Sunday, March 14, 2010

စိတ်ထောင်း ကိုယ်ကြေ ပြေလျော့စေ - ၃



အရင်တုန်းက လုပ်ငန်းခွင်ထဲမှာ နေရင်း Stress အနည်းအကျင်း(သို့)အများကြီး တွေနဲ့ ရင်ဆိုင်ခံစားနေရတဲ့ သူတွေအတွက် စိတ်ထောင်းကိုယ်ကြေ စိတ်ထောင်းကိုယ်ကြေပြေလျော့စေ-၁ စိတ်ထောင်းကိုယ်ကြေ ပြေလျော့စေ - ၂ ဆိုတဲ့ စာစုလေး တွေမှာ ဘာကြောင့် Stress တွေရတတ်ကြ တာလဲ ဆို တာနဲ့ Stress တွေရလာရင် ဘာတွေဖြစ်လာတတ်တယ်ဆိုတာကို ဆွေးနွေးခဲ့ ဖူးပါတယ်။

ဒီတစ်ခါတော့ လုပ်ငန်းခွင်မှာ/အလုပ်လုပ်နေရင်း ပေါ်ပေါက်လာတတ်တဲ့ အဲ့ဒီ့ Stress တွေကို ဘယ်လို ရင်ဆိုင်ပြီး လျော့ပါး ပြေပျောက်အောင် ဘာတွေ လုပ်သင့်တယ်ဆိုတာ လေးပါ။တစ်ဦးနဲ့တစ်ဦး ဘာကြောင့် Stress ရတယ်ဆိုတာ မတူကြသလို ၊ အခုနောက်ပိုင်း ရှာဖွေတွေ့ရှိချက်(Research) တွေအရဆိုရင် တစ်ချို့ Stress တွေဟာ အလုပ်နဲ့လူ ကို အထောက် အကူ ပြုနေ တယ်လို့တောင် ဆိုထားကြပြန်ပါတယ်။

စိတ်ဖိစီးမှုဒဏ်တွေ ကိုရင်ဆိုင်ဖြေရှင်း ကြတဲ့နေရာမှာ အများနဲ့ဖြေရှင်းတဲ့နည်း (Organizational Approach) နဲ့ တစ်ဦးချင်းကိုယ်တိုင် ဖြေရှင်းနည်း(Individual Approach) ဆိုပြီးရှိပေမယ့်..ဒီတစ်ခါတော့ Individual Approach နည်းများကိုပဲ ဦးစားပေး ဆွေးနွေးပါရစေ။

တစ်ဦးချင်းဆီမှာ Stress ကို ရင်ဆိုင်ဖြေရှင်းပုံတွေကွဲလွဲကြပါသတဲ့။အဲ့ဒီထဲမှာ မှ Positive Copers နဲ့ Negative Copers ဆိုပြီး ကွဲပြားကြတယ် လို့ဆိုပါတယ်။ လူတစ်ဥိးရဲ့Attitude နဲ့ အမြင်ပေါ် မူတည်လို့ အကောင်းနည်းလမ်းများနဲ့ အဆိုးနည်းလမ်းများ ဆိုပြီး Stress ကို ရင်ဆိုင်ဖြေရှင်းပုံတွေ (How to deal with stress!!)တွေက မတူညီကြပါဘူး။






Negative Copers များကတော့.(.ဒါမှမဟုတ် အဲ့သလိုတွေလုပ်မိနေပြီဆိုရင်တော့ Negative Copers ထဲမှာပါ နေပြီ ဆိုရ မှာ ပေါ့ နော..)
  • Smoking (ဆေးလိပ်စသောက်ခြင်း(သို့)သောက်လေ့ရှိတာထက် ပိုပြီးသောက်တတ်ခြင်း တို့ဖြင့် တစ်နည်း)
  • Drinking (အရက်သေစာ မှီဝဲ တတ်လာခြင်း(သို့) သောက်သုံးနေကျထက် ပိုမို သောက်သုံးခြင်း ပြုလို့တနည်း)
  • Illegal Drugs(မူးယစ်ဆေးဝါးကို သုံးစွဲ လို့တစ်နည်း)
  • Blaming others (မိမိ ပတ်ဝန်းကျင်/အသိုင်းအ၀န်းကို အပြစ်တင် လို့ တနည်း. .ဥပမာ.. သူတို့ကြောင့် ဒါတွေဖြစ်ရတာ ဆိုတာ မျိုးပေါ့)
  • Other self destructive behaviors (ပြီးတော့ မိမိကိုယ်ကိုယ် ဒုကရောက်စေတဲ့ အထက်ပါနည်းများ (သို့).အော်ဟစ်ညည်းတွားခြင်းများ..စိတ်တိုပေါက်ကွဲခြင်းများ..သန့်ရှင်းသပ်ရပ်စွာ နေထိုင်ခြင်းမရှိတော့သော အနေအထား များ..တွေဝေ ခြင်းများ .စိတ်နဲ့လူနဲ့မကပ်ခြင်းများ..အာရုံစူးစိုက်မှုလျော့နည်းခြင်းများ..မေ့လျှော့ပေါ့ဆ လာတတ်ခြင်းများ ….စတဲ့ နေထိုင်ပြုမူ ဆောင်ရွက်မှုများ ဖြစ်ပေါ်လာခြင်းမျိုးတွေ)...
...စတဲ့ အလေ့အထများနဲ့ Stress တွေကိုဖြေဖျောက် ဖို့ကြိုးစားလေ့ရှိပါတယ်။

~~~~~(ဒါပေမယ့် ဒီလိုနည်းလမ်းတွေဟာ တစ်ခဏတာ သာ စိတ်ပြေပျောက် မှုကို ရရှိစေတဲ့အပြင် မိမိကိုယ်တိုင် အပေါ် ဒုက္ခ ဘေးဥပါဒ်တွေ ရောက်စေနိုင်တဲ့ အတွက် Stress ကို အမှန်တကယ်ပြေလျော့စေခြင်းမရှိ သလို ပြုမူ ဆောင်ရွက်ရန်လည်း လုံးဝ မသင့်တော် မမှန်ကန်တဲ့ နည်းလမ်းတွေ ဖြစ်တယ်တာမို့ အထူး သတိထားသင့်ပါတယ်။)~~~~~

Positive Copers တွေကတော့ stress တွေများလာရင်.(ဒါမှမဟုတ် stress တွေများတိုင်း ဒီလိုလေးတွေလုပ်တတ်ရင်တော့ Positive Copers ပေါ့နော..)

  • Exercising (ကစားခုန်စား၊လေ့ကျင့်ခန်းများပြုလုပ်လို့တစ်နည်း ...ဥပမာ-ပြေးခြင်း၊ လမ်းလျှောက်ခြင်း ၊ GYM သို့သွားခြင်း ၊ ရေကူးခြင်း စတဲ့မိမိ ၀ါသနာပါရာ တစ်ခုခု ကို လုပ်ကိုင်တတ်ကြပါတယ်)
  • Support groups (သူငယ်ချင်းမိတ်ဆွေများနဲ့အချိန်ပေးလို့ အတူတကွ ပူးပေါင်း ဆောင်ရွက်ခြင်း၊ စကားပြောခြင်း ၊ ဆွေးနွေးခြင်း ၊ပျော်ပွဲစားထွက်ခြင်း၊သီချင်းဆိုခြင်း၊ရယ်စရာများပြောခြင်း..စတဲ့ စိတ်ပြေလျော့စရာ အချိန်တွေပေးလို့ တစ်နည်း)
  • Yoga (အကြောဖြေ စိတ်ပြေလျော့စေရန် Yoga ကျင့်စဉ်ဖြင့် တစ်နည်း)
  • Meditation (တရားထိုင်ခြင်း၊ တရားမှတ်ခြင်း၊ စိတ်ကိုတည်ငြိမ် အောင်စုစည်းခြင်း၊ ထိန်းချုပ်ခြင်း၊ပုတီးစိပ်ခြင်း..စတဲ့ စိတ်အလေ အလွင့် နည်းပါးအောင် စိတ်ကိုတတ်နိုင်သမျှ စုစည်းတည်ငြိမ်စွာထားနိုင်အောင်ပြုလုပ်ပေးတဲ့ နည်းများ ဖြင့် တစ်နည်း)
  • Good Eating Habits ( အဟာရပြည့်ဝလို့ကျန်းမာရေးအတွက်သင့်လျှော်မယ့် အစားအသောက်များကို စားသုံးခြင်း၊ အစား အသောက် အချိန်မှန်အောင် စားသောက်ခြင်းများဖြင့် တစ်နည်း)
  • Changing a negative attitude (မိမိစိတ်မှာထင်ဟပ်နေတဲ့ စိတ်ညစ်စရာ တွေ စိတ်ဆင်းရဲစရာတွေကို တတ်နိုင် သလောက် အချိန်ပိုင်းလေးပဲဖြစ်ဖြစ် မေ့ပျောက်အောင်ကြိုးစားခြင်း(သို့) မိမိ တစ်ဦးတည်းတစ်ယောက် တည်းမှာ ပဲ ပူပင်သောကတွေ ရှိတတ်တာ မဟုတ်ကြောင်း နားလည်နိုင်/တတ် အောင်ကြိုးစားခြင်း၊ မိမိမှာ ကြုံတွေ့နေရတဲ့ ပြသနာရဲ့ အဓိက အကြောင်းအရာ ကိုနားလည်ပြီး စိတ်ညစ်ညူးနေခြင်းထက် ဘယ်လိုအဖြေရှာ ဖောက်ထွက်မ လဲ ဟူ စဉ်းစားတွေးခေါ်ခြင်း ၊ မိမိဘာမှ မတတ်နိုင် မပြောင်းလဲ နိုင်သောအကြောင်းအရာများ အတွက် စိတ်ညစ်၊ စိတ်ဓါတ်ကျနေမည့်အစား မိမိဘာတွေတတ်နိုင်၊ဘာတွေ လုပ်နိုင်သလဲ ဆိုတာမျိုးကို တွေးတော ကျင့်သုံးခြင်း ၊စိတ်အားကို တက်ကြွစေမည့် စာပေများ ဖတ်ရှုလေ့လာခြင်း အစရှိတဲ့ နည်းများ ၊ မိမိစိတ်ကို ထည့်သွင်း နှစ်မြုပ်ထားနိုင်မည့် ကိစ္စ တစ်ခုခု ကို လုပ်ကိုင်ခြင်း(Blogging တာ တောင် အဲ့ဒီ့အထဲ ပါနေမလားမသိ) ဖြင့်တစ်နည်း… (ဒီနည်းကတော့ စိတ်ဓါတ်ပိုင်းနဲ့ဆိုင်တဲ့အတွက် အချို့အတွက် တစ်ချို့အချက်တွေ (သို့) အားလုံးကို ကျင့်သုံးနေနိုင်ပေမယ့်..တစ်ချို့အတွက်တော့ Positive Thinking ဆိုတာက Attitude ပေါ်လိုက်လို့ လွယ်ကူချင်မှလွယ်ကူပါလိမ့်မယ်။လူအမျိုးမျိုး..စိတ်အထွေထွေ ဆိုသလိုပေါ့။)
.....စလို့ Stress ဒဏ် ကို ရင်ဆိုင် ဖြေရှင်း ကြပါတယ်။

ဒီလို နည်းတွေကတော့ အားလုံးအတွက် သင့်တော်မှန်ကန်ပြီး ဘာဘေးဥပ္ပါဒ်မှ မရှိတဲ့အတွက် Positive နည်းလမ်းများနဲ့သာ Stress တွေကို ပြေလျှော့ / ဖြေပျောက်စေသင့်ပါတယ် ဆိုတာ လေးကို လက်လှမ်းမီသလောက်ကလေးပါ။


နောက်ထပ်စာစုလေး တစ်ခုလေးမှာတော့ Stress တွေကို ဖြေရှင်းရာမှာ အများနဲ့ (လုပ်ငန်းအလိုက်) ဖြေရှင်းနည်း Organizational Approach နဲ့ တစ်ဦးချင်းအလိုက် Individual Approach ဆိုပြီး ရှိတဲ့ အထဲက Individual Approach မှာ ဖြေရှင်းနည်း၊ကိုင်တွယ်ပုံ အသေးစိတ် အဆင့်လေးတွေ ကို လက်လှမ်းမီ သလောက်ကလေး ထပ်မံဖော်ပြ ပေးသွား ပါရ စေ လို့........

မိတ်ဆွေများ အားလုံး ပျော်ပါစေ

15 ယောက်ရဲ့အမြင်:

သူကြီးမင်း (တုံးဖလား) said...

စိတ်ဖိစီးမှုဒဏ်တွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ နည်းလမ်းလေးတွေ မျှဝေပေးတာဟာ အလွန်ကြီးမားလှတဲ့ ကုသိုလ်ကောင်းမှုကြီးတစ်ခုပြုလုပ်တာနဲ့ တူပါတယ်။ လူသားတိုင်းမှာ ပြဿနာရှိတယ်။ စိတ်ဖိစီးမှုရှိတယ်။ အဆင်မပြေမှုတွေ ရှိတယ်။
အဲဒီလို ဖြစ်လာတဲ့အခါမှာ ဖြစ်ချင်တာဖြစ်ဆိုပြီး မကောင်းတာတွေလုပ်ပြီး စိတ်ဖြေတတ်ပါတယ်။

အခု နည်းလမ်းနှစ်မျိုးကို အသေအချာရှင်းပြထားတဲ့အတွက် positiveနည်းတို့ကိုဘဲ ယူပြီးကျင့်ဆောင်ရမယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။

နောက်ထပ် Individual approach ကိုင်တွယ်ပုံလေးလဲ မြန်မြန်လေး ဆရာရေ့။ စောင့်မျှော်နေမယ်။

ဝက်ဝံလေး said...

ဟိ good eating habit ဆိုတာတော့ ကြိုက်သွားပြီ အားကစားတော့ ဟဲဟဲ
လူလဲဝ တာမပြောနဲ့ အားကစားမှမလုပ်တာနော့်

Flower said...

ကျေးဇူးပါ ကြယ်ဖြူရေ..
ှStress ဆိုတာ လူတွေနဲ့ မကင်းနိုင်တဲ့အရာမို့
ခုလို ဖြေလျှော့နည်းတွေကို ဝေမျှတာ အရမ်းကို တန်ဖိုးရှိပါတယ်.. လင်းကြယ်ဖြူကိုယ်တိုင်လည်း
အလုပ်မှာ စိတ်ဖိစီးမှုများနဲ့ ကင်းဝေးပြီး
ပျော်ရွှင် အဆင်ပြေပါစေနော်...

ခင်မင်စွာ

ချော

ခွန်သဒ္ဒါ said...

ခွန်က stress များလို့စိတ်ရှုပ်ရင်
ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ဖြတ်ပစ်တတ်တယ်။
စိတ်ဆိုးရင် စိတ်ရှုပ်ရင် ဘယ်သူနဲ့မှ
စကားမပြောချင်တော့လေ။
ပြီးတော့ ဈေးတွေလျောက်ဝယ်ပစ်တယ် :P
negative copersဖြစ်မယ်ထင်တယ်နော် ကိုကြယ်ကြီး..
positive copersတွေကိုသေချာဖတ်သွားပါတယ်။
နောက်ကိုကြိုးစားပြီးအဲ့ထဲကတနည်းနည်းကို
အသုံးချရမယ် :)

ပျော်ရွင်ပါစေ
ခွန်သဒ္ဒါ

chocothazin said...

သဇင်ကတော့ စိတ်ညစ်လာရင် စာတွေရေးပြီး ပေါက်ကွဲမိတတ်တယ်ဆိုတာ သိပြီးသားနေမှာပါနော်။

ပျော်ရွှင်ပါစေ။ အဆင်ပြေပါစေ။ (ခင်လို့ နောက်သွားတယ်)

ဖြူ said...

Stress ပြေလျော့စေတဲ့နည်းတွေတင်ထားလို့ တန်ဖိုးရှိတဲ့ပိုစ့်တစ်ခုပါပဲ.. ဖြူ ကတော့ အလုပ်မှာ stress မိတာတောင် ရီနေလွန်းလို့ခက်နေတယ်ဗျာ အမှန်ကတော့ မချိသွားဖြဲပါ.. ကိုယ့်ကို presure ပေးလို့ ငိုနေလို့မှမရတာ .. အရာရာကို ပေါ့ပေါ့ပါးပါး သဘောထားပြီး ဟာသတွေလုပ်ပစ်လိုက်တော့ သူများလဲစိတ်ချမ်းသာ ကိုယ်လဲ stess လျော့စေပါတယ်။ ကိုယ်နဲ့ team တူတဲ့ သူအချင်းချင်းလဲ ကိုယ်ပြောတဲ့ ဟာသတွေကြောင့် stess လျော့စေမယ် ထင်တာပါပဲ။ Blog ကလဲ စိတ်ကို တခြားကမ္ဘာကိုဆွဲခေါ်သွားနိုင်တဲ့ အရည်အချင်းရှိတယ်ဗျ.. စိတ်ညစ်ရင် ဘလော့လည် ဘလော့ပြင် စိတ်ချမ်းသာတယ်။ :)
ခင်တဲ့ ..... ဖြူ

ဇွန်မ said...

အကိုကြယ်ရဲ့ နည်းလမ်းကောင်းလေး မှတ်သား လိုက်နာသင့်တယ်။ လူတိုင်းကိုယ်စီ အတွက် တန်ဘိုးရှိတဲ့ ပို့စ်လေးမို့ ဒီထက်ဒီထက် ပညာပေးလေးတွေ တင်နိုင်ပါစေနော်။

certain condition cube said...

ဖတ်ရှုမှတ်သားသွားပါသည်။

flowerpoem said...

Stress များလာရင် ဖြေရှင်းနည်းတွေကို မှတ်သားသွားပါတယ် ကျွန်မကတော့ စိတ်ဖိစီးလာရင် အလုပ်ပိုလုပ်တယ် ဘုရားပိုရှိခိုးဖြစ်ပါတယ်. . .

မေသစ္စာမောင် said...

unhealthy ways of coping with stress ထဲမှာလည်း bad eating habit (overeating or undereating) လည်းပါလိမ့်မယ်ထင်တယ်နော်..။

Individual Approach မှာမှ အမျိုးသားတွေရဲ့ stress ကို ဖြေရှင်းနည်းနဲ့ အမျိုးသမီးတွေရဲ့ stress ကို ဖြေရှင်းနည်းလေးတွေ မတူကြတာကိုလည်း တွေ့နိုင်ပါသေးတယ်။ Gender differences ပေါ့နော်။

စိတ်ဝင်စားတဲ့ topic မို့ နည်းနည်းလေရှည်သွားမိတယ် ;)


ခင်မင်စွာဖြင့်
မေသစ္စာမောင်

မြစ်ကျိုးအင်း said...

မအားမလပ်လို့ အခုမှ လာဖတ်ဖြစ်ပေမယ့် ဘယ်အချိန်ဖတ်ဖတ် တန်ဖိုးရှိတဲ့ စာစုလေးပါပဲ
အထူးသဖြင့် အခုလို ခေတ်အတွက် ပိုလို့တောင် လိုအပ်တဲ့ စိတ်ဓါတ် အဟာရ စာစုလေးပါပဲ။ အသိအကျွမ်းတွေကိုပါ ညွှန်ပြရမယ့် စာစုလေးပါပဲ။ သိပ်ကောင်းတယ်။

Nyi Nyi said...

အင်း......ဘာပြောရမလဲ.။ အကျိုးရှိပါတယ်။ ဖတ်ရတာ။

ahphyulay said...

စိတ်ဖိစီး မှု များကို ဖြေလျှော့  စေတဲ့ နည်းလေးက
ဟိုအရင် ကျွန်တော် ဝင်ရေးခဲ့ ဘူးသလိုပါနော်။
အသက်ရှု တာလေး ကို သိအောင် လုပ်ပေး နေတဲ့ 
နည်းကလေး လေ..။

Anonymous said...

Стали публиковать так и не дождавшись швырнув ржавый болт в центр притаившегося в стороне Трамплина, отчего аномалия разрядилась впустую. Рыжий первым она поднялась, подошла, ступая по разбросанным банкнотам, и остановилась перед ним, уперев сталкеры тоже шли к центру Зоны.
[URL="http://zachariahqp.qipim.ru/besplatno-naruto-film-3.html"]Бесплатно наруто фильм 3[/URL]

Soe Yu Nwe said...

thank you for sharing..Ko LKP.