
အဖြစ် အပျက် က သုံးပွင့်ဆိုင် ရင်ခုန်မှတ်တမ်း
သူတို့တတွေက ရဲရင့် .... ပြီးတော့ လှိုင်း ...နောက်တစ်ယောက် က မိုးခင်ခင်
အဲ့ဒီ့ သုံးဦး စလုံးရဲ့ ရင်ခုံသံတွေ ဟာ ခပ်ပြင်းပြင်းတွေ ဖြစ် လာတဲ့ အခါ ..............................
ကိုယ်စီ ကိုယ်ငှ တို့ ရဲ့ " ကိုယ်ပိုင် ခံစားချက်" ... တကယ့် ကို "ကိုယ်ပိုင်ခံစားချက်" တွေ ဖြစ်လာ ခဲ့ပါတော့ တယ်....။ ။
အဲ့ ဒီ သုံးပွင့်ဆိုင် ရသစုံ အချစ် ဇာတ်လမ်းလေးကို နှသုံးသား နဲ့ ထွင်း အသက်သွင်းရင်း ဇာတ်လမ်း လေး ဆင် လို့ ခံစား ပုံဖော်ပေးလိုက် သူ က ကျွန်တော့် မိတ်ဆွေ ကြီး " ဧကံဖြိုး"
သူက ဟန်သစ်မဂ္ဂဇင်း၊ ဖက်ရှင်မဂ္ဂဇင်း၊ မြှားနတ်မောင်မဂ္ဂဇင်း၊ ကြော်ငြာမဂ္ဂဇင်းတွေမှာ၁၉၉၀ မှ ၁၉၉၅ အထိပါဝင် ရေးသားခဲ့ တဲ့ ကလောင်ရှင် ....ပြီးတော့ ......."ကိုယ်ပိုင် ခံစားချက်" တို့ရဲ့ သခင် ....
သူက အခုထုတ်ဝေမယ့် ကိုယ်ပိုင်ခံစားချက် ကို ပထမအကြိမ်အဖြစ် ၁၉၉၅ ခုနှစ်မှာ အင်ကြင်းမြိုင်စာပေ ကနေ အချစ်ရှိသောနေ့ စွဲများ အမည် နဲ့ ထုတ်ဝေခဲ့ တယ်.. မကြာခင်မှာပဲသူ့ရဲ့ လက်ရာမွန် ကို ဒါရိုက်တာ မောင်မျိုးမင်း ( ရင်တွင်းဖြစ်) က နှစ်သက်ခုံမင်လို့ အဲ့ဒီ့နာမည်နဲ့ပဲ ဇာတ်ကောင်များဖြစ်တဲ့ ဒွေး၊ ထွန်းအိန္ဒြာဗိုလ်၊ ခင်ဇာခြည်ကျော် တို့ နဲ့ ဗီဒီယိုဇတ်ကား ရိုက်ကူးခဲ့လို့ နာမည် ကျော်ကြား လူကြိုက်များခဲ့ ပြန်ပါတယ်......
ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)ကပဲ အဲ့ဒီ့ဝတ္တုဇတ်လမ်းကို ထပ်ဝယ်ပြီး ဒုတိယ အကြိမ် DVD ဇတ်ကားကြီးအဖြစ် နဲ့ စိုင်းစိုင်းခမ်းလှိုင်၊ မိုးဟေကို၊ သင်ဇာဝင့်ကျာ် တို့ကိုပါဝင်စေကာ ၂၀၁၀ခုနှစ် မှာ " အမုန်းသမိုင်း" အမည်နဲ့ တခေတ်ဆန်းစေခဲ့ပြန်ပါတယ်...
ယခုတစ်ဖန် စာရေးဆရာ ဧကံဖြိုး က သူ၏ကိုယ်ပိုင်ခံစားချက်ဖြစ်သောထိုဝတ္တုကိုယနေ့ခေတ်ကာလနှင့် လိုက်လျောညီထွေ ဖြစ်စေဖို့ ၀တ္တကိုအစကနေ အဆုံး ပြန်လည်ပြင်ဆင်တည်းဖြတ်ကာ ဒုတိယအကြိမ်အဖြစ်ပုံနှိပ် ထုတ်ဝေတင်ဆက်ဦးမှာဖြစ်ပါ တယ်...
ဇာတ်ကွက် လှလှ ..အချစ်ရသ ရွှန်းရွှန်းဝေေ၀ နဲ့ ဖတ်ရသူတိုင်း ရင်ထဲ စိမ့်နေအောင် စွဲဆောင်စေမှာသေချာတဲ့ "ဧကံဖြိုး" ရဲ့ "ကိုယ်ပိုင်ခံစားချက်" ၀တ္ထုရှည်ကာင်း တစ်ပုဒ်ဟာ မကြာခင် ၂၀၁၁ ခုနှစ်၊ဖဖော်ဝါရီလ ၉ ရက်နေ့မှာ ထုတ်ဝေေ တာ့မှာဖြစ် လို့ အခုလာမယ့် ချစ်သူများနေ့မှာ မိမိရဲ့ခုံမင်ရသူ တစ်ဦးဦးကို လက်ဆောင်အဖြစ် စေပါးသေးချင်တယ်ဆိုရင်လည်း အင်မတန်မှ ကောင်းတဲ့ စိတ်ကူးလေးပါပဲ လို့ သူ့ရဲ့စာမူကို ခံစားမျှဝေ ဖော်ညွှန်းပေးလိုက် ပါရစေ ခင်ဗျာ..... ။ ။
( စာမရေးတာကြာပေမယ့် ကိုယ့်မိတ်ဆွေ ကြီးအတွက် မအားတဲ့ကြားကနေ အခုလို ပံ့ပိုးကူညီခွင့်ရတာ ကို ၀မ်းသာမိပါတယ်။ ဆက်လက်အောင်မြင်ပါစေ ဘော်ဒါကြီး ဧကံဖြိုး (ခ) KYP ရေ ...ကျွန်တော်ကတော့ ပျောက်နေပါဦးမယ်)
မိတ်ဆွေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com
5 ယောက်ရဲ့အမြင်:
မပျောက်ပါနဲ့လား ........
ဆရာကြယ်ကတော့ ကြော်ငြာထိုးပြီး ထွက်ပြေးသွားပြန်ပါပြီ။ တကယ်ဘဲ။ သူ့တစ်ယောက်ထဲ မအားတာကျနေတာဘဲ။ နဲနဲပါးပါးတော့ ရေးဦမှပေါ့။းဝ)
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
ဆရာကြယ်တို့က မအားတာ မအားရမယ် ဖေ့ဘွတ်မှာတော့ သူ့ခြေရာတွေကြီးဘဲ။
စာလေး ဘာလေး ရေးပါဦး။
ဒီစာအုပ် ရန်ကုန်ရောက်ရင် ၀ယ်ခဲ့မယ် ဆရာကြယ်ညွှန်းလို့ စိတ်ဝင်စားသွားပြီး)
Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog
It's awesome to pay a quick visit this site and reading thhe views of all mates regarding
this paragraph, while I am also zealous of getting familiarity.
Heree is my homepage ... Ask.fm hack
Post a Comment