Wednesday, July 29, 2009

...ငယ်ဘ၀က သံစဉ်များ...




အခုတလော ငယ်ဘ၀ နဲ့ ပတ်သက် တာတ္ဂေကိုချည်းပဲ Tag ခြင်းကို ခံနေရသမို့ အနည်းငယ်မျှ ငယ်မူပြန်ချင် လာပါတယ်..ဒီလို ငယ်မူပြန်ချင်စိတ်ကလေး ပေါ်လာတော့ ဟိုးအရင် ကလေးလေးဘ၀ တုန်းက ရ္ဂတ်ဆို ဖြစ်ခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေ၊ ရောက်တတ်ရာရာ ကလေးဘ၀က သီဆို ဟစ်ကြေ္ဂးဖြစ်ခဲ့တာလေးတ္ဂေ က ခေါင်းထဲကို အစီအရီ လာရောက် ရိုက်ခတ် နေရာယူလာကြပါတော့တယ်.....


ဒီတစ်ည မအိပ်စက်ခင် ကောင်းကင်က ငွေလမင်းကြီးကို မော့ကြည့်နေရင်းက အတွေးထဲကို ၀င်လာတဲ့ ကလေးအရ္ဂယ် ငယ်ငယ်က သီဆို ရင့်ကြူး ကြည်နူး ခဲ့ရတဲ့ ကဗျာလေးတ္ဂေ က လင်းလက်နေတဲ့ ကြယ်ဖြူ ပွင့်လေးတွေ အလား အစီအရီ ခေါင်းထဲကို ၀င်ရောက် နေရာယူ လာတာမို့ ကောင်းကင်ကို မော့ကြည့်နေရင်း ပြုံးနေမိပါတော့တယ်.......

ရွှေလမှာ ယုန် ၀တ်လို့
ဆန်ဖွတ်တဲ့ အဖိုးအို ဟောကြည့်ပါဆို
ဆို သာဆို ပိုမိုသည့် စကား
ကလေးအငိုတိတ်အောင် အရိပ်အယာင်ပြတယ်
ဖိုးလနတ်သား....... တဲ့ ကျွန်တော် မိခင်ဖခင် ကျေးဇူးရှင်တို့ရဲ့ ကျေးဇူးကြောင့် စာမဖတ်တတ်ခင် စာမရေးတတ်ခင် အရင်ဦးစ္ဂာ သီဆို ဟစ်ကြေ္ဂးတတ်ခဲ့တဲ့ စာစုလေး စိတ်ထဲမှာ ပြန်ပေါ်လာတယ် ..ရေးရေးလေး မဟုတ်ဘူး ... သေချာတယ် ..ကောင်းကောင်း မှတ်မိနေတယ်လေ....ဒါလေးနဲ့ ဘ၀ထဲက ကဗျာဆိုတာကို စတင် မိတ်ဆက်ပေးခဲ့ကြတဲ့ မိဘနှစ်ပါး ကိုလည်း ရိုသေစွာ ဦးညွှတ်ဂါရ၀ပြုမိပါတယ်.........

ဒီလိုနဲ့ အချိန်တန်ပြီဆိုတော့...............ခေါင်းလောင်းသံ ချိုချိုတို့ ရိုက်ခတ်သံတွေကြားမှာ ........

ပန်းကလေးများ ပ္ဂင့်တော့မည်
ဖူးတံဝင့်လို့ချည်
နေခြည်မှာ ရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း .....................ဆိုတဲ့ ကဗျာလေးကို ကျွန်တော့် ဘ၀ရဲ့ စာရေးစာဖတ်ခြင်း အတတ်ပညာတို့ ရဲ့ အုတ်မြစ်ချရာ ဋ္ဌာန ထဲမှာ ခဏခဏ ပျော်ပျော်ရွှင်ရွှင် ညီညီညာညာ သီဆိုခဲ့ဖူးပါတယ်....ဒီလိုသီဆို တတ်အောင် ချော့တစ်ခါ ခြောက်တစ်လှည့် စေတနာတွေ ရင်ထဲထည့် ..ပီတိကိုစားလို့..အားရှိနေခဲ့ကြပါတယ် ဆိုတဲ့ မြတ်သောဆရာ မြတ်ဆရာ အပေါင်းတို့ကိုလည်း အမှတ်ရလို့ ကြည်ညိုမိပြန်ပါတယ်..............................

ဒီလိုနဲ့ အဲ့ဒီ့ ဋ္ဌာန လေးရဲ့ ကျေးဇူးတော် အနန္တတို့ဖြင့် စာရေးစာဖတ် ကောင်းကောင်းတတ် ခဲ့ရပြီး နောက် ... စာမြင်ရင် ဖတ်ချင်စိတ်၊ကဗျာမြင်ရင် ရ္ဂတ်ချင် စိတ် ကလေးတ္ဂေက နိုးထလာခဲ့ရပြီး .......................

မုန့်လုံးကို စက္ကူကပ်
ရွှေကလာပ်နဲ့ ဆ္ဂမ်းတော်တင်
ပုလ္လင်ပေါ်က မျောက်ကလေး
ဆင်းတယ်လို့ ပြေး ဂျာအေး............ဆိုတဲ့ မုန့်လုံးစက္ကူကပ် အမြစ်မပြတ် သီဆိုနိုင်တဲ့ ကဗျာလေးတ္ဂေ ...

နောက်တော့....

ရွှေစွန်ညို
ဘာကိုလိုလို့ ၀ဲတယ်ဝဲတယ် ...
မအေးလိုလို့ ၀ဲပါတယ်....
မအေးမပါ သူ့ချည်းသာ ပါပါရက်သား နောက်ကထား...အစပြုတဲ့ ကဗျာလေးကို ရ္ဂတ်ရင်း ကစားရတဲ့ ကစားနည်းလေး ကိုလည်း အကြိမ်ကြိမ် မြူးတူးပျော်ပါး ဆော့ကစားခဲ့ဖူးပါတယ်....အမှတ်တရရှိလိုက်တာ ငယ်ကဗျာလေးတ္ဂေကိုလေ....

ဒီလိုနဲ့ အတန်းတ္ဂေအဆင့်ဆင့်ဖြတ် လို့ အလယ်တန်းခေါ်တဲ့ ပညာရေး လမ်းကြာင်းရဲ့ခရီးတစ်ဝက်မှာ မြန်မာစာ သင်ပေးခဲ့တဲ့ ဆရာမတစ်ယောက် ကို အမြဲ အမှတ်တရရှိမိပါတယ်...သူမက အဆိုတော်လည်း လုပ်ဖူးခဲ့ပါတယ်...ဒါကြောင့် ဆရာမ က ကဗျာလေးတ္ဂေကို သင်ရင် သီချင်းလေးလို တီထ္ဂင်သီဆိုပြီး သင်ပြပေးတဲ့အတွက် မမေ့မလျော့ပဲ ယနေ့တိုင် ရင်ထဲမှာရှိနေတဲ့ ကဗျာလေးတစ်ပုဒ်ကတော့......

တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့ တောင်လုံးသာကျန်ပြန်လေသမို့
ဖန်ဖန်လေ အားအင်နှိုး လို့ရယ် ကြိုးလျှောက်ရပြန် ................... ဆိုတဲ့ ကဗျာလေးပါပဲ...ဘယ်တော့မှမမေ့နိုင်ပါဘူး ဆရာမရယ်..ဆရာမ သားတို့ ကို ကျောခိုင်းပြီး နှုတ်ဆက်ခ္ဂင့်တောင် မရလိုက်ပဲ ဘ၀ဆိုတဲ့ သံသရာခရီး ကြော ကနေ တိတ်တဆိတ် ထ္ဂက်ခွါသ္ဂားပေမယ့် ဆရာမက သီချင်းလေးလို သီဆို တီထ္ဂင်ပြီး သင်ပေးခဲ့တဲ့ ကဗျာလေးကို ရင်ထဲထည့်လို့ ဘ၀ခရီးလမ်း များကို ကြိုးစား လျှောက်လှမ်းရင်း ဒီကဗျာလေးကလေ သားတို့ အတ္ဂက် အားအင်သစ်ကိုဖြစ်စေခဲ့တာမို့ ဆရာမ ရောက်လေရာ ဘ၀မှာ အေးချမ်းသော သူ အဖြစ် တင့်တယ်စွာ စံစားနိုင်ပါစေလို့ ရင်နင့်စွာ ဆုတောင်းပေးလိုက် ပါရစေ မြတ်သော ဆရာ မြတ်ဆရာ ရေ.........

အော်...ငယ်ငယ်တုန်းက ပျော်ရွှင်ကြည်နူးစွာ လွတ်လွတ်လပ်လပ် ရွတ်ခဲ့ ဆိုခဲ့ ကြူးရင့်ခဲ့ တဲ့ ကဗျာလေးတွေ ကအများကြီးပဲ လေ...အားလုံး ကို ပြန်လည်အမှတ်ရပြီး....ငယ်ငယ်က သူငယ်ချင်းတ္ဂေနဲ့ လသာသာ ညလေးတွေမှာ ကဗျာလေးတွေရ္ဂတ် ရင်း လွတ်လပ်ပျော်ပါး လို့ အပူအပင်ကင်းကင်း နဲ့ ပြေးလွှားဆော့ ကစားနေခွင့်လေး..........ဟာ......
အော်..တော်တော်လေးကို အတွေးနယ်တွေ ချဲ့ နေလိုက်မိတာ....မော့ကြည့်နေတဲ့ လမင်းကြီးကိုတောင် တိမ်ဆိုင်လွှာ တစ်ထပ်က ခဏဖုန်းထားလိုက်ပြီပဲ..................................တိမ်တွေမြန်မြန် လွင့်သွားစမ်းပါ...လွင့်သွားလိုက်စမ်းပါ........
ဟော.....ကြည့်နေရင်ပဲ တိမ်တွေ ပြန်လည် ကင်းစင်လို့ လမင်းဝင်းဝင်းကြီး ကထပ်ပေါ်လာပြီ......အခုမှ သတိရတယ် ဒီနေ့လပြည့်ညပဲ...... ဟုတ်တယ် ဒီနေ့လပြည့်ည........

ဒီတစ်ည မအိပ်စက်ခင် ကောင်းကင်က ငွေလမင်းကြီးကို မော့ကြည့်နေရင်းက အတွေးထဲကို ၀င်လာတဲ့ ကလေးအရ္ဂယ် ငယ်ငယ်က သီဆို ရင့်ကြူး ကြည်နူး ခဲ့ရတဲ့ ကဗျာလေးတ္ဂေ က လင်းလက်နေတဲ့ ကြယ်ဖြူပွင့်လေးတွေ အလား အစီအရီ ခေါင်းထဲကို ၀င်ရောက် နေရာယူ လာတာမို့ ကောင်းကင်ကို မော့ကြည့်နေရင်း ပြုံးနေမိပါတော့တယ်... ....... ......

ပြီးမှတိုးတိုးလေး...ဟုတ်တယ်..တကယ့်တိုးတိုးလေး..လေသံဖျော့ဖျော့လေးနဲ့လေ..........


ရွှေလမှာ ယုန် ၀တ်လို့
ဆန်ဖွတ်တဲ့ အဖိုးအို
ဟောကြည့်ပါဆို
ဆို သာဆို ပိုမိုသည့် စကား
ကလေးအငိုတိတ်အောင် အရိပ်အယာင်ပြတယ်
ဖိုးလနတ်သား...................................။ ။

ဒီနေ့ကျမှ လမင်းကြီးကလည်း သာနေလိုက်တာ ..............




ကဲ...မနှင်း ရေ ကျေနပ်လိမ့်မယ်ထင်ပါတယ်ခင်ဗျာ....မှတ်မိသလောက်ရယ် ၊ တကယ်ကို ရင်ထဲမှ ကျန်နေတဲ့ ကဗျာ စာစု လေးတ္ဂေရယ်ကို စာမျက်နှာပေါ်မှာ ရေးခြစ်လိုက်ပါတယ်နော်.....

မိတ်ဆွေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

21 ယောက်ရဲ့အမြင်:

kyalkalay said...

11111111111111

kyalkalay said...

ငယ်ဘဝ ကရှိရှိသမျှ မျက်ရည် အဖြစ်နဲ့မျက်လုံးဝကိုရောက်လာတယ်
ခံစားပြီးဖတ်သွားပါတယ်
မိဘ ဆရာ ဆရာမတွေကို ဦးချသွားပါတယ်

Anonymous said...

အော် ဒီကဗျာလေးတွေ ပြန်ဖတ်ရတော့ အဲဒီအချိန်လေးကို ပြန်သတိရသွားတယ်။

စည်သူ said...

ငယ်ငယ်က သီဆို ရင့်ကြူး ကြည်နူး ခဲ့ရတဲ့ ကဗျာလေးတ္ဂေ က လင်းလက်နေတဲ့ ကြယ်ပွင့်လေးတွေ အလား ခေါင်းထဲကိုေ၇ာက်လာတယ် အင်...စာရေးတိုင်း
ကြယ်ကလေးတွေရဲ့အကြောင်းပါတယ်..။

သတိထားမိလို့ပါ..။

ထိပ်ဆုံးသို့ ကဗျာကို အရမ်းသဘောကျတယ်..။
တစ်ခါတစ်လေ ပင်ပန်းလွန်းလို့ လောကကြီးကိုအပြစ်တင် မိတဲ့အခါ....

ခါတစ်လေ
တကယ်ပန်းတာကြောင့်
တော်ပါပြီဆက်မလှမ်းချင်ဘိ
ရပ်တန့်ကာရပ်မယ်ကြံ
အမှန်တော့ဖြစ်နိုင်မလား
စခဲ့မိရာပေါ့
တစ်နေ့မှာဆုံးရာရောက်ပါလိမ့်
ဖန်ဖန်လေအားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်..။

အဲစာသားလေးကိုသတိရလိုက်တာနဲ့
အားဆေးတစ်ခွက်သောက်လိုက်တဲ့အလား
လန်းဆန်းသွားတယ်ပဲ..။

အခုလို ငယ်ဘဝကို အမှတ်ရစေတဲ့
အကြာင်းအရာတွေ ရေးပေးတာ
ကျေးဇူးတင်ပါတယ်ဗျာ..။

ကော်မန့်မှာ ကဗျာစာလုံးပေါင်းတွေမှားနေရင်
ခွင့်လွတ်ပါလို့ တောင်ပန်ပါတယ်..။

ခင်မင်စွာဖြင့်
...............စည်သူ။

မေဇင် said...

ကဗျာလေးတွေကို... ရွတ်ရင်း...ရွတ်ခဲ့စဉ် အခါက ပြုမူခဲ့တာလေးတွေကို တွဲရေးထားတော့... စိတ်ထဲမှာ မြင်ယောင်ရင်.... ပုံလေးတွေက အပြစ်ကင်းလိုက်တာနော်..။ ငယ်ငယ်တုန်းက ပျော်စရာကောင်းတယ်..။

နဒီမိုးညို said...

ကဗျာလေးေ.တွ.က.နဒီ..တို့ ..ငယ်ငယ်က.ရွတ်ခဲ့ရတဲ့ကဗျာလေးတွေ..ပဲ.
ပျော်ရွှင်ပါစေရှင်..

Lucifer said...

ကိုလင်းကြယ်ဖြူရေ.. မရိုးနိုင်တဲ့ ကဗျာလေးတွေပါနော်.. သိပ်ကောင်းတာပဲး..

နှင်းနဲ့မာယာ said...

ကိုလင်းက တော်တော်လေးမှတ်မိသားပဲ...
ကဗျာတွေ ပြန်ရွတ်ရင်း ကလေးဘဝကို ပြန်လွမ်းတယ်..
စောစောစီးစီး အကြွေးဆပ်တဲ့အတွက် ကျေးဇူးနော်...
ဟိုနှစ်ယောက်တော့ ကျန်သေးတယ်....

မနှင်း

မိုးစက်အိမ် said...

ကလေး ဘ၀ ကကဗျာတွေက ကုန်ပါပြီဗျာ
ကဗျာတွေ လည်းထပ်ကုန်ကြပြီ ဟိဟိ ကျွန်
တော်လည်း ရေးစရာမကျန်တော.ဘူးလို.
ပြောပေးပါ ကိုကြယ်ကြီးရေ :D :P

မဟာဆန် said...

ငယ်ငယ်က ကဗျာတွေ ပြန်ပြောပြတော့ ဟိုး နှစ်ဆယ်စုနှစ်က အေးချမ်းပျော်ရွှင် လောဘ၊ဒေါသတွေ မရှိတဲ့ အချိန်တွေကို ပြန်တမ်းတမိပါတယ်။ တို့အသက် တစ်နှစ်ခွဲလောက်က ဖေဖေက ကဗျာတွေ သင်ပေးပြီး တို့စကားပြောတဲ့ အသံလေးတွေကို အသံသွင်းထားခဲ့တာ။ အဲဒီ အခွေလေးတွေကို ခုထိ ပြန်နားထောင်လို့ မရိုးနိုင်ဘူး။

ပေါက်ပင်ကြီး ဘာကြောင့်ကိုင်းရတယ်
ဗျိုင်းနားလို့ ကိုင်းရတယ်
ဗျိုင်းဘာလို့ နားရတယ်
ငါးပေါ်လို့ နားရတယ်
ငါးဘာလို့ ပေါ်ရတယ်
ကျွဲလူးလို့ ပေါ်ရတယ်
ကျွဲဘာလို့ လူးရတယ်
မိုးရွာလို့ လူးရတယ်
မိုးဘာလို့ ရွာရတယ်
ဖားအော်လို့ ရွာရတယ်
ဖားဘာလို့ အော်ရတယ်
မြွေကိုက်လို့ အော်ရတယ်
မြွေဘာလို့ ကိုက်ရတယ်
ငါ့ဝမ်းပူစာ မနေသာလို့ ကိုက်ရတယ်

အဲဒီကဗျာကို မပီကလာ ပီကလာနဲ့ အော်ဆိုနေတာလေ။
တစ်ကြောင်းနှစ်ကြောင်း အော်လိုက် နို့စို့လိုက်နဲ့ လုပ်နေတဲ့ အသံလေးတွေ ပြန်နားထောင်ရတော့ ကိုယ့်ကိုယ်ကိုတောင် ချစ်စရာ ကလေးလေး လို့ ထင်နေမိသေးတယ်။

ဇော် said...

ဖတ်လို့ကောင်းတဲ့စာမူမှာ ဆူညံတဲ့သီချင်းသံကို ပိတ်မရလို့ စိတ်အနှောင့်အယှက်ဖြစ်ရတာကြောင့်
ဘာမှ သေချာတောင် မခံစားဖြစ်ခဲ့ဘူး။

သီချင်းတင်တယ်ဆိုတာ ကြိုက်တတ်တဲ့သူအတွက်တော့ ကောင်းပါတယ်။ ဒါပေမယ့် မကြိုက်တတ်တဲ့သူအတွက် ပိတ်လို့ရပ်လို့ရမယ့် ခလုတ်လိုဟာမျိုးနဲ့ တင်သင့်တယ်ထင်တယ်။ စာဖတ်သူကို အခွင့်အရေးပေးတဲ့သဘောပေါ့။ ခုဟာက Play ပဲ ပါပြီး Stop မပါဘူးဆိုတော့ အတော်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပဲဗျာ။ ကျနော်တော်တော်စိတ်အနှောင့်အယှက်ဖြစ်သွားတယ်။ ကွန်နက်ရှင်က အကုန်အပြည့်တက်တာမဟုတ်တော့ သီချင်းက ဆန့်ငင်ဆန့်ငင်လာနေတာက ကျနော့်အတွက်တော့ နားဆူစရာဖြစ်နေတာ အမှန်ပဲ။ စာကို ပြီးအောင် မနဲ သည်းခံပြီး ဖတ်လိုက်ရတယ်။ နောက်ဆို ကျနော် အဲ့လိုပုံမျိုးနဲ့ ဘယ်လို စာလာဖတ်ရမလဲဗျာ။ =(

Anonymous said...

သီချင်းလေးကိုဖွင့်ပြီး နားထောင်ဖြစ်တယ်။
ပြီးတော့ စာစဖတ်တယ်၊
ကောင်းကင်ကို မော့ကြည့်ရင်း ပြုံးတယ်ဆိုလို့ ကိုယ်လည်းဖတ်ရင်းနဲ့ အတူပြုံးသွားတယ်၊ ကဗျာတွေကို တကယ်မှတ်မိနေတယ်နော်၊ တော်လိုက်တာ၊ ကိုယ်တို့လည်း ရွတ်ခဲ့ရပါတယ်၊ ကဗျာတွေဟာ နူးညံ့မူကို အမှန်ပေးတယ်နော်၊ ဒီတစ်ပုဒ်မှာ လင်းကြယ်ဖြူဟာ ဘယ်လိုလူပါလိမ့်လို့ တွေးမိတယ်၊ ကြယ်စင်လို ဖြူစင်ပါစေလို့ ဆုတောင်းမိတယ်လေ။

ငှက်ကလေး said...

အဟားးးးး ကိုဖြူကြီးက ကဗျာလေးတွေ အခုထက်ထိ မှတ်မိနေသေးတာပဲ လေးစားတယ် ဗျာ ဟိဟိ ဖတ်သွားတယ် မေ့နေတဲ့ ကဗျာလေးတွေ ပြန်ဖော်ပေးတာ ကျေးကျေးနော်

ဘိုင်

မငုံ said...

ကိုဖြိုးရေ.ကဗျာလေးနဲ့ သီချင်းကိုက်နေတာပဲ။ ကဗျာဖတ်ရင်း သီချင်းကိုခံစားလိုက်ရတော့ မျက်ရည်တောင်ဝဲလာတယ်။
အဲ..သီချင်းတွေ CD နဲ့ဘမ်းထားပြီး ပို့နေတာ တော်တော်ကြာနေပြီနော်။ သတိပေးတာမဟုတ်ပါဘူး။ ကြုံတုန်းလေး ပြောပြတာ :P

Scalpel said...

ငယ်ဘ၀ က ကဗျာလေးတွေ လာဖတ်ရင်း ကလေးဘ၀လေးကို လွမ်းသွားပါတယ် ကိုလင်းရေ။ သူများတွေပြောသလိုပဲ ကဗျာလေးတွေ မှတ်မိတာ တကယ်တော်တယ်ဗျို့။

ဂျာမုန်းဒန် said...

လင်းကြယ်ဖြူရေ....ကဗျာလေးကအရမ်းဖတ်လို့ကောင်းတယ်။
ငယ်ဘ၀ဆိုတာတကယ်အပြစ်ကင်းတယ်။
ကလေးဘ၀ပဲပြန်ဖြစ်ချင်မိတယ်။
တော်သေးတာပေါ့ပြန်လည်တမ်းတခွင့်ရလို့နော်။
ခင်တဲ့အစ်မ
ဂျာမုန်းဒန်

Beauty Studio USA Branded Store said...

နောက်ကျသွာပြီဗျာ။
အားလုံးဝိုင်းရေးထားတော့ ရေးဖို့နေရာလွတ်ပဲရတော့တယ်။:P
မရိုးနိုင်ဆုံးနဲ့ အကောင်းဆုံးသော ကဗျာလေးတွေ ပါပဲဗျာ။
ရွှေလကယုန်ကလေးကတော့ မြန်မာပြည်ရဲ့ ရိုးသားဆုံးကဗျာလေးပါပဲ။
တကယ့်သားချော့ကဗျာလေးတွေပါ။ ငယ်ဘဝ ကိုသတိရသွားလို့ အလည်သွားဦးမယ်။ အိမ်မက်ထဲမှာလေ...........

ကျောပိုးအိတ် said...

ကျန်သေးတယ်လေ

ဖိုးလမင်းကြီးရေ ကျောပိုးအိတ်စားဘို့  ထမင်းဆီစမ်းကို ရွှေလင်ဘန်းနဲ့ ပေးပါနော်

အဟီးးးးးးးး

ကြည်ဖြူပိုင် said...

သီချင်းလေးနဲ့ပို့စ်လေးနဲ့လိုက်လိုက်တာနော်

Angel Shaper said...

ကိုဗြိုးးးးးးးး ကိုဗြိုးးးးးးးးးးးးးး

မှတ်ဥာဏ်ကောင်းတဲ့ ကိုဗြိုးးးးးးးးးး
ချီးကျွေးသွားသည်. အဲ ဟုတ်ဘူး
ဆောရီး
ချီးကျူးသွားသည်။

လပြည့်ရိပ် said...

ငယ်ဘဝရဲ့ ကဗျာသံစဉ်လေးတွေကို အမှတ်တရရှိရှိနဲ့ ပြန်လည်ပုံဖော်ပေးသွားလို့ ကျေးဇူး ......... အော်......ငယ်ဘဝ ဆိုတာ ဖြူစင်တဲ့ ကောင်းကင်မှာ လင်းလက်နေတဲ့ ကြယ်ပွင့်လေးတွေလို တဖျတ်ဖျတ်တောက်ပလို့ နေခဲပါလားလို့ အတွေးတချက်ဝင်သွားတယ်။