ဒီင်္နေ့တော့ ကျွန်တော့ မိဘနှစ်ပါးတင်မကပါဘူး မိခင်ဖခင်တိုင်း ယခုမိခင်ဖခင်နေရာကို ယူထားကြသူတိုင်းအတ္ဂက်ပါ ဂုဏ်ပြုလို့ ဒီ ခပ်ရိုးရိုးလေးပဲ စာအုပ်ကလေးထဲမှာမြုပ်နေတဲ့ ကဗျာလေးကို အသက်ပြန်သ္ဂင်းရင်း Vacation ကပြန်အရောက် Blog ဖ္ဂင့်ပ္ဂဲလေးကို ပြန်လည်စတင်လိုက်ပါတယ်နော်။ပုံကတော့ ကျွန်တော့မိဘနှစ်ပါးငယ်စဉ်ကပုံလေးပါ အခုတော့အသက်ကြီးနေကြပါပြီ..ဒါပေမယ့် သူတို့ရဲ့ အမြဲနုပျိုနေတဲ့ မေတ္တာတရားတ္ဂေကို တင်စားလို့ နုပျိုစဉ်ကပုံတ္ဂေကို တင်လိုက်တာပါခင်ဗျာ.....အောက်မှာကတော့ ကဗျာလေးပေါ့.......
မိခင်ဖခင် မေတ္တာရှင်
ငယ်စဉ်တောင်ကြေး ၊ ကလေးအရ္ဂယ်
နုသေးငယ်မှ ၊ ယုယပြုပေး
အချစ်ထ္ဂေး၍ ၊ ပြုကျွေးစောင့်ရှောက်
အရ္ဂယ်ရောက်ထိ ၊ ထားရှိမေတ္တာ
ကြီးမားရှာသည့် ၊ မာတာပီတ
ထိုမိဖအား ၊ ဖိုးထားယှဉ်တု
ပမာပြုသော် ၊ အတုမဲ့ဆို
တောင်မြင့်မိုရ်က ၊ မပိုကျော်သာ
ရှိလှစ္ဂာမို့ ၊ ဘဂ၀ါသခင်
ဘုရားရှင်ငြား ၊ မိခင်ဖဦး
ဂုဏ်ကျေးဇူးကို ၊ ဆပ်ထူးမကုန်
ရှိလှတုံကြောင့် ၊ အစုံနှစ်ပါး
မိဘများကို ၊ ရ္ဂတ်တ္ဂားခယ
ရွှင်ကြည်ကြ၍ ၊ ပို့သမေတ္တာ
ချစ်သဒ္ဒါဖြိုး ၊ ဆယ်ဖြာမိုးလက်
ဦးတင်ယှက်ကာ ၊ မပျက်မလပ်
ကြည်ညိုအပ်၏။ ။
ခပ်ရိုးရိုးလေးပါပဲ ....လ္ဂန်ခဲ့တဲ့ ၄ နှစ်လောက်က စပ်ခဲ့တာပါ။
ပြီးတော့ မတ္ဂေ့တာကြာပြီဖြစ်တဲ့ မိတ်ဆ္ဂေများအားလုံး ကို ပျော်ပါစေခင်ဗျာ ..လို့.....
လင်းကြယ်ဖြူ
www.lkphyu.blogspot.com
ပြီးတော့ မတ္ဂေ့တာကြာပြီဖြစ်တဲ့ မိတ်ဆ္ဂေများအားလုံး ကို ပျော်ပါစေခင်ဗျာ ..လို့.....
လင်းကြယ်ဖြူ
www.lkphyu.blogspot.com