပြန်ရောက်ရင်း ဆက်လက် နားထောင် နေမိ ပါတော့တယ်...................................
*****ဟိုစဉ်က..ကလေးတို့ ဘ၀မှာ ..ပျော်ပါးဖို့ရာ. ..လ္ဂယ်ပါတယ်.....ကိုယ်ရတာနဲ့. ....... တင်းတိမ်ရောင့်ရဲ........စားချိန်မှာ ... ၀င်စားမယ်.. အိပ်ချိန်မှာ ၀င်အိပ်မယ် ....အပူအပင် ကင်းတဲ့ .... ကလေးလေးဘ၀ကို ..... တစ်ခါပြန်ပြီး ...ရ..ချင်..သေး..တယ်...... အပြစ် မသိ သေးတဲ့ ..အော်......ခလေးလေး ဘ၀ကို.....တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်*****
မိတ်ဆ္ဂေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com
ဆက်လက်ဖတ်ရှူရန်...
ပြီးပါပြီ...
ဒီနေ့ အလုပ်ထဲ က သူငယ်ချင်း တစ်ယောက် က ဒီလို စိတ်ဝင်စားစရာနဲ့ ကျွန်တော် သတိမထားမိတဲ့ Mobile Phone ထဲမှာ ထည့်ထား သင့်တာလေးကို ပို့ပေးလိုက်လို့ ထက်ဆင့် ဖြန့်ဝေ လိုက်ရပါတယ်..သိပြီးတဲ့သူတ္ဂေ ကတော့ အပျင်းပြေ ထပ်ဖတ်သ္ဂားပေါ့နော်.. ကျွန်တော်ကတော့ တော်တော်လေးကို သဘောကျမိလို့ ပါ...
ပြောထားတာလေးကတော့ ဒီလိုလေးပါ...
Mobile Phone တ္ဂေထဲက မိမိ တစ်စုံတစ်ခု အရေးအကြောင်းကြုံခဲ့ရင် ဘယ်သူ့ဆီကို Emergency Contact လုပ်ပေးရမလဲဆိုတာကို သက်ဆိုင်ရာက/တာဝန်ရှိသူက ဖုန်းထဲက Contacts ပေါင်းများစ္ဂာထဲက နောက်မှာ ICE (In Case Of Emergency ) ဆိုပြီး ရိုက်ထားတာကို ကြည့်ပြီး မည်သူမည်ဝါကို အကြောင်းကြားပေးရမလဲဆိုတာကို လိုအပ်သလို ဆောင်ရ္ဂက်ပေးနိုင်စေရန်ဖြစ်ပါတယ်...
We all carry our mobile phones with names & numbers stored in its memory but nobody, other than ourselves, knows which of these numbers belong to our closest family or friends. If we were to be involved in an accident or were taken ill, the people attending us would have our mobile phone but wouldn't know who to call.
Yes, there are hundreds of numbers stored but which one is the contact person in case of an emergency? Hence this "ICE" (In Case of Emergency) Campaign The concept of "ICE" is catching on quickly. It is a method of contact during emergency situations. As cell phones are carried by the majority of the population, all you need to do is store the number of a contact person or persons who should be contacted during emergency under the name "ICE" (In Case Of Emergency).
(ဒါပေမယ့် ဖုန်းတ္ဂေကို Passwords တ္ဂေ ထည့်ထားတတ်ရင်တော့ တစ်မျိုးပေါ့နော်...ကိုယ်ကလ္ဂဲရင် ဘယ်သူမှ ဖ္ဂင့်လို့ မရနိုင်လို့ပါ...)
The idea was thought up by a paramedic who found that when he went to thescenes of accidents, there were always mobile phones with patients, but they didn't know which number to call.
He therefore thought that it would be a good idea if there was a nationally recognized name for this purpose.
In an emergency situation, Emergency Service personnel and hospital Staff would be able to quickly contact the right person by simply dialing the number you have stored as "ICE."
For more than one contact name simply enter ICE1, ICE2 and ICE3 etc. A great idea that will make a difference!
Let's spread the concept of ICE by storing an ICE number in our Mobile phones today!
Please forward this. It won't take too many "forwards" before everybody will know about this it really could save your life, or put a loved one's mind at rest. ICE will speak for you when you are not able to.
*********************************************
မိတ်ဆ္ဂေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူwww.lkphyu.blogspot.com
ဆက်လက်ဖတ်ရှူရန်...
ပြီးပါပြီ...