Monday, November 9, 2009

လောကကြီးရပ်တန့်တော့မလား


ကမ္ဘာကြီး ပျက်တော့မယ် ဆိုပါလား....

ကမ္ဘာကြီးက မေတ္တာဓါတ် အာဟာရနဲ့ ဖြူစင်ခြင်း ဓါတ်စာ တွေ ငတ်ပြတ်နေလို့ပျက်ရတော့မှာလား......???

အပြုံးတုတွေ နဲ့ လျှစ်လျူရှုခြင်း ခံ ထားရတဲ့ ကမ္ဘာကြီး ရဲ့ပခုံးနှစ်ဖက် အထက် ဒေါသတွေထွက်ရင်း လမ်းလျှောက်သံတွေက ခပ်ပြင်းပြင်း ဆိုတော့ အဲ့ဒီ့ ဒဏ် ကို သူမခံနိုင်လို့များလား......???

ဒါမှမဟုတ် သူ့နှလုံးသား ပင်လယ်ပြင်ကျယ်ကျယ်တွေထဲကို စီးမျောလာတဲ့ မျက်ရည်ပူတွေနဲ့ သွေးစက်တွေကြောင့် အတွင်းဒဏ် သင့် သွားခြင်းရော ဖြစ်နေမလား......???

သူ ရှုမိ ရှိုက်မိ တဲ့ လေပြေညင်းတွေ ကြားမှာ အခိုးငွေ့ညစ်ငြမ်းမှုတွေ များနေတာကြောင့် အသက်ရှုရတာ မ၀ လို့ ရော များ ဖြစ်နိုင်သလား . . . .???

သူ....နှလုံးသွေးတွေနဲ့ ရင်းခဲ့ ပျိုးခဲ့ ရတဲ့ အလှပန်းခင်းတွေ စိမ်းလန်းခြင်းတွေ ကို အကြာကြီး တည်ဆောက်ခဲ့ရ ပြီးမှ တစ် ခဏ အတွင်း ပျက်သုန်းခြင်း အတော်များများကို မြင်တွေ့ ခံစားရင်း ရင်ကွဲနာ နှလုံးနာ ကျသွား လို့များလား....???

အင်း... တွေးစရာတွေ ကတော့ ခပ်များများ နဲ့ပေါ့ .....

ဒီလို ကမ္ဘာပျက်တော့မယ်...ကမ္ဘာပျက်တော့မယ်..နဲ့.... ငါကိုယ်တိုင် ကကော ရက်ရက်စက်စက် ကမ္ဘာကို ဖျက် ခဲ့မိ သေး လား မသိ...???

ဘယ်လိုပဲဖြစ်ဖြစ် ရင်ကွဲပက်လက် နဲ့ သူပျက်တော့မယ်ဆိုတဲ့ သတင်းစကားဆိုးတွေ ကို မြိန်ရည်လျှက်ရည် ဆိုညည်းနေကြ သံတွေ အပေါ်မှာ တော့ ကမ္ဘာဆိုတဲ့ အဲ့ဒီ့ ကမ္ဘာ က ယဉ်ကျေးသိမ်မွေ့စွာ ရက်ရက်ရောရော တုန့်ပြန်နာ ကြား ခံယူ နေ နိုင် ဆဲ ပါပဲလား ....!!!!!

( မနှင်း တောင် မေ့နေလောက်ပါပြီ .TAG ထားတာလေးကို အချိန်လုရင်း ခံစားမိသလို စာစုလေးအဖြစ် ရေးချ လိုက်မိပါတယ် ..ပြီးတော့ ကျွန်တော် ဒီစာကို ရေးနေစဉ်မှာ ကျွန်တော်အားနည်းတဲ့ စာလုံးပေါင်းတွေကို အမှန်ဝါကျ ပြင်ဆင်ပေးတဲ့ အခန်းဖော် သူငယ်ချင်း ကို ခိုင် နဲ့ ရွှေစင် တို့ကို ကျေးဇူးပါလို့ )


မိတ်ဆွေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

20 ယောက်ရဲ့အမြင်:

မေသစ္စာမောင် said...

စာသားလေးတွေက ခံစားချက်အပြည့်နဲ့ပါလား ကိုလင်းကြယ်ဖြူရေ

နွေးနွေးသဲမွန် said...

စကားလုံးတွေ ကို တကြောင်းချင်းဆီ တွေးရင်း ခံစားမိပါတယ်...ကျမတို့ ကမ္ဘာကြီးအပေါ် တကယ်မတရားခဲ့တာပါလား...

linn said...

အင်း ... ဟုတ်တယ်နော် ...
ကိုယ်တွေလဲ ကမ္ဘာကြီး စိတ်ညစ်အောင် ဘယ်နှခါ လုပ်မိနေလဲ မသိ ... လိုအင်တွေ အများကြီးနဲ့ လူတွေကို ထမ်းထားရင်း ၀န်ပိနေပြီလားလဲ မသိ ..
ဒါပေမဲ့ သူကတော့ အပြုံးမပျက် ရဲရဲ ရင်ဆိုင်နိုင်စွမ်း အပြည့်နဲ့ပါ ... ကိုယ်တွေကရော ...?

rose of sharon said...

အင်း....တွေးစရာတွေက ခပ်များများ.........

မြစ်ကျိုးအင်း said...

ကမ္ဘာကြီးမပျက်ဘူး လူတွေ ပျက်နေကြတာဗျ

အားလုံး ကိုယ့်တာဝန်ကို ကိုယ်စီ ယူစေချင်တာပါပဲ

....ခင်မင်သောအားဖြင့်...

သူကြီးမင်း (တုံးဖလား) said...

ကမ္ဘာကြီးတကယ်ပျက်သွားရင်ကောင်းမယ် ကိုကြယ်ရေ..

အာလုံးနံပါတ်တစ်က ပြန်စမယ်ဆိုရင် ပိုကောင်းမလားလို့။
ဘာသာစကားလဲ တစ်မျိုးထဲ။
ဘာသာတရားလဲ တစ်မျိုးထဲ။
လူမျိုးလဲ တစ်မျိုးထဲ။

အဲဒီလို တစ်ကနေပြန်စရင် ကောင်းမလားလို့။

ပျော်ပါစေဗျာ။

နှင်းနဲ့မာယာ said...

သူနာဖျားနေတာကြာပြီလေ....
စစ်ပွဲတွေကြားမှာ မြေစာပင်ဖြစ်လိုက်သေးတယ်
ယမ်းနံ့တွေရှုပြီး တီဘီလဲဖြစ်နေတယ်....
သတင်းဆိုးတွေကြားဆိုင်းလဲ သူ့နှလုံးခုန်သံတွေ ရပ်ရပ်သွားတယ်တဲ့....
ငိုနေတဲ့ကလေးတွေအတွက်လဲ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေရှာတယ်လေ....
ဆူနာမီကြောင့်လဲ လေတစ်ခြမ်းဖြတ်ခဲ့ပြီးပြီ...
ကမ္ဘာကြီး သနားပါတယ်....
သူ့ကို Sick Leave နဲ့ Vacation ပေါင်းပေးလိုက်ချင်တယ်....

နှင်း

Anonymous said...

စာစုလေးကို သဘောကျတယ်။
သူများနဲ့မတူပဲ အသေအချာတွေးထားလို့။

ကျောပိုးအိတ် said...

တကယ်ပျက်တော့မှာလား။ တစ်ချို့ အရာတွေက စကားနောက်တရားပါ ဖြစ်တတ်လို့ ။ ဒီလိုနမိတ်ဖတ်ရင်း နဲ့  တကယ်ဖြစ်လာရင်တော့ စိတ်မကေင်းစရာဘဲ။

ကိုလင်းတင်ပြထားတာ အပိုအလိုမရှိဘူး။ ကွေ့ ဝိုက်မနေဘူး။ စိတ်ကူးအရမ်းကောင်းတယ်။ လာဖတ်ပြီး အချိန်ကုန်ရကြိုး နပ်တယ်။

း)

khun said...

သူပေးတဲ့မြေပေါ်မှာနေပြီး
သူ့ကျေးဇူးကိုမေ့နေတဲ့အပြင်
သူ့ကိုပြန်ပြီးဖျက်ဆီးသလိုတောင်
ဖြစ်နေတယ်နော်။

flowerpoem said...

ကိုလင်းကြယ်ဖြူရဲ့ အတွေးတွေကို သေချာဖတ်သွားပါတယ် ရှင်

ahphyulay said...

ကျွန်တော်ကတော့  လက်မခံပါ။
ကမ္ဘာကြီးက လူ့ ဘောင်အဖွဲ့ အစည်းတွေနဲ့ ဖွဲ့ စည်းပြီးသူတို့ 
အခြင်းခြင်းပဲ ကျားကန်ဖွဲ့ စည်းတည်ဆောက်နေခဲ့ ကြတာပါ။
ဒီအဖွဲ့ အစည်းကြီးတွေရှိနေသရွေံ ကမ္ဘာကြီးကဘယ်တော့ မှဂျောက်
ကြီးထဲ ထိုးစိုက်ဆင်းသွားမယ်လို့ လဲမယုံကြည်ပါ။ကမ္ဘာဘယ်
တော့ ပျက်မယ်ဆိုတာနဲ့ ကမ္ဘာဘယ်တော့ စခဲ့ တယ်ဆိုတာကို
အချိန်ကုန်ခံပြီးစဉ်းစားနေတဲ့ သူတွေအတူတူပဲလို့ ဆိုပါတယ်
အဲဒီလူတွေကို ဘုရားက ပြင်းပြင်းထန်ထန်ပဲကန့် ကွက်ရှုံ့ ချခဲ့ 
ပါတယ်။ကိုယ့် အကြောင်းတောင်ကိုယ်မသိပဲကိုယ်မမှီတဲ့ 
မေးခွန်းများနဲ့ အချိန်ဖြုန်းနေကြလို့ ပါ။ နာဆာအဖွဲ့ ကြီး
ကလဲ အတိအလင်းထွက်ရှင်းပြီးရှုတ်ချခဲ့ ပြီးပါပြီလို့ ။
ဘာသာရေးအဖွဲ့ အစည်းတစ်ခုရဲ့ သူတို့ အဆိုမှန်ကန်ကြောင်း
ဝါဒဖြန့် ကြိုးစားချက်တစ်ခုဖြစ်ပါကြောင်း..လို့ 
ခင်မင်စွာနဲ့ ပဲ.......။

စည်သူ said...

ကိုကြယ်ရေ..
စာသားတွေက ထိတယ်ဗျာ..

တကယ်ပါပဲ..
ကမ္ဘာကြီးက ကျွန်တော်တို့တစ်တွေကြောင့် ငိုကြွေးနေရတယ်.. ပူဆွေးနေရတယ်

စဉ်းစားမိပါတယ်..
ငါရော ကမ္ဘာကြီး ငိုကြွေးးပူဆွေးအောင် ဘာတွေလုပ်ခဲ့တာလဲ..

လူတိုင်းက ခုလို အသိကိုစီရှိကြမယ်ဆိုရင် ဘယ်လောက်ကောင်းလိမ့်မလဲ..

ပျော်ရွှင်ပါစေဗျာ
ခင်မင်လေးစားစွာဖြင့်
စည်သူ။

Unknown said...

တကယ်ပဲလား
ကိုယ့်အတွက်ပါဖို့လုပ်ရမယ်

Unknown said...

ဘုရားရှိခိုးနေပါတယ်

Angel Shaper said...

ဘော်ဒါကြီး ကိုဖြိုးးးးးးးးးးးရေ
ကမ္ဘာပျက်တော့မယ် မပျက်ခင် မဖျက်မိဖို့ပဲလိုတာနော်။
ပျက်စီးသွားတဲ့နေရာဒေသ တစ်ချို့ ရယ် စိတ်ဓာတ်အသိလေးတွေရယ် အဆင်ပြေရင် ကျေနပ်ပါတယ်။

Ðaywalker[Soul] said...

ဖတ်သွားပါတယ်ဗျာ

မိုးစက်အိမ် said...

ကဗျာရေးတဲ့ လူမို့ လားဆိုသိဘူး အစ်ကိုစာဖတ်ရတာ
ကဗျာတစ်ပုဒ်ဖတ်ရသလို နူးညံ့နေသလိုဘဲ အထူးသဖြင့်
နောက်ဆုံးအပိုဒ်မျိုးဆို ပိုသိသာတယ် :)

ကိုလူထွေး said...

pc ပြန်ကောင်းသွားပြီလား ကိုလင်းရ...

းဝ)

Welcome said...

Tag ပို့စ်လေး အားပေးသွားတယ်

ဆင်ဆင်ပြေ ပျော်ရွှင်ပါစေဗျာ ..