Showing posts with label General. Show all posts
Showing posts with label General. Show all posts

Monday, November 9, 2009

လောကကြီးရပ်တန့်တော့မလား


ကမ္ဘာကြီး ပျက်တော့မယ် ဆိုပါလား....

ကမ္ဘာကြီးက မေတ္တာဓါတ် အာဟာရနဲ့ ဖြူစင်ခြင်း ဓါတ်စာ တွေ ငတ်ပြတ်နေလို့ပျက်ရတော့မှာလား......???

အပြုံးတုတွေ နဲ့ လျှစ်လျူရှုခြင်း ခံ ထားရတဲ့ ကမ္ဘာကြီး ရဲ့ပခုံးနှစ်ဖက် အထက် ဒေါသတွေထွက်ရင်း လမ်းလျှောက်သံတွေက ခပ်ပြင်းပြင်း ဆိုတော့ အဲ့ဒီ့ ဒဏ် ကို သူမခံနိုင်လို့များလား......???

ဒါမှမဟုတ် သူ့နှလုံးသား ပင်လယ်ပြင်ကျယ်ကျယ်တွေထဲကို စီးမျောလာတဲ့ မျက်ရည်ပူတွေနဲ့ သွေးစက်တွေကြောင့် အတွင်းဒဏ် သင့် သွားခြင်းရော ဖြစ်နေမလား......???

သူ ရှုမိ ရှိုက်မိ တဲ့ လေပြေညင်းတွေ ကြားမှာ အခိုးငွေ့ညစ်ငြမ်းမှုတွေ များနေတာကြောင့် အသက်ရှုရတာ မ၀ လို့ ရော များ ဖြစ်နိုင်သလား . . . .???

သူ....နှလုံးသွေးတွေနဲ့ ရင်းခဲ့ ပျိုးခဲ့ ရတဲ့ အလှပန်းခင်းတွေ စိမ်းလန်းခြင်းတွေ ကို အကြာကြီး တည်ဆောက်ခဲ့ရ ပြီးမှ တစ် ခဏ အတွင်း ပျက်သုန်းခြင်း အတော်များများကို မြင်တွေ့ ခံစားရင်း ရင်ကွဲနာ နှလုံးနာ ကျသွား လို့များလား....???

အင်း... တွေးစရာတွေ ကတော့ ခပ်များများ နဲ့ပေါ့ .....

ဒီလို ကမ္ဘာပျက်တော့မယ်...ကမ္ဘာပျက်တော့မယ်..နဲ့.... ငါကိုယ်တိုင် ကကော ရက်ရက်စက်စက် ကမ္ဘာကို ဖျက် ခဲ့မိ သေး လား မသိ...???

ဘယ်လိုပဲဖြစ်ဖြစ် ရင်ကွဲပက်လက် နဲ့ သူပျက်တော့မယ်ဆိုတဲ့ သတင်းစကားဆိုးတွေ ကို မြိန်ရည်လျှက်ရည် ဆိုညည်းနေကြ သံတွေ အပေါ်မှာ တော့ ကမ္ဘာဆိုတဲ့ အဲ့ဒီ့ ကမ္ဘာ က ယဉ်ကျေးသိမ်မွေ့စွာ ရက်ရက်ရောရော တုန့်ပြန်နာ ကြား ခံယူ နေ နိုင် ဆဲ ပါပဲလား ....!!!!!

( မနှင်း တောင် မေ့နေလောက်ပါပြီ .TAG ထားတာလေးကို အချိန်လုရင်း ခံစားမိသလို စာစုလေးအဖြစ် ရေးချ လိုက်မိပါတယ် ..ပြီးတော့ ကျွန်တော် ဒီစာကို ရေးနေစဉ်မှာ ကျွန်တော်အားနည်းတဲ့ စာလုံးပေါင်းတွေကို အမှန်ဝါကျ ပြင်ဆင်ပေးတဲ့ အခန်းဖော် သူငယ်ချင်း ကို ခိုင် နဲ့ ရွှေစင် တို့ကို ကျေးဇူးပါလို့ )


မိတ်ဆွေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

ဆက်လက်ဖတ်ရှူရန်...

Wednesday, September 9, 2009

*.*.*အမှတ်တရ*.*.*



မိုင်တိုင်လေးတွေက ခရီးအကွာအဝေးဘဘယ်လောက်ရှိပြီလဲဆိုတာ ကို ပြောနေလေရဲ့..
ဒီနေ့ရက်လေးကလည်း အသက်ဆိုတဲ့ ပမာဏကို တိုင်းပြနေလေရဲ့....
ဘာလိုလိုနဲ့ ခရီးတောင် အတော်ပေါက်နေပါပြီလား...
ဘယ်ခရီးပဲ ပေါက်ပေါက် ဘယ်နှစ်မိုင်ပဲရောက်ရောက် လျှောက်မြဲတော့လျှောက်နေလေရဲ့..
မွေးသမိခင်နဲ့ မွေးသဖခင်တို့ရဲ့ ကျေးဇူးတော် အနန္တ တွေကလည်း ဒီခရီးကို အားထည့်လှမ်းဆက်နိုင်ဖို့ မဟာအင်အားတွေမွေးဖွားပေးခဲ့တယ်...အရင်ဂါရ၀ပြုပါတယ်...
ဒီလိုလျှောက်ရင်း လမ်းခရီးမှာ မိတ်ဆွေတွေနဲ့ဆုံ ဖြစ်၊ရင်းနှီးဖြစ်ခဲ့ကြတော့....
ဘာမှမဟုတ်ပဲ အလိုလို အချိန်ကုန်နေ၀င်ပြီး နောက်နေ့ကူးသွားကောင်းနိုင်တဲ့ သာမာန်နေ့ရက်လေးတစ်ရက် ကို ဒီလို အဓိပ္ပါယ်လေးရှိသွားအောင်တကူးတက စုတ်ချက်လှလှလေးတွေနဲ့ ဒီလို ချယ်မှုန်းပေးလိုက်ကြပြန်ပါတယ်..

ဟင်းတွေအများကြီးချက်ပေးရင်း အခုလို ညီမ မြူးသျှရီ က...

-You’re always very special
And you should know today
That you are wished the nicest things
That life can bring your way
Like warm and loving wishes

And happiness and cheer

And everything you need to start
Another happy year
Happy Birthday
9.9.2009 မှာကျရောက်မဲ့
ကိုကြီး ဖြိုး (လင်းကြယ်ဖြူ )ရဲ့ မွေးနေ့ မှ
ပျော်ရွှင်သော ဘ၀ကိုထာဝရ ပိုင်ဆိုင်နိုင်ပါစေ..............
ခင်တဲ့
မြူး

ကိုဝသန်ကလည်း ကိတ်မုန့်နဲ့ သောက်စရာတွေနဲ့....
-ကိုးရက် ကိုးလ မှာ ကျရောက်မယ့်
ကိုလင်းကြယ်ဖြူ ရဲ့  Happy Birthday
(၉.၉.၂၀၀၉) ရက်မှာကျရောက်မယ့် ကိုလင်းကြယ်ဖြူ ရဲ့ မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ခြင်းများ အောင်မြင်ခြင်းများ ၀င်လာမစဲ ပဲ ကိုယ်စိတ်နှစ်ပါးရွှင်လန်း ချမ်းမြေ့ လျက် လိုအင်ဆန္ဒများ ပြည့်စုံနိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ် ။ Cheers!!!!!!!!
ကို ၀သန်မိုး

ကိုပီတာကတော့ လုပ်ချလိုက်ပြန်တယ်..
-မနေ့ ကပျော်ရွှင်စွာကျင်းပခဲ့ တဲ့ မွေးနေ့ ရှင်နှစ်ဦးဖြစ်တဲ့ 
ကိုဟန် နဲ့  ကိုဖြိုး တို့  နှစ်ဦးအတွက်မွေးနေ့ လက်ဆောင်ပါ..တဲ့..ကိုပီတာ (အတွေးပုံရိပ်)ကတော့လုပ်ချလိုက်ပြန်ပြီ..
အောက်ကမော်ဒယ်လ် လှလှလေးတွေလက်ဆောင်ပေးတယ်



စီဘောက်(စ်) ကနေလည်း သူတို့က..ဒီလို..ဒီလို..
-မိုးစက်အိမ်: Happy Birthday ပါကိုကြယ်ရေ ... နေ.သစ်တိုင်း "လင်း"လက်နိုင်ပြီး ကြယ်ပွင်.လိုတောက်ပ တဲ.ဘ၀ နဲ. ထာဝရ "ဖြူ "စင်စွာနေနိုင်ပါစေဗျာ ... ခင်မင်တဲ. ညီငယ်မိုးစက်အိမ်

-မေတ္တာရောင်ပြန်: ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ ကိုဖြိုးရေ။ မရောင်လည်း နေမကောင်းလို့ ဘယ်မှမရောက်ခဲ့ပါဘူး။

-မေကဆုန်: မွေးနေ့လေးမှာ ပျော်ရွင်ခြင်းများစွာကို ပိုင်ဆိုင်နိုင်ပြီး မိဘနှစ်ပါး အားကိုးအားထားပြုရတဲ့ သားကောင်းတယောက် ဖြစ်ပါစေရှင်.. အစ်ကို ကျန်းမာရွှင်လန်းပါစေ..

-ရန်ကုန်သား: ကိုးရက်ကိုးလ မွေးနေ့ မှသည် နောင် နှစ်ပေါင်း များစွာတိုင် ......

-ရန်ကုန်သား: ကိုလင်းကြယ်ဖြူရေ မင်္ဂလာရှိသော မွေးနေ့ အခါသမယပါ မွေးနေ့ မှာ ပျော်ရွှင်ခြင်းများစွာ ဖြင့်ပြည့်စုံပါစေ :D

-အနမ်း: Happy Birthday!! လင်းကြယ်ဖြူ ။ အဆင်ပြေပျော်ရွှင်ပါစေ။ လာလည်

-၀သန်မိုး:ကိုးရက် ကိုးလ ပေါင်းခြင်း ကိုး ရက်နေ့ မှာ ကျရောက်မဲ့ ကိုလင်းကြယ်ဖြူရဲ့ ယခုနှစ် မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ခြင်းများ လက်ဝယ်ပိုင်ဆိုင်နိုင်ပါစေကြောင်း

-kom:့ happy birthday.အစ်မမခင်ဦးမေ

-Pwint Myue Zin: Happy Birthday in advance!!!! Will wish you again tomorrow. :)

-မျက်မှန်လေး: ၉ ၉ မှာ ကျရောက်မယ့် မွေးနေ့မှသည် နောင်နှစ်ပေါင်းမျုားစွာတိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာ နဲ့ ဘ၀ခရီးတစ်ခုလုံးကို ကျော်ဖြတ်နိုင်ပါစေနော်

ပြီးတော့ မွေးနေ့ပွဲလေးတွေလုပ်ပေးကြတဲ့ နေရာလေးတွေမှာ Comments တွေပေးရင်း ဆုမွန်ချွေခဲ့ကြတဲ့
ဲ့
ဟုတ်ကလေး
လူရိုင်းလေး

မမေလေး

မခင်ဦးမေ
အစ်မမိုးကောင်းသူ

စိမ်းပြည့်စုံ
ကိုမြစ်ကျိုးအင်း

Mikozan
ကိုကိုမောင်(UK)
ညီမ ၀က်ဝံလေး

ကိုစည်သူ

ညီမ ကျောပိုးအိတ်

ကို ယုယ

ကိုချမ်းလင်းနေ

ကိုဖိုးစိန်
မနန်းဝါ၀ါမောင်
မ၀ါဝါခိုင်မင်း

ကိုရန်ကုန်သား
မမေသူ

ငှက်ငယ်လေး

Dream
ကိုသားကြီး
ကြယ်ကလေး
ကိုဟန်

မနှင်း(နှင်းနဲ့မာယာ)
အနမ်း

စိမ်း.........
တို့နဲ့တကွ

ပျော်စရာမွေးနေ့ပွဲလေးကို ကူညီ အားပေးခဲ့ကြတဲ့ ညီအစ်ကိုမောင်နှမတွေဖြစ်တဲ့...

ကိုမိုးဇော်လွင်(Journal Editor)
ကို သာယာ (Journal Editor)

ကိုရူပ (မင်းအင်းဝ)
ကိုပီတာ (အတွေးပုံရိပ်များ)
ကိုဟန်

ကိုချမ်း(ချမ်းလင်းနေ)+ မပွင့်ဖြူ (မဒမ် ချမ်း)

မနှင်း(နှင်းနဲ့မာယာ)
မငုံ(ကန္တာရမိုးစက်များ)

လတ်လတ်ဇော်(ကျွန်တော်တို့အိမ်)

ဖြူစင်ကြယ်( Angel Shaper)
ကောင်းကင်သမီးပျို.....တို့ကလည်း တက်ညီလက်ညီ ပျော်စရာတွေတသီကြီးနဲ့ လာရောက်ဆင်နွှဲပေးခဲ့ကြပါတယ်.. အားလုံးအားလုံးကို ကျေးဇူး အထူး ပါလို့...ပြီးတော့

ဒီ Post လေးမှာမန့်ခဲ့ကြမယ့်မိတ်ဆွေတွေနဲ့ စီဘောက်(စ်)မှာ နောက်ထပ် လာအော်ကြမယ့် မိတ်ဆွေတွေကိုလည်း ကြိုတင်ကျေးဇူးပါလို့...
အားလုံး...အားလုံးကို စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေလို့လည်း ဆုမွန်ချွေလိုက်ပါတယ်။

မိတ်ဆွေများအားလုံးပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

ဆက်လက်ဖတ်ရှူရန်...

Thursday, August 27, 2009

နေမ၀င်မီ

ဒီညနေ နေ၀င်ချိန်လေးရဲ့ ဆည်းဆာအလှတရားကို ပင်လယ်ကမ်းစပ် တစ်နေရာကနေ ခံစားနေမိတယ်။တစ်ချက် တစ်ချက် ငွေရောင်လှိုင်းဖွေးဖွေး တွေက တ၀ုန်းဝုန်းနဲ့ သဲသောင်ပြင်ပေါ်ကို အရောက် ပြေးပြေး တက်လာနေကြတာ ညနေ ဆည်းဆာ ချိန်ဆိုတော့ တော်တော်လေး ပနာသင့်လိုက်ပါဘိ။ဒီလိုကြည့်နေရင်းကနေပဲ နေလုံးနီနီကြီးကနေ တဖြည်းဖြည်း လိမ္မော်ရောင် ဖျော့လို့ တအိအိနဲ့ ဆင်းသွား လေရဲ့...မှောင်စပျိုးပြီ..နေမင်းရဲ့ အလှည့်ပြီးတော့ ညခင်းမှာ လမင်းဟာ တကျော့ပြန် အရောင်တောက်လာဦးမှာပဲ..ဒီလိုကြည့်နေရင်းကြည့်နေရင်းကနေ အတွေးလေးတစ်ခုက ခေါင်းထဲကို ဖြတ်ခနဲဝင်လာတယ်....

မေတ္တာစစ် မေတ္တာမှန် နဲ့ ခွင့်လွှတ်သည်းခံစိတ် တဲ့....ဘယ်လို ပတ်သက်နေလို့ ဒီလို သွားဆက်စပ် နေမိပါလိမ့်လို့ ကိုယ့်ကိုကိုယ်အကြိမ်ကြိမ်ပြန်မေး ကြည့်တော့...ဟုတ်တယ်...နေမင်းကြီးနဲ့ လမင်းကြီး ကို မေတ္တာစစ် ၊ မေတ္တာမှန် ကို ပေးစွမ်းနိုင်သူတွေ လို့စိတ်ကူးပြီး တင်စား မြင်ယောင်ကြည့်မိတယ်..သူတို့က သူတို့ အလင်း သူတို့စွမ်းအင်ကို အယုတ်အလတ် အမြတ်မရွေး သာတူညီမျှ တတ်စွမ်းသလောက် အကျိုးပြု ပေးနိုင်တယ်....နေမင်းရဲ့အစွမ်းကြောင့် နွေးထွေး မှု ရလို့ ကျေးဇူးတင်ဝမ်းမြောက်သူတွေ ဒါမှမဟုတ် ဒင်းကြောင့် ငါတို့ အပူဒဏ်ကို တော်တော်ခံနေရတယ် ဆိုသူတွေ စလို့ ဘယ်လို ဝေဖန်မှု တုန့်ပြန်မှုတွေ ရှိရှိ သူ့ဝတ္တရား သူမပျက်ဆက်လက်ချီတက်နေခဲ့တာ နှစ်သန်းပေါင်းများစွာရှိခဲ့ပြီ ဆိုပဲ....

ညရောက်မှာကြောက်တယ်၊ညကိုမုန်းတယ်...လ ကို မုန်းတယ်ဆိုဆို ၊ လရိပ်ရောင်ဟာ အေးမြတယ် လို့ ပြောပြော ဖိုးရွှေလ ချော ကလည်း သာမြဲ သာလျှက် သူချီတက်နေလေရဲ့.....

ဒါဆိုရင် မေတ္တာစစ်စစ် ထားတတ်ကြတဲ့ မေတ္တာတရားကြီးမားသူတွေကရော ဘယ်လို စိတ်ထားမျိုးတွေနဲ့ ဘ၀ကို ဖြတ်သန်းနေကြပါလိမ့်...လို့ ...တွေးရင်းတွေးရင်း...တွေးနေရင်း....ဒီလို မေတ္တာတရားနဲ့ပတ်သက်တာလေးက စိတ်ကူးထဲကို ၀င်ရောက်လာတယ်...အင်မတန်မှ မွန်မြတ်သန့်စင်တဲ့ မေတ္တာတွေပါ.သည်းခံခြင်းတွေပါ..ဘာသာတိုင်းမှာ ကိုးကွယ်ရာ ဘုရားသခင်အပေါင်းတို့ နဲ့ တကယ့် သူတော်စင် အပေါင်းတွေမှာ ကတော့ ဒီလို မေတ္တာတရား မျိုးကို ရင်ထဲမှာ အစဉ် ပွါးများကိမ်းဝပ် နေကြပါတယ်။နောက် မြင့်မိုရ်တောင်မက ကြီးမားတဲ့ ဂရုဏာများနဲ့ ကျေးဇူးရှင် မိဘတွေ တော်တော်များများ မှာလဲ ရှိနေတတ်ကြပါတယ်.....

ဒီလို မေတ္တာမျိုးတွေ သည်းခံခြင်းမျိုးတွေ အားလုံး ဒါမှမဟုတ် တစ်ချို့တစ်လေ လောက်ကို ကျွန်တော် ဒီနေ့ ဘယ်သူ့ကို ပေးခဲ့မိပါလိမ့် ၊ ဘယ်သူ့ဆီကရော ဒီလို မေတ္တာ တရား တွေ သို့မဟုတ် အဲ့ဒီ့ထဲက တစ်စိတ်တစ်ဒေသလေးနဲ့ ခွင့်လွှတ်သည်းခံခြင်းကို ဘယ်သူ့ဆီက ကျွန်တော်ရခဲ့ပါလိမ့် လို့ ..ပြီးတော့ ချစ်သူတွေ..ချစ်သူတွေကြား ....သူငယ်ချင်းတွေ ကြားထဲမှာ ..မိတ်ဆွေ ဆိုတာတွေ....ညီအစ်ကိုမောင်နှမတွေကြားမှာ.....စလို့စလို့..ပြားပန်းခပ်နေတဲ့ စိတ်ကူးအတွေးတွေ လွင့်ပါးရင်း ပင်လယ် ကမ်းစပ် က နေ တဖြည်းဖြည်း နိမ့်ဆင်းကျသွားတဲ့ နေမင်းကြီးကိုစိုက်ကြည့်လို့.......ပင်လယ်ပြင် နဲ့ ကောင်းကင်ကြီးတို့ နှုတ်ဆက်ထိမိ နေတယ်လို့ထင်မှတ်ရတဲ့ ဟိုး အဝေးကြီးကနေရာ လေးကိုငေးနေမိရင်း....

မေတ္တာတရားနဲ့ သည်းခံခြင်းတရားကို မြဲမြဲခိုင်ခဲ့ကြသူတွေ၊မြဲမြဲခိုင်နေကြသူတွေ ကိုလည်း စိတ်ထဲကတွေးလို့ လေးစားနေမိပါတော့တယ်ခင်ဗျာ....
ပြီးတော့မှ နှုတ်ကနေ ဖွဖွလေး ရေရွတ်နေမိတဲ့ စာစုလေး..မေတ္တာရှင်တွေ သည်းခံတတ်သူတွေ
တကယ်ဒီလိုပဲ ရေရွတ်ခဲ့ ကြ လား တော့ မသိ..သူတို့ရင်ထဲအထိ ၀င်သွားကြည့်ရင်တော့ ဒီလို တွေ့ ရမယ် ထင်မိပါရဲ့လေ......


ငါ့ကိုစိတ်တိုအောင် မင်းဘယ်လိုလုပ်လုပ်

စိတ်ဆင်းရဲအောင် ဘယ်လိုဖန်ဖန်
လောကဒဏ်တွေ ရိုက်ပုတ်လို့ ငါပန်းနေတယ်
ဒါပေမယ့်...မင်းအပေါ်မှာ ငါလေ ဘယ်တော့ မှ စိတ်မတို တတ်ခဲ့ဖူး....

ငါ့အကြောင်းကို မင်း လှည့်ဖျား
ကျေးဇူးတရားတွေ ကို မြေမှာနင်း
ငါ့ဘ၀ကို ခင်းပေးရခဲ့တယ်
ဒါပေမယ့်..ငါ မင်း ရဲ့ ကျေးဇူးတရားတွေ ကို အမှတ်ရနေပါတယ်......

ငါ့ အပေါ်မင်း ၀န်တို
ညိုညင်တဲ့ စိတ်နဲ့ လိုချင်တဲ့ အရိပ်တွေ မရလို့လား
စိတ်တွေ ကစားတတ်တဲ့ မင်း.. ငါ့ အတင်းကို မကောင်းပြောတယ်
ဒါပေမယ့် ..ငါ မင်း နဲ့ ဘယ်တော့မှ ဂုဏ်ပြိုင်ခြင်းအလျင်းမရှိ အရှုံးပေးနေမိပါရဲ့......

ငါ့ရှေ့မှာ မင်းအောင်မြင်မှုတွေ အရောင်တောက်
ပြောင်မြောက်လှပါလား မင်း အစွမ်းတွေ
မှန်းနေရင်း စိတ်ထဲမှာ မင်းရဲ့ ရှုံးသူကိုကြည့်တဲ့အကြည့်
ဒါပေမယ့် ..ငါ သိတယ် မင်းကိုနိုင်ဖို့ ဘယ်တော့မှ ၀ါကြွားမှာမဟုတ်ဘူး......

ငါ့စိတ်မှာ လှိုင်းမထန်ဘူး
အရိုင်းမခံဘူး မင်းအတွက်
ငြင်းခက် ကောင်း ခက်ပေလို့ ရတက်ပွေရချင်ပွေ
ဒါပေမယ့်...မလျောက်ပတ်ခြင်း မဟုတ်မှန်ခြင်းကင်းစေရမယ်..

ငါ့ အတွက် ရေအေးတစ်စက်ဟာ
ငွေကြေးရမ္မက် ကြောင့်ဆိုရင် နောက်ဆုံးတစ်စက်
ငါမလျှက်တော့ဘူး မင်းသွန်ချလိုက်ပါ
ဒါပေမယ့် ...ငါကိုယ်ကျိုး မရှာ မင်း မနာစေရဘူး....

ငါ့ ရင်ကို နာကျင်စေတဲ့စကား
ငါမြင်တယ် မင်းရဲ့ အမုန်းမီးတောက်ရဲရဲ
ဆွဲသူမရှိလဲ ငါ အကျွမ်းခံပါတယ် ငါ့နှလုံးသား
ဒါပေမယ့်..ငါ့ရင်က အမျက် မင်းအတွက် ဘယ်တော့မှ ငါမထွက်ဘူး.....

ငါ့..ဘ၀ ကျိုးကြေ မင်းနင်းခြေ ခဲ့
မင်းအတွက်တော့ အပျင်းပြေစေတယ်တဲ့
အရင်းတွေ တကယ်များလှပါတယ် ငါ့အတွက်
ဒါပေမယ့်..မင်း မှာ အပြစ်မရှိဘူး..ငါခွင့်လွှတ်တယ်......

ငါ ပေးဆပ်ခဲ့ရတာ နှစ်ပေါင်းမနည်း
အပြစ်ပေါင်းလည်း ခဏခဏ အပေးခံ
ချွေးပြန်လို့ စိတ်မော ရတာ ခဏခဏ
ဒါပေမယ့်..မင်းအတွက် ခပ်သိမ်းသောအရာ ကို ငါ့မေတ္တာက ဖုံးလွှမ်းပေးလိုက်ပါရဲ့....

ဒီလို ငါ့မေတ္တာစစ်စစ် ငါချစ်တဲ့အချစ်
အနှစ်တော့လုံးဝမမဲ့တာ ငါ့ရင်ကအသိ
ငါ့ပီတိ နဲ့ငါမြူး စိတ်ထဲက ကြည်နူးမိတယ်
ဒါပေမယ့်..
ငါ့ မေတ္တာကို ငါ ဘယ်တော့ မှ သစ္စာမဖောက်ဘူး..
ငါ့ မေတ္တာကို ငါ ဘယ်တော့ မှ မလှည့်ဖျားဘူး...
ငါ့ မေတ္တာကို ငါ ဘယ်တော့ မှ ယုံကြည်ချက်ကင်းခြင်းမရှိစေရဘူး...
ငါ့ မေတ္တာကို ငါ ဘယ်တော့ မှ အရောင်မနွမ်းစေရဘူး...
ငါ့ မေတ္တာကိုထိပါးမယ့် ဖောက်ပြန်ခြင်း သဘောတွေနဲ့ အစဉ်ကင်းလွတ်နေစေရမယ်............. ။ ။

ဒီလို မေတ္တာမျိုးတွေ သည်းခံခြင်းမျိုး တွေကို အားလုံး ဒါမှမဟုတ် တစ်ချို့တစ်လေလောက်ကို ကျွန်တော် ဒီနေ့ ဘယ်သူ့ကို ပေးခဲ့မိပါလိမ့် ၊ ဘယ်သူ့ဆီကရော ဒီလို မေတ္တာ တရား တွေ သို့မဟုတ် အဲ့ဒီ့ထဲက တစ်စိတ်တစ်ဒေသလေးနဲ့ ခွင့်လွှတ်သည်းခံခြင်းကို ဘယ်သူ့ဆီက ကျွန်တော် ရခဲ့ပါလိမ့်....လို့..ပြီးတော့ ချစ်သူတွေ..ချစ်သူတွေကြား ....သူငယ်ချင်းတွေ ကြားထဲမှာ ..မိတ်ဆွေဆိုတာတွေ .ညီအစ်ကိုမောင်နှမတွေ ကြားမှာ ..စလို့စလို့..ပြားပန်းခပ်နေတဲ့ စိတ်ကူးအတွေးတွေ လွင့်ပါးရင်း ပင်လယ်ကမ်းစပ်က နေ တဖြည်းဖြည်း နိမ့်ဆင်းကျသွားတဲ့ နေမင်းကြီးကို စိုက်ကြည့် လို့ .......ပင်လယ်ပြင် နဲ့ ကောင်းကင်ကြီးတို့ နှုတ်ဆက် ထိမိနေတယ်လို့ထင်မှတ်ရတဲ့ ဟိုး အဝေးကြီးက နေရာလေး ကို ငေးနေမိ ရင်း ....သတိထားမိတယ်.....တဖြည်းဖြည်း နဲ့ မှောင်တောင်မှောင် လာပြီပဲ..လမင်းကြီးတောင် တကျော့ ပြန်ပေါ် လာ နေ ပြီ .... ပင်လယ် ကမ်းစပ်မှာ တိုက်ခတ်တဲ့ လေနု အေး လေး တွေကလည်း ရင်ထဲကို အေးမြ သွားစေတယ်......ဆက်လက် တိုက်ခတ် နေပေးပါ လေနုအေးလေး တွေရယ် .......ကြည်နူး စရာ ကောင်းလှပါတယ်..... / /

မိတ်ဆွေများ အားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

ဆက်လက်ဖတ်ရှူရန်...

Thursday, August 6, 2009

ယပ်တောင်လေး က ပြောနေတယ်

ယပ်တောင်တဲ့ ဒီနေ့ခေတ်မှာတော့ ပန်ကာတွေ လေအေးပေးစက်တွေ ကြားထဲမှာ သိပ်အသုံးမ၀င်တော့ပါဘူး.......

ဒါပေမယ့် ဟိုးတစ်ချိန် ယပ်တောင်လေးတွေကို လက်ထဲမှာကိုင်လို့ ပွဲသွားလမ်းသွား အတူတူဆောင် သွားတတ်ကြတဲ့ ခေတ်မှာ အမျိုးသမီးပျိုတွေ အများစု ဟာ အဲ့ဒီ့ ခေါက်ယပ်တောင် ဒီဇိုင်းလှလှ လေးတွေကို ဖက်ရှင် တစ်ခုအနေနဲ့ အမြတ်တနိုး တန်ဖိုးထား ဆောင်ထားတတ်ကြတာကို သတိထားမိခဲ့ပါတယ်...


အဲ..အထူးသဖြင့် အနောက်နိုင်ငံတွေတော်တော်များများမှာ အဲ့ဒီ့ခေတ်က ခေါက် ယပ်တောင်လေးတွေကို ဘာလို့ အဲ့သလို ကိုင်လေ့ ရှိကြပါလိမ့် ဆိုပြီး လေ့လာကြည့်တော့ မှ အဲ့ဒီ့ ယပ်တောင်လေးတွေကလည်း အထာလေးတွေရှိ တာကို တွေ့လိုက် ရပါတယ်.. အဲ့ဒီ့အချိန်မှာ ယပ်တောင်ကို အမျိုးသမီးပျိုလေး များဟာ ပွဲလမ်းတွေ ပါတီတွေ မိတ်ဆုံစားပွဲ စတာစတာ တွေမှာ လေအေးဓါတ်ရရုံ အတွက် ယပ်ခပ်ရန်သက်သက် သာ သုံးကြတယ်မဟုတ်ပဲ ကိုလူပျိုတို့ကို မေတ္တာ သင်္ကေတ အချက်ပြ ရန်အတွက်လည်း သုံးကြပါသတဲ့လေ..ဘယ်လိုပုံစံနဲ့ ယပ်တောင်ကို မတူညီတဲ့ မျက်နှာပေးလေးတွေနဲ့ ဘယ်လို ကိုင်ပြလိုက်ရင်တော့ ကိုယ်ရွှေချော တို့ကလည်း အလိုလို သူ့ခေတ်နဲ့သူ နားလည်ကြပါသတဲ့...အချက်ပေး သင်္ကေတ (ခုခေတ်တော့ အထာလေးတွေခေါ်မှာ ပေါ့နော်) လေးတွေက ဒီလိုပါတဲ့....


ယပ်တောင်လေးကို နှုတ်ခမ်းလေးမှာ ကပ်လို့ ပြုံးပြုံးလေးကြည့်နေရင်တော့ " I Don't Trust You" တဲ့


-ယပ်တောင်ကို ဘယ်ဖက်လက်ကလေးနဲ့ အသာခတ် ပြီး ပြနေပြီဆိုရင်တော့ ကိုရွှေချောကို သူမက " Don't flirt with that woman" ဆိုပြီး ပြောနေတာ ပါတဲ့..

-သူမလက်ကလေးတွေက ယပ်တောင်လေးရဲ့ အရိုးတိုင်လေးတွေပေါ်မှာ ပြေးလွှားစော့ ကစားပြနေရင် " I want to talk to you " တဲ့ အခြေအနေ ကောင်းလေးပါပဲနော..


-သူ့ကိုသူ ဖြေးဖြေးလေးယပ်ခတ်ပြနေတယ်ဆိုရင်တော့ ကိုလူချောရေ "Don't waste your time,I don't care about you" ..ဟော...အခြေအနေမဟန်ဘူး..

-ဒါပေမယ့် ခပ်မြန်မြန်လေး သူမကိုယ်သူမ ယပ်ခပ်ပြနေတာကတော့.." I Love You So Much " တဲ့ .. မြန်မြန် ခပ်ပါစေ လို့ တောင် ဆုတောင်းရမယ့်ပုံပဲ...

-အဲ..အဲ့ဒီ့ယပ်တောင်လေးကိုစုပြီး သူမနဖူးစပ်က ဆံပင်လေးတွေကို ပင့်တင်ပြနေရင်တော့ " Don't forget me" တဲ့. .ပြန်သာ သွားလိုက် သူမဆီကို....ကိုလူချောရေ..ဆက်ဆက်ပေါ့..

-ယပ်တောင်လေးကိုစု ဘယ်ညာပြောင်း ဟိုဖက်ဒီဖက် ဟိုလက်ကနေဒီလက် ပစ်ပြီးကစား နေရင်တော့ ကိုယ်လူချောက မဟုတ်တာ လုပ်နေပြီ.." I see that you are looking at another woman " တဲ့ .. သတိထားတော့နော်..ပြောနေပြီ..

-ယပ်တောက်ကိုခေါက်ပိတ်လို့ ဘယ်ဖက်လက်မှာ ချိတ်ဆွဲပြထားတယ်ဆိုတာက.." I am engaged"တဲ့..သွားမကပ်နဲ့တော့..

-ယပ်တောင်ကို ခေါက်ပိတ်လို့ ညာဖက်လက်မှာ ချိတ်ဆွဲပြထားတယ်ဆိုတာက ." I want to be engaged " ပါတဲ့............ ဘယ်သူနဲ့လည်း မသိဘူးနော်..း)

-ယပ်တောင်ကို ခပ်မြန်မြန် ခပ်ပြင်းပြင်း ခပ်ဆတ်ဆတ်ကလေး ဆောင့်ပြီး ခေါက်လိုက်တယ်၊ပိတ်လိုက်တယ်ဆို ရင်ကတော့ သူမကလေ.. " I am Jealous " ပါတဲ့ ..သ၀န်တိုနေပြီဆိုတာပေါ့..ဘာတွေလုပ်မိလို့ပါလိမ့်...သတိထား..ကိုရွှေချော..

-ယပ်တောင်ကို အမှတ်မဲ့လေး မသိမသာ(ဒါပေမယ့် သိလည်းသိသာအောင်) လွှတ်ချပြ လိုက် တယ်ဆိုတာ ကတော့.. ကိုင်မ ထား ချင် လို့၊ကိုင်ရတာညောင်းလို့ ......မဟုတ်ပါဘူး" I belong to you " တဲ့....ကိုရွှေချောတို့ဖက်ကို ပါလာပြီထင်ပါ့..း)

-ယပ်တောင်လေးကို ဘယ်ဖက်ရင်ဘတ် နှလုံးသားရှိရာနေရာ လေးပေါ်တင်လို့ ရီဝေေ၀ကြည့်နေပြီဆိုရင်တော့ ..."My love for you is breaking my heart " တဲ့ ..ကြေကွဲစရာပါပဲ....

-အဲ့ဒီ့ယပ်ကလေးနဲ့ အရာဝတ္ထု တစ်ခုခုကို ရိုက်နေ၊ပုတ်ပြနေတယ်ဆိုရင်တော့ ...ဟင်း..ရပ်ထားဆရာ.." I am impatient "
စိတ်တိုလာပြီနော်...တဲ့...

-နေရောင်လာလို့ ယပ်ကလေးနဲ့ကွယ်ရ သယောင် လုပ်လို့် ကိုရွှေချောကို စကားပြောနေရင်..ကိုယ့်လူ.." You are ugly ".. ပြန်ပေတော့ မစဉ်းစားနဲ့ ပြန်ပေတော့....

-ယပ်တောင်က ပန်းချီ(သို့) ရုပ်ပုံလေးတွေကို သေသေချာချာ စကားပြောရင်းစိုက်ကြည့်နေတယ်ဆိုရင်တော့.." I like you" တဲ့.. ခြေစစ်ပွဲ အောင်တဲ့သဘောနေမှာပေါ့နော်...

-နောက်ဆုံး သူမလက်ချောင်းလေးတွေ ကို ယပ်တောက်လေးနဲ့ တဖျတ်ဖျတ် ရိုက် ခတ်ပြ နေပြီဆိုရင်တော့. ..... တွေဝေ မနေ နဲ့တော့ ကိုလူချော...." Please Love Me" ပါတဲ့ဗျာ....ဆက်လက်ချီတက်ရန် အသင့် အနေအထားပေါ့ခင်ဗျာ...း)


အဲ့ဒါလေးတွေကတော့ ဟိုးနှစ်ပေါင်းများစွာက အနောက်တိုင်း ပါတီတွေ ပွဲလမ်းသဘင်တွေမှာ အပျိုမလေးများက ကိုလိုပျို တို့ ကို ယပ်တောင်လေးများနဲ့ မျက်နှာ အမူအယာရောလို့ (မျက်နှာအမူအယာကိုတော့ ပေါ်လွင်အောင်မရေးတတ်လို့ သည်းခံပါ) အချက်ပြ သင်္ကေတ (အထာလေးတွေ) ပေးရင်း လုပ်တတ်ကြတဲ့ ယဉ်ကျေးမှုလေးတွေ ပါတဲ့ ...

ဖတ်ပြီး စိတ်ဝင်စားမိတာနဲ့ မှတ်တမ်းတင် လိုက်မိပါတယ်......ခုခေတ်မှာတော့ ဒီလို ယပ်တောင် တွေ ကိုလည်း မသုံးဖြစ် ကြတော့တာ များသလို ဒီလို သင်္ကေတ အထာလေးတွေနဲ့ မတူတဲ့ တစ်ခြား အထာသစ် လန်းလန်း ကလေးများက လည်း ခေတ်စားချင် စားနေမှာပေါ့နော............ဘာပဲဖြစ်ဖြစ် ရာစုဟောင်းမှာ ကျန်ခဲ့တဲ့ အထာလေးတွေကို လည်းလေ့လာ ကည့်လိုက်ကြပါဦး...စမ်းကြည့်ချင်ရင်လည်း ရနိုင်ပါတယ်.. ကြိုပြီးပြောပြ ထားပေါ့ နော .. အဖော်မွန် ကို လေ ... ဇာတ်တိုက်သလို နေမှာပဲနော....HAVE FAN AND HAVE FUN...ပေါ့..

တွေ့မိတာကတော့ ဒီလိုဆိုထားတဲ့ စာစုလေးပါ...

In the past, hand fans were used not only as cooling instruments, but also as convenient communication devices, mainly for transmitting more or less furtive love messages.

A language of the fan, which is today completely forgotten, was widely used. For your amusement we have recovered a set of messages pertaining to this language, which we include here:


Resting the fan on her lips:
"I don’t trust you"

Fanning herself with her left hand:
"Don’t flirt with that woman"

Running her fingers through the fan’s ribs:
"I want to talk to you"

Slowly fanning herself :
"Don’t waste your time, I don’t care about you"

Quickly fanning herself :
"I love you so much"

Moving her hair away from her forehead.
"Don’t forget me"

Passing the fan from hand to hand:
"I see that you are looking at another woman"

Carrying the fan closed and hanging from her left hand:
"I’m engaged"

Carrying the fan closed and hanging from her right hand:
"I want to be engaged"

Quickly and impetuously closing the fan:
"I’m jealous"

Dropping the fan:
"I belong to you"

Resting the fan on her heart:
"My love for you is breaking my heart"

Hitting any object:
"I’m impatient"

Hiding the sunlight:
"You’re ugly"

Looking closely at the painting:
"I like you"

Hitting her hand’s palm:
"Love me"

မိတ်ဆွေများ အားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com





ဆက်လက်ဖတ်ရှူရန်...

နာမည်ကြီးမင်းသား




ခေတ်လူငယ်တွေ ၊ ကောင်မငယ် လေးတွေ(မြိတ်လို) အင်မတန်ကြိုက်လှပါတယ်ဆိုတဲ့ ၊ ခပ်ချောချော အဆိုတော် မင်းသား မောင်မင်းမော်ကွန်းကတော့
အခုလို သာသနာတော်ကို မလေးမစားနဲ့ ကိုယ့်ဂုဏ်ကိုယ်ဖျက် စကောလောက်မှ ဇောက်မနက်လုပ်ချလိုက်ပြန်ပါပြီ ဆိုတဲ့ ........သတင်းလေးရလို့ ပါ.....

ဘာသာတိုင်းကို လူမျိုးတိုင်းက အသီးသီး ကိုးကွယ်ရာအလိုက် အလေးထားပြီး ကိုယ့်ဘာသာ ကိုကိုယ် မြှင့်တင် တန်ဖိုးထားကြတာကိုတွေ့နေရပေမယ့်နာမည်ကြီး သရုပ်ဆောင်ကြီး ဦးဇင်ဝိုင်း ရဲ့သား နာမည်ကြီး သရုပ်ဆောင် အကယ်ဒမီ မောင်မင်းမော်ကွန်း နဲ့ အပေါင်းအပါ တစ်စုကတော့ထေရ၀ါဒ ဗုဒ္ဒဘာသာ အထွန်းကားဆုံးနေရာ ပြည်မြန်မာမှာ ဘယ်လို စိတ်ကူးပေါက်သည်မသိ...


ဗုဒ္ဒဘာသာ တစ်မျိုးလုံးရဲ့ အထွတ်အမြတ် ထားတဲ့ အနန္တောအနန္တ ငါးပါးထဲ က လက်ရှိ ကိုးကွယ်ရာ မြတ်သံဃာတော်တို့ဆင်မြန်းရာ သင်္ကန်းတော်ကို အရေခြုံလို့ မတော်တာလုပ်ပြနေတယ်ဆိုတော့ကလည်း....

မိမိကိုးကွယ်တဲ့ဘာသာကို မိမိက မှ တန်ဖိုးမထား မလေးစားရင်..... အင်း...........
ပြီးတော့ သံဃာတော်ငယ် များလည်း အတုခိုး မှားနိုင်ပါတယ်..
မောင်မင်းသားက ဒီပုံကို သူ့ရဲ့ Facebook မှာ တောင် တင် ထား သေးတယ်ဆိုတော့ တော်တော်ကို စဉ်းစားစရာ ပါပဲ .... ဘယ်လို ဖြေရှင်းချက် တွေနဲ့ ဘယ်လို ပြောမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပေါ့နော....


သင်္ကန်းတော်ကို ခြုံပြီဆိုတာနဲ့ ကိုယ်အမူအယာ နှုတ်အမူအယာတို့ကို အိနြေ္ဒနဲ့အညီ ၊သိက္ခာတော် များစွာနဲ့အညီ စောင့်ထိန်း နေထိုင်ကြရတဲ့ သံဃာတော်တွေ ကတော့ ဘယ်လိုပြောကြမယ်မသိပါဘူး...ပြီးတော့ သူ့ဖခင်နာမည်ကြီးအနုပညာရှင် ဦးဇင်ဝိုင်း ကကော ဘာပြောမလဲ..
နောက်ပြီး..ကိုမင်းမော် ကိုယ်တိုင်လည်း ဖခင်တစ်ယောက် ဖြစ်နေလေတော့..သူမွေးထားတဲ့ ရင်သွေးလေးတွေ ကို ဘယ်လို ဘယ်ပုံ သွန်သင် ဆိုဆုံးမ မယ်ဆိုတာက လည်း စိတ်ဝင်စားစရာပါပဲ...

ဒါပေမယ့် အရာအားလုံးကတော့ ကိုယ့်သမိုင်းကိုယ်ရေးကြမှာပါ....

ဘာသာတိုင်းကို လေးစားပါတယ်ခင်ဗျာ.......ဖတ်လို့အဆင်မပြေဖြစ်ရင် သည်းခံနားလည်ပေးပါ.....






ဆက်လက်ဖတ်ရှူရန်...

Saturday, July 11, 2009

Mobile Phone ထဲက " ICE "



ဒီနေ့ အလုပ်ထဲ က သူငယ်ချင်း တစ်ယောက် က ဒီလို စိတ်ဝင်စားစရာနဲ့ ကျွန်တော် သတိမထားမိတဲ့ Mobile Phone ထဲမှာ ထည့်ထား သင့်တာလေးကို ပို့ပေးလိုက်လို့ ထက်ဆင့် ဖြန့်ဝေ လိုက်ရပါတယ်..သိပြီးတဲ့သူတ္ဂေ ကတော့ အပျင်းပြေ ထပ်ဖတ်သ္ဂားပေါ့နော်.. ကျွန်တော်ကတော့ တော်တော်လေးကို သဘောကျမိလို့ ပါ...

ပြောထားတာလေးကတော့ ဒီလိုလေးပါ...
Mobile Phone တ္ဂေထဲက မိမိ တစ်စုံတစ်ခု အရေးအကြောင်းကြုံခဲ့ရင် ဘယ်သူ့ဆီကို Emergency Contact လုပ်ပေးရမလဲဆိုတာကို သက်ဆိုင်ရာက/တာဝန်ရှိသူက ဖုန်းထဲက Contacts ပေါင်းများစ္ဂာထဲက နောက်မှာ ICE (In Case Of Emergency ) ဆိုပြီး ရိုက်ထားတာကို ကြည့်ပြီး မည်သူမည်ဝါကို အကြောင်းကြားပေးရမလဲဆိုတာကို လိုအပ်သလို ဆောင်ရ္ဂက်ပေးနိုင်စေရန်ဖြစ်ပါတယ်...

We all carry our mobile phones with names & numbers stored in its memory but nobody, other than ourselves, knows which of these numbers belong to our closest family or friends. If we were to be involved in an accident or were taken ill, the people attending us would have our mobile phone but wouldn't know who to call.

Yes, there are hundreds of numbers stored but which one is the contact person in case of an emergency? Hence this "ICE" (In Case of Emergency) Campaign The concept of "ICE" is catching on quickly. It is a method of contact during emergency situations. As cell phones are carried by the majority of the population, all you need to do is store the number of a contact person or persons who should be contacted during emergency under the name "ICE" (In Case Of Emergency).

(ဒါပေမယ့် ဖုန်းတ္ဂေကို Passwords တ္ဂေ ထည့်ထားတတ်ရင်တော့ တစ်မျိုးပေါ့နော်...ကိုယ်ကလ္ဂဲရင် ဘယ်သူမှ ဖ္ဂင့်လို့ မရနိုင်လို့ပါ...)

The idea was thought up by a paramedic who found that when he went to thescenes of accidents, there were always mobile phones with patients, but they didn't know which number to call.

He therefore thought that it would be a good idea if there was a nationally recognized name for this purpose.

In an emergency situation, Emergency Service personnel and hospital Staff would be able to quickly contact the right person by simply dialing the number you have stored as "ICE."

For more than one contact name simply enter ICE1, ICE2 and ICE3 etc. A great idea that will make a difference!

Let's spread the concept of ICE by storing an ICE number in our Mobile phones today!

Please forward this. It won't take too many "forwards" before everybody will know about this it really could save your life, or put a loved one's mind at rest. ICE will speak for you when you are not able to.


*********************************************




မိတ်ဆ္ဂေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ

www.lkphyu.blogspot.com

ဆက်လက်ဖတ်ရှူရန်...

Tuesday, July 7, 2009

အားလုံး အတူတက္ဂ ညီမျှစ္ဂာ

Team work လို့ ပေးထားတဲ့ စာ တိုတို လေးတစ်ခု တ္ဂေ့လို့ ကောက်တင် ပေးလိုက်တယ်.. စာစုလေးကတော့ ပုံပြင်လေးတစ်ပုဒ် လို ရေးထားတဲ့ ဗဟုသုတ ရ,စရာလေးပဲလို့ ထင်ပါတယ်......ပုံတ္ဂေကတော့ ကိုယ့်ဘာသာ ရ္ဂေးလိုက်မိတယ် Google ကပါ ..... ပြုံးစရာ လေးတ္ဂေပေါ့ ခင်ဗျာ ..........
(ပုံတ္ဂေ က ပုံပြင်လေးကို သရုပ်ဖော်ထားတာတ္ဂေ မဟုတ်ပါခင်ဗျာ။ပျော်စရာ ဖြစ်အောင်ထည့်ထားတာပါ)

TEAM WORK





There were four people , called EVERYBODY , SOMEBODY , ANYBODY and NOBODY .....

They had to do an important job together ....

And EVERYBODY was sure that SOMEBODY would do it ...


ANYBODY
could have done it , but NOBODY did it ......


Then SOMEBODY got angry about that because it was EVERYBODY 's job.....

EVERYBODY thought ANYBODY could do it .....

But NOBODY
realized that EVERYBODY would not do it ....


It ended up that EVERYBODY blamed SOMEBODY when NOBODY did what ANYBODY could have done ....


************

ပုံပြင်ထဲမှာ ( ပုံတ္ဂေထဲမှာ မဟုတ် ဘူးနော် ..း-) လေးယောက်တည်းနဲ့ ကို ညီညီည္ဂတ်ည္ဂတ် ဖြစ်အောင် မလုပ်တတ်ရင် ရှုပ်နေတာပဲနော် .. အကယ်၍ လေးယောက်မက ပူးပေါင်း ပါဝင်ရမယ့် / သင့်တဲ့ နေရာမျိုးတ္ဂေမှာ၊ အခြေအနေမျိုးတ္ဂေမှာ ဒီလို ညီညီည္ဂတ်ည္ဂတ် မလုပ်မိကြရင် ပိုဆိုးလိမ့်မယ် ထင်ပါတယ်နော...









မိတ်ဆ္ဂေများ အားလုံး ပျော်ပါစေ

လင်းကြယ်ဖြူ
www.lkphyu.blogspot.com

ဆက်လက်ဖတ်ရှူရန်...

Sunday, June 7, 2009

စကားအင်္ဂါ ၆ ရပ် တဲ့



ဒီနေ့တော့ ကျွန်တော် ဘာရေးရမလဲ စဉ်းစားရင်း စကား ဆိုတာလေးသ္ဂားသတိရမိလို့ ပါ။ ကျွန်တော်တို့ နေ့တိုင်းစကားပြောဖြစ်ကြပါတယ်။စီးပ္ဂါးရေး ၊ ဘာသာရေး ၊လူမှုရေး..ဘာရေးညာရေး စသည်လို့ပေါ့နော်။ဒီလိုစကားတ္ဂေပြောနေတိုင်း မြန်မာတို့မှာ ပညာရှိများက ရေးသားဖော်ပြထားတဲ့ စကားအင်္ဂါ ၆ ရပ်ဆိုတာလေးကို သ္ဂားသတိရမိပါတယ်။ဒါကတော့ ကျွန်တော်တို့အတော်များများ သိပြီးသားတ္ဂေပါပဲ ။ဒီတော့ ခုခေတ်က တော်တော်လေးကို စကားပြောရတဲ့ခေတ်ဆိုတော့ စာအုပ်တ္ဂေထဲမှာ နစ်မြုပ်နေတဲ့ စကား အင်္ဂါ ၆ ရပ်ဆိုတာလေးကို တင်ပြပေးလိုက်ပါတယ်။


(အော်..By the way ,ပညာရှိ သူတော်ကောင်းတ္ဂေကတဲ့ နံပါတ် ၃ နဲ့ ၆ တို့ကို သာ ပြောလေ့ရှိပါတယ်လို့ ပြောထားတာကို မှတ်သားရပါတ
ယ်။)

၁။မဟုတ်မမှန်သကဲ့သို့ အကျိုး မရှိသည့် အပြင် လူအပေါင်းတို့သည်လည်းမနှစ်သက်သောစကား။


၂။ဟုတ်၏ မှန်၏၊သို့သော် အကျိုးမရှိချေ။လူအပါင်းတို့သည်လည်းမနှစ်သက်သောစကား။

၃။ဟုတ်၏ မှန်၏၊အကျိုးလည်းရှိ၏ ၊ သို့သော် လူအပေါင်းတို့မနှစ်သက်သောစကား။

၎။မဟုတ်မမှန် အကျိုးလည်းမရှိ ၊သို့သော် လူတို့နှစ်သက်သောစကား။

၅။ဟုတ်၏ မှန်၏ ၊အကျိုးမရှိ ၊ သို့သော် လူအပါင်းနှစ်သက်သောစကား။


၆။
ဟုတ်မှန်သကဲ့သို့ အကျိုးလည်းရှိကာ လူအပေါင်းတို့ ကလည်း နှစ်သက်သောစကား။

စသည်ဖြင့် မှတ်သားရပါတယ်။





မိတ်ဆ္ဂေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

ဆက်လက်ဖတ်ရှူရန်...

Friday, June 5, 2009

အရမ်းကောင်းတဲ့ မြန်မာ့ ပန်းပု များ နဲ့ နာဂစ်မိသားစု

ကျွန်တော် ရန်ကုန်ကိုရောက်တော့ မေလ ၂ ၇က် နေ့ ၊ရောက်ပြီး တာနဲ့ ကြားရတာက ပန်းပုပြပ္ဂဲကြီး အကြီးအကျယ်လုပ်နေတယ်တဲ့။ နေရာက ဆရာစံလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းထောင့် က ဆရာစံပလာဇာမှာ ။ပန်းပုပြပ္ဂဲ ရဲ့ နာမည်က နာဂစ်နှစ်ပတ်လည် ပန်းချီ၊ပန်းပု ပြပ္ဂဲ၊ပြိုင်ပ္ဂဲ တဲ့..

အော်…အသက်ပေါင်းများစ္ဂာ၊ဘ၀ပေါင်းများစ္ဂာ၊ မျှော်လင့်ချက်ပေါင်းများစ္ဂာ ကို နှုတ်ယူနင်းခြေသ္ဂားတဲ့ နာဂစ် မုန်တိုင်း လေဆိုးရိုင်းကြီး တိုက်ခတ်ပြီးခဲ့တာ တစ်နှစ်ကျော်တောင်ရှိခဲ့ပါ ပေါ့လား…….......

ဒီပြပ္ဂဲမှာ အသုံးပြုတဲ့ ပန်းပုထုဖို့ သစ်သားတ္ဂေကတော့ နာဂစ်မုန်တိုင်းဒဏ်ကြောင့် လဲပြိုခဲ့ရတဲ့ သစ်ပင်ကြီးတ္ဂေကို လေလံဆ္ဂဲသူက ဆ္ဂဲပြီး အဲ့ဒါတ္ဂေကို အသုံးချ လို့ မြန်မာနိုင်ငံတစ်ဝှမ်းလုံး က ပန်းပုပညာရှင် အယောက် ၃၀၀ ကို ဖိတ်ခေါ် ယှဉ်ပြိုင်စေခဲ့ပါတယ်။

ပထမဆုကို မြန်မာကျပ်င္ဂေ သိန်း ၃၀ ၊ဒုတိယဆုကို မြန်မာကျပ်င္ဂေ သိန်း ၂၀၊ တတိယဆုကို မြန်မာကျပ်င္ဂေ ၁၀ သိန်း အစရှိလို့ ချီးမြှင့်ခဲ့ပါတယ်။ပြတာကတော့ ပန်းပုကိုဦးစားပေးလို့ ပန်းချီကိုပါ ယှဉ်ပြိုင်စေခဲ့တာပါ။ဒီထဲကမှကျွန်တော်ရော မြင်ရကြည့်ရသူအပေါင်းကို ပါ ဆ္ဂဲဆောင်သ္ဂားတဲ့ ပထမဆုရ ပန်းပုလေးကို တင်ပြပေးမယ်နော်။ဒီပန်းပုလက်ရာလေးကို ပန်းပုဆရာကိုယ်တိုင်ကတော့ဘယ်လိုအမည်ပေးချင်သလဲ၊ဘယ်လိုအမည်ပေးထားသလဲမသိ။ကြည့်ရှုအားပေးသူတ္ဂေကတော့ တူညီစ္ဂာ နာမည်တပ်လိုက်ကြတာ……. “နာဂစ် မိသားစု”.... တဲ့…….



ဒီပန်းပုလေးမှာ သရုပ်ဖော်ထားတာကတော့ …
နာဂစ်မုန်တိုင်းကြမ်းကြီး ကြောက်မက်ဖ္ဂယ် တိုက်ခတ်နေစဉ်မှာ ရေတ္ဂေမြင့်တက်နေတုန်း သစ်ပင်တစ်ပင်ကို မိသားစုတစ်စုက အားကိုးတကြီးဖက်တ္ဂယ်ရင်း မုန်တိုင်းဒဏ်ကို အလူးအလဲ ကြံ့ကြံ့ခံရင်ဆိုင် နေရတဲ့သရုပ်ဖော်ပုံလေးဖြစ်ပါတယ်။

ဒီမှာမိဘကိုအားကိုးတကြီးကြောက်လန့်တကြားတ္ဂယ်ဖက်ထားရတဲ့သားသမီးလေးတ္ဂေ။မုန်တိုင်းဒဏ်ကိုအံတုလို့ သစ်ပင်ကို ဆ္ဂဲကိုင်ရင်း မိမိလက်ထဲက ကလေးငယ်ကိုမြဲမြဲ ကိုင်တ္ဂယ်ထားတဲ့ ဒုက္ခတ္ဂေကြားထဲ က ဖခင်တစ်ယောက် နဲ့ ၀မ်းနည်း၊ကြောက်ရ္ဂံ့ ထိတ်လန့်၊စိတ်ဓါတ်ကျနေတဲ့ မျက်နှာဖြင့် ဘေးဆိုးကို ရင်ဆိုင်ရင်းက သားသမီးလေးတ္ဂေကို မြဲမြဲ ဖက်ရင်းကာက္ဂယ်ပေးနေတဲ့ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်တို့ရဲ့ အေးမြမေတ္တာနဲ့ခံစားနေရတဲ့ဒုက္ခကိုပီပီပြင်ပြင် ဖော်ကျူးထားပါတယ်။
အဲ..သူတို့ရဲ့ အောက်ကရေစပ်ထဲမှာ အိမ်က ခ္ဂေးလေးတစ်ကောင်ကလည်း အတူတူ တ္ဂယ်ကပ်လို့ ပေါ့။

ဒီပန်းပုလေးကိုကြည့်ရသူအပေါင်းဟာလည်း နာဂစ်မုန်တိုင်းသင့် အမိမြန်မာနိုင်ငံသားများရဲ့ ခံစားရသမျှ ဘေးဒုက္ခတ္ဂေကို ကိုယ်ချင်းစာမြင်ယောင်ရင်းက ပန်းပုလေးကို လ္ဂမ်းလ္ဂမ်းဆ္ဂေးဆ္ဂေးငေးမောကြည့်ရှုရင်း ကြည့်မ၀နိုင်အောင် ခံစားအားပေး လို့နေခဲ့ကြပါတော့တယ်ခင်ဗျာ…..

အော်…အသက်ပေါင်းများစ္ဂာ၊ဘ၀ပေါင်းများစ္ဂာ၊ မျှော်လင့်ချက်ပေါင်းများစ္ဂာ ကို နှုတ်ယူနင်းခြေသ္ဂားတဲ့ နာဂစ် မုန်တိုင်း လေဆိုးရိုင်းကြီး တိုက်ခတ်ပြီးခဲ့တာ တစ်နှစ်ကျော်တောင်ရှိခဲ့ပါပေါ့လား……..

ဒီအောက်မှာ တော့ နောက်ထပ်ပန်းပုလက်ရာကောင်းကောင်းတ္ဂေကို ဆက်လက်ရှုစားပါခင်ဗျာ

န္ဂားနှစ်ကောင်တပ် မြန်မာ့ န္ဂားလှည်းကြီး

မြန်မာ ခြင်္သေ့ နဲ့ တရုတ်ခြင်္သေ့ ဘယ်ကောင်ပိုခန့်လဲ

လူမျက်နှာပုံကြီး အကြီးကြီးပဲ ခင်ဗျ

ဒီပုံက ဘုရား၊တရား၊သံဃာ၊အဖိုးအဘ္ဂား၊မိဘ၊ဆရာ၊ရင်သ္ဂေး စတာတ္ဂေကို ဆင့်ပြီးထုထားတဲ့ ပန်းပု

ဒီလို စားပ္ဂဲခုံမျိုးနဲ့ ထမင်းထိုင်စားရလို့ကတော့ ရှယ်ပဲနော်

ဓါတ်ပုံမရိုက်ရဆိုတဲ့ စည်းကမ်းကြားကနေ ပန်းပုရုပ်တ္ဂေကြားက ကျွန်တော့လိုပဲ ဓါတ်ပုံရိုက်နေတဲ့ သူငယ်ချင်း


ဝင်ဝင်ချင်း ခြံထဲက သစ်ငုတ်ထဲက ပုတ်သင်ညိုကြီး အကြီးကြီးပ

အဲ .....ဒါကတော့ ပျူစောထီးတဲ့ တော်တော် ခန့်တဲ့ပုဂ္ဂိုလ်ပဲခင်ဗျ အမြင့်ကြီးထုထားတာအကြီးကြီးပဲ

ကျွန်တော်ကြားရသလောက်ကတော့ ဒီပန်းပုတ္ဂေထဲက တစ်ချို့ ကို Singapore ကို သယ်ပြီး ပြပ္ဂဲ၊ရောင်းပ္ဂဲ လုပ်ဦးမယ်ဆိုတာရယ်..နောက်တော့ မြန်မာပြည်မှာ ကမ္ဘာ့အကြီးဆုံး ပန်းပု ပြတိုက်ကြီး ကို အကောင်အထည်ဖော်မယ်ဆို တာပါပဲ။

ဘယ်လိုပဲ ပြောပြော မြန်မာ့ ပန်းပု လက်ရာဟာ ကမ္ဘာမှာ ဘယ်လိုမှ အဆင့်မနိမ့်ဘူးဆိုတာရယ် ၊ မြန်မာပြည်မှာ အခုလို ပညာရှင်တ္ဂေ အတော်များများ ရှိနေပါလားဆိုတာရယ်ကို တ္ဂေးလို့ အင်မတန်မှ လက်ရာကောင်းမ္ဂန်တဲ့ မြန်မာ့ ပန်းပုလက်ရာတ္ဂေကို ကြည့်ရှုခံစားရသူ အပေါင်းဟာ ဒီပန်းပုပြခန်းထဲမှာ မင်သက်ရင်း ကြည့်မ၀နိုင်အောင် ဖြစ်ခဲ့ကြရပါတော့တယ်ခင်ဗျာ။

အော်..အသက်ပေါင်းများစ္ဂာ၊ဘ၀ပေါင်းများစ္ဂာ၊မျှော်လင့်ချက်ပေါင်းများစ္ဂာကို နှုတ်ယူနင်းခြေသ္ဂားတဲ့ နာဂစ်မုန်တိုင်း လေဆိုးရိုင်းကြီး တိုက်ခတ်ပြီးခဲ့တာ တစ်နှစ်ကျော်တောင်ရှိပါ ပေါ့လား.........................

မိတ်ဆ္ဂေများအားလုံးပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

ဆက်လက်ဖတ်ရှူရန်...

Friday, May 1, 2009

နောက်မှတ္ဂေ့မယ်နော်


ကျွန်တော်စောင့်နေတဲ့ရက်ကိုရောက်လာပြီမို့ ခရီးထ္ဂက်သ္ဂားပါတယ်။ချစ်ညီအစ်ကိုမောင်နှမများ အားလုံးကို သတိတရ ရှိနေပါတယ် ဆိုတာလေးကိုပြောရင်း ကျွန်တော် ခရီးသ္ဂားနေစဉ် Post တင်တာလေးတ္ဂေ နည်းနည်း ပျက်က္ဂက်မှာသေချာလို့ ကြိုတင်တောင်းပန်ပါတယ်။

ခရီးက ပြန်ရောက်ရောက်ချင်း ပထမဆုံးလုပ်မှာကတော့ မိတ်ဆ္ဂေတ္ဂေဆီကို အလည်သ္ဂားဖို့ ဆိုတာပါပဲ။ဒီကြားထဲလည်း အဆင်ပြေရင်ပြေသလိုတတ်နိုင်သလောက်တော့ကြိုးစားရေးကြည့်ပါမယ်ခင်ဗျာ။

ကျွန်တော်မရှိစဉ်မှာ ဒီ စာမျက်နှာလေးကို လာရောက်လည်ပတ် အားပေးကြသူအပေါင်းကို လည်း (အိမ်စောင့်ပေးသူ ဘော်ဒါ များအပါအ၀င်) လေးစားစ္ဂာ ကျေးဇူးတင် ပါတယ်။ အဝေးရောက်နေလို့ ဧည့်ဝတ်မကျေသလိုဖြစ်ခဲ့ရင် နားလည်ခ္ဂင့်လွှတ်ပေးကြပါလို့ မေတ္တာတောင်းခံရင်း ရောက်လာသမျှ မိတ်သဟာ အပေါင်း တို့ ကို ...
ပျော်ရွှင် ချမ်းမြေ့ကြပါစေကြောင်း ဆုမ္ဂန်တောင်းလိုက်ပါတယ်ခင်ဗျာ။

အားလုံးကိုသတိရနေပါတယ်နော်...



မိတ်ဆ္ဂေများအားလုံး ပျော်ပါစေခင်ဗျာ

လင်းကြယ်ဖြူ

www.lkphyu.blogspot.com

ဆက်လက်ဖတ်ရှူရန်...

Friday, April 24, 2009

ကျွန်တော့်ရဲ့ Vacation


ကျွန်တော်....တော်တော်လေးကိုပျော်နေပါတယ်(အရည်မဟုတ်ပါ)။အလုပ်လုပ်ဖို့ကလည်းကြားထဲမှာ၎ရက်လောက်ပဲကျန်တော့တယ်။
ပြီးတော့ဝယ်စရာတ္ဂေလည်းဝယ်ပြီးပြီ။Luggage ကလည်း Hand Carry ပဲပြင်ဖို့ကျန်တော့တယ်။

သြော်..ဘာလဲဆိုတာ ပြောဖို့မေ့နေတယ်။ပျော်လို့ပါ။ကျွန်တော် ပြည်တော်ကို ၄၅ ရက် Vacation ပြန်ခ္ဂင့်ရလို့ပါပဲ။
နောက်တစ်ပတ် သောကြာနေ့ (1-05-09)မှာ Silk Air (Singapore Airline) ကြီးကို ပျော်ပျော်စီးပြီး သူငယ်ချင်း နှစ်ယောက်နဲ့ အတူ ပြည်တော်ကို ခ္ဂင့်ရက်ရှည် ပြန်တော့မှာမို့ပါ။နောက်နေ့ 2-05-09 မှာတော့ Singapore အချိန်မနက်အစောကြီး ၆ နာရီလောက် လေဆိပ်ကို Arrival ရောက်မယ်လို့ခန့်မှန်းထားပါတယ်။Transit သက်သက်ပါ။ခဏလေးပါပဲ။ပြီးတော့မှ အဲ့ဒီ့နေ့မှာပဲ Singapore အချိန် မနက် ၈ နာရီ လောက်ကြရင် ပြည်တော်ကို ပြန်ဖို့ နောက်ထပ်ခရီးဆက်ရပါမယ်။၂နာရီလောက် ပဲပေါ့ လေဆိပ်ထဲမှာ..
ဘာကြောင့်ပြောရသလဲဆိုရင် Vacation ကာလမှာ ကျွန်တော့်ရဲ့ ချစ် မိဘနှစ်ပါး ရယ် ကျွန်တော့် အစ်မကြီးရယ် ကို တ္ဂေ့ပြီး အလှူတ္ဂေလည်းလုပ်စရာရှိလို့ပါ။မိတ်ဆ္ဂေတ္ဂေကို ဖိတ်တယ်နော်။မလာနိုင်လည်း သာဓု ခေါ်ပေါ့။

နောက်တစ်ချက်ကတော့ အားလုံးသိတဲ့အတိုင်း Network က ကြည်သာမယ် ဆိုရင်တော့ Blogging ကို ကောင်းကောင်းလုပ်နိုင်ပေမယ့်။မကြည်သာခဲ့ရင်တော့ နှစ်လ နီးပါး လင်းကြယ်ဖြူ တစ်ယောက် မဘလော့ခ် နိုင်မယ့်အရေးတ္ဂေးပြီး မိတ်ဆ္ဂေညီအစ်ကိုမောင်နှမတ္ဂေ ကို သတိရနေမယ်ဆိုတာလေးကို အလ္ဂမ်းသယ်ချင်လို့ပါ။

ကျွန်တော် တကယ်လို့ ကျွန်တော့် Blog လေးမှာ နှစ်လနီးပါးလောက် ဧည့်ဝတ်မကျေနိုင်ခဲ့ရင်လည်း ဆက်လက် အားပေးကြပါဦးလို့ မေတ္တာရပ်ခံ ပါတယ်နော်။အဲ့ ဒီ့ ရက်တ္ဂေမှာလည်း ရ ရင်ရသလို ၊ အဆင်ပြေရင်ပြေသလို မရ ရအောင်တော့ ရေးပါမယ်။ချစ်မိတ်ဆ္ဂေတ္ဂေနဲ့လည်း အတတ်နိုင်ဆုံး Keep in Touch နိုင်အောင်ကြိုးစားမယ်။

Singapore Airport ရောက်လို့ Transit နားနေတဲ့ အချိန်မှာလည်း တ္ဂေ့သမျှမြင်သမျှ Observe လုပ်ပြီး ဗဟုသုတရစရာလို့ထင်ရာမြင်ရာလေးတ္ဂေကို လည်း တင်နိုင်အောင်(ဖြစ်နိုင်ရင် Transit မှာစောင့်နေရတုန်း အင်တာနက် အဆင်ပြေရင်) တင်ပြပေးချင်ပါတယ်။

ပထမတော့ စလုံး (စင်ကာပူ) ဆိုတာကို ၀င်လည်ဖို့ပါပဲ။နောက်တော့ သူငယ်ချင်းတ္ဂေက Urgent ကိစ္စလေးတ္ဂေရှိနေတယ်ဆိုတာနဲ့ လက်လျော့လိုက်ရပါတယ်။နောက်နှစ်တော့ အဆင်ပြေရင် (သို့) အကြောင်းတိုက်ဆိုင်ရင် Singapore ကို ၀င်လည်ဖို့ Plan လေးတော့ ဆ္ဂဲ ထားပါတယ်ခင်ဗျာ။ဒီတော့မှ Singapore မှာ မှီတင်းနေထိုင်ကြပါကုန်သော Blogger ညီအစ်ကို မောင်နှမတ္ဂေကို လည်း အခ္ဂင့်သင့်ရင် ၀င်တ္ဂေ့လို့ရချင်ရမှာပေါ့နော်။ဒီတော့မှ ပျော်ပျော်ပါးပါး မုန့်ဝယ်စားကြတာပေါ့ ။ဘယ်သူသိနိုင်မလဲ ကျွန်တော်တို့တ္ဂေရဲ့ ရေစက် ကို။ဖြစ်နိုင်ရင်တော့ အားလုံးကို တ္ဂေ့ချင်တာပါပဲ။

ညီမငယ် မေသစ္စာမောင် ၊ ညီမငယ် ကြယ်ဖြူစင် ကတော့ လာလည်ပါတဲ့။ကြည့်ရတာ မုန့်ဝယ်ကျွေးမယ်ထင်တယ်။(နောက်တာပါ)။အစ်မ မေတ္တာရောင်ပြန် ကလည်းဖိတ်ထားတယ်။လာရင်နန်းကြီးသုတ်ကျွေးမယ်တဲ့န္ဂေးန္ဂေး ကလည်းလာလည်ပါတဲ့ ဒါပေမယ့် ၀က်သားဒုတ်ထိုး ၊ငဖယ်သုတ်တ္ဂေ စားချင်လို့ မနာလိုဖြစ်နေတယ်ဆိုပြီး နောက်တယ်။မိုးခါး ကလည်း တ၀ကြီးပျော်ပါစေတဲ့။ကိုဝင်းဇောနဲ့ ကိုစနေသား တို့ကတော့ အဆင်ပြေအောင် ဆုတောင်းပေးကြတယ်။

မည်သို့ပင်ဆိုစေကာမူ အလျင်းသင့်သလို ဘော်ဒါတ္ဂေရဲ့Blog အိမ်တ္ဂေကိုတော့ မ ရ ရအောင်ကိုလာလည်နေပါဦးမယ် ဆိုတာ လေးကို ပြောပါရစေ။
အဲ့ဒီ့တော့

လင်းကြယ်ဖြူ

အင်တာနက်စာမျက်နှာ လေးရဲ့ ပိုင်ရှင် ကျွန်တော်က လေးစား ချစ်ခင် ရပါသော ညီအစ်ကိုမောင်နှမများ ထံ ခ္ဂင့်ပန်လိုက်ရင်း
ထုံးစံအတိုင်း

မိတ်ဆ္ဂေများအားလုံး ပျော်ပါစေ လို့ ဆုမ္ဂန်ကောင်းတောင်းလိုက်ပါတယ် ခင်ဗျာ.....

လင်းကြယ်ဖြူ


www.lkphyu.blogspot.com

(မပြန်ခင်အချိန်ရရင် တစ်ခုခုတော့ ဒီကြားထဲ (တစ်ပတ်) မှာ ရေးနိုင်အောင်ကြိုးစားမယ်နော်။မရေးဖြစ်ရင်တော့ စိတ်မရှိကြပါနဲ့ ခင်ဗျာ လို့လေးစားစ္ဂာတောင်းပန်ပါတယ်)



ဆက်လက်ဖတ်ရှူရန်...

Saturday, April 18, 2009

နှလုံးသားရေးရာ

မနေ့ကအလုပ်ထဲက E-mail ကို ၀င်လာတဲ့ Heart Attack နဲ့ပတ်သက်တာလေး ကို ဝေမျှချင်ပါတယ်။ဟုတ်သည်ရှိ မဟုတ်သည်ရှိ Knowledge တစ်ခုတော့တိုးတာပေါ့နော်။အောက်မှာဖတ် ကြည့်လိုက်ပါဦး။




A good article for ... Heart Attack

If everyone who reads this message sends it to maximum people, you can be sure that we'll save at least one life. Read this & Send to a friend. It could save a life. So, please be a true friend and send this article to all your friends you care about..
There may be something to this
Heart Attacks And Drinking Warm Water
This is a very good article. Not only about the warm water after your meal, but
About
Heart Attacks
The Chinese and Japanese drink hot tea with their meals, not cold water, maybe it is time we adopt their drinking habit while eating.For those who like to drink cold water, this article is applicable to you. It is not advisable to have a cup of cold drink after a meal. However, the cold water w ill solidify the oily stuff that you have just consumed. It will slow down the digestion. Once ! this 'sludge' reacts with the acid, it will break down and be absorbed by the intestine faster than the solid food.. It will line the intestine. Very soon, this will turninto fats and lead to cancer . It is best to drink hot soup or warm water after a meal.

Common Symptoms Of Heart Attack....
A serious note about heart attacks - You should know that not every heart attack symptom is going to be the left arm hurting .. Be aware of intense pain in the jaw line .You may never have the first chest pain during the course of a heart attack. Nausea and intense sweating are also common symptoms. 60% of people who have a heart attack while they are asleep do not wake up. Pain in the jaw can wake you from a sound sleep. Let's be careful and be aware.The more we know, the better chance we could survive.
A cardiologist says if everyone who reads this message sends it to 10 people, you can be sure that we'll save at least one life. Read this & Send to a friend. It could save a life. So, please be a true friend and send this article to all your friends you care about..
DRINK WATER ON EMPTY STOMACH
It is popular in Japan today to drink water immediately after waking up every morning. Furthermore, scientific tests have proven its value. We publish below a description of use of water for our readers. For old and serious diseases as well as modern illnesses the water treatment had been found successful by a Japanese medical society as a 100% cure for the following diseases: Headache, body ache, heart system, arthritis, fast heart beat, epilepsy, excess fatness, bronchitis asthma, TB, meningitis, kidney and urine diseases, vomiting, gastritis, diarrhea, piles, diabetes, constipation, all eye diseases, womb, cancer and menstrual dies orders, ear no! se and throat diseases.
METHOD OF TREATMENT
1. As you wake up in the morning before brushing teeth, drink 4 x 160ml glasses of water
2. Brush and clean the mouth but do not eat or drink anything for 45 minutes

3. After 45 minutes you may eat and drink as normal.

4. After 15 minutes of breakfast, lunch and dinner do not eat or drink anything for 2 hours

5. Those who are old or sick and are unable to drink 4 glasses of water at the beginning m a y commence by
taking little water ! and gradually increase it to 4 glasses per day.

6. The above method of treatment will cure diseases of the sick and others can enjoy a healthy life.

The following list gives the number of days of treatment required to cure/control/ reduce main diseases:
1. High Blood Pressure - 30 days
2. Gastric - 10 days
3. Diabetes - 30 days
4. Constipation - 10 days
5. Cancer - 180 days
6. TB - 90 days
7. Arthritis patients should follow the above treatment only for 3 days in the 1st week, and from 2nd week onwards - daily.

This treatment method has no side effects, however at the commencement of treatment you may have to urinate a few times. It is better if we continue this and make this procedure as a routine work in our life.
Drink Water and Stay healthy and Active. This makes sense.... the Chinese and Japanese drink hot tea with their meals .not cold water. maybe it is time we adopt their drinking habit while! e eating!!! Nothing to lose, everything to gain... ;For those who like to drink cold water, this article is applicable to you.

မိတ်ဆ္ဂေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

ဆက်လက်ဖတ်ရှူရန်...

Friday, April 17, 2009

မြန်မာ့ နှစ်သစ်ရောက်ပြီ


ဒီနေ့ နှစ်ဟောင်းကုန်လို့ မြန်မာ့ နှစ်သစ်အချိန်ကို ရောက်ပါပြီ။နှစ်ဆန်း ၁ ရက်နေ့။

အားလုံးသော မိတ်ဆ္ဂေအပေါင်းတို့သည်ယနေ့မှစလို့ နောင် နှစ်သစ်ရဲ့အချိန်များစ္ဂာတ္ဂေ(အကြိမ်များစ္ဂာ)တိုင်းမှာလည်း နှစ်သစ်များရဲ့ အေးမြခြင်းလေပြည်တ္ဂေကို ရှူရှိုက်နိုင်ကြပြီးလျှင် အားမာန်သစ်များ၏အရှိန်အဟုန်တို့ကြောင့် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပြီး ကောင်းသောလိုအင်ဆန္ဒများ စိတ်အစဉ်ရှိတိုင်း အထမြောက် ပြည့်ဝနိုင်ကြပါစေလို့


ဒီ
" လင်းကြယ်ဖြူ " အင်တာနက်စာမျက်နှာလေးရဲ့ ပိုင်ရှင်မှ ဆုမ္ဂန်ချွေလိုက်ပါတယ်ခင်ဗျား။ ။


ကိုယ့်အတ္ဂက်
အဟောင်းဆိုတဲ့ နှစ်ကိုချန်ခဲ့ပေမယ့်
အဲ့ဒီ့ အဟောင်းက သင်ခန်းစာတ္ဂေ၊အတ္ဂေ့အကြုံတ္ဂေ
ခံစားမှုတ္ဂေနဲ့
ခင်းကျင်းပေးထားမယ့် နှစ်သစ်လမ်းကို
စိတ်သစ် အားမာန်သစ်များစ္ဂာထည့်လို့
ရင့်ကျက်မှုသဘာတ္ဂေထပ်လောင်းပြီး

လမ်းခရီး ကောင်းကောင်း မကောင်းကောင်း
အဆုံးတိုင်အောင်
လိုရာခရီး သတိကပ်ပြီး ဆက်ကာခရီး နှင် နေရပါဦးမယ်။


ခရီး နှင် နေပါဦးမယ်.........

ခရီး နှင် လိုက်ပါဦးမယ်......



မိတ်ဆ္ဂေများအားလုံး၏ ကောင်းရာသ္ဂားသောလိုတဲ့ခရီး ဖြောင့်ဖြူးလို့ ပျော်ပါစေ

လင်းကြယ်ဖြူ
www.lkphyu.blogspot.com


ဆက်လက်ဖတ်ရှူရန်...

Tuesday, April 14, 2009

သင်္ကန္တ

သြော်..အဲ့ဒီ့ သင်္ကန္တ ကူးပြောင်းတဲ့လ... စိတ်ထဲရှိနေတာတ္ဂေကို ကဗျာလေးနဲ့ ဖော်ကြူးလိုက်ပြန်ပါတယ်။ဒီသင်္ကြန်မပြီးမချင်းတော့ မိတ်ဆ္ဂေများ လည်း ကျွန်တော့်ရဲ့ ကဗျာဒဏ်တ္ဂေတော်တော်ခံနေရပေဦးမယ်။သည်းခံပြီးသာ ဖတ်ပေးကြပါတော့ခင်ဗျာ။
အားပေးသမျှ မိတ်ဆ္ဂေတ္ဂေ(Blogger ညီအစ်ကိုမောင်နှမများ)ကို အစဉ်လေးစားလျက် ကျေးဇူးပါလို့။



သြော်..
အဲ့ဒီ့ သင်္ကန္တ
ကူးပြောင်းတဲ့လ
တန်ခူးလေနဲ့ ပိတောက်ဝါကြား
တစ်ယောက်တစ်ပြန် သ္ဂန်းလောင်းတဲ့ရေစဉ်
န္ဂေအလျင် အပူပင် ပျောက်စေတော့သလား
မှောက်မှားမိစိတ်စဉ်ရယ်
ကြိတ်ဘ၀င်
တကယ်ဆန်းလို့
ရွှင်လန်းတယ်လေး ။ ။

စာဆို တော်- လင်းကြယ်ဖြူ
(စာဆိုတာကို တော်ပါတော့လို့ခဏခဏအပြောခံရလ္ဂန်းလို့ စာဆိုတော် အမည်တ္ဂင်ပါတယ်)
သင်္ကြန်လ္ဂမ်းလို့ ရေးမိရေးရာ ကောက်ခါငင်ခါ ရေးမိသည်။



မိတ်ဆ္ဂေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com



ဆက်လက်ဖတ်ရှူရန်...

Monday, April 13, 2009

နှစ်သစ်ဆုတောင်း

မြန်မာ့နှစ်သစ်ကူးအချိန်ကာလမှာ ပိတောက်ဝေေ၀ သင်္ကြန်ရေနဲ့ အတူ ကျွန်တော့် မိတ်ဆ္ဂေ၊ညီအစ်ကို ၊မောင်နှမ များအားလုံး အေးမြ၊ကြည်နူး၊လန်းဆန်း ပျော်ရွှင်နိုင်ကြပြီး ဘေးရန်ကင်းက္ဂာ ကျန်းမာကြပါစေလို့ နှစ်သစ်ဆုမ္ဂန် ချွေလိုက်ပါတယ်ခင်ဗျာ။

မိတ်ဆ္ဂေများ အားလုံးပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

ဆက်လက်ဖတ်ရှူရန်...

Sunday, April 12, 2009

သင်္ကြန်မှာ သူမပါမပြီးပါ

သူများတ္ဂေကဗျာရေးတာ အားကျလို့ သင်္ကြန်အတ္ဂက် ကျွန်တော်သန်ရာသန်ရာ (စိတ်ထဲမှာရှိနေတာ) ကို စာစီရေးလိုက်မိပါတယ်။
ကျွန်တော့်စိတ်ထဲ ရှိနေတာ ဘာလဲဆိုတာတော့ အောက်မှာပဲဖတ်ပြီးစဉ်းစားကြည့်ကြပါတော့ခင်ဗျာ။




သင်္ကြန်မှာ သူမပါမပြီးပါ
လူတကာလည်း ကြိုက်ကြတယ်
မိုက်လှတယ် အရသာ
မျှကာလေ ကြိတ်ဆ္ဂဲလို့
စိတ်ထဲမှာ စပ်တယ်ဆို
မှတ်ပါလို မျိုမိတဲ့ ငရုပ်
အရှုပ်လုပ်လို့ထည့်သည်မဆိုနဲ့
မျိုသာမျို အံကြိတ်လို့
အသံတိတ်ကာ ဆိတ်ဆိတ်နေ
ကျိတ်မှိတ်လေ မနေတတ်က
အနေကြပ်အောင် ရယ်ကာလှောင်ကြမယ်
ပြောင်စ တာမို့ စိတ်မရှိပါဘု
သိပ်သိရင် ဖြေလိုက်ပါ
ေ၀၀ိုက်ကာ ကဗျာရေးတာက
ဘာလေးတဲ့လေး ။ ။


မိတ်ဆ္ဂေများအားလုံးပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com







ဆက်လက်ဖတ်ရှူရန်...

Wednesday, April 8, 2009

မီးပ္ဂိုင့်လေးနဲ့ မြူးကြပါစို့


ကဲသင်္ကြန်လဲနီးလာပြီဆိုတော့အကျိုးရှိရှိလေးဖြစ်သ္ဂားအောင်ဘာရေးရရင်
ကောင်းမလဲဆိုပြီးစဉ်းစားနေတုန်းဗြုန်းဆို အရက်၊ယမကာအကြောင်းနဲ့ပတ်သက်တာလေးသ္ဂား စဉ်းစားမိတယ်။သန်ရာသန်ရာတော့မဟုတ်ရပါဘူး။သင်္ကြန်မှာ ပျော်ပျော်ကြီးဆင်နွှဲကြမယ့်ယမကာကြိုက်တတ်(သို့)အစမ်းဆိုပြီး (ချမ်းလို့ဆိုပြီး)မှီဝဲကြချင်သူတ္ဂေ ကို အန္တရာယ် ကင်းကင်းနဲ့ ပျော်ကြစေချင်တဲ့ အပြုသဘောလေးနဲ့သိတာလေးကို သတိပေးရေးတော့မယ်နော်။မသောက်တတ်သူတ္ဂေကိုသောက်တတ်အောင် ဆ္ဂယ်တာမဟုတ်ရပါပဲ သောက်ကျင့်(သောက်လေ့သောက်ထအကျင့်ရှိသူတ္ဂေကိုပြောတာ) ရှိသူတ္ဂေကိုသာ ဆင်ချင်စရာပေးလိုက်တဲ့ အပြုသဘောလေးဖြစ်ပါတယ်။ဒီ Post ကို ဖတ်လို့မသင့်တော်တဲ့သူတ္ဂေ၊အဆင်မပြေဖြစ်ရတယ်ဆိုတဲ့ သူတ္ဂေ ကိုတော့ လေးစားစ္ဂာတောင်းပန်ပါရစေ။ပညာပေး Knowledge သက်သက်လေးပါခင်ဗျာ။







ကဲ စလိုက်ရအောင်။အရက် Alcohol ဆိုတာကိုရောင်းသူဖြစ်စေ၊၀ယ်ယူအားပေးသူဖြစ်စေ ပထမဦးစ္ဂာ သိထားသင့်တာကတော့ နိုင်ငံတကာ ဥပဒေလေးကို လိုလိုမယ်မယ်အရင်ပြထားချင်တယ်။ဒီလိုတဲ့

Legal Implications
Reasonable Grounds for Refusal: = The prospective guest is in an unfit state to be received I.e. as a result of intoxication(အရက်အမူးလ္ဂန်လို့ မထူမထောင်နိုင် လူကိုဥပါဒ်ရောက်စေတာကိုခေါ်တာ)
Intoxication Liquor Licensing Act
•A Licensee is entitled to refuse to admit any person who is drunk, violent or disorderly and is required by law to refuse to sell intoxicating liquor to any drunk person. Furthermore, it is an offense to sell intoxicating liquor to a sober person for use by himself and a drunken companion
•No Intoxicating Liquor may be served to any pe
rson under 18years of age, or without valid photo identification(ID)

ဆိုတာလေးကိုကြည့်ခြင်းအားဖြင့် အရက်မူးလ္ဂန်နေသူတ္ဂေကို ဆက်ရောင်းခြင်း၊အသက် ၁၈ နှစ်အောင်ငယ်ရ္ဂယ်သူများကို အရက်ရောင်းချခြင်းတ္ဂေ(အသက်မပြည့်မီကိုယ်တိုင်ဝယ်ယူအားပေးခြင်းတ္ဂေ)ဟာလုံးဝမပြုလုပ်သင့်/မပြုရမယ့် ရှောင်ရန်တ္ဂေပေါ့။တစ်ချို့နိုင်ငံတ္ဂေမှာဆိုရင် အသက် ၂၂ နှစ်အထိတောင်မှ အရက်(Alcohol) ကို ရောင်းခ္ဂင့်/၀ယ်ခ္ဂင့် မရှိကြပါဘူး(အထူးသဖြင့် Middle East ဒေသတ္ဂေမှာ)။သောက်ဖို့ကတော့ဝေလာဝေးနော်။ဒါလေးက သိထားသင့်တယ်။

အခု Post ကတော့ သင်္ကြန်မှာ ယမကာ(Alcohol)ကို တော်တော်များများ(သို့) ပါးပါးလေးပုတ်ချင်ကြသူတ္ဂေ(ယမကာလုလင်တို့) ကို သိသင့်တယ်ထင်လို့ပြောမယ့်အကြောင်းလေးတ္ဂေပါ။Topic မှာမီးပ္ဂိုင့်လို့ပြောထားတော့ဘာဆိုင်သလဲ ဆိုတာကိုဒီမှာလာပါပြီ။
အရက်သောက်ရင် မီးပ္ဂိုင့်လေးလို အဆင့် ၃ ဆင့်ကို အရောင်တ္ဂေခ္ဂဲပြီး နားလည်ထားသင့်ပါတယ်။မီးပ္ဂိုင့်အစစ်ကို ၀ါ၊စိမ်း၊နီ (သို့) နီဝါစိမ်း လို့ပြောတာများပေမယ့် ကျွန်တော်ကတော့ အစိမ်း ၊ အ၀ါ ၊ အနီ ဆိုပြီး အစဉ်လိုက်သ္ဂားချင်တယ်။အမှန်ကတော့ မူးတဲ့(တစ်ချို့က က္ဂဲ တယ်တဲ့) အဆင့်လေးတ္ဂေကို အဆင့်အလိုက်ပြောတာပါ။
ပထမဦးစ္ဂာ အစိမ်းရောင်လေးအဆင့်မှာတော့ ယမကာလုလင်တ္ဂေက နဲနဲမှန်လာပြီဆိုတော့ကာ ဒီလိုဒီလို
မီးစိမ်း

  • Relaxed (တော်တော်ကို ကောင်းကောင်းလေးယူနေတယ်။အေးအေးဆေးဆေးပဲ။So far ,so good .No problem ပဲ)
  • Comfortable (တော်တော် ကို သက်တောင့်သက်သာ အနေအထားမှန်မှန်လေးပဲ)
  • Talkative (ပါးပါးလေးပဲ ပုတ်ထားတာဆို တော့ စကားပြောကောင်းဆိုကောင်းလေးဖြစ်နေတယ်)
  • Happy (ပျော်နေတာ..ပျော်နေတာ)
အဲ့ဒီ့အဆင့်ကတော့ သောက်ကျင့်(သောက်တတ်တဲ့ အကျင့်)ရှိသူတ္ဂေအတ္ဂက်အကောင်းဆုံးနဲ့ Safe အဖြစ်ဆုံး အဆင့်ပါ။မိမိကိုယ်တိုင်ကော ပတ်ဝန်းကျင်ကိုပါ မထိခိုက်နိုင်သေးပါဘူး။အဆင်ပြေပါတယ်။
ဒါပေမယ့် ကိုယ့်လူက မရပ်သေးဘဲ ဆက်ဆ္ဂဲတယ်ဆိုပါတော့ ...ဒီလိုဆိုရင် နောက်တဆင့် ..Warning မီးပ္ဂိုင့်လေး အ၀ါပြတဲ့အဆင့်ရောက်လာပါပြီ......
မီးဝါ
ဒီလိုဆိုရင် တော့ပုဂ္ဂိုလ်က ..
  • Talking or Laughing Loud(တော်တော်ကောင်းနေပြီဆိုတော့အာကျယ်အာကျယ်နဲ့လုပ် အာဗြဲကြီးနဲ့ရယ်တတ်တယ်)
  • Arguing(အငြင်းအခုံကလည်းလုပ်တတ်လာပါတယ်)
  • Use of Foul Language(မသင့်တော်၊ရိုင်းပြတဲ့ အပြောအဆိုလေးတ္ဂေပါလာတတ်ပြီ)
  • Drinking Quicker(ပိုသောက်တယ်။ဆက်ချတယ်။သ္ဂေးက္ဂြနေပြီလေ)
  • Buying more Drinks(ထပ်ခါထပ်ခါ ကို အားပေးနေပြီ)
  • Impaired Judgement(အဆိုးအကောင်း သိပ်မသိတော့ဘူး။တော်၏မတော်၏ မသိတော့)
  • Overly Friendly(တော်တော်ကိုBehaviours ဖောက်လာပြီး၊ကြီးငယ်မသိ၊အရိပ်၃ပါးမသိတော့)
  • Reduced Inhibitions(ပုံမှန်မဟုတ်တော့၊အပြောအဆို၊အနေအထိုင်၊အမူအရာတ္ဂေ Control မရှိတော့ဘူး)
  • Giddy(ယိုင်တောင်ယိုင်နေတတ်သေးကြတယ်)
ဒီလိုဖြစ်လာရင် မိမိရော(သောက်သူ)၊ပတ်ဝန်းကျင်ကိုပါ ထိခိုက်လာနိုင်တာမို့ ကိုယ်တိုင်သတိ၊ဒါမှမဟုတ် ဘေးကလူ(မိတ်ဆ္ဂေ/မောင်နှမ/အမျိုး/ချစ်သူ စတာတ္ဂေက (သူတို့ပါ မီးဝါမပြသေးရင်) ထိမ်းသိမ်းပေးပြီး ရပ်ခိုင်းရတော့မယ့်အနေအထားပါ။အထူးသဖြင့် မော်တော်ကားမောင်းမယ့် သူတ္ဂေဆိုရင် မီးဝါပြနေပြီဆို Taxi ငှားပြန်(သို့) မိမိကိုယ်တိုင်မမောင်းသင့်တော့ပါ။တော်တော်ကို Critical ဖြစ်နေတဲ့ Situation လေးပါပဲ။တစ်ချို့ကတော့ ဒီအဆင့်ကို မှန်နေပြီ (သို့) မှန်မှန်ကန်ကန်နေထိုင်ခြင်းလို့ပြောကြပါသေးတယ်။မှန်တယ်ဆိုတာ Right ကို ပြောတာမဟုတ်ရပါ။မူးက္ဂဲပြီး ကောင်းနေပြီ လို့ရ္ဂဲ့ပြောတာနေမှာ။

ဒါတောင်မှမရပ်ချင်သေးပဲ ဆက်ကောင်းချင်သေးတယ်ဆိုတဲ့ ဆရာတ္ဂေကတော့ စလံပါပဲ။ဘာလို့လဲဆိုတော့ အရက်မူးခြင်းရဲ့ နောက်ဆုံးအဆင့် မီးပ္ဂိုင့်အနီတောင်ပြရတဲ့ အဆင့်ရောက်သ္ဂားလို့ပါပဲ။လုံးဝကို ဆိုးသ္ဂားပါတယ်။လုံးဝကို ရပ်ကိုရပ်လိုက်ရမယ့်အခြေအနေပါ။အဲ့ဒီ့အဆင့်ကိုတော့
မီးနီ

ဒီအခြေအနေမှာ
  • Moving in slow motion (တော်တော်ကို နှေးနေပြီ၊ဒါမှမဟုတ် လျောက်ကိုမလျောက်နိုင်တော့ပါ)
  • Needing Time to respond(စကားမေးတောင်ကောင်းကောင်းမရတော့ပါ)
  • Not making sense(လ္ဂတ်သ္ဂားပြီ)
  • Spilling Drink(မှောက်ချင်တာတ္ဂေမှောက်ချမယ်။လက်မမြဲတော့ဘူးလေ)
  • Dropping Money or things(ပြီးတော့ကိုင်ထားသမျှလ္ဂတ်ကျ)
  • Glassy Eye(အရာရာမှုန်ဝါးဝါးရှိနေပြီ။မြင်ချင်မှတောင်မြင်တော့မယ်)
  • Unable to sit straight(ထိုင်လို့တောင်မရ။မူးလဲနေတယ်ဆိုတာမျိုးပေါ့)
  • Sleeping (အိပ်ပျော်ချင်လည်းပျော်သ္ဂားမယ်)
  • Falling down(တော်တော်အန္တရာယ်ကြီးတယ်နော်။၆ထပ် တိုက်ပေါ်ကဆိုဘယ်လိုလုပ်မလဲ)
  • Stumbling(ပြောချင်ရာတ္ဂေပြော၊ယိုင်ထိုးပြီးမလျောက်နိုင်ပါ)
  • Vomiting (ဒါကတော့ တော်တော်ကို ဆိုးတယ်။တစ်ချို့က ဥသြ ဆ္ဂဲတယ်ပြောတယ်။အံတာလေ)
ဒီလိုအခြေအနေရောက်မှာတော့ တော်တော်ကို ဆင်ခြင်စရာပါ။ဖြစ်လည်းမဖြစ်သင့်ပါ။Intoxication ဖြစ်တယ်လို့လည်းခေါ်ပါတယ်။အဆင်မသင့်ရင် အသက်ကိုတောင် နည်းမျိုးစုံနဲ့ထိခိုက်နိုင်ပါတယ်။

Alcohol ရောင်းသူတ္ဂေကလည်းမိမိအကျိုးစီးပ္ဂါးတစ်ခုသာကြည့်လို့ မီးဝါပြနေသူတ္ဂေ၊မီးနီအဆင့်ရောက်နေသူတ္ဂေကို အပေါ်မှာဖော်ပြခဲ့တဲ့ နိုင်ငံတကာ Act ဥပဒေလေးအတိုင်း Ethic ရှိရှိနဲ့ ဆက်လက်မရောင်းသင့်ပါဘူး။သုံးစ္ဂဲသူများကလည်းမိမိ ရော မိမိပတ်ဝန်းကျင်ကိုရော နည်းအသ္ဂယ်သ္ဂယ်နဲ့မထိခိုက် စေဖို့ Think before you do something ဆိုသလို ပြုကျင့်သင့်ပါတယ်။

ဒီစာကိုရေးတာ အရက်သောက်နည်းပြောပြတာမဟုတ်ရပါ။သောက်နေသူတ္ဂေ(အထူးသဖြင့် သင်္ကြန်ကာလမှာ) Awareness ရပြီး မိမိကိုယ်ကိုယ် ဘယ်အဆင့်ရောက်နေသလဲ။ဒါမှမဟုတ် ထိန်းထိန်းသိမ်းသိမ်း လုပ်နိုင်စေရန်ရည်ရ္ဂယ်ပြီး ပညာပေးဆ္ဂေးန္ဂေးလိုက်တဲ့သဘောပါပဲ။မြူးချင်ရင်လည်း မီးပ္ဂိုင့်လေးနဲ့ မြူးကြပါ လို့။

အရက်ဆိုတာ ဘယ်လိုရည်ရ္ဂယ်ချက်နဲ့ သောက်သောက် ရလာဒ်က မူးယစ်ထုံထိုင်းစေတာပါပဲ။
ဆရာတော်တစ်ပါးကတော့ ပြောထားတယ် " ပကတိကြည်လင်သန့်ရှင်းနေတဲ့ စိတ် ကို နောက်ကျိသ္ဂား၊အာရုံဖောက်ပြားနိုင်တဲ့ အရာမှန်သမျှကတော့ ဝေးဝေးကရှောင်တာပဲ ကောင်းပါတယ်" တဲ့။

ကျွန်တော်ကတော့... ဘာပဲလုပ်လုပ် မိမိကိုရော မိမိ ပတ်ဝန်းကျင်ကိုရော တရားမျှတတဲ့ အဆင်ပြေနိုင်မယ့် Style လေးပဲကောင်းပါတယ်လို့ ထင်တာလေးတ္ဂေကို အပြုသဘောသက်သက်နဲ့ ရေးချရင်း ....လာမယ့် သင်္ကြန်မှာ မိတ်ဆ္ဂေများအားလုံး ဘေးရန်ကင်းက္ဂာ ကြည်နူးပျော်ရွှင်နိုင်ကြပါစေလို့ ဆုမ္ဂန်ချွှေလိုက်ပါတယ်ခင်ဗျာ။
(ဖြစ်နိုင်ရင် ဒီ Message လေးကို လက်လှမ်းမှီသလောက် ဖြန့်ဝေပေးနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်ခင်ဗျာ)

မိတ်ဆ္ဂေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

ဆက်လက်ဖတ်ရှူရန်...