Tuesday, July 21, 2009

ငယ်ငယ်တုန်းက



အခန်းထဲမှာ တစ်ယောက်တည်း သီချင်းလေး နားထောင်နေ မိပါတယ်။ပြီးတော့ အဲ့ဒီ့ သီချင်းလေး နဲ့ အတူ ဟိုး.. ငယ်ငယ်တုန်းက အဖြစ်လေးတ္ဂေ .... အပူအပင် ကင်းကင်း မိဘရင်ခ္ဂင်တ္ဂင်း မှာ စစ်မှန်တဲ့ ပျော်ရွှင်မှုလေးတ္ဂေနဲ့ ကြည်နူးခဲ့ရ ပုံလေးတ္ဂေကို အမှတ်မထင် အတ္ဂေးပုံရိပ်များ အဖြစ်နဲ့ပြန်လည် ထင်ဟပ် လို့ လာခဲ့ပါတယ် ... ဒါနဲ့ အတိတ်က အရိပ်တ္ဂေထဲ ပျော်စရာလေးတ္ဂေကိုပြန်တ္ဂေးရင်း တစ်ဆက် တည်း မှာပဲ ... အစ်မ မဟာဆန် ပြောပြဖူးခဲ့တဲ့ ငယ်ဘ၀က စားခဲ့ တာလေးကို သတိတရဖြစ်လာပါတယ်...

ဒါပေမယ့် အရင်တစ်ခါက ဒီလိုဆင်ဆင်လေး ရေးခဲ့ဖူးပါတယ်။ ဒီတော့ အခု ဘယ်လိုစဉ်းစားမိလဲဆိုတော့ ငယ်ငယ်က မိဘတ္ဂေ ရင်ခ္ဂင်ထဲက စောင့်ရှောက်မှုအောက် မှာ နေခဲ့စားခဲ့ဖူးတဲ့ ခံစားမှုနဲ့ ကိုယ်ပိုင်ဘ၀ကို လျှောက်လှမ်းနေတဲ့ နေ့ရက်တ္ဂေကြားထဲက က္ဂဲပြားမှု လေးကို ကျွန်တော်ရင်ထဲ စိတ်ထဲက နေခံစားမိသမျှကို ကဗျာ လေးတစ်ပုဒ် အနေနဲ့ ပဲ ဖ္ဂင့်ချလိုက်ပါရစေ..အဆင်ပြေသလိုသာ တ္ဂေးတော ခံစားပေးပါလို့ မေတ္တာ ရပ်ခံပါရစေခင်ဗျာ...

အတိတ်ဝေး က အရိပ်တ္ဂေးများ

မုန့်တစ်ခုအတ္ဂက် ငိုကြေ္ဂးလ္ဂယ်တဲ့
ဟိုကလေးအရ္ဂယ် ငယ်ငယ်က
တကယ်ကျ လောဘ ဒေါသဆိုတာ နို့တစ်ခ္ဂက် လောက်အရာမထင်ခဲ့…..

ရွှေစင္ဂေစ တ္ဂေဆိုတာ
ကလေက၀ ပါပဲ
အဖေက ပေးတဲ့ ဂျယ်လီတစ်ဗူး လောက်တောင် စိတ်ကူးမရှိဘူး…..

အမေကခေါ်ရင် ဗျာသံ ဆူးဆူး
မကြာအမြန်ထူးရင်း ငါမြူးလို့ပြေး
ရာထူး တို့ အခ္ဂင့်အရေးတို့ ဆိုတာ ဘာတ္ဂေလဲ …..

အဖေ၀ယ်လာတဲ့ အိမ်ပြန်မုန့်တစ်ဗူး
အလိမ်ဟန် နဲ့ မဟုတ် ဇိမ်ခံပြီး တမက်တမော စားတတ်ခဲ့
ရမ္မက်ဇော ကပ်နေတဲ့ အပူစာ မဟုတ်တာသေချာတယ်…..

မြေခကြေ္ဂလာတဲ့ ခြံထဲပင်က အသီးတစ်လုံး
ပြီးဆုံးအောင် ဝေမျှပြီး သူငယ်ချင်း တ္ဂေနဲ့စား
တကယ်အရင်း အမြတ်တ္ဂေကျန်ပါ့မလား ဆိုပြီး မတ္ဂေးဘူး…..

ငယ်အတန်းဖော် သူငယ်ချင်းတ္ဂေ နဲ့
ဖလှယ်ရင်း ဝေမျှစားတဲ့ ထမင်းဗူး
ဟင်းအထူးတ္ဂေ မပါလည်း မငြင်းဘူး အတူစားပြီးချစ်ကြတာ…..

ကျောင်းနေဖက် အတူပျော်
သူတော်တယ်ငါတော်တယ် တယ်မတ္ဂေးမိဘူး
တကယ်အရေးကြီးရင် အချင်းချင်းကူကြ ထူမလို့ပေးတတ်တယ်…..

ဘုရားရှိခိုး အမျိုးမျိုးကိုအမေကသင်ပြ
ရင်ကလာတဲ့ ကြည်ညိုမှုနဲ့ ခယ၀ပ်တ္ဂား
ခဏခဏအပြစ်များ လည်းမလုပ်မိသေးဘူး ….

ပူပင်သောကနဲ့အကြောင်းမလှလို့
ခေါင်းကျ အောင်မအိပ်နိုင်သူတ္ဂေ လောကမှာရှိတယ်တဲ့
ပြောပြ မှ သိတော့တယ် ဟုတ်ပါ့မလား……

ဒီလိုနဲ့.....
ရက်တ္ဂေလစား လတ္ဂေနှစ်ဖြတ်
အမြစ်ပြတ်ခြင်း မရှိတဲ့ ရာသီတ္ဂေ လည်ပတ် ရင်း
တကယ်မရပ်ခဲ့ ပါလား ဘ၀ ဆိုတဲ့ ရထား….
ခုတော့လည်း…..
ဟိုး…….အတိတ်ဝေးပျပျက
အရိပ်တ္ဂေးလေး တ္ဂေထက္ဂြခဲ့ရလို့
အိပ်ရေး ၀၀ မအိပ်နိုင်တဲ့ နေ့တ္ဂေက ထုနဲ့ဒေး….ဖြစ်ခဲ့ရပေါ့….လ္ဂမ်းလိုက်တာ ငယ်ဘ၀ရယ်…….

**********

ကဲ အစ်မ မဟာဆန် ရေ ကျေနပ်လိမ့်မယ်ထင်ပါတယ်......ကဗျာလေးရေးလို့အပြီး ခုနက နားထောင်နေတဲ့ သီချင်းလေးဆီကို အာရုံပြန်ရောက်ရင်း ဆက်လက် နားထောင် နေမိ ပါတော့တယ်...................................

*****ဟိုစဉ်က..ကလေးတို့ ဘ၀မှာ ..ပျော်ပါးဖို့ရာ. ..လ္ဂယ်ပါတယ်.....ကိုယ်ရတာနဲ့. ....... တင်းတိမ်ရောင့်ရဲ........စားချိန်မှာ ... ၀င်စားမယ်.. အိပ်ချိန်မှာ ၀င်အိပ်မယ် ....အပူအပင် ကင်းတဲ့ .... ကလေးလေးဘ၀ကို ..... တစ်ခါပြန်ပြီး ...ရ..ချင်..သေး..တယ်...... အပြစ် မသိ သေးတဲ့ ..အော်......ခလေးလေး ဘ၀ကို.....တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်*****



မိတ်ဆ္ဂေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

30 ယောက်ရဲ့အမြင်:

မငုံ said...

ကိုဖြိုးရေ..ကောင်းတယ်။ ကလေးငယ်ဘ၀လေးမှာ တကယ်အပူအပင် ကင်းသလို အပြစ်အများကြီး ကင်းတယ်။ ဟန်ဆောင်မှု့တွေ မလိုအပ်ဘူးနော်။

မဟာဆန် said...

အရမ်းကောင်းပါတယ်..ဟုတ်တယ်..အရမ်းကောင်းပါတယ်
လို့ပဲ ပြောနိုင်ပါတယ်...ကဗျာတစ်ပုဒ်လုံးက ကိုယ့်ကို ဒဲ့ပြောနေသလိုကို ခံစားလိုက်ရတယ်။ အရမ်းကောင်းတယ်။
အတွေးတွေ ပီပြင်တယ်။ ငယ်ငယ်တုန်းက ပူပင်သောက မရှိတဲ့ အချိန်က အမြဲချိုမြိန်ခဲ့တဲ့ အစာတွေကို ခုနေခါ ဘယ်လိုမှ မရနိုင်တော့ဘူး...။
” ပူပင်သောကနဲ့အကြောင်းမလှလို့
ခေါင်းကျ အောင်မအိပ်နိုင်သူတ္ဂေ လောကမှာရှိတယ်တဲ့
ပြောပြ မှ သိတော့တယ် ဟုတ်ပါ့မလား……”
အင်း ဟုတ်တယ်...အရင်တုန်းက အဲလိုတွေးခဲ့မိတယ်..စားသမျှ ချိုမြိန်ခဲ့စဉ်တုန်းကလေ
ခုတော့ အဲလို လူတွေ ရှိပါတယ်ဆိုတာ ကိုယ့်ကိုယ်ကို လက်ညှိုးထိုးလို့ ကိုယ့်စိတ်ကို သက်သေထူလိုက်ချင်ပါရဲ့။
တကယ်ခံစားလိုက်ရလို့ ကျေးဇူးတင်စကား ပြောဖို့ မေ့သွားတယ်။ အစ်မ တက်ဂ်ထားတာလေးကို တကယ် စိတ်ကို နှစ်ပြီး ဂရုတစိုက် ရေးပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ဒီထက် ဒီထက်ပိုပြီး ဘလော့ဂ်မှာရော အပြင်လောကမှာပါ အောင်မြင်ပါစေ။

kyalkalay said...

ကယ် အကိုရေ ကြယ်ညီ လာလည်တယ်နော်

ကျနော်တော့ငယ်ဘဝပြန်မရချင်ဘူး ဗျာ
အဆိုးတွေ နှစ်ခါခံရမှာဆိုးလို့
ပျော်ရွှင်ပါစေ

သူကြီးမင်း (တုံးဖလား) said...

ကလေးဘ၀ကို အတွေးရသွားပြီး ဆွေးရမလိုတောင် ဖြစ်မိတယ်။

ကဗျာလေးက အထာလေးနဲ့ဆိုတော့ လာငေးကြဦးမှာ သေချာတယ်။

မအားဘူးဗျာ။ တစ်အားထူးနေလို့။ ကစားရင်း ကူးလာခဲ့တာ။

ကိုရေတမာ said...

ကဗျာကလေးက စကားလုံးအသုံးအနှုံးလေးတွေ ကြိုက်တယ်...

ပွင့်မြုးဇင် said...

Really very nice poem. Meaningful. Beautiful rhythm.

ကျောပိုးအိတ် said...

ခြေရာခံ ပြန်လိုက်လာပါတယ်။

ငယ်ဘ၀ကို ကဗျာလေးနဲ့ ပြောလိုက်တော့ ပိုထင်ရှားသွးတာပေါ့။

ဟုတ်တယ်နော်။ ကလေးဘ၀မှာ အပူပင် အနည်းဆုံး။ အချိန်တန်စား အချိန်တန်အိပ်။စာကြည့်စရာလဲမလိုဘူး။
ဂွတ်
း)

Anonymous said...

လင်းကြယ်က ကဗျာလေးတွေ စပ်တာလည်း အရမ်းကောင်းတယ်နော်။ မရောင်ဒီကဗျာလေးကို ဖတ်ပြီး ကလေးလေး ဘ၀က လွတ်လပ်ခဲ့တဲ့ အချိန်တွေကို လွမ်းသွားတယ်။

ခင်မင်လျှက်

မေဇင် said...

ကဗျာလေး ကောင်းလိုက်တာ..... ငယ်ဘ၀ ကို တကယ်လွမ်းသွားတယ်....

မျက်မှန်လေး said...

လာလည်ပါတယ်ရှင့်
ဒီသီချင်းလေးက ရင်ကိုနာကျင်စေပါတယ်။
တကယ်ပါဘဲ။ငယ်ဘ၀ဆိုတာ ပြန်ကိုမရနိုင်တော့တာပါ.

စည်သူ said...

ဒီလိုနဲ့.....
ရက်တ္ဂေလစား လတ္ဂေနှစ်ဖြတ်
အမြစ်ပြတ်ခြင်း မရှိတဲ့ ရာသီတ္ဂေ လည်ပတ် ရင်း
တကယ်မရပ်ခဲ့ ပါလား ဘ၀ ဆိုတဲ့ ရထား….
ခုတော့လည်း…..
ဟိုး…….အတိတ်ဝေးပျပျက
အရိပ်တ္ဂေးလေး တ္ဂေထက္ဂြခဲ့ရလို့
အိပ်ရေး ၀၀ မအိပ်နိုင်တဲ့ နေ့တ္ဂေက ထုနဲ့ဒေး….ဖြစ်ခဲ့ရပေါ့….လ္ဂမ်းလိုက်တာ ငယ်ဘ၀ရယ်…….

အမှန်ပဲပေါ့ဗျာ....
လွမ်းပေမယ့်လည်း ပြန်လည်းအစားထိုးဖို့ကတော့...
.......ဟင်...ဘယ်လိုပြောရမှန်းမသိဘူးဗျာ..။
ခင်မငခစွာဖြင့်
.........စည်သူ။

ဝက်ဝံလေး said...

ကိုမင်းအိမ်ဖြူရေ ဖတ်သွားတယ် များလဲ အဲဂလိုငယ်ဘဝလေး တမ်းတမိသားနော်

rose of sharon said...

ဖတ်လို့ကောင်းလိုက်တာ... နောက်လဲလာလည်မယ်

ကြည်ဖြူပိုင် said...

အမှန်ပဲ ကလေးဘ၀ နဲ့ လူကြီးဘ၀ အေးချမ်းမှုနဲ့ အပူတွေ...အင်းးးးးးးးးးပြန်ရနိုင်မယ်ဆိုရင် ကလေးဘ၀လေးပြန်လိုချင်မိတယ်

Beauty Studio USA Branded Store said...

ကောင်းလိုက်တဲ့ကဗျာလေး ကိုဖြိုးရေ။
စာသားတွေရဲ့ စွဲဆောင်မှုကအရမ်းအားကောင်းနေတာပဲ။

နှင်းနဲ့မာယာ said...

အိပ်ရေးမဝတဲ့ နေရာလေးရောက်တော့
ဖတ်ရင်းငိုချင်လာတယ်....
Dubai Life တွေဆိုးတယ်နော်...
ကလေးဘဝပဲ ကောင်းပါတယ်...

ကိုလူထွေး said...

လူဆိုတာ အသက်ကြီးမှ ဆံပင်မည်းကြရတာ... အညစ်အကျေးတွေ များများလာလို့...

ဖြူစင်တဲ့ကလေးဘဝမှာ ဆံပင်ဆိုတာကလဲ အဖြူရောင်...

းဝ)

မေသစ္စာမောင် said...

ကိုလင်းကြယ်ဖြူရေးထားသလိုပါပဲ
ကိုယ်ကိုယ်တိုင်လည်း အပူအပင် ကင်းကင်း မိဘရင်ခ္ဂင်တ္ဂင်း မှာ စစ်မှန်တဲ့ ပျော်ရွှင်မှုလေးတ္ဂေနဲ့ ကြည်နူးခဲ့ရဖူးပါလားဆိုတာကို မကြာခဏတွေးမိလာတယ်။

Lucifer said...

အကို့ ကဗျာလေးဖတ်မိပြီးမှ.. ငယ်ငယ်က အကြောင်းလေးပြန်တွေးမိတယ်..

ဇော် said...
This comment has been removed by a blog administrator.
ဇော် said...
This comment has been removed by a blog administrator.
ဇော် said...

အမေကခေါ်ရင် ဗျာသံ ဆူးဆူး
မကြာအမြန်ထူးရင်း ငါမြူးလို့ပြေး
ရာထူး နဲ့ အခ္ဂင့်အရေးဆိုတာ ဘာတ္ဂေလဲ …..


အားပါး။
အားပါးလို့ပဲ အော်ပြီး ပြန်သွားတယ်။ ကောင်းလိုက်တဲ့ကဗျာ ဗျာ။ တစ်ခါတည်း သိမ်းပလိုက်ပြ။ ငှဲငှဲ။ =)

ဂျာမုန်းဒန် said...

လင်းကြယ်ဖြူရေ....အစ်မလာဖတ်ပြီး၊ခံစားသွားပါတယ်။
တကယ်ကောင်းတဲ့ကဗျာလေးပါ။
ငယ်ငယ်ကပုံရိပ်တွေကိုမြင်ယောင်စေတယ်။
အနာဟောင်းတွေကိုတုတ်နဲ့ထိုးသလိုပြန်ခံစားရတယ်။
အသက်တွေကြီးလာလေလေငယ်ဘ၀ကိုတမ်းတလေလေဖြစ်လာတယ်။
အေးလေ....တမ်းတခွင့်ရှိလို့တော်သေးတာပေါ့။
ခင်တဲ့
အစ်မဂျာမုန်း

Anonymous said...

အတွေးကောင်းလို့
အရေးကောင်းသလို
ကျွမ်းကျင်မူလည်းပါသကိုး။

မဟာဆန်တက်ဂ်ထားတဲ့ ကိုယ့်ရဲ့ဒီပိုစ့်မှာ http://apyonepan.blogspot.com/2009/07/blog-post_20.html
လင်းကြယ်ဖြူက ကဗျာလာမစပ်ခင်
ကိုယ့်ဘာသာရေးထားတာလေး လာဖတ်ပါအုံး။
ရီတော့မရီနဲ့ပေါ့။

မြစ်ကျိုးအင်း said...

ကလေးဘ၀ကို ရှင်းရှင်းလေးမြင်ယောင်အောင်ရေးထားတဲ့ ကဗျာကောင်းလေးပါပဲ...သဘောကျမိပါတယ်....။
ကျွန်တော်တို့လည်း အတူတူပါပဲလေ အခုတော့ အပူတွေ တလူလူနဲ့ အငွေ့ပြန်နေတာများ ငြိမ်းအေးမှု တောင်ရှာမရဘူးဖြစ်နေတယ်..။

Angel Shaper said...

အကိုေ၇.. ကဗျာလေး ကောင်းလွန်းလို့ .. ဘာပြောရမှန်းမသိဘူး ဖြစ်သွားတယ်ဗျိုးးးးးးးး
အရမ်းကောင်းတဲ့ကဗျာလေးပါ။

လပြည့်ရိပ် said...

ကဗျာလေးကိုဖတ်ပြီး ငယ်ဘဝကိုရော..... အိမ်ကိုပါသတိရသွားတယ်....ရင်ထဲကိုတကယ်ထိသွားတဲ့ကဗျာလေးပါပဲ....

ကိုချူချာ said...

ကဗျာအသားမိအောင်ရေးထားတာကို သဘောအကျဆုံးပဲ... ကလေးတည်းရဲ့ ဘဝနဲ့ လက်ရှိလူတိုင်းကြုံနေရတဲ့ဘဝလမ်းကြောင်းအားလုံးကို ယှဉ်ပြနိုင်တာ အရမ်းလေးစားတယ်... တကယ့် ကဗျာကောင်းနဲ့ စိတ်ကူး အကောင်းဆုံးပါပဲ...
ကူးယူ သုံးစွဲခွင့်ပြုပါခင်ဗျာ...

kaungkinpyar said...

တို့လဲ သတိရနေတာ ငယ်ဘ၀ ရယ် အိမ်ရယ် ၊ ကဗျာလေးဖတ်မိတော့ ပို ခံစားမိတယ်

မိုးစက်အိမ် said...

ကလေးဘ၀ ပြန်တမ်းတမိတယ်ဗျာ သီချင်းကတော.
ကိုစိုင်းဆိုတာရော ကိုလွမ်းမိုး ဆိုတာရော တကယ်
ကြိုက်တယ်ဗျာ...