Wednesday, July 29, 2009

...ငယ်ဘ၀က သံစဉ်များ...




အခုတလော ငယ်ဘ၀ နဲ့ ပတ်သက် တာတ္ဂေကိုချည်းပဲ Tag ခြင်းကို ခံနေရသမို့ အနည်းငယ်မျှ ငယ်မူပြန်ချင် လာပါတယ်..ဒီလို ငယ်မူပြန်ချင်စိတ်ကလေး ပေါ်လာတော့ ဟိုးအရင် ကလေးလေးဘ၀ တုန်းက ရ္ဂတ်ဆို ဖြစ်ခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေ၊ ရောက်တတ်ရာရာ ကလေးဘ၀က သီဆို ဟစ်ကြေ္ဂးဖြစ်ခဲ့တာလေးတ္ဂေ က ခေါင်းထဲကို အစီအရီ လာရောက် ရိုက်ခတ် နေရာယူလာကြပါတော့တယ်.....


ဒီတစ်ည မအိပ်စက်ခင် ကောင်းကင်က ငွေလမင်းကြီးကို မော့ကြည့်နေရင်းက အတွေးထဲကို ၀င်လာတဲ့ ကလေးအရ္ဂယ် ငယ်ငယ်က သီဆို ရင့်ကြူး ကြည်နူး ခဲ့ရတဲ့ ကဗျာလေးတ္ဂေ က လင်းလက်နေတဲ့ ကြယ်ဖြူ ပွင့်လေးတွေ အလား အစီအရီ ခေါင်းထဲကို ၀င်ရောက် နေရာယူ လာတာမို့ ကောင်းကင်ကို မော့ကြည့်နေရင်း ပြုံးနေမိပါတော့တယ်.......

ရွှေလမှာ ယုန် ၀တ်လို့
ဆန်ဖွတ်တဲ့ အဖိုးအို ဟောကြည့်ပါဆို
ဆို သာဆို ပိုမိုသည့် စကား
ကလေးအငိုတိတ်အောင် အရိပ်အယာင်ပြတယ်
ဖိုးလနတ်သား....... တဲ့ ကျွန်တော် မိခင်ဖခင် ကျေးဇူးရှင်တို့ရဲ့ ကျေးဇူးကြောင့် စာမဖတ်တတ်ခင် စာမရေးတတ်ခင် အရင်ဦးစ္ဂာ သီဆို ဟစ်ကြေ္ဂးတတ်ခဲ့တဲ့ စာစုလေး စိတ်ထဲမှာ ပြန်ပေါ်လာတယ် ..ရေးရေးလေး မဟုတ်ဘူး ... သေချာတယ် ..ကောင်းကောင်း မှတ်မိနေတယ်လေ....ဒါလေးနဲ့ ဘ၀ထဲက ကဗျာဆိုတာကို စတင် မိတ်ဆက်ပေးခဲ့ကြတဲ့ မိဘနှစ်ပါး ကိုလည်း ရိုသေစွာ ဦးညွှတ်ဂါရ၀ပြုမိပါတယ်.........

ဒီလိုနဲ့ အချိန်တန်ပြီဆိုတော့...............ခေါင်းလောင်းသံ ချိုချိုတို့ ရိုက်ခတ်သံတွေကြားမှာ ........

ပန်းကလေးများ ပ္ဂင့်တော့မည်
ဖူးတံဝင့်လို့ချည်
နေခြည်မှာ ရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း .....................ဆိုတဲ့ ကဗျာလေးကို ကျွန်တော့် ဘ၀ရဲ့ စာရေးစာဖတ်ခြင်း အတတ်ပညာတို့ ရဲ့ အုတ်မြစ်ချရာ ဋ္ဌာန ထဲမှာ ခဏခဏ ပျော်ပျော်ရွှင်ရွှင် ညီညီညာညာ သီဆိုခဲ့ဖူးပါတယ်....ဒီလိုသီဆို တတ်အောင် ချော့တစ်ခါ ခြောက်တစ်လှည့် စေတနာတွေ ရင်ထဲထည့် ..ပီတိကိုစားလို့..အားရှိနေခဲ့ကြပါတယ် ဆိုတဲ့ မြတ်သောဆရာ မြတ်ဆရာ အပေါင်းတို့ကိုလည်း အမှတ်ရလို့ ကြည်ညိုမိပြန်ပါတယ်..............................

ဒီလိုနဲ့ အဲ့ဒီ့ ဋ္ဌာန လေးရဲ့ ကျေးဇူးတော် အနန္တတို့ဖြင့် စာရေးစာဖတ် ကောင်းကောင်းတတ် ခဲ့ရပြီး နောက် ... စာမြင်ရင် ဖတ်ချင်စိတ်၊ကဗျာမြင်ရင် ရ္ဂတ်ချင် စိတ် ကလေးတ္ဂေက နိုးထလာခဲ့ရပြီး .......................

မုန့်လုံးကို စက္ကူကပ်
ရွှေကလာပ်နဲ့ ဆ္ဂမ်းတော်တင်
ပုလ္လင်ပေါ်က မျောက်ကလေး
ဆင်းတယ်လို့ ပြေး ဂျာအေး............ဆိုတဲ့ မုန့်လုံးစက္ကူကပ် အမြစ်မပြတ် သီဆိုနိုင်တဲ့ ကဗျာလေးတ္ဂေ ...

နောက်တော့....

ရွှေစွန်ညို
ဘာကိုလိုလို့ ၀ဲတယ်ဝဲတယ် ...
မအေးလိုလို့ ၀ဲပါတယ်....
မအေးမပါ သူ့ချည်းသာ ပါပါရက်သား နောက်ကထား...အစပြုတဲ့ ကဗျာလေးကို ရ္ဂတ်ရင်း ကစားရတဲ့ ကစားနည်းလေး ကိုလည်း အကြိမ်ကြိမ် မြူးတူးပျော်ပါး ဆော့ကစားခဲ့ဖူးပါတယ်....အမှတ်တရရှိလိုက်တာ ငယ်ကဗျာလေးတ္ဂေကိုလေ....

ဒီလိုနဲ့ အတန်းတ္ဂေအဆင့်ဆင့်ဖြတ် လို့ အလယ်တန်းခေါ်တဲ့ ပညာရေး လမ်းကြာင်းရဲ့ခရီးတစ်ဝက်မှာ မြန်မာစာ သင်ပေးခဲ့တဲ့ ဆရာမတစ်ယောက် ကို အမြဲ အမှတ်တရရှိမိပါတယ်...သူမက အဆိုတော်လည်း လုပ်ဖူးခဲ့ပါတယ်...ဒါကြောင့် ဆရာမ က ကဗျာလေးတ္ဂေကို သင်ရင် သီချင်းလေးလို တီထ္ဂင်သီဆိုပြီး သင်ပြပေးတဲ့အတွက် မမေ့မလျော့ပဲ ယနေ့တိုင် ရင်ထဲမှာရှိနေတဲ့ ကဗျာလေးတစ်ပုဒ်ကတော့......

တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့ တောင်လုံးသာကျန်ပြန်လေသမို့
ဖန်ဖန်လေ အားအင်နှိုး လို့ရယ် ကြိုးလျှောက်ရပြန် ................... ဆိုတဲ့ ကဗျာလေးပါပဲ...ဘယ်တော့မှမမေ့နိုင်ပါဘူး ဆရာမရယ်..ဆရာမ သားတို့ ကို ကျောခိုင်းပြီး နှုတ်ဆက်ခ္ဂင့်တောင် မရလိုက်ပဲ ဘ၀ဆိုတဲ့ သံသရာခရီး ကြော ကနေ တိတ်တဆိတ် ထ္ဂက်ခွါသ္ဂားပေမယ့် ဆရာမက သီချင်းလေးလို သီဆို တီထ္ဂင်ပြီး သင်ပေးခဲ့တဲ့ ကဗျာလေးကို ရင်ထဲထည့်လို့ ဘ၀ခရီးလမ်း များကို ကြိုးစား လျှောက်လှမ်းရင်း ဒီကဗျာလေးကလေ သားတို့ အတ္ဂက် အားအင်သစ်ကိုဖြစ်စေခဲ့တာမို့ ဆရာမ ရောက်လေရာ ဘ၀မှာ အေးချမ်းသော သူ အဖြစ် တင့်တယ်စွာ စံစားနိုင်ပါစေလို့ ရင်နင့်စွာ ဆုတောင်းပေးလိုက် ပါရစေ မြတ်သော ဆရာ မြတ်ဆရာ ရေ.........

အော်...ငယ်ငယ်တုန်းက ပျော်ရွှင်ကြည်နူးစွာ လွတ်လွတ်လပ်လပ် ရွတ်ခဲ့ ဆိုခဲ့ ကြူးရင့်ခဲ့ တဲ့ ကဗျာလေးတွေ ကအများကြီးပဲ လေ...အားလုံး ကို ပြန်လည်အမှတ်ရပြီး....ငယ်ငယ်က သူငယ်ချင်းတ္ဂေနဲ့ လသာသာ ညလေးတွေမှာ ကဗျာလေးတွေရ္ဂတ် ရင်း လွတ်လပ်ပျော်ပါး လို့ အပူအပင်ကင်းကင်း နဲ့ ပြေးလွှားဆော့ ကစားနေခွင့်လေး..........ဟာ......
အော်..တော်တော်လေးကို အတွေးနယ်တွေ ချဲ့ နေလိုက်မိတာ....မော့ကြည့်နေတဲ့ လမင်းကြီးကိုတောင် တိမ်ဆိုင်လွှာ တစ်ထပ်က ခဏဖုန်းထားလိုက်ပြီပဲ..................................တိမ်တွေမြန်မြန် လွင့်သွားစမ်းပါ...လွင့်သွားလိုက်စမ်းပါ........
ဟော.....ကြည့်နေရင်ပဲ တိမ်တွေ ပြန်လည် ကင်းစင်လို့ လမင်းဝင်းဝင်းကြီး ကထပ်ပေါ်လာပြီ......အခုမှ သတိရတယ် ဒီနေ့လပြည့်ညပဲ...... ဟုတ်တယ် ဒီနေ့လပြည့်ည........

ဒီတစ်ည မအိပ်စက်ခင် ကောင်းကင်က ငွေလမင်းကြီးကို မော့ကြည့်နေရင်းက အတွေးထဲကို ၀င်လာတဲ့ ကလေးအရ္ဂယ် ငယ်ငယ်က သီဆို ရင့်ကြူး ကြည်နူး ခဲ့ရတဲ့ ကဗျာလေးတ္ဂေ က လင်းလက်နေတဲ့ ကြယ်ဖြူပွင့်လေးတွေ အလား အစီအရီ ခေါင်းထဲကို ၀င်ရောက် နေရာယူ လာတာမို့ ကောင်းကင်ကို မော့ကြည့်နေရင်း ပြုံးနေမိပါတော့တယ်... ....... ......

ပြီးမှတိုးတိုးလေး...ဟုတ်တယ်..တကယ့်တိုးတိုးလေး..လေသံဖျော့ဖျော့လေးနဲ့လေ..........


ရွှေလမှာ ယုန် ၀တ်လို့
ဆန်ဖွတ်တဲ့ အဖိုးအို
ဟောကြည့်ပါဆို
ဆို သာဆို ပိုမိုသည့် စကား
ကလေးအငိုတိတ်အောင် အရိပ်အယာင်ပြတယ်
ဖိုးလနတ်သား...................................။ ။

ဒီနေ့ကျမှ လမင်းကြီးကလည်း သာနေလိုက်တာ ..............




ကဲ...မနှင်း ရေ ကျေနပ်လိမ့်မယ်ထင်ပါတယ်ခင်ဗျာ....မှတ်မိသလောက်ရယ် ၊ တကယ်ကို ရင်ထဲမှ ကျန်နေတဲ့ ကဗျာ စာစု လေးတ္ဂေရယ်ကို စာမျက်နှာပေါ်မှာ ရေးခြစ်လိုက်ပါတယ်နော်.....

မိတ်ဆွေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

ဆက်လက်ဖတ်ရှူရန်...

Tuesday, July 21, 2009

ငယ်ငယ်တုန်းက



အခန်းထဲမှာ တစ်ယောက်တည်း သီချင်းလေး နားထောင်နေ မိပါတယ်။ပြီးတော့ အဲ့ဒီ့ သီချင်းလေး နဲ့ အတူ ဟိုး.. ငယ်ငယ်တုန်းက အဖြစ်လေးတ္ဂေ .... အပူအပင် ကင်းကင်း မိဘရင်ခ္ဂင်တ္ဂင်း မှာ စစ်မှန်တဲ့ ပျော်ရွှင်မှုလေးတ္ဂေနဲ့ ကြည်နူးခဲ့ရ ပုံလေးတ္ဂေကို အမှတ်မထင် အတ္ဂေးပုံရိပ်များ အဖြစ်နဲ့ပြန်လည် ထင်ဟပ် လို့ လာခဲ့ပါတယ် ... ဒါနဲ့ အတိတ်က အရိပ်တ္ဂေထဲ ပျော်စရာလေးတ္ဂေကိုပြန်တ္ဂေးရင်း တစ်ဆက် တည်း မှာပဲ ... အစ်မ မဟာဆန် ပြောပြဖူးခဲ့တဲ့ ငယ်ဘ၀က စားခဲ့ တာလေးကို သတိတရဖြစ်လာပါတယ်...

ဒါပေမယ့် အရင်တစ်ခါက ဒီလိုဆင်ဆင်လေး ရေးခဲ့ဖူးပါတယ်။ ဒီတော့ အခု ဘယ်လိုစဉ်းစားမိလဲဆိုတော့ ငယ်ငယ်က မိဘတ္ဂေ ရင်ခ္ဂင်ထဲက စောင့်ရှောက်မှုအောက် မှာ နေခဲ့စားခဲ့ဖူးတဲ့ ခံစားမှုနဲ့ ကိုယ်ပိုင်ဘ၀ကို လျှောက်လှမ်းနေတဲ့ နေ့ရက်တ္ဂေကြားထဲက က္ဂဲပြားမှု လေးကို ကျွန်တော်ရင်ထဲ စိတ်ထဲက နေခံစားမိသမျှကို ကဗျာ လေးတစ်ပုဒ် အနေနဲ့ ပဲ ဖ္ဂင့်ချလိုက်ပါရစေ..အဆင်ပြေသလိုသာ တ္ဂေးတော ခံစားပေးပါလို့ မေတ္တာ ရပ်ခံပါရစေခင်ဗျာ...

အတိတ်ဝေး က အရိပ်တ္ဂေးများ

မုန့်တစ်ခုအတ္ဂက် ငိုကြေ္ဂးလ္ဂယ်တဲ့
ဟိုကလေးအရ္ဂယ် ငယ်ငယ်က
တကယ်ကျ လောဘ ဒေါသဆိုတာ နို့တစ်ခ္ဂက် လောက်အရာမထင်ခဲ့…..

ရွှေစင္ဂေစ တ္ဂေဆိုတာ
ကလေက၀ ပါပဲ
အဖေက ပေးတဲ့ ဂျယ်လီတစ်ဗူး လောက်တောင် စိတ်ကူးမရှိဘူး…..

အမေကခေါ်ရင် ဗျာသံ ဆူးဆူး
မကြာအမြန်ထူးရင်း ငါမြူးလို့ပြေး
ရာထူး တို့ အခ္ဂင့်အရေးတို့ ဆိုတာ ဘာတ္ဂေလဲ …..

အဖေ၀ယ်လာတဲ့ အိမ်ပြန်မုန့်တစ်ဗူး
အလိမ်ဟန် နဲ့ မဟုတ် ဇိမ်ခံပြီး တမက်တမော စားတတ်ခဲ့
ရမ္မက်ဇော ကပ်နေတဲ့ အပူစာ မဟုတ်တာသေချာတယ်…..

မြေခကြေ္ဂလာတဲ့ ခြံထဲပင်က အသီးတစ်လုံး
ပြီးဆုံးအောင် ဝေမျှပြီး သူငယ်ချင်း တ္ဂေနဲ့စား
တကယ်အရင်း အမြတ်တ္ဂေကျန်ပါ့မလား ဆိုပြီး မတ္ဂေးဘူး…..

ငယ်အတန်းဖော် သူငယ်ချင်းတ္ဂေ နဲ့
ဖလှယ်ရင်း ဝေမျှစားတဲ့ ထမင်းဗူး
ဟင်းအထူးတ္ဂေ မပါလည်း မငြင်းဘူး အတူစားပြီးချစ်ကြတာ…..

ကျောင်းနေဖက် အတူပျော်
သူတော်တယ်ငါတော်တယ် တယ်မတ္ဂေးမိဘူး
တကယ်အရေးကြီးရင် အချင်းချင်းကူကြ ထူမလို့ပေးတတ်တယ်…..

ဘုရားရှိခိုး အမျိုးမျိုးကိုအမေကသင်ပြ
ရင်ကလာတဲ့ ကြည်ညိုမှုနဲ့ ခယ၀ပ်တ္ဂား
ခဏခဏအပြစ်များ လည်းမလုပ်မိသေးဘူး ….

ပူပင်သောကနဲ့အကြောင်းမလှလို့
ခေါင်းကျ အောင်မအိပ်နိုင်သူတ္ဂေ လောကမှာရှိတယ်တဲ့
ပြောပြ မှ သိတော့တယ် ဟုတ်ပါ့မလား……

ဒီလိုနဲ့.....
ရက်တ္ဂေလစား လတ္ဂေနှစ်ဖြတ်
အမြစ်ပြတ်ခြင်း မရှိတဲ့ ရာသီတ္ဂေ လည်ပတ် ရင်း
တကယ်မရပ်ခဲ့ ပါလား ဘ၀ ဆိုတဲ့ ရထား….
ခုတော့လည်း…..
ဟိုး…….အတိတ်ဝေးပျပျက
အရိပ်တ္ဂေးလေး တ္ဂေထက္ဂြခဲ့ရလို့
အိပ်ရေး ၀၀ မအိပ်နိုင်တဲ့ နေ့တ္ဂေက ထုနဲ့ဒေး….ဖြစ်ခဲ့ရပေါ့….လ္ဂမ်းလိုက်တာ ငယ်ဘ၀ရယ်…….

**********

ကဲ အစ်မ မဟာဆန် ရေ ကျေနပ်လိမ့်မယ်ထင်ပါတယ်......ကဗျာလေးရေးလို့အပြီး ခုနက နားထောင်နေတဲ့ သီချင်းလေးဆီကို အာရုံပြန်ရောက်ရင်း ဆက်လက် နားထောင် နေမိ ပါတော့တယ်...................................

*****ဟိုစဉ်က..ကလေးတို့ ဘ၀မှာ ..ပျော်ပါးဖို့ရာ. ..လ္ဂယ်ပါတယ်.....ကိုယ်ရတာနဲ့. ....... တင်းတိမ်ရောင့်ရဲ........စားချိန်မှာ ... ၀င်စားမယ်.. အိပ်ချိန်မှာ ၀င်အိပ်မယ် ....အပူအပင် ကင်းတဲ့ .... ကလေးလေးဘ၀ကို ..... တစ်ခါပြန်ပြီး ...ရ..ချင်..သေး..တယ်...... အပြစ် မသိ သေးတဲ့ ..အော်......ခလေးလေး ဘ၀ကို.....တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်*****



မိတ်ဆ္ဂေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

ဆက်လက်ဖတ်ရှူရန်...

Monday, July 13, 2009

ဘ၀ သစ်ပင်




ဒီနေ့ Google ထဲ က အရမ်းလှတဲ့ သစ်ပင်ကြီး တ္ဂေရဲ့ ပုံတ္ဂေကို ကြည့်ရင်း ရှင်သန်နေတဲ့ ကျွန်တော့်ကိုယ် ကျွန်တော် အပင်ကြီး တစ်ပင်လို ဟိုဟိုဒီဒီ စဉ်းစားပြီး မြင်ကြည့်မိ လိုက်တယ်။ပြီးတော့ အပင်အဲ့ဒီ့ အပင်ကြီးကို အစိတ်အပိုင်းလေးတ္ဂေ ခ္ဂဲလိုက်မိတယ်။ လေးပိုင်းပေါ့နော်။ အဲ့ဒါတ္ဂေကတော့ အကိုင်းအခက်တ္ဂေ...ပင်စည်ပိုင်းကြီး...သူ့ရဲ့ ရေသောက်မြစ်တ္ဂေ..နဲ့...သူ အခြေပြုထားတဲ့ မြေလွှာအပိုင်းလေး တ္ဂေ ဆိုပြီးတော့ပေါ့နော်...ဒါလေးတ္ဂေကို ဒီလို ဆက်စပ် ကြည့်လိုက်မိပါတယ်.......... အမြစ်ပိုင်းလေးကတော့ အရေးကြီးတယ်ထင်လို့ သူကနေစလိုက်မယ်..ဒီလိုလေးပေါ့နော........
ရေသောက်မြစ်ကလေးတ္ဂေ( The Roots ) ဟာ ဘ၀မှာ မိမိရဲ့ Attitude ကို ကိုယ်စားပြုကြည့်လိုက်မယ် ဆိုရင် အပင်ကြီးမှာ အမြစ်တ္ဂေ အများကြီးရှိသလိုပဲ လူတိုင်းမှာလဲ Attitudes တ္ဂေ အများကြီးက ရင်ထဲမှာ ခိုအောင်းနေကြပါတယ်။အမြင်အမျိုးမျိုး၊ ခံစားချက်အမျိုးမျိုး၊ ယုံကြည်ချက်အမျိုးမျိုး စတဲ့ အသ္ဂင်က္ဂဲလေးတ္ဂေ စသဖြင့်ပေါ့။အပင်တစ်ပင်ရဲ့ ရေသောက်မြစ်တ္ဂေအများကြီးက က သူတို့ အာဟာရကို ဘယ်လို စုပ်ယူ ရှင်သန်ကြသလဲ၊ရှင်သန်ရသလဲ ဆိုတာအပေါ်မူတည်လို့ အပင်တစ်ပင်နဲ့တစ်ပင် မတူညီကြသလို ကျွန်တော်တို့ အကောင်းအဆိုးကို ဘယ်လိုခ္ဂဲခြားကြမလဲ၊ ဘယ်လို ခံစားကြမလဲ ၊ လောကကြီးကို ဘယ်လိုမြင်ကြမလဲ ၊ ဘယ်လို ရှင်သန်လာကြမယ် ၊ အောင်မြင်မှု ဆုံးရှုံးမှ ရလာဒ်တ္ဂေကို ဘယ်လို တုန့်ပြန်ကြမလဲ စတာတ္ဂေ ကလည်း ကျွန်တော်တို့ရဲ့ Attitude ရေသောက်မြစ်ကလေးတ္ဂေ က လောက အာဟာရ ကို ဘယ်လို ရှုမြင်သုံးသပ် သောက်ယူကြမလဲ ဆိုတာပေါ်ကို မူတည်နေတဲ့ သဘောပေါ့နော်......

နောက်တစ်ခုကတော့ အပင်ပေါက်ရောက်ရာ ပတ်ဝန်းကျင် မြေလွှာ ( The Soil) လေးကလည်း အရေးကြီးပြန်ပါတယ် ..ခုနက ရေသောက်မြစ် Attitude လေးသာမက ပဲ အပင်ပေါက်ရောက် ရှင်သန်ကြီးထ္ဂား လာရန်မှာ သူအခြေပြူ ပေါက်ရောက်တဲ့ မြေလွှာ (ပတ်ဝန်းကျင်-Surroundings)လေးကလည်း အများကြီးအရေးပါလှပါတယ်။ ခုနက Attitude ရေသောက်မြစ်ကလေးတ္ဂေကို အာဟာရပေး ၊နေရာပေးထားတဲ့ အပိုင်းလေးမို့ပါ။အဲ့ဒီ့ပတ်ဝန်းကျင်ဆိုတာ မိမိ လူ့လောကကို ခြေလှမ်း စလိုက်ကတည်းက တ္ဂေ့ကြုံနေကြရတာ ကတော့ မလ္ဂဲမသ္ဂေပါပဲနော။အိမ်၊ကျောင်း၊အလုပ် စတာစတာတ္ဂေတိုင်းမှာ ပတ်ဝန်းကျင် အနေအထားအမျိုးမျိုး တ္ဂေကတော့ မတူညီစ္ဂာ ရှိနေတတ်ကြပါတယ်။အဲ..ပထမ ရေသောက်မြစ်ကလေးတ္ဂေက (Attitude) မြေလွှာ (Surroundings)တ္ဂေဆီက အာဟာရ ကို ဘယ်လို ယူဆောင် သောက်သုံးရမယ် ဆိုတာကို သေချာနားလည် သိနေပြီဆိုရင်တော့ အဲ့ဒီ့ မြေလွှာတ္ဂေက ပေးတဲ့ အားတ္ဂေနဲ့ ကောင်းကောင်းကြီးကို ရှင်သန်ကြီးထ္ဂား မြင့်မား လို့ ပေါက်ရောက် ပ္ဂင့်လန်းနေမှာ ဖြစ်ပါတယ်။

နောက် ပင်စည် ပိုင်း (The Trunk) ကတော့ မိမိ အပေါ်က နှစ်ခုကို အခြေပြုလို့ ဘယ်လောက်အထိ မြင့်မားကြမလဲ ဆိုတာပါပဲ။အပင်တစ်ပင်နဲ့တစ်ပင် အရ္ဂယ်အစား ပေါက်ရောက်ပုံခြင်းမတူညီကြပါဘူး။သူ့အပင်သူ့ အမျိုးအစားနဲ့သူ ဘယ်အပင်က ဘယ်လောက်အထိရှင်သန် ပေါက်ရောက် နိုင်တယ်ဆိုတာ သဘာဝကတော့ ဆုံးဖြတ်ပေးပြီးသားပါပဲ.။ဒါပေမယ့် လူသားတ္ဂေမှာ ကတော့ မိမိ ရဲ့ ဦးတည်ချက် ၊ ရည်မှန်းချက်တ္ဂေ (Personal Goals ) တ္ဂေက ဆုံးဖြတ်ပေးတတ် ကြပါတယ်။သူကတော့ အပင်မှာ အလည်ပိုင်းဖြစ်သလို လူတ္ဂေ အတ္ဂက်လည်း အသားပိုင်း အချက်အချာ ကျပါတယ်။မိမိဘယ်လောက်အထိ သ္ဂားမလဲ ဆိုတာဟာ ဘ၀မှာ မိမိ ရှင်သန်မှု ၊ဖ္ဂံ့ဖြိုးမှု ၊ ထိထိမိမိ တိုးတက်လာမှုတ္ဂေကတော့ အဲ့ဒီ့ ပင်စည်ပိုင်း ဦးတည်ချက် Plans လေးတ္ဂေနဲ့ သေသေချာချာ သက်ဆိုင်နေပါတယ်.......

"If you fail to plan ,you are planning to fail " လို့ ဆိုထားကြတာ ဒါကြောင့်မို့လို့ ထင်ပါရဲ့ နော်....


နောက်ဆုံးတစ်ခုကတော့ အပင်တစ်ပင်ရဲ့ အကိုင်းအခက်တ္ဂေ ( The Branches ) တ္ဂေပါပဲ။ဒီလို အကိုင်းအခက်တ္ဂေကို လူတစ်ယောက်ရဲ့ Knowledge တ္ဂေ Skills တ္ဂေနဲ့ အလားတူပါတယ်။အပင်တ္ဂေကတော့ သဘာဝမို့ အကိုင်းအခက် တ္ဂေ ရှိတတ်ကြပေမယ့် (မရှိတဲ့အပင်တ္ဂေလည်းရှိမယ်နော်) လူတ္ဂေမှာတော့ ဒီလို အကိုင်းအခက်တ္ဂေ တိုးပ္ဂါးလာအောင်ဆိုတာ သဘာဝက အလိုအလျောက် ဖန်တီးပေးလေ့ မရှိပါဘူး။ဒီလို အကိုင်းအခက်တ္ဂေ ဝေဆာ လာအောင်(Knowledge,Skills)တ္ဂေ တိုးပ္ဂါးလာဖို့ကတော့ အပင်တစ်ခုလုံးမှာ ပါဝင်တဲ့ အစိတ်အပိုင်းတ္ဂေကို အသုံးပြု အရင်းတည်လို့ ဦးတည်ချက် (Plans)၊ ဆုံးဖြတ်ချက် (Decisions) ၊ နားလည် တတ်မြောက်တတ်ကျွမ်းမှု(Learn (Continuously လုပ်နိုင်ရင်ကောင်းမှကောင်း) ,Understand ,Remember) ၊ ပေါင်းသင်းဆက်ဆံ ပူးပေါင်းပါဝင်မှု (Delegate,Communicate,Set Priorities)၊ ပြဿနာတ္ဂေ ကို ရင်ဆိုင်ဖြေရှင်းနိုင်မှု (Solving Problems- မိမိတတ်စ္ဂမ်းသမျှ လက်လှမ်းမီသလောက် တာဝန်ယူဖြေရှင်းနိုင်မှု)၊ မိမိကိုယ်ကိုယ် ပြန်လည် သုံးသတ်မှု ၊ အများဝေဖန်မှုကိုလည်း ပိုင်းခြား နားလည် လက်ခံတတ်မှု(Feedback)၊ အပြောင်းအလဲ တ္ဂေကို လက်ခံတတ်မှု (Acceptance of Changes ) စတဲ့စတဲ့ အကြောင်းအရာတ္ဂေ ကို တတ်နိုင်သမျှ ဖြည့်စ္ဂမ်းရင်း လုပ်ဆောင်ကြရင်း ရှင်သန်ဖ္ဂံ့ဖြိုးကြရမှာဖြစ်ပါတယ်။

ဒီ ဘ၀ သစ်ပင် My Life Tree လေးမှာ ဘယ်အပိုင်းကမှ ပိုအရေးကြီးတယ် ဆိုတာ မျိုးမဟုတ်ပဲ အဲ့ဒီ့ အပိုင်း ၄ ပိုင်းလုံးကို သင့်တင့်စ္ဂာ သဟဇာတ ဖြစ်ဖြစ် နဲ့ ရှင်သန်ပေါက်ရောက်မယ်ဆိုရင် ရှင်သန်နေခိုက်မှာတော့ အကိုင်းအခက်ဝေေ၀ဆာဆာ ကြီးမားခိုင်ခန့်တဲ့ အပင်တစ်ပင်ပဲပေါ့ ဆိုတာလေးကို သိသမျှထဲကနေ ပြန်လည် ခံစားပေးလိုက်ရပါတယ်။အားလုံး ကောင်းသောလိုရာတ္ဂေ ပြည့်နိုင်ကြပါစေခင်ဗျာ လို့ ဆုမ္ဂန်ချွေရင်း....





မိတ်ဆ္ဂေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

ဆက်လက်ဖတ်ရှူရန်...

Saturday, July 11, 2009

Mobile Phone ထဲက " ICE "



ဒီနေ့ အလုပ်ထဲ က သူငယ်ချင်း တစ်ယောက် က ဒီလို စိတ်ဝင်စားစရာနဲ့ ကျွန်တော် သတိမထားမိတဲ့ Mobile Phone ထဲမှာ ထည့်ထား သင့်တာလေးကို ပို့ပေးလိုက်လို့ ထက်ဆင့် ဖြန့်ဝေ လိုက်ရပါတယ်..သိပြီးတဲ့သူတ္ဂေ ကတော့ အပျင်းပြေ ထပ်ဖတ်သ္ဂားပေါ့နော်.. ကျွန်တော်ကတော့ တော်တော်လေးကို သဘောကျမိလို့ ပါ...

ပြောထားတာလေးကတော့ ဒီလိုလေးပါ...
Mobile Phone တ္ဂေထဲက မိမိ တစ်စုံတစ်ခု အရေးအကြောင်းကြုံခဲ့ရင် ဘယ်သူ့ဆီကို Emergency Contact လုပ်ပေးရမလဲဆိုတာကို သက်ဆိုင်ရာက/တာဝန်ရှိသူက ဖုန်းထဲက Contacts ပေါင်းများစ္ဂာထဲက နောက်မှာ ICE (In Case Of Emergency ) ဆိုပြီး ရိုက်ထားတာကို ကြည့်ပြီး မည်သူမည်ဝါကို အကြောင်းကြားပေးရမလဲဆိုတာကို လိုအပ်သလို ဆောင်ရ္ဂက်ပေးနိုင်စေရန်ဖြစ်ပါတယ်...

We all carry our mobile phones with names & numbers stored in its memory but nobody, other than ourselves, knows which of these numbers belong to our closest family or friends. If we were to be involved in an accident or were taken ill, the people attending us would have our mobile phone but wouldn't know who to call.

Yes, there are hundreds of numbers stored but which one is the contact person in case of an emergency? Hence this "ICE" (In Case of Emergency) Campaign The concept of "ICE" is catching on quickly. It is a method of contact during emergency situations. As cell phones are carried by the majority of the population, all you need to do is store the number of a contact person or persons who should be contacted during emergency under the name "ICE" (In Case Of Emergency).

(ဒါပေမယ့် ဖုန်းတ္ဂေကို Passwords တ္ဂေ ထည့်ထားတတ်ရင်တော့ တစ်မျိုးပေါ့နော်...ကိုယ်ကလ္ဂဲရင် ဘယ်သူမှ ဖ္ဂင့်လို့ မရနိုင်လို့ပါ...)

The idea was thought up by a paramedic who found that when he went to thescenes of accidents, there were always mobile phones with patients, but they didn't know which number to call.

He therefore thought that it would be a good idea if there was a nationally recognized name for this purpose.

In an emergency situation, Emergency Service personnel and hospital Staff would be able to quickly contact the right person by simply dialing the number you have stored as "ICE."

For more than one contact name simply enter ICE1, ICE2 and ICE3 etc. A great idea that will make a difference!

Let's spread the concept of ICE by storing an ICE number in our Mobile phones today!

Please forward this. It won't take too many "forwards" before everybody will know about this it really could save your life, or put a loved one's mind at rest. ICE will speak for you when you are not able to.


*********************************************




မိတ်ဆ္ဂေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ

www.lkphyu.blogspot.com

ဆက်လက်ဖတ်ရှူရန်...

Wednesday, July 8, 2009

ငယ်ဘ၀ကို သတိရစေတဲ့ ဟင်း


ညီမငယ် မေကဆုန် က " ငယ်ဘ၀ကို သတိရစေမယ့် ဟင်း " ဆိုပြီး ရေးဖို့ တက်(ဂ်)လာတဲ့ အတ္ဂက် တော်တော်ကို စဉ်းစားပြီး ရေးလိုက် ရပါတယ်။ဘာလို့လဲဆိုတော့ ကြိုက်ခဲ့တာ စားခဲ့တာတ္ဂေ က တော်တော်ကို များခဲ့တာ ၊ ပြီးတော့ ဟင်းမှမဟုတ်ဘူး တစ်ခြားဟာတ္ဂေကိုပါ အစားများခဲ့တယ် ဆိုတော့ကာ အဲ့ဒီ့ထဲကမှ တကယ် ငယ်ဘ၀ကို အမှတ်ရစေတဲ့ ဟင်းတ္ဂေနဲ့ ကြိုက်ခဲ့ရတာတ္ဂေကို ပဲ နဲနဲချရေးကြည့်ပါရစေလို့ ခ္ဂင့်ပန်ပါရစေ ခင်ဗျာ .............




**********

ရန်ကုန်ကနေ အဝေးပြေးကားကို စီးပြီး နယ်ကို အလှူလုပ်ရအောင်ဆိုပြီး ခရီးထ္ဂက်လာခဲ့ပါတယ်။ဒီလိုနဲ့ လမ်းခရီးကို ရောက်တော့ ထမင်းစား ခဏနားမယ်ဆိုပြီး ဆိုင်တစ်ဆိုင်မှာ ကားရပ်ပေးလို့ ဆင်းလာရင်း ဘေးပတ်ဝန်းကျင်ကိုကြည့် လိုက်တော့ .... ဗန်းကလေးတ္ဂေနဲ့ထမ်းလို့ ရောင်းနေကြတယ် ..ငယ်ငယ်က နယ်မှာနေတုန်း အမေ က ၀ယ်ဝယ်ပြီး ကြော်ကြော်ကျွေးတတ်တဲ့ ..စာကလေးကြော်လေးတ္ဂေပါ..အော် တစ်ခါတစ်ရံ ထမင်းနဲ့တောင်မစားပဲ ရေန္ဂေးနဲ့ ထိုင်မြည်းခဲ့ဖူးတဲ့ ..အကောင်လေးတ္ဂေကို အမေက သနားတယ်ဆိုပြီး အဆက်ဖြတ်လိုက်တဲ့ အချိန်ကစလို့ အဆက်ပြတ်နေခဲ့တာ ခုလိုပြန်တ္ဂေ့လိုက်ရတော့ ဟိုး အရင် ကလေးဘ၀က အကောင်လေးတ္ဂေကို အထူးအဆန်းလုပ် စားတတ်တဲ့ အချိန်တ္ဂေကို ပြန်လည် တသမိခဲ့ပါတယ်။အဲ့ဒီ့တုန်းကတော့ ဘာသိမှာလဲ ရရင်ကြိုက်ရင် ကြိတ်တာပဲပေါ့နော်....

ဒီလိုနဲ့ဆက်ထ္ဂက် လာခဲ့တာ ပြည်မြို့ ကို ရောက်တော့ ကျွန်တော်ငယ်ငယ်က နေခဲ့ဖူးတဲ့ ကျောင်းတစ်ကျောင်းနားမှာ ပြည်ပလာတာ ကောင်းကောင်း တစ်ပ္ဂဲ ကို စားရင်း ဟိုးငယ်ငယ် အချိန်ကနေ အခု အချိန်အထိ အနည်းဆုံး တစ်လ တစ်ကြိမ်လောက်ကို အမေ ချက်ကျွေးခဲ့ တဲ့ ပြည် ပလာတာ ကို သတိရမိပါရဲ့...ကျွန်တော် ၆ နှစ်သားလောက်က ပလာတာ လုပ်မယ့် ပစ္စည်းတ္ဂေ ကို ကားပေါ်တင်ရင်း ပြည်မြို့ ကနေ နဲနဲ (၁၂မိုင်) လောက် အလှမ်းဝေးတဲ့ တောရ္ဂာလေးတစ်ရ္ဂာ က ဘုန်းကြီးကျောင်းမှာ အလှူလုပ်ခဲ့တဲ့နေ့ လေး က ကျွန်တော့စိတ်ထဲ ကို တိုးဝင်လာခဲ့တာနဲ့ ခပ်သုတ်သုတ် စားခဲ့ပါတယ်......

အဲ..ဒီလိုနဲ့ ခုနကပြောတဲ့ကျေးရ္ဂာလေးကိုရောက်တယ် ဆိုပါတော့ ပြီးတော့ အမျိုးတ္ဂေ အိမ်မှာနေရင်းနဲ့ ညီမတစ်ယောက်က အပြင်ထ္ဂက်မလို့တဲ့ ပြည်ဖက်ကိုသ္ဂားမှာတဲ့ ဘာမုန့်ဝယ်ခဲ့ရမလဲမေးတော့ ..စဉ်းစားတယ်..ဘာစားရင်ကောင်းမလဲဆိုတော့ ဟိုးအရင် ကျွန်တော်ငယ်ငယ်က နေခဲ့တဲ့ လမ်းထဲက တရုတ်မကြီးတစ်ယောက် ကလက်ရာကောင်းကောင်းနဲ့ လမ်းထိပ်ဈေးဆိုင်တန်းလေးမှာ မနက်စောစော ရောင်းရင်း ကျွန်တော်အတ္ဂက် နံနက်စာလို ဖြစ်ခဲ့ဖူးတဲ့ ကော်ရည်ခေါက်ဆ္ဂဲ ဆိုင်လေးမှာ မနက်စောစော ကျောင်းမသ္ဂားခင် ၀င်ဝင်ပြီး စားသ္ဂားတတ်ခဲ့တာကို သတိရမိတော့...သိတယ်နော်...ညီမကို ဘာမှာ မလဲဆို တာကတော့ ...အဲ့ဒီ့ ဟာလေးပေါ့ခင်ဗျာ...

ဒါနဲ့ နေရင်းနဲ့ အလှူရောက်ရင် ကျွေးမ္ဂေးဧည့်ခံမယ့် ဟာတ္ဂေကို တိုင်ပင်ကြတော့ နယ်မှာဆို အလှူတိုင်း မပါမဖြစ် ငခြောက်ထောင်းကြော် လေးတော့ ထည့်ဖြစ်အောင်ထည့်ပါလို့ ပြောသံကြားတော့ ဟိုးငယ်ငယ်က အဘိုးနဲ့ အလှူတစ်ခုမှာ အဲ့ဒီ့ ငခြောက်ထောင်းကြော် လေးနဲ့ အ၀အပြဲ ၀င်တီးခဲ့တာလေးကို သတိရမိခဲ့ ပါတယ်။

နောက်တော့ အမေအမြဲ ကြော်ကြော်ပြီး ပေးတတ်တဲ့ ငပိကြော် ခေါ်မလား ဘာလချောင်ကြော် ခေါ်မလား အဲ့ဒါလေးလည်း အလှူမှာ ထည့်ပေးပါလားလို့ ကျွန်တော်ကပြောတော့ ဒီမှာက ငရုတ်သီးကြော်ကို ပိုကြိုက်ကြတယ်တဲ့ ။ပြီးမှ သရက်သီး အစိမ်းသုတ် နဲ့ အချဉ် သဘောမျိုး လုပ်ပြီး ၀က်သားဆီပြန် တို့ ကြက်သားဟင်းတို့ ငသလောက်ပေါင်းတို့ ဆိုတာမျိုးတ္ဂေကို ကျွေးမှ လူကြိုက်များတာဆိုတော့ ကာ အလှူနေ့ ကို ရောက်မှ ခုနက ငရုတ်သီးကြော်နဲ့ သရက်သီး သုတ်ကို အရင် ကို ဦးအောင်ဝင်တ္ဂယ်ပြီးတော့ မှ ...ဟာ...ဒီဟင်းမျိုးတ္ဂေက ဟိုးငယ်ငယ်တုန်းက ကိုယ်ကသတိမထားမိလို့ပါ..အမြဲကို တ္ဂေ့ဖူး စားဖူးနေကျပါပဲလို့.... (အဲ့ဒီ့ရ္ဂာလေး ကို တစ်ခါက ၁၀ နှစ်ကြာပြီးမှ တစ်ခေါက် ပြန်ရောက်ဖြစ်တယ်။ခုနောက်ပိုင်းတော့ ၃ နှစ်ခြား တစ်ခါ လောက်တော့ ရောက်ပါတယ်။ခုတော့ Vacation ပြန်တိုင်း သ္ဂားမယ်လို့ စိတ်ကူးထားပါတယ်။)

ထူးခြားတာကတော့ အဲ့ဒီ့မှာ နေတုန်း ခဏ နေ့တိုင်းလိုလို ဂ္ဂေးတောက်ရ္ဂက် ဟင်းချို ခါးခါးလေး ကို သောက်ခဲ့ရပါတယ်။တစ်ချို့ ကတော့ ဒီနာမည်ကို မကြားဖူးဖူးတဲ့ ပြောကြပါတယ်။သက်သက် လေးနဲ့ ခံတ္ဂင်းလိုက်စေပါတယ်..သောက်ရင်းနဲ့ ငယ်ငယ်က ဆေးဖြစ်ဝါးဖြစ်ဆိုပြီး အရည်သက်သက်ညှစ်တိုက်တာကိုလည်း နှာခေါင်းပိတ် သောက်ခဲ့ရပုံ လေးကို အမှတ်ရမိပါသေးတယ်..

ကဲ ဆက်ပြောရရင် အများကြီးဖြစ်သ္ဂားမယ်..ပြီးတော့ ငယ်ဘ၀ကို သတိရပုံတ္ဂေကတော့ အသက်ကြီးလာလေလေ ပြန်ပြောပြဖို့တော်တော် စိတ်အားသန်လေမို့ ပါ.။

အခုလောလောဆယ်တော့စိတ်ထဲမှာ အဲ့ဒါလေးတ္ဂေကို သတိတရရှိနေရင်း က အိမ်ရဲ့အဝေး အလုပ်ထဲက Cafeteria မှာ နေ့တိုင်းကျွေးတဲ့ မချစ်သော်လည်း အောင့်ကာနမ်း ဟင်းများနဲ့ နှစ်ပါးသ္ဂားရင်း ၊ တစ်ခါတစ်ရံ သူငယ်ချင်းတ္ဂေ ပျော်ပျော်ပါးပါး အိမ်အလ္ဂမ်းပြေ ဟင်းကလေးတ္ဂေကို ချက်စားရင်း ...

ပြီးတော့ .....မြင်ရုံနဲ့ သ္ဂားရည်ကျသ္ဂားအောင် Online ကနေ လုပ်ပြနေကြတဲ့ ..........


  • အစ်ပျိုကြီး ဆိုတော့ ဟင်းဘယ်လိုချက်လဲဆိုတာသိချင်လို့ မငုံ ကို မေးရင်း ၊

  • ကြက်ဥတော့ ကောင်းကောင်းပြုတ်တတ်ပါတယ်ဆို တဲ့ ညီမ လတ်လတ်ဇော် တစ်ယောက် ဘာတ္ဂေ ဘယ်လိုချက်စား နေတယ်ဆိုတာကို သိချင်မိရင်း ...ဆက် တက်(ဂ်) လိုက်ရပါတယ် လို့ ...
အချိန်ရမှ နားထောင်ပါ...အဲ..အချိန်ရရင် ရေးပေးကြပါ ပြောပြပေး ကြပါဦးနော်... " ငယ်ဘ၀ကို သတိရစေတဲ့ အစားအစာ လေးများ " ကို လေ..........




(ပုံထဲက ဟင်းတ္ဂေကတော့ ကျွန်တော်ချက်တာ မဟုတ်ရပါ..ဟုတ်တယ်ဆိုလည်း ယုံကြမှာမှ မဟုတ်တာ... ဒီတော့ ဟော့ဒီ့နေရာ လေးကနေ ချက်ပြီးသားတ္ဂေကို အဆင်သင့် ယူလာပေးတာလေ..)

မိတ်ဆ္ဂေများ အားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

ဆက်လက်ဖတ်ရှူရန်...

Tuesday, July 7, 2009

အားလုံး အတူတက္ဂ ညီမျှစ္ဂာ

Team work လို့ ပေးထားတဲ့ စာ တိုတို လေးတစ်ခု တ္ဂေ့လို့ ကောက်တင် ပေးလိုက်တယ်.. စာစုလေးကတော့ ပုံပြင်လေးတစ်ပုဒ် လို ရေးထားတဲ့ ဗဟုသုတ ရ,စရာလေးပဲလို့ ထင်ပါတယ်......ပုံတ္ဂေကတော့ ကိုယ့်ဘာသာ ရ္ဂေးလိုက်မိတယ် Google ကပါ ..... ပြုံးစရာ လေးတ္ဂေပေါ့ ခင်ဗျာ ..........
(ပုံတ္ဂေ က ပုံပြင်လေးကို သရုပ်ဖော်ထားတာတ္ဂေ မဟုတ်ပါခင်ဗျာ။ပျော်စရာ ဖြစ်အောင်ထည့်ထားတာပါ)

TEAM WORK





There were four people , called EVERYBODY , SOMEBODY , ANYBODY and NOBODY .....

They had to do an important job together ....

And EVERYBODY was sure that SOMEBODY would do it ...


ANYBODY
could have done it , but NOBODY did it ......


Then SOMEBODY got angry about that because it was EVERYBODY 's job.....

EVERYBODY thought ANYBODY could do it .....

But NOBODY
realized that EVERYBODY would not do it ....


It ended up that EVERYBODY blamed SOMEBODY when NOBODY did what ANYBODY could have done ....


************

ပုံပြင်ထဲမှာ ( ပုံတ္ဂေထဲမှာ မဟုတ် ဘူးနော် ..း-) လေးယောက်တည်းနဲ့ ကို ညီညီည္ဂတ်ည္ဂတ် ဖြစ်အောင် မလုပ်တတ်ရင် ရှုပ်နေတာပဲနော် .. အကယ်၍ လေးယောက်မက ပူးပေါင်း ပါဝင်ရမယ့် / သင့်တဲ့ နေရာမျိုးတ္ဂေမှာ၊ အခြေအနေမျိုးတ္ဂေမှာ ဒီလို ညီညီည္ဂတ်ည္ဂတ် မလုပ်မိကြရင် ပိုဆိုးလိမ့်မယ် ထင်ပါတယ်နော...









မိတ်ဆ္ဂေများ အားလုံး ပျော်ပါစေ

လင်းကြယ်ဖြူ
www.lkphyu.blogspot.com

ဆက်လက်ဖတ်ရှူရန်...

Thursday, July 2, 2009

ပန်းပ္ဂင့်ကလေးကိုသာ မြင်ရပါသည်



စိတ်ထဲမှာ ပေါ်လာသမျှ သိထားတဲ့ အကြောင်းအရာ လေးတ္ဂေကို အကြိုက်တူ တဲ့ မိတ်ဆ္ဂေတ္ဂေ ကို လေးစားစ္ဂာ အပြုသဘော သက်သက် ဆ္ဂေးန္ဂေးနေရင်း ၊ သူတို့ဆီကလည်း တန်ဖိုးရှိတဲ့ အကြောင်းအရာလေးတ္ဂေကို မှတ်သားနေရင်း နဲ့ ဒီနေ့လည်း အပေါ်က ပုံလေးကို ကြည့်ရင်း စဉ်းစားမိတာလေးတ္ဂေ ကို စာစုလေးတစ်ခုအဖြစ် ပြောင်းလဲလို့ ဖော်ပြလိုက်ပါရစေခင်ဗျာ...အမြင်မတူညီတာ လိုအပ်နေတာ လေးတ္ဂေရှိခဲ့ရင် လည်း ဖြည့်စ္ဂက်လို့ ဝေမျှပေးကြပါဦး လို့ ဦးစ္ဂာ လေးစားသမှုနဲ့ တောင်းဆိုပါရစေခင်ဗျာ ..........


**********

နေ့သစ်တစ်ခုရဲ့ မနက်ခင်းလေး အစပြုလို့ အိပ်ယာကနေ နိုးပြီ ဆိုရင်ပဲ လူးလဲထ လိုက်ရင်း မျက်နှာသစ်အပြီး ခြံထဲက ပန်းကလေးတ္ဂေ နေရာင်နုနုလေး အောက်မှာ လှပစ္ဂာ ဝေဆာပ္ဂင့်လန်း နေတာကို အကြည့်ရောက် သ္ဂားမိပါတယ်။ လှလိုက်ကြတာ.....အသ္ဂင်အမျိုးမျိုး အရောင် အမျိုးမျိုး နဲ့ အပြိုင်အဆိုင် ကို ပ္ဂင့်လန်း နေကြပါလား...

နောက်တော့ ခေါင်းထဲကို အတ္ဂေးတစ်ခု ၀င်လာတယ် !!!!!! အော်... အခုမြင်နေရင်းနဲ့ အရောင်အသ္ဂေး လှတယ်မလှဘူး ၊ လန်းတယ်မလန်းဖူး ဆိုတာ မြေလွှာပြင်အပေါ်မှာ ကိုယ်မျက်စိနဲ့ တ္ဂေ့တာကိုပဲ ကြည့်ရင်း ဂုဏ်ဖော် ကြည်နူးနေမိတာပါလားလို့ ...မြေလွှာ သူ့အသည်းဆိုင်အောက် မှာ စ္ဂဲခိုင်မာ အမြစ်တ္ဂယ်နေတဲ့ မြေအောက်က အပိုင်းလေးကိုတော့ မမြင်နိုင်ဘူးလေ...ဒီတော့ ဘယ်လိုနေတယ် ဘယ်လို အင်အားတ္ဂေက္ဂဲပြား လို့ ရှင်သန် နေကြတာလဲ ဘယ်လို အမြစ်က နေ ဘယ်လို ဆက်န္ဂယ် ပေါက်ရောက် ရှင်သန် နေတယ်ဆို တာလဲဆို တာကိုတော့ သိတော့ သိနေတယ်........အမြင်အာရုံ မှာ လက်တ္ဂေ့ မြင်နိုင်ခြင်းမျိုး တော့ မရှိဘူး နော် လို့ ....

ဒီတော့ သ္ဂားပြီး ဆက်စပ်စဉ်းစားမိ သ္ဂားတဲ့ အကြောင်းလေး ကတော့ ဆရာတစ်ဦး ပြောပြဖူးတဲ့ မည်သည့်နေရာ မည်သည့် အကြောင်းနဲ့ဖြစ်ဖြစ် လူအချင်းချင်း (အထူးသဖြင့် အလုပ်လုပ်နေတဲ့ နေရာတ္ဂေမှာ၊အရာရှိ ၀န်ထမ်း အထက်အောက်ပြောဆို အကြံပြု ၊ Feedback ပေးတာတ္ဂေ ၊ Appraisal လုပ်တာတ္ဂေမှာ...... ) ဆက်ဆံပြောဆို ကြမယ်ဆိုရင် ဘယ်လို ကြည့်မြင် သုံးသပ် ပြောဆိုသင့်တယ် ဆိုတာလေးပါ....

မြေလွှာပေါ်မှာ မြင်နေရတဲ့ ပန်းပ္ဂင့် အပိုင်းလေး ကိုတော့ လူတစ်ယောက်ရဲ့ ဗဟုသုတ ၊ အတ္ဂေ့အကြုံ ၊ ပေါင်းသင်းဆက်ဆံမှု ၊ စိတ်နေစိတ်ထား ၊ အပြုအမှု(ကိုယ်အမူအယာ၊နှုတ်အမူအရာ) ၊ ၀တ်စားဆင်ယင်မှု (၀တ်စားထားတဲ့ အ၀တ်အထည် Branded ဖြစ်တာတ္ဂေ ၊တန်ဖိုးတ္ဂေ ဘာတ္ဂေညာတ္ဂေ မပါဘူးနော်.. သပ်ယပ်ကျော့ရှင်း အောင်ဝတ်တာ ကိုပဲ ပြောရမှာ ..း ) စတာတ္ဂေ ကို တင်စား ထားလိုက် ပြီးတော့........

မြေလွှာရဲ့ အောက်က မမြင်နိုင်တဲ့ အပိုင်းလေး ကိုတော့ လူတစ်ယောက် ရဲ့ ကိုးက္ဂယ်ရာ ဘာသာ ၊ ပညာရေး အဆင့်အတန်း ၊ မ္ဂေးဖ္ဂားရာ နိုင်ငံ ဇာတိ ၊ မိခင် ဘာသာစကား ၊ အသားအရောင် ၊ ရိုးရာ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ အပြုအမူတ္ဂေကို တင်စားပြီး ထားလိုက်တာပါ..............

ဆိုလိုချင်တာကတော့ ပန်းကလေးတ္ဂေကို အကဲဖြတ်လို့ ဝေဖန်ခြင်း (လှတယ်၊မလှဘူး၊မွှေးတယ်၊မမွှေးဘူး..စတဲ့) ပြုတော့မယ်ဆိုရင် မြေလွှာလေးပေါ်က မြင်ရတဲ့ အပိုင်းလေးကိုပဲ ကြည့်လို့ အကဲဖြတ်ကြ ၊ ဝေဖန်ကြသလိုပဲ လူတစ်ဦးနှင့်တစ်ဦး ၊ မိတ်ဆ္ဂေတစ်ဦးနှင့်တစ်ဦး ၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း (အထူးသဖြင့် လူမျိုးခြား မိတ်ဆ္ဂေများ) အစရှိတာတ္ဂေကို ဝေဖန်အကြံ ပေးတော့မယ်ဆိုရင်လည်း ပန်းကလေးတ္ဂေကို အကဲဖြတ်သလို မြင်ရတဲ့ အပိုင်းလေးတ္ဂေ ကိုသာ ဝေဖန် ၊ အကြံပေး ဆ္ဂေးန္ဂေးသင့်ပါတယ်။


မမြင်ရဘူးဆိုတဲ့ (သိတော့သိတယ်) အပိုင်းလေးကတော့ တင်စားထားတာပါ။လူတစ်ယောက်ရဲ့ကိုးက္ဂယ်ရာ ဘာသာ ၊ ပညာရေး အဆင့်အတန်း ၊ မ္ဂေးဖ္ဂားရာ နိုင်ငံ ဇာတိ ၊ မိခင် ဘာသာစကား ၊ အသားအရောင် ၊ ရိုးရာ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ အပြုအမူ စတာတ္ဂေနဲ့ သ္ဂားပြီးဝေဖန်အကြံပေးမယ် ၊ အားနည်းချက် ၊အားသာချက်တ္ဂေကို ပြောမယ်ဆိုရင် ထည့်ပြီး မပြောသင့်ပါဘူးလို့ ဆိုထားပါတယ်။ဘာကြောင့်လဲဆိုတော့ ..အဲ့ဒီ့အချက်တ္ဂေဟာ ဘယ်လိုမှ ပြန်လည်ပြောင်းလဲလို့ မရနိုင် (ရရင်လည်း အကုန်လုံးတပြုံတည်း တစ်ထိုင်တည်း ပြောင်းလို့မဖြစ်နိုင်) တဲ့ အချက်တ္ဂေမို့လို့ပါပဲ ....

မိမိက တစ်ခုခုကို ပြောတော့ ဝေဖန်တော့မယ်ဆိုရင် ဒီ မြေလွှာအောက်က မမြင်နိုင်တာလေးတ္ဂေအကြောင်း ကို ပန်းကလေးတ္ဂေကို အကဲဖြတ်သလိုမျိုး မမြင်ပဲ ထားတာက ပိုကောင်းပါတယ်တဲ့ ...

ဘယ်နေရာမှာမဆို အထူးသဖြင့် လူမျိုးခြားတ္ဂေနဲ့ အလုပ်လုပ်ကိုင်နေရတယ်ဆိုရင် Appraisal လုပ် / Feedback ပေးတာမျိုး ၊ ဝေဖန်တာမျိုး ၊ အကြံပြုတာမျိုး တ္ဂေလုပ်တော့မယ်ဆိုရင် စဉ်းစားစရာပါ။မိမိရဲ့ ထင်မြင်ချက်တစ်ခု ကို ကိုယ်ကြိုက်သလို ပြောမိလိုက်လို့ တဖက်သားမှာ ခံရခက်၊အထင်လ္ဂဲ ၊ မပြေလည်မှုလေးတ္ဂေရှိသ္ဂားတတ် ၊ဖြစ်သ္ဂားတတ်တာမို့ သတိထားပြောဆိုသင့်ပါတယ်လို့ ဆိုထားပြန်ပါတယ်။ ဒီမှာ စကားပုံလေးတစ်ခုကို သတိရမိတယ် ......
" ကိုယ်ကြိုက်သလို ပြောတတ်သူသည် မကြိုက်သည် ကို ကြားရ တတ် စမြဲ ပင်ဖြစ်သည် " ဆို တာလေးပါ...

ပြီးမှ ဝေဖန်၊ပြောဆို ကြမယ်ဆိုရင် ပန်းကလေးတ္ဂေကို လုပ်သလိုပဲ လူတစ်ဦးတစ်ယောက်ရဲ့ မြင်နိုင်တ္ဂေ့နိုင် အလ္ဂယ်တကူ အကဲဖြတ်နိုင်တဲ့ ဗဟုသုတ ၊ အတ္ဂေ့အကြုံ ၊ ပေါင်းသင်းဆက်ဆံမှု ၊ စိတ်နေစိတ်ထား ၊ အပြုအမှု (ကိုယ်အမူအယာ၊နှုတ်အမူအရာ) ၊ ၀တ်စားဆင်ယင်မှု (၀တ်စားထားတဲ့ အ၀တ်အထည် Branded ဖြစ်တာတ္ဂေ ၊တန်ဖိုးတ္ဂေ ဘာတ္ဂေညာတ္ဂေ မပါဘူးနော်.. သပ်ယပ်ကျော့ရှင်း အောင်ဝတ်တာ ကိုပဲ ပြောရမှာ ..း ) စသော အကြောင်းအရာ လေးတ္ဂေကိုသာ မိမိက သင့်တော်မယ်ထင်သလို ပါးနပ်စ္ဂာ ဝေဖန်၊ အကြံပြု ပြောဆိုသင့်ပါကြောင်းပြောထား ပါတယ်ခင်ဗျာ ......ဘာလို့လဲဆိုတော့ ပုံကလေးမှာ ပါတဲ့ အတိုင်း Knowledge , Skills , Attitudes , Appearance... (မိမိ မြင်နိုင်ပြီး ပြောသင့်တာတ္ဂေက အဲ့ဒါတ္ဂေပဲ ရှိပါတယ်။ကျန်တာတ္ဂေ က တစ်ဦးချင်းရဲ့ Personal တ္ဂေမို့ သိတော့သိတယ် မမြင်ရတဲ့ မြေလွှာရဲ့ အောက်ပိုင်းလေးမှာ ရှိနေပါတယ်) စတာတ္ဂေ က မိမိပြောဆို ဝေဖန်ပြီးရင် တစ်ဖက်လူက ပြုပြင်ပြောင်းလဲချင်စိတ်ရှိရင် ထပ်မံ တိုးတက် ကောင်းမ္ဂန်လာအောင် အလ္ဂယ်တကူ လုပ်ယူလို့ရလို့ပါပဲတဲ့...

ဒါဆိုရင် အလုပ်လုပ်နေရင်း မင်းက ဘယ်နိုင်ငံကလာပြီး ဘယ်လောက် Education နိမ့်လို့ ဘာတ္ဂေကို ယုံကြည်တတ်တဲ့ လူကောင်းလူတော်မဟုတ်လို့ ဒီလိုမှားရတာလို့ ပြောလာတဲ့ လုပ်ဖော်ကိုင်ဖက်များရှိရင် ဒီလိုလေးပြပြီး မင်းကသာ တကယ် ဘာမှ မသိတဲ့သူပါလား လို့ စိတ်ထဲက မှတ်ချက်ပေးရင်း သူ့ရဲ့ Attitudes လေးကို ဝေဖန်ပြလိုက်ပါတော့ နော်............


ဒီပုံလေးမှာ ပါတဲ့ NORMS ဆိုတာလေးကတော့ တစ်ဖက်သား ကို ဝေဖန် အကြံ ပေးနေစဉ်မှာ ထည့်သ္ဂင်းစဉ်းစား နေသင့်တဲ့ မိမိရဲ့ Positive Attitudes , Behaviour ,Ethics စတာတ္ဂေကို ရည်ညွှန်းထားတာ ဖြစ်ပါတယ် တဲ့ ..... ဒါမှ သူများကို သ္ဂားပြီးတော့ ကိုယ်ကြိုက် သလို မပြောမိမှာ ကိုး.....
ကိုယ်ကြိုက် သလို ပြောမိ ရင်တော့ မကြိုက်တာကို ကြားရတတ် လို့ပါနော်....သတိထားရ ပါမယ်တဲ့.....




မှတ်သားမိသမျှ လေးကို နားလည်သလောက် ပြန်လည်ဆ္ဂေးန္ဂေး လိုက်တာ နည်းနည်းတောင် ရှည်သ္ဂားပါတယ်။ စိတ်ရှည်ရှည်ဖတ်ပေးတာကို လေးစားစ္ဂာ ကျေးဇူးပါခင်ဗျာ ။ ဒါတ္ဂေကတော့ နေရာတိုင်းမှာ အခြေအနေ အပေါ်မူတည်လို့ အသုံးချမယ်ဆိုရင် ကောင်းနိုင်လို့ ပါ။သို့သော် အမြဲတစေ ပုံသေ တ္ဂက်လို့တော့မရနိုင်ကြောင်း နဲ့ Case to Case ရင်ဆိုင်ကြုံတ္ဂေ့ ရတာတ္ဂေက မတူညီနိုင်ကြကြောင်းပါ။အဓိက ကတော့ မိတ်ဆ္ဂေ သူငယ်ချင်းအချင်းချင်း ၊ လုပ်ဖော်ကိုင်ဖက်ခြင်း Feedback ပေးတဲ့ နေရာမျိုးတ္ဂေ မှာတော့ သိထားရင် အသုံးတည့်နိုင်တယ် ထင်လို့ ဆ္ဂေးန္ဂေးရ ပါကြောင်း ကို စိတ်ကူးရမိတဲ့ အတိုင်း စာစုလေးတစ်ခု အဖြစ် တင်ပြလိုက်ရပါတယ်ခင်ဗျာ...


အခု ပန်းပ္ဂင့်လေးအကြောင်း ပြီးသ္ဂားပြီ ဆိုတော့ကာ ..နောက် တစ် Post မှာ " အပင်ကြီး တစ်ပင်အကြောင်း " ကို ဆက်လက်ဆ္ဂေးန္ဂေး ချင်ပါတယ်..အခုတော့ နားပါဦးမယ်ခင်ဗျာ ..See u later ...

မိတ်ဆ္ဂေများ အားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogsopt.com


ဆက်လက်ဖတ်ရှူရန်...