Tuesday, April 7, 2009

ပိတောက်ပ္ဂင့်ချိန်..


ပိတောက်တ္ဂေ ပ္ဂင့်နေပြီဆိုတော့ အဲ့ဒီ့ပိတောက်ပန်းလေးတ္ဂေနဲ့တ္ဂဲဖက်ဆင်နွှဲလေ့ရှိတဲ့ အတာသင်္ကြန်ရေသဘင်ပ္ဂဲလေးလည်း မကြာမီ စည်စည်ကားကားနဲ့ ကျင်းပဖို့အချိန်လေးကို ရောက်လာပြီပေါ့။ အတာရေနဲ့မထိရတာ ကြာပြီဖြစ်တဲ့ ကျွန်တော့်အဖို့တော့ တော်တော်လေးကို သင်္ကြန်ကို သတိတရရှိမိပါတယ်။ ဒါပေမယ့် သိသာသိနေ ပေမယ့် ပါဝင်ဆင်နွှဲလို့ တော့ မဖြစ်နိုင်သေးပါဘူး။အဝေးကနေ သတိရနေတာကလ္ဂဲလို့ တကယ်တန်းတော့ ဒီနှစ်လည်း သင်္ကြန်နဲ့ လ္ဂဲရဦးမှာပါပဲ။ဒါပေမယ့် သင်္ကြန်သီချင်းလေးတ္ဂေကိုဖ္ဂင့် ဘယ်သူတ္ဂေ ဘာအစီအစဉ်ဆ္ဂဲမယ် ဆိုတာကို
နားစ္ဂင့်ရင်း အဝေးရောက်သင်္ကြန်အမှတ်တရလေးတော့ လုပ်ဖြစ်မယ်ထင်ပါတယ်။

သင်္ကြန်ရဲ့ ပန်းကလေးကို ရာသီအချိန်အလိုက်သစ္စာရှိရှိ ပ္ဂင့်တတ်တဲ့ ပိတောက်ရယ်လို့ သတ်မှတ်ထားတာ အားလုံးသိကြပါတယ်။တစ်ချို့ က အ၀ါရောင်တဲ့ ၊တစ်ချို့ က ရွှေရောင်တဲ့ ၊တစ်ချို့ ကတော့ ၀ါရွှေရောင် ပိတောက်ပန်းတဲ့ ..ဘယ်လိုပဲဆိုဆို သူ့ရဲ့ အချိန်မှန်မှန် အပြေးအေလးရောက်လာတတ်တဲ့ သဘာဝက အတုယူစရာပါ။သစ္စာရှိတဲ့ ပိတောက်လို့ တင်စားကြတာလည်း ရှိပါတယ်။

သူ့ကို အတင်းရေနဲ့ပက်လို့ပ္ဂင့်ခိုင်းသူတ္ဂေရှိတယ်၊ သူ့ကို ခူးလို့ပန်သူတ္ဂေရှိတယ်၊စီးပ္ဂါးရေးအတ္ဂက် ခူးလို့ရောင်းသူတ္ဂေရှိတယ်၊
ချစ်သူကို အမြတ်တနိုး ပေးသူတ္ဂေရှိတယ်၊ ဘုရားမှာလှူသူကလှူ ပေါ့ ။ဘယ်လိုဘယ်ပုံ သူ့ကို ခူးတယ်ဖြစ်စေ သူကတော့ ၀ါရွှေ ၀ါရွှေ အရောင်ထ္ဂက်မြဲ ထ္ဂက်နေတာပါပဲ။ အချိန်မှန် ပ္ဂင့်မြဲပ္ဂင့်နေတာပါပဲ။ဝေမြဲဝေနေတာပါပဲ။ဘယ်သူက ဘယ်လိုပင် သုံးသုံး တခိုင်လုံး လန်းဆန်းလျက် ၀တ်မပျက်တတ်တဲ့ ပိတောက်ရယ်ပါ။အင်မတန်တင့်တယ် တန်ဖိုးရှိတဲ့ ပန်းကလေးဆိုရမယ်ပေါ့။သူ့ရဲ့ ဂုဏ်သိက္ခာက တော့ သက်မဲ့ ပန်းဆိုပေမယ့် စဉ်းသားကြည့်ရင် လေးနက်စ္ဂာ ပေါ်လ္ဂင် နေပါတယ်။သင်္ကြန်နှစ်ကူးကာလ ရေဖျန်းပက်ကြတဲ့ မဟာပ္ဂဲမှာလည်း သူက အရေးကြီးတဲ့ တခန်းတကဏ္ဍ ပါဝင်ဖြည့်စ္ဂက် လို့ နေပေးပါသေးတယ်။သူဟာ သင်္ကြန်ရဲ့ ဂုဏ်လက္ခဏာလေးလည်း ဖြစ်မယ်နော်။

အဲ့ဒီလောက် သစ္စာရှိတဲ့ ၊သိက္ခာရှိတဲ့ ပိတောက်တ္ဂေနဲ့ ထုံလွှမ်းနေတဲ့ အတာပ္ဂဲမှာ ပိတောက်ကိုချစ်တတ်သူတိုင်းက လည်း ပိတောက်လေးတ္ဂေလို သိက္ခာရှိရှိ မိမိရဲ့ ယဉ်ကျေးမှုကို လည်းသစ္စာရှိရှိ နဲ့ ပိတောက်ပန်းလေးတ္ဂေရဲ့ ကျက်သရေအတိုင်း တင့်တင့်တယ်တယ် ဆင်နွှဲကြရင်တော့ အင်မတန်မှ ကြည်နူးပျော်ရွှင်ဖ္ဂယ်ကောင်းတဲ့ ရေသဘင်ပ္ဂဲလေးပဲပေါ့လို့ မိမိစိတ်ထဲက တ္ဂေးမိတာလေးကို စာတိုလေးတစ်စုအဖြစ် ရေးချမိလိုက်ပါပြီခင်ဗျာ။

(မည်သူ့ကိုမျှ Against လုပ်လိုခြင်းမရှိပါ။မိမိအတ္ဂေးလေးကို လ္ဂတ်လပ်စ္ဂာ ရေးချမိပါသည်။အမြင်မတူညီပါက ခ္ဂင့်လွှတ်နိုင်ပါစေ။)

မကြာမီ ရောက်တော့မယ့် ပိတောက်ဝေေ၀ သင်္ကြန်ရေ နဲ့ အတူ မိတ်ဆ္ဂေများအားလုံး ကြည်နူး ပျော်ရွှင်နိုင်ကြပါစေ လို့ ......

မိတ်ဆ္ဂေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com




7 ယောက်ရဲ့အမြင်:

မိုးခါး said...

ဟုတ်တာပေါ့ ..း)

နွေးနွေးသဲမွန် said...

အားးး..လွမ်းနေပါတယ်ဆိုမှ..

Anonymous said...

တစ်နှစ်တစ်ခေါက် အလည်ရောက်တဲ့ အတာသင်္ကြန်တန်ခူးနဲ့
တစ်နှစ်တစ်ခါ ပွင့်ဖူးလာတဲ့ ရွှေဝါဟန်ပိတောက်ဖူးတို့ကတော့
အပြန်အလှန် သင်္ကေတဆန်ဆန် ယှက်နွယ်လို့ ...
သစ္စာရဲ့ သဘောကို စောကြောပြီး ရေးဖွဲ့သရုပ်ပြမှုမှာ
ပိတောက်ရွှေဝါကို ဘယ်ပန်းမှ မမှီပါဘူးလေ ...

Anonymous said...

ဟား နံပါတ် (၁)ကွ။ စောစောစီးစီး လာမန့်တယ်နော်။ ပိတောက်တွေနဲ့ အတူ နှစ်သစ်မှာ ပျောရွှင်ချမ်းမြေ့ပါစေနော်။

ပိတောက်ပန်းလေးတွေကို ပန်တာထက် အပင်မှာ ရနံ့မပျက် မွေးပျံ့နေတာကိုပဲ ရောင်ပြန်ကြိုက်တယ်။

ခင်မင်လေးစားလျှက်
မေတ္တာရောင်ပြန်

Anonymous said...

ပထမဆုံး လာမန့်ပြီနော် ....
ပန်းတောက်ပန်းလေးတွေကို ပန်တာထက်စာရင် ပင်ရံမြင့်မှာ ရနံ့မပျက် မွေးပျံ့နေတာကို ရောင်ပြန်နှစ်သက်တယ်။

နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေနော်။

ခင်မင်လေးစားလျှက်
မေတ္တာရောင်ပြန်

Welcome said...

နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်နဲ့ ပျော်ရွှင်နိုင်ပါစေ ..

ခင်မင်လျက်
ဝင်းဇော်

မေသစ္စာမောင် said...

ပိတောက်လေးတ္ဂေလို သိက္ခာရှိရှိ မိမိရဲ့ ယဉ်ကျေးမှုကို လည်းသစ္စာရှိရှိ နဲ့ ပိတောက်ပန်းလေးတ္ဂေရဲ့ ကျက်သရေအတိုင်း တင့်တင့်တယ်တယ် ဆင်နွှဲကြရင်တော့ အင်မတန်မှ ကြည်နူးပျော်ရွှင်ဖ္ဂယ်ကောင်းတဲ့ ရေသဘင်ပ္ဂဲလေးပဲပေါ့

လင်းကြယ်ဖြူရဲ့စကားလေးတွေကို မှတ်သားသွားပါတယ်ရှင်....အရမ်းနှစ်သက်မိလို့ပါ။
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။