Monday, July 13, 2009

ဘ၀ သစ်ပင်




ဒီနေ့ Google ထဲ က အရမ်းလှတဲ့ သစ်ပင်ကြီး တ္ဂေရဲ့ ပုံတ္ဂေကို ကြည့်ရင်း ရှင်သန်နေတဲ့ ကျွန်တော့်ကိုယ် ကျွန်တော် အပင်ကြီး တစ်ပင်လို ဟိုဟိုဒီဒီ စဉ်းစားပြီး မြင်ကြည့်မိ လိုက်တယ်။ပြီးတော့ အပင်အဲ့ဒီ့ အပင်ကြီးကို အစိတ်အပိုင်းလေးတ္ဂေ ခ္ဂဲလိုက်မိတယ်။ လေးပိုင်းပေါ့နော်။ အဲ့ဒါတ္ဂေကတော့ အကိုင်းအခက်တ္ဂေ...ပင်စည်ပိုင်းကြီး...သူ့ရဲ့ ရေသောက်မြစ်တ္ဂေ..နဲ့...သူ အခြေပြုထားတဲ့ မြေလွှာအပိုင်းလေး တ္ဂေ ဆိုပြီးတော့ပေါ့နော်...ဒါလေးတ္ဂေကို ဒီလို ဆက်စပ် ကြည့်လိုက်မိပါတယ်.......... အမြစ်ပိုင်းလေးကတော့ အရေးကြီးတယ်ထင်လို့ သူကနေစလိုက်မယ်..ဒီလိုလေးပေါ့နော........
ရေသောက်မြစ်ကလေးတ္ဂေ( The Roots ) ဟာ ဘ၀မှာ မိမိရဲ့ Attitude ကို ကိုယ်စားပြုကြည့်လိုက်မယ် ဆိုရင် အပင်ကြီးမှာ အမြစ်တ္ဂေ အများကြီးရှိသလိုပဲ လူတိုင်းမှာလဲ Attitudes တ္ဂေ အများကြီးက ရင်ထဲမှာ ခိုအောင်းနေကြပါတယ်။အမြင်အမျိုးမျိုး၊ ခံစားချက်အမျိုးမျိုး၊ ယုံကြည်ချက်အမျိုးမျိုး စတဲ့ အသ္ဂင်က္ဂဲလေးတ္ဂေ စသဖြင့်ပေါ့။အပင်တစ်ပင်ရဲ့ ရေသောက်မြစ်တ္ဂေအများကြီးက က သူတို့ အာဟာရကို ဘယ်လို စုပ်ယူ ရှင်သန်ကြသလဲ၊ရှင်သန်ရသလဲ ဆိုတာအပေါ်မူတည်လို့ အပင်တစ်ပင်နဲ့တစ်ပင် မတူညီကြသလို ကျွန်တော်တို့ အကောင်းအဆိုးကို ဘယ်လိုခ္ဂဲခြားကြမလဲ၊ ဘယ်လို ခံစားကြမလဲ ၊ လောကကြီးကို ဘယ်လိုမြင်ကြမလဲ ၊ ဘယ်လို ရှင်သန်လာကြမယ် ၊ အောင်မြင်မှု ဆုံးရှုံးမှ ရလာဒ်တ္ဂေကို ဘယ်လို တုန့်ပြန်ကြမလဲ စတာတ္ဂေ ကလည်း ကျွန်တော်တို့ရဲ့ Attitude ရေသောက်မြစ်ကလေးတ္ဂေ က လောက အာဟာရ ကို ဘယ်လို ရှုမြင်သုံးသပ် သောက်ယူကြမလဲ ဆိုတာပေါ်ကို မူတည်နေတဲ့ သဘောပေါ့နော်......

နောက်တစ်ခုကတော့ အပင်ပေါက်ရောက်ရာ ပတ်ဝန်းကျင် မြေလွှာ ( The Soil) လေးကလည်း အရေးကြီးပြန်ပါတယ် ..ခုနက ရေသောက်မြစ် Attitude လေးသာမက ပဲ အပင်ပေါက်ရောက် ရှင်သန်ကြီးထ္ဂား လာရန်မှာ သူအခြေပြူ ပေါက်ရောက်တဲ့ မြေလွှာ (ပတ်ဝန်းကျင်-Surroundings)လေးကလည်း အများကြီးအရေးပါလှပါတယ်။ ခုနက Attitude ရေသောက်မြစ်ကလေးတ္ဂေကို အာဟာရပေး ၊နေရာပေးထားတဲ့ အပိုင်းလေးမို့ပါ။အဲ့ဒီ့ပတ်ဝန်းကျင်ဆိုတာ မိမိ လူ့လောကကို ခြေလှမ်း စလိုက်ကတည်းက တ္ဂေ့ကြုံနေကြရတာ ကတော့ မလ္ဂဲမသ္ဂေပါပဲနော။အိမ်၊ကျောင်း၊အလုပ် စတာစတာတ္ဂေတိုင်းမှာ ပတ်ဝန်းကျင် အနေအထားအမျိုးမျိုး တ္ဂေကတော့ မတူညီစ္ဂာ ရှိနေတတ်ကြပါတယ်။အဲ..ပထမ ရေသောက်မြစ်ကလေးတ္ဂေက (Attitude) မြေလွှာ (Surroundings)တ္ဂေဆီက အာဟာရ ကို ဘယ်လို ယူဆောင် သောက်သုံးရမယ် ဆိုတာကို သေချာနားလည် သိနေပြီဆိုရင်တော့ အဲ့ဒီ့ မြေလွှာတ္ဂေက ပေးတဲ့ အားတ္ဂေနဲ့ ကောင်းကောင်းကြီးကို ရှင်သန်ကြီးထ္ဂား မြင့်မား လို့ ပေါက်ရောက် ပ္ဂင့်လန်းနေမှာ ဖြစ်ပါတယ်။

နောက် ပင်စည် ပိုင်း (The Trunk) ကတော့ မိမိ အပေါ်က နှစ်ခုကို အခြေပြုလို့ ဘယ်လောက်အထိ မြင့်မားကြမလဲ ဆိုတာပါပဲ။အပင်တစ်ပင်နဲ့တစ်ပင် အရ္ဂယ်အစား ပေါက်ရောက်ပုံခြင်းမတူညီကြပါဘူး။သူ့အပင်သူ့ အမျိုးအစားနဲ့သူ ဘယ်အပင်က ဘယ်လောက်အထိရှင်သန် ပေါက်ရောက် နိုင်တယ်ဆိုတာ သဘာဝကတော့ ဆုံးဖြတ်ပေးပြီးသားပါပဲ.။ဒါပေမယ့် လူသားတ္ဂေမှာ ကတော့ မိမိ ရဲ့ ဦးတည်ချက် ၊ ရည်မှန်းချက်တ္ဂေ (Personal Goals ) တ္ဂေက ဆုံးဖြတ်ပေးတတ် ကြပါတယ်။သူကတော့ အပင်မှာ အလည်ပိုင်းဖြစ်သလို လူတ္ဂေ အတ္ဂက်လည်း အသားပိုင်း အချက်အချာ ကျပါတယ်။မိမိဘယ်လောက်အထိ သ္ဂားမလဲ ဆိုတာဟာ ဘ၀မှာ မိမိ ရှင်သန်မှု ၊ဖ္ဂံ့ဖြိုးမှု ၊ ထိထိမိမိ တိုးတက်လာမှုတ္ဂေကတော့ အဲ့ဒီ့ ပင်စည်ပိုင်း ဦးတည်ချက် Plans လေးတ္ဂေနဲ့ သေသေချာချာ သက်ဆိုင်နေပါတယ်.......

"If you fail to plan ,you are planning to fail " လို့ ဆိုထားကြတာ ဒါကြောင့်မို့လို့ ထင်ပါရဲ့ နော်....


နောက်ဆုံးတစ်ခုကတော့ အပင်တစ်ပင်ရဲ့ အကိုင်းအခက်တ္ဂေ ( The Branches ) တ္ဂေပါပဲ။ဒီလို အကိုင်းအခက်တ္ဂေကို လူတစ်ယောက်ရဲ့ Knowledge တ္ဂေ Skills တ္ဂေနဲ့ အလားတူပါတယ်။အပင်တ္ဂေကတော့ သဘာဝမို့ အကိုင်းအခက် တ္ဂေ ရှိတတ်ကြပေမယ့် (မရှိတဲ့အပင်တ္ဂေလည်းရှိမယ်နော်) လူတ္ဂေမှာတော့ ဒီလို အကိုင်းအခက်တ္ဂေ တိုးပ္ဂါးလာအောင်ဆိုတာ သဘာဝက အလိုအလျောက် ဖန်တီးပေးလေ့ မရှိပါဘူး။ဒီလို အကိုင်းအခက်တ္ဂေ ဝေဆာ လာအောင်(Knowledge,Skills)တ္ဂေ တိုးပ္ဂါးလာဖို့ကတော့ အပင်တစ်ခုလုံးမှာ ပါဝင်တဲ့ အစိတ်အပိုင်းတ္ဂေကို အသုံးပြု အရင်းတည်လို့ ဦးတည်ချက် (Plans)၊ ဆုံးဖြတ်ချက် (Decisions) ၊ နားလည် တတ်မြောက်တတ်ကျွမ်းမှု(Learn (Continuously လုပ်နိုင်ရင်ကောင်းမှကောင်း) ,Understand ,Remember) ၊ ပေါင်းသင်းဆက်ဆံ ပူးပေါင်းပါဝင်မှု (Delegate,Communicate,Set Priorities)၊ ပြဿနာတ္ဂေ ကို ရင်ဆိုင်ဖြေရှင်းနိုင်မှု (Solving Problems- မိမိတတ်စ္ဂမ်းသမျှ လက်လှမ်းမီသလောက် တာဝန်ယူဖြေရှင်းနိုင်မှု)၊ မိမိကိုယ်ကိုယ် ပြန်လည် သုံးသတ်မှု ၊ အများဝေဖန်မှုကိုလည်း ပိုင်းခြား နားလည် လက်ခံတတ်မှု(Feedback)၊ အပြောင်းအလဲ တ္ဂေကို လက်ခံတတ်မှု (Acceptance of Changes ) စတဲ့စတဲ့ အကြောင်းအရာတ္ဂေ ကို တတ်နိုင်သမျှ ဖြည့်စ္ဂမ်းရင်း လုပ်ဆောင်ကြရင်း ရှင်သန်ဖ္ဂံ့ဖြိုးကြရမှာဖြစ်ပါတယ်။

ဒီ ဘ၀ သစ်ပင် My Life Tree လေးမှာ ဘယ်အပိုင်းကမှ ပိုအရေးကြီးတယ် ဆိုတာ မျိုးမဟုတ်ပဲ အဲ့ဒီ့ အပိုင်း ၄ ပိုင်းလုံးကို သင့်တင့်စ္ဂာ သဟဇာတ ဖြစ်ဖြစ် နဲ့ ရှင်သန်ပေါက်ရောက်မယ်ဆိုရင် ရှင်သန်နေခိုက်မှာတော့ အကိုင်းအခက်ဝေေ၀ဆာဆာ ကြီးမားခိုင်ခန့်တဲ့ အပင်တစ်ပင်ပဲပေါ့ ဆိုတာလေးကို သိသမျှထဲကနေ ပြန်လည် ခံစားပေးလိုက်ရပါတယ်။အားလုံး ကောင်းသောလိုရာတ္ဂေ ပြည့်နိုင်ကြပါစေခင်ဗျာ လို့ ဆုမ္ဂန်ချွေရင်း....





မိတ်ဆ္ဂေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

22 ယောက်ရဲ့အမြင်:

နှင်းနဲ့မာယာ said...

ဘဝ သစ်ပင်လေးကို လာဖတ်သွားပါတယ်...
စိတ်ဝင်စားစရာ ပို့စ်လေးပါ....

မငုံ said...

မှတ်သားသွားပါတယ်။ ဒီအချက်လေးတွေ အားလုံးက ဘ၀သစ်ပင်အတွက် လိုအပ်ပါတယ်လေ။ ကျေးဇူး ကိုဖြိုးရေ။

kaungkinpyar said...

ဘ၀ သစ်ပင်ကြီး လာကြည့်သွားတယ်၊

လပြည့်ရိပ် said...

ကောင်လိုက်တဲ့ ပိုစ်လေး၊ မှတ်သားသွားပါတယ်။

မဟာဆန် said...

အတွေးကောင်း အရေးကောင်းပဲ။
ဆက်စပ်တွေးစရာတွေ၊ ကိုယ့်ကိုယ်ကို ပြန်မေးတဲ့ မေးခွန်းတွေ ပိုက်ပြီး ပြန်သွားရတယ်။

Anonymous said...

သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားဆိုသလိုပေါ့နော်။
ကိုယ်ကိုယ်တိုင် သစ်ပင်ကောင်းဖြစ်အောင် ကြိုးစားဖို့ ကိုယ်စီတာဝန်ရှိပါတယ်လေ။

Anonymous said...

ညီမက ပန်းပွင့်လေးတွေထက်...အပင်ပုံစံမျိုး
စုံကို ပိုပြီးစိတ်ဝင်စားတယ်။ အပင်မြင့်မြင့်
ကြီးတွေကို ပိုပြီးစိတ်ဝင်စားတယ်။
:)...တိုက်တိုက်ဆိုင်ဆိုင် ဒီpost လေးကို
တွေ့ တော့ စိတ်ဝင်စားလို့ ဖတ်သွားတယ်နော်။
စာရေးသူရဲ့ အတွေလေးတွေကို ကြိုက်မိတယ်။
ဗဟုသုတတွေလည်းယူသွားတယ်နော်။ :)

သမီးပျို said...

သိပ်ကောင်းနေပါလား အကိုရေ အတွေးဆန်းဆန်းလေးတစ်ခုပဲ ချီးကျူးပါတယ်နော်

လေးစားစွာဖြင့်သ
သမီးပျို

ကြည်ဖြူပိုင် said...

အမှန်ပဲ..အမှန်ပဲ. သစ်ပင်တစ်ပင်ပေါ်အခြေခံပြီးတွေးမိတဲ့ အတွေးလေးအရမ်းကောင်း

ဝက်ဝံလေး said...

တကယ့်ကို ဗဟုသုတ ရစေတဲ့ ပို့စ်လေးပါ ကိုဖြူရေ ကျေးဇူးပါ

ကိုလူထွေး said...

ဘာလိုလို ညာလိုလိုနဲ့ လက်ချာရိုက်သွားတာပေါ့... ဟုတ်စ...

းဝ)

Beauty Studio USA Branded Store said...

မှန်ကန်တဲ့တွေးခေါ်မှုတွေပါပဲ။ လူသားတိုင်းထိုအတွေးလေးတွေရှိရင်တော့ဗျာ ကမ္ဘာမြေကြီးပေါ်ရှင်သန်ခွင့်တွေနဲ့ ကောင်းမှကောင်းတဲ့ဘဝသစ်ပင်တွေဖြစ်လာကြမှာပဲ။

နွေးနွေးသဲမွန် said...

အတွေးလေးတွေသစ်လွင်နေတယ်...း-)

နွေးနေခြည် said...

သစ်ပင်နဲ့ အတွေး အရမ်းကောင်းတယ် အကိုရေ
မှတ်သားစရာရတယ်

မီးတောင် said...

:) interesting :)

မေသစ္စာမောင် said...

စိတ်ဝင်စားစရာကောင်းတယ်။ ဒီပို့စ်လေးကို လာ လာဖတ်နေတာ တစ်ခါမကတော့ဘူး။
စဉ်းစားစရာ တွေပဲ။ သစ်ပင်တစ်ပင်ကို ဥပမာပေးပြီး ရေးထားတာတွေ ဖတ်ဖူးပေမယ့် ရေးတဲ့ သူတွေရဲ့ စိတ်ကူးတွေ မတူတာကြောင့်လို့ထင်တယ်လေ တင်ပြပုံတစ်ချို့ မတူကြဘူး။ ဒါကိုကလည်း ကိုလင်းကြယ်ဖြူရေးထားသလို အမြင်အမျိုးမျိုး၊ ခံစားချက်အမျိုးမျိုး၊ ယုံကြည်ချက်အမျိုးမျိုး စတဲ့ အသ္ဂင်က္ဂဲလေးတွေကြောင့်လို့ ယူဆမိပါတယ်။

စာဖတ်သူတွေကို အတွေးကောင်းလေးတွေပေးစေနိုင်တဲ့ ပို့စ်ကောင်းလေးပါပဲ။

ဇော် said...

ကိုကြယ်..
စကားပုံတစ်ခုရှိတယ်.. သစ်တစ်ပင်ဆိုရင် နတ်နေကိုင်းတော့ ထားခဲ့ပေးပါတဲ့။ =)

စာအရေးအသားကောင်းပါတယ် ကိုကြယ်။
ဒါပေမယ့် စာဖတ်ရတာ အရောင်နဲ့ စာလုံးတွေ ပူးနေတာကြောင့် စိတ်ဝင်စားဖို့ မကောင်းဘူးဖြစ်နေတယ်။ ကျနော်ကတော့ ပြောခဲ့လိုက်ပြီနော်။ ကိုကြယ့်သဘောပါ။

ကိုကြယ်ရေးတဲ့ ခုပိုစ့်လေး တကယ်ကောင်းပါတယ်။ ကျနော်ကိုယ်တိုင်လဲ ကျနော့်ကိုယ်ကျနော် သစ်တစ်ပင်လို့ ခံယူထားခဲ့ဖူးလို့ပါ။ =)

သူကြီးမင်း (တုံးဖလား) said...

ခဏဖြစ်အင်၊ ဘ၀သစ်ပင်၊ အလှချစ်ခင်၊ ထာဝရဖြစ်ချင်။

မိုးစက်အိမ် said...

ပန်းပွင်.ကလေး ကိုသာမြင်ရသည် ပို.စ်လိုဘဲဗျာ ဖတ်
လို.ကောင်းတယ် ဗဟုသုတ ရတယ်ဗျာ...

မိုးတိမ်ညို said...

အရမ်းကောင်းတဲ့ အတွေးလေးပါဗျာ။ ဒီလိုဆိုရင် ပန်းပွင့်တွေနဲ့ သစ်သီးတွေကို အောင်မြင်မှု့ အထိမ်း အမှတ် တစ်ချို့လို့ပြောရမယ် ထင့်ပါ့။ :P

(လင့်ထားလိုက်ပါရစေ။)

Mogok Thar said...

ကော်မန်ပကို ရေးချင်စိတ်အတိုင်းသာ ရေးရ အရှည်ကြီး ဖြစ်သွားတော့မှာ။
စာလေးရော တင်ပြပုံရော ကောင်းတယ်လို့ ပြောရုံနဲ့ မလုံလောက်သေးသလိုပဲ။
ဘ၀သစ်အင်တိုင်း ခိုင်မာတဲ့ ရေသောက်မြစ်၇ှိဖို့၊ ရေမြေ အခံကောင်းဖို့၊ စည်ပင်တဲ့ ပင်စည်၇ှိပြီး အခက်အလက်တေါ ဝေဖြာဖို့ နောက်ပြီး စသ်ရါက်ပန်းပွင့်တေါနဲံ စိမ်းစို အေးပြတဲ့ အရိပ်အာဝါသ ရဖို့။ အသီးအပွင့်တွေ ဝေစည်ဖို့
တသီကြီး ဆုတောင်းမိသွားတယ်။

စည်သူ said...

ဥပမာလေးပေးသွားတာ ကောင်းတယ်ဗျာ

လင့်ယူသွားတယ်ဗျား...။

ခင်မင်စွာဖြင့်
........စည်သူ။