Wednesday, July 8, 2009

ငယ်ဘ၀ကို သတိရစေတဲ့ ဟင်း


ညီမငယ် မေကဆုန် က " ငယ်ဘ၀ကို သတိရစေမယ့် ဟင်း " ဆိုပြီး ရေးဖို့ တက်(ဂ်)လာတဲ့ အတ္ဂက် တော်တော်ကို စဉ်းစားပြီး ရေးလိုက် ရပါတယ်။ဘာလို့လဲဆိုတော့ ကြိုက်ခဲ့တာ စားခဲ့တာတ္ဂေ က တော်တော်ကို များခဲ့တာ ၊ ပြီးတော့ ဟင်းမှမဟုတ်ဘူး တစ်ခြားဟာတ္ဂေကိုပါ အစားများခဲ့တယ် ဆိုတော့ကာ အဲ့ဒီ့ထဲကမှ တကယ် ငယ်ဘ၀ကို အမှတ်ရစေတဲ့ ဟင်းတ္ဂေနဲ့ ကြိုက်ခဲ့ရတာတ္ဂေကို ပဲ နဲနဲချရေးကြည့်ပါရစေလို့ ခ္ဂင့်ပန်ပါရစေ ခင်ဗျာ .............




**********

ရန်ကုန်ကနေ အဝေးပြေးကားကို စီးပြီး နယ်ကို အလှူလုပ်ရအောင်ဆိုပြီး ခရီးထ္ဂက်လာခဲ့ပါတယ်။ဒီလိုနဲ့ လမ်းခရီးကို ရောက်တော့ ထမင်းစား ခဏနားမယ်ဆိုပြီး ဆိုင်တစ်ဆိုင်မှာ ကားရပ်ပေးလို့ ဆင်းလာရင်း ဘေးပတ်ဝန်းကျင်ကိုကြည့် လိုက်တော့ .... ဗန်းကလေးတ္ဂေနဲ့ထမ်းလို့ ရောင်းနေကြတယ် ..ငယ်ငယ်က နယ်မှာနေတုန်း အမေ က ၀ယ်ဝယ်ပြီး ကြော်ကြော်ကျွေးတတ်တဲ့ ..စာကလေးကြော်လေးတ္ဂေပါ..အော် တစ်ခါတစ်ရံ ထမင်းနဲ့တောင်မစားပဲ ရေန္ဂေးနဲ့ ထိုင်မြည်းခဲ့ဖူးတဲ့ ..အကောင်လေးတ္ဂေကို အမေက သနားတယ်ဆိုပြီး အဆက်ဖြတ်လိုက်တဲ့ အချိန်ကစလို့ အဆက်ပြတ်နေခဲ့တာ ခုလိုပြန်တ္ဂေ့လိုက်ရတော့ ဟိုး အရင် ကလေးဘ၀က အကောင်လေးတ္ဂေကို အထူးအဆန်းလုပ် စားတတ်တဲ့ အချိန်တ္ဂေကို ပြန်လည် တသမိခဲ့ပါတယ်။အဲ့ဒီ့တုန်းကတော့ ဘာသိမှာလဲ ရရင်ကြိုက်ရင် ကြိတ်တာပဲပေါ့နော်....

ဒီလိုနဲ့ဆက်ထ္ဂက် လာခဲ့တာ ပြည်မြို့ ကို ရောက်တော့ ကျွန်တော်ငယ်ငယ်က နေခဲ့ဖူးတဲ့ ကျောင်းတစ်ကျောင်းနားမှာ ပြည်ပလာတာ ကောင်းကောင်း တစ်ပ္ဂဲ ကို စားရင်း ဟိုးငယ်ငယ် အချိန်ကနေ အခု အချိန်အထိ အနည်းဆုံး တစ်လ တစ်ကြိမ်လောက်ကို အမေ ချက်ကျွေးခဲ့ တဲ့ ပြည် ပလာတာ ကို သတိရမိပါရဲ့...ကျွန်တော် ၆ နှစ်သားလောက်က ပလာတာ လုပ်မယ့် ပစ္စည်းတ္ဂေ ကို ကားပေါ်တင်ရင်း ပြည်မြို့ ကနေ နဲနဲ (၁၂မိုင်) လောက် အလှမ်းဝေးတဲ့ တောရ္ဂာလေးတစ်ရ္ဂာ က ဘုန်းကြီးကျောင်းမှာ အလှူလုပ်ခဲ့တဲ့နေ့ လေး က ကျွန်တော့စိတ်ထဲ ကို တိုးဝင်လာခဲ့တာနဲ့ ခပ်သုတ်သုတ် စားခဲ့ပါတယ်......

အဲ..ဒီလိုနဲ့ ခုနကပြောတဲ့ကျေးရ္ဂာလေးကိုရောက်တယ် ဆိုပါတော့ ပြီးတော့ အမျိုးတ္ဂေ အိမ်မှာနေရင်းနဲ့ ညီမတစ်ယောက်က အပြင်ထ္ဂက်မလို့တဲ့ ပြည်ဖက်ကိုသ္ဂားမှာတဲ့ ဘာမုန့်ဝယ်ခဲ့ရမလဲမေးတော့ ..စဉ်းစားတယ်..ဘာစားရင်ကောင်းမလဲဆိုတော့ ဟိုးအရင် ကျွန်တော်ငယ်ငယ်က နေခဲ့တဲ့ လမ်းထဲက တရုတ်မကြီးတစ်ယောက် ကလက်ရာကောင်းကောင်းနဲ့ လမ်းထိပ်ဈေးဆိုင်တန်းလေးမှာ မနက်စောစော ရောင်းရင်း ကျွန်တော်အတ္ဂက် နံနက်စာလို ဖြစ်ခဲ့ဖူးတဲ့ ကော်ရည်ခေါက်ဆ္ဂဲ ဆိုင်လေးမှာ မနက်စောစော ကျောင်းမသ္ဂားခင် ၀င်ဝင်ပြီး စားသ္ဂားတတ်ခဲ့တာကို သတိရမိတော့...သိတယ်နော်...ညီမကို ဘာမှာ မလဲဆို တာကတော့ ...အဲ့ဒီ့ ဟာလေးပေါ့ခင်ဗျာ...

ဒါနဲ့ နေရင်းနဲ့ အလှူရောက်ရင် ကျွေးမ္ဂေးဧည့်ခံမယ့် ဟာတ္ဂေကို တိုင်ပင်ကြတော့ နယ်မှာဆို အလှူတိုင်း မပါမဖြစ် ငခြောက်ထောင်းကြော် လေးတော့ ထည့်ဖြစ်အောင်ထည့်ပါလို့ ပြောသံကြားတော့ ဟိုးငယ်ငယ်က အဘိုးနဲ့ အလှူတစ်ခုမှာ အဲ့ဒီ့ ငခြောက်ထောင်းကြော် လေးနဲ့ အ၀အပြဲ ၀င်တီးခဲ့တာလေးကို သတိရမိခဲ့ ပါတယ်။

နောက်တော့ အမေအမြဲ ကြော်ကြော်ပြီး ပေးတတ်တဲ့ ငပိကြော် ခေါ်မလား ဘာလချောင်ကြော် ခေါ်မလား အဲ့ဒါလေးလည်း အလှူမှာ ထည့်ပေးပါလားလို့ ကျွန်တော်ကပြောတော့ ဒီမှာက ငရုတ်သီးကြော်ကို ပိုကြိုက်ကြတယ်တဲ့ ။ပြီးမှ သရက်သီး အစိမ်းသုတ် နဲ့ အချဉ် သဘောမျိုး လုပ်ပြီး ၀က်သားဆီပြန် တို့ ကြက်သားဟင်းတို့ ငသလောက်ပေါင်းတို့ ဆိုတာမျိုးတ္ဂေကို ကျွေးမှ လူကြိုက်များတာဆိုတော့ ကာ အလှူနေ့ ကို ရောက်မှ ခုနက ငရုတ်သီးကြော်နဲ့ သရက်သီး သုတ်ကို အရင် ကို ဦးအောင်ဝင်တ္ဂယ်ပြီးတော့ မှ ...ဟာ...ဒီဟင်းမျိုးတ္ဂေက ဟိုးငယ်ငယ်တုန်းက ကိုယ်ကသတိမထားမိလို့ပါ..အမြဲကို တ္ဂေ့ဖူး စားဖူးနေကျပါပဲလို့.... (အဲ့ဒီ့ရ္ဂာလေး ကို တစ်ခါက ၁၀ နှစ်ကြာပြီးမှ တစ်ခေါက် ပြန်ရောက်ဖြစ်တယ်။ခုနောက်ပိုင်းတော့ ၃ နှစ်ခြား တစ်ခါ လောက်တော့ ရောက်ပါတယ်။ခုတော့ Vacation ပြန်တိုင်း သ္ဂားမယ်လို့ စိတ်ကူးထားပါတယ်။)

ထူးခြားတာကတော့ အဲ့ဒီ့မှာ နေတုန်း ခဏ နေ့တိုင်းလိုလို ဂ္ဂေးတောက်ရ္ဂက် ဟင်းချို ခါးခါးလေး ကို သောက်ခဲ့ရပါတယ်။တစ်ချို့ ကတော့ ဒီနာမည်ကို မကြားဖူးဖူးတဲ့ ပြောကြပါတယ်။သက်သက် လေးနဲ့ ခံတ္ဂင်းလိုက်စေပါတယ်..သောက်ရင်းနဲ့ ငယ်ငယ်က ဆေးဖြစ်ဝါးဖြစ်ဆိုပြီး အရည်သက်သက်ညှစ်တိုက်တာကိုလည်း နှာခေါင်းပိတ် သောက်ခဲ့ရပုံ လေးကို အမှတ်ရမိပါသေးတယ်..

ကဲ ဆက်ပြောရရင် အများကြီးဖြစ်သ္ဂားမယ်..ပြီးတော့ ငယ်ဘ၀ကို သတိရပုံတ္ဂေကတော့ အသက်ကြီးလာလေလေ ပြန်ပြောပြဖို့တော်တော် စိတ်အားသန်လေမို့ ပါ.။

အခုလောလောဆယ်တော့စိတ်ထဲမှာ အဲ့ဒါလေးတ္ဂေကို သတိတရရှိနေရင်း က အိမ်ရဲ့အဝေး အလုပ်ထဲက Cafeteria မှာ နေ့တိုင်းကျွေးတဲ့ မချစ်သော်လည်း အောင့်ကာနမ်း ဟင်းများနဲ့ နှစ်ပါးသ္ဂားရင်း ၊ တစ်ခါတစ်ရံ သူငယ်ချင်းတ္ဂေ ပျော်ပျော်ပါးပါး အိမ်အလ္ဂမ်းပြေ ဟင်းကလေးတ္ဂေကို ချက်စားရင်း ...

ပြီးတော့ .....မြင်ရုံနဲ့ သ္ဂားရည်ကျသ္ဂားအောင် Online ကနေ လုပ်ပြနေကြတဲ့ ..........


  • အစ်ပျိုကြီး ဆိုတော့ ဟင်းဘယ်လိုချက်လဲဆိုတာသိချင်လို့ မငုံ ကို မေးရင်း ၊

  • ကြက်ဥတော့ ကောင်းကောင်းပြုတ်တတ်ပါတယ်ဆို တဲ့ ညီမ လတ်လတ်ဇော် တစ်ယောက် ဘာတ္ဂေ ဘယ်လိုချက်စား နေတယ်ဆိုတာကို သိချင်မိရင်း ...ဆက် တက်(ဂ်) လိုက်ရပါတယ် လို့ ...
အချိန်ရမှ နားထောင်ပါ...အဲ..အချိန်ရရင် ရေးပေးကြပါ ပြောပြပေး ကြပါဦးနော်... " ငယ်ဘ၀ကို သတိရစေတဲ့ အစားအစာ လေးများ " ကို လေ..........




(ပုံထဲက ဟင်းတ္ဂေကတော့ ကျွန်တော်ချက်တာ မဟုတ်ရပါ..ဟုတ်တယ်ဆိုလည်း ယုံကြမှာမှ မဟုတ်တာ... ဒီတော့ ဟော့ဒီ့နေရာ လေးကနေ ချက်ပြီးသားတ္ဂေကို အဆင်သင့် ယူလာပေးတာလေ..)

မိတ်ဆ္ဂေများ အားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

20 ယောက်ရဲ့အမြင်:

သူကြီးမင်း (တုံးဖလား) said...

တစ်နေရာယူပြီး ဂွေးတောက်ဟင်းချိုရေလေး အကြိုက်ဆုံးပါဘဲလို့ ပြောဆိုခွင့်ပြုပါ။

ချမ်းမြသာယာ ရှိပါစေ။

သူကြီးမင်း (တုံးဖလား) said...

တစ်နေရာယူတာမဟုတ်ပါ။ နံပါတ်တစ်ဆိုတဲ့ နေရာကိုယူတာပါ။ လွဲနေမှာစိုးလို့။ မြန်မာစာဟာ တစ်ခါတစ်လေ အရမ်းရောထွေးတတ်တယ်။
ဥပမာ။
သိမှသိမသိကိုသိသည်မသိကသိမသိကိုမသိ။

ပျော်ရွင်ပါစေ။

Anonymous said...

ကိုကြီးနော်းးးးးးးးးးး
း)

ရုံလေး

မေလေး said...

အကိုလင်းရေ
ဟင်းပုံလေးတွေ သရေ လာကျသွားပါတယ်။
အမြဲတမ်းခင်နေမဲ့
မေလေး

နွေးနေခြည် said...

အချိတ်အဆက်လေးနဲ့ စားစရာလေးတွေရေးသွားတာ ကောင်းပါ့...
စားစရာအကြောင်းရေးရင် မျက်ရည်တောက်တောက်ကျရမှာမို့ စိတ်ခိုင်တဲ့ အချိန်ကျမှပဲရေးတော့မယ်း)

မေကဆုန် said...

အစ်ကိုရေ ရေးပေးတာ ကျေးဇူးရှင့်.. ငေူခာက်ထောင်းနဲ့ သရက်သီးသုပ်လေးတော့ တော်တော်လွမ်းသွားတယ်.. အိမ်မှာချက်စားတာထက် အလှူမှာသွားစားတာကပိုကောင်းတယ်လေ. :)ူပည်ကိုရောက်တိုင်းတော့ စိန်ပန်းသုပ်နဲ့ ထမင်းသုပ် အူမဲလိုလိုစာူးဖစ်ပါတယ်.. ဂလု ဂလု

မိုးစက်အိမ် said...

အကိုကလည်း ဗိုက်ဆာတဲ. အချိန်
ဝင်လာတာနဲ. ကွက်တိဖြစ်နေတယ်ဗျာ
သရေတောင် ကျချင်လာပြီ...ချားချင်တယ်ဂျာ :D

လပြည့်ရိပ် said...

ငယ်ဘဝကိုသတိရစေတဲ့ ဟင်းတွေကိုဖတ်ရင်း သရေတောက်တောက်ကျသွားပါတယ်။ စားချင်တာမရနိုင်တဲ့ ရှာရန်ခက်ခဲတဲ့အရပ်မှာမို့ ချက်ချင်းပဲမွေးရပ်မြေကိုသတိရမိတယ်။ ပြည်အရပ်ဘက်ကလာသူမို့ စားစရာအားလုံးကလည်းကျွန်မနဲ့ တရင်တနီးရှိလှတယ်။

ဂျာမုန်းဒန် said...

ဖတ်နေရင်းနဲ့ မြင်ယောင်လိုက်ပါတယ်.....စာကလေးကြော်စားနေပုံ။
နောက်ပြီး ဂွေးသောက်ရွက်ကိုအရည်ညှစ်သောက်နေပုံ။
နောက်ပြီး အလှုတွင် ငါးခြောက်ထောင်းကြော်နိုက်စားနေပုံ။
ခြောက်နှစ်လောက်ဆိုတော့နတ်ချီးတွဲလောင်းလေးကိုပါ။
အစ်မဂျာမုန်းဒန်လည်းဂွေးတောက်ရွက်ကိုအရမ်းကြိုက်တယ်။
အမဲသားကိုတောက်တောက်စဉ်းပြီးဂွေးတောက်ရွက်နဲ့ကြော်စားရင်အရမ်းကောင်းတယ်။
ဂွေးတောက်ရွက်ရဲ့ထူးခြားချက်က ဘယ်အသီးအရွက်နဲ့ပဲရောရော တခြားအရွက်ကိုလုံးဝမခါးစေဘူး၊ သူ့အရွက်စားလိုက်မှသာခါးတယ်။ ဒါကြောင့်ဘာနဲ့ပဲရောချက်ချက် ကိစ္စမရှိဘူး။
ခင်းတဲ့မမ
ဂျာမုန်းဒန်

ဝက်ဝံလေး said...

များသိတယ် ပုဇွန်ပုံက google ကနေ ရှာတာ ဟုတ် များလဲ ရှာဖူးလို့ သိနေတယ် လေ ဟဟဟ

Devil said...

ဟင်းတွေကိုကြည့်ရင်း သရေတောက်တောက်ကျသွားပြီ....

Anonymous said...

သရေတောင်ကျသွားပြီ....

မငုံ said...

အဲဒီပုံထဲက အတိုင်း လာမဲ့ သောကြာနေ့မှာ ချက်ကျွေးဖို့ တာဝန်ကျကြောင်း လာပြောတာပါ။ :)

Beauty Studio USA Branded Store said...

ဟင်းတွေက သရေကြချင်စရာတွေပဲ။အမလေး.ဗိုက်စာလာပြီ။ပုံတွေငေးပြီး စားဦးမှပဲ။

ကိုလူထွေး said...

မျက်နှာကြီးရာ ဟင်းဖတ်ပါသွားတယ်.. ဟဲဟဲ..

းဝ)

Anonymous said...

သရက်သီးအစိမ်းသုတ် ၀က်သားဟင်း ... ကောင်းလိုက်တယ် တအားကြိုက်တယ် ... ငခြောက်ထောင်းကြော်လေးလဲကြိုက်တယ် ပြည်ပလာတာတော့မစားဖူးဘူး ပြည်ပလာတာနဲ့ တခြားပလာတာကဘယ်လိုကွာလဲမသိဘူး

rose of sharon said...

ဟင်းပုံလေးတွေက ငယ်ဘဝကိုသတိရလောက်ပါတယ် သိပ်ကောင်းမဲ့ပုံဘဲ

ဇော် said...

လုပ်တော့မယ် ကိုကြယ်ကတော့။
=)
ရေးမယ်ဗျာ။ ဒါပေမယ့် အဟိ။ ဘဲဥကိုတော့ အရင် ပြုတ်လိုက်ဦးမယ်။ အဟီး။ =P

အိမ်မှာ တစ်ယောက်ကိုတော့ အကြွေးဆပ်ပြီးသွားပြီ။
ကိုကြယ့်ကိုတော့ အချင်းချင်းမို့ အေးဆေးပေါ့နော့ ကိုကြယ်။ ဟဲဟဲ။ =P

မိုးခါး said...

စားချင်စရာကြီး :D:D
ဗိုက်ပါဆာလာဘီ :P

မဟာဆန် said...

ခွေးတောက်ရွက် ခရုဖြင့် ချက်၍ အရည်သောက်သော် လွန်စွာကောင်း၏..။။