Thursday, August 6, 2009

နာမည်ကြီးမင်းသား




ခေတ်လူငယ်တွေ ၊ ကောင်မငယ် လေးတွေ(မြိတ်လို) အင်မတန်ကြိုက်လှပါတယ်ဆိုတဲ့ ၊ ခပ်ချောချော အဆိုတော် မင်းသား မောင်မင်းမော်ကွန်းကတော့
အခုလို သာသနာတော်ကို မလေးမစားနဲ့ ကိုယ့်ဂုဏ်ကိုယ်ဖျက် စကောလောက်မှ ဇောက်မနက်လုပ်ချလိုက်ပြန်ပါပြီ ဆိုတဲ့ ........သတင်းလေးရလို့ ပါ.....

ဘာသာတိုင်းကို လူမျိုးတိုင်းက အသီးသီး ကိုးကွယ်ရာအလိုက် အလေးထားပြီး ကိုယ့်ဘာသာ ကိုကိုယ် မြှင့်တင် တန်ဖိုးထားကြတာကိုတွေ့နေရပေမယ့်နာမည်ကြီး သရုပ်ဆောင်ကြီး ဦးဇင်ဝိုင်း ရဲ့သား နာမည်ကြီး သရုပ်ဆောင် အကယ်ဒမီ မောင်မင်းမော်ကွန်း နဲ့ အပေါင်းအပါ တစ်စုကတော့ထေရ၀ါဒ ဗုဒ္ဒဘာသာ အထွန်းကားဆုံးနေရာ ပြည်မြန်မာမှာ ဘယ်လို စိတ်ကူးပေါက်သည်မသိ...


ဗုဒ္ဒဘာသာ တစ်မျိုးလုံးရဲ့ အထွတ်အမြတ် ထားတဲ့ အနန္တောအနန္တ ငါးပါးထဲ က လက်ရှိ ကိုးကွယ်ရာ မြတ်သံဃာတော်တို့ဆင်မြန်းရာ သင်္ကန်းတော်ကို အရေခြုံလို့ မတော်တာလုပ်ပြနေတယ်ဆိုတော့ကလည်း....

မိမိကိုးကွယ်တဲ့ဘာသာကို မိမိက မှ တန်ဖိုးမထား မလေးစားရင်..... အင်း...........
ပြီးတော့ သံဃာတော်ငယ် များလည်း အတုခိုး မှားနိုင်ပါတယ်..
မောင်မင်းသားက ဒီပုံကို သူ့ရဲ့ Facebook မှာ တောင် တင် ထား သေးတယ်ဆိုတော့ တော်တော်ကို စဉ်းစားစရာ ပါပဲ .... ဘယ်လို ဖြေရှင်းချက် တွေနဲ့ ဘယ်လို ပြောမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပေါ့နော....


သင်္ကန်းတော်ကို ခြုံပြီဆိုတာနဲ့ ကိုယ်အမူအယာ နှုတ်အမူအယာတို့ကို အိနြေ္ဒနဲ့အညီ ၊သိက္ခာတော် များစွာနဲ့အညီ စောင့်ထိန်း နေထိုင်ကြရတဲ့ သံဃာတော်တွေ ကတော့ ဘယ်လိုပြောကြမယ်မသိပါဘူး...ပြီးတော့ သူ့ဖခင်နာမည်ကြီးအနုပညာရှင် ဦးဇင်ဝိုင်း ကကော ဘာပြောမလဲ..
နောက်ပြီး..ကိုမင်းမော် ကိုယ်တိုင်လည်း ဖခင်တစ်ယောက် ဖြစ်နေလေတော့..သူမွေးထားတဲ့ ရင်သွေးလေးတွေ ကို ဘယ်လို ဘယ်ပုံ သွန်သင် ဆိုဆုံးမ မယ်ဆိုတာက လည်း စိတ်ဝင်စားစရာပါပဲ...

ဒါပေမယ့် အရာအားလုံးကတော့ ကိုယ့်သမိုင်းကိုယ်ရေးကြမှာပါ....

ဘာသာတိုင်းကို လေးစားပါတယ်ခင်ဗျာ.......ဖတ်လို့အဆင်မပြေဖြစ်ရင် သည်းခံနားလည်ပေးပါ.....






16 ယောက်ရဲ့အမြင်:

ဂျာမုန်းဒန် said...

မင်းမော်ကွန်းကဘာစိတ်ကူးပေါက်သွားလဲမသိဘူးနော်။
အံ့သြေစရာပဲ။ ဟုတ်တယ်နော်လူတိုင်းမှာကိုယ့်ဘာသာတရားကိုတန်ဖိုးထားလေး
စားကြရမှာပဲ။ဘယ်ဘာသာတရားမဆိုကောင်းမွန်တာကြီးပဲလို့ဂျာမုန်းထင်တယ်
ဒါတကယ်ပဲလား။မယုံနိုင်းစရာပဲနော်။

လပြည့်ရိပ် said...

အင်း ဟုတ်တယ် .. အဲဒီသတင်းကို ဖတ်လိုက်ရတယ် ... ကာယကံရှင်က ဘာစိတ်ကူးနဲ့ လုပ်လိုက်လဲ ဘယ်လိုဖြေရှင်းမလဲ သိချင်နေမိတယ်

စည်သူ said...

ဟုတ်တယ်ဗျာ....

မေးထဲကိုလည်းရောက်လာတယ်..
တကယ်ကိုနားလည်ရခက်တယ်

သူကြီးမင်း (တုံးဖလား) said...

ဒုက်ခ ဒုက်ခလို့ နှုတ်က ဆိုရမလို ဖြစ်နေပြီ။
ကျုပ်ကတော့ ဒီလိုလုပ်ရပ်ကို အပြတ်အသတ် ကန့်ကွယ်ချင်တယ်ဗျာ။

Beauty Studio USA Branded Store said...

အပျော်ကနေ အပြက်ပြက်တွေဖြစ်လာကြဦးတော့မှာပဲ။ဒီပုံကိုတော့ Feacbookမှာ မတင်သင့်ပါဘူး။
နိုင်ငံဂုဏ်ရှောင်မင်းသားအပေါင်းတွေရယ် ဒီလိုတွေသာလုပ်နေရင် နှာခေါင်းရှုံစရာ ဘာဘာညာညာတွေ ဖြစ်လာမှာပဲ။နာမည်ကြီးဖိုတိုရင်တော့ ဒီလိုမလုပ်နဲ့ ဟိုကောင်မလေးလိုသာလုပ် တဟုန်းထိုးကိုကြော်သွားမယ်။ ဟုတ်လို့ကျော်၊ ပုတ်လို့ပေါ်မှာပဲ။

kaungkinpyar said...

အဖြေထွက်လာမှာပါ

မေဇင် said...

နာမည်ကြီးချင်လို့ တစ်ခြားနည်း သုံးလို့ရပါတယ်လို့... အကြံလေးပေးလိုက်ချင်တယ်...ဒါကတော့ မိုက်ရိုင်းလွန်းတယ်လေ...။

မျက်မှန်လေး said...

မိုက်ရိုင်းချက်ကတော့ကမ်းကုန်အောင်ဘဲ
သက်သက်မဲ့ ယုတ်မာတဲ့ အယုတ်တမာကောင်တွေ

မေသစ္စာမောင် said...

မနေ့ကပဲ ဘုန်းဘုန်းတစ်ပါးဒီ အကြောင်းအရာနဲ့ပတ်သက်ပြီး ရေးထားတာဖတ်လိုက်ရတယ်။
ဘုန်းဘုန်းရေးထားတာရော ကိုလင်းကြယ်ဖြူရေးထားတာကိုပါ ထောက်ခံပါတယ်။
ကျမကိုယ်တိုင်လည်း ရေးမလို့မအားသေးတာနဲ့။

ညီမ မေဇင်ပြာသလိုပါပဲ
နာမည်ကြီးချင်လို့ တစ်ခြားနည်း သုံးလို့ရပါတယ်လို့

မိုးစက်အိမ် said...

forward မေးလ်ကလည်း တွေ.တယ် ခု
ကိုကြယ်ဆီ လည်းဖတ်ရပြီ ... အော် သူတို.မို.
ဗျာ သံသရာ ကိုမကြောက်မရွှံ. ကံကောင်းအောင်
မိုက်နေပါ အုံးတော. ရတနာသုံးပါးနဲ. အနန္တတော
အနန္တ ၅ ပါးတော. ကြည်ညိုလေးစား သင်.ပါတယ်
အော် အဲဒါလည်း နောက်ဘ၀ မဟုတ် ဒီဘ၀ တင်
အကျိုးပေးပါ လိမ်.မယ်ဗျာ....

ငှက်ကလေး said...

အင်းနော် မမမှန်လေး ဆီမှာ ဖတ်ပြီး ဒေါသထွက်လိုက်ရသေးတယ် ငရဲအိုးဇောက်ထိုးကျမယ့် ဟာတွေ

Angel Shaper said...

အဲဒီမင်းမော်ကွန်းဆိုတဲ့ ငနဲ ဂေါက်နေပြီလားမသိဘူး။ ဆေးကြောင်နေတာနေမှာပေါ့။ ဘာပဲဖြစ်ဖြစ် ဘာသာရေးရှုထောင့်က ကြည့်ရင် အလုပ်သင့်ပါဘူး။ ကလေးတွေက ဒါကို ဖက်ရှင်တစ်ခုထင်ရင် ဘယ်လိုလုပ်မလဲ။ မစဉ်းစားဘူး။ ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားရိုသေကိုင်းရှိုင်းသင့်တယ် ထင်ပါတယ်။
သူ့ပထွေးတွေနောက်လိုက်ဖြစ်ပြီပေါ့။
သူ့ဘေးက ဓာတ်ပုံဝဏ္ဏခွါနီးမို့လား။
ဒါသူတို့တွေ မှန်ရင် သိပ်မိုက်ရိုင်းကြပါတယ်။
ကဲ...တို့လူလိမ္မာလေးတွေ သတိထားပြီး ဆင်ခြင်သင့်သပေါ့။

နှင်းနဲ့မာယာ said...

ကိုဖြိုး
ဒီသတင်းက နေရာတိုင်းမှာတွေ့နေရတယ်...
အင်း....ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး...
အနုပညာသည် ပြည်သူ့အတွက်တဲ့....
အနုပညာနဲ့ အောင်မြင်မှုကို ခုတုံးလုပ်
လုပ်ချင်ရာလုပ်နေတာတော့ မကောင်းပါဘူး...
အနုပညာသည်တွေ ဆင်ခြင်သင့်တယ်...

သမီးပျို said...

ဘာတွေဘယ်လိုဖြစ်ခဲ့ကြတာလည်းဆိုတာသေချာမသိရ ပေမယ့် ဒီဓါတ်ပုံကိုကြည့်ရတာတော့ စတိတ်စင်ပေါ်မှာ ရိုက်ထားသလိုပဲနော်..လူရွှင်တော်တွေလည်းတွေ့တယ် စတိတ်စင်ပေါ်မှာ ရိုက်ထားတာဆိုတော့ ပညာပေးရုပ်ရှင် တွေ ရိုက်ကြတာလား တစ်ခုခုတော့ တစ်ခုခုပါပဲ ခွေမထွက်သေး တာလည်းဖြစ်နိုင်တာပဲလေ..သူတို့ဝတ် တဲ့ကျောင်းမှာ ဒါမျိုးတွေရိုက်ရင်တော့ သေချာတယ် ကျောင်းထိုင်ဆရာတော်က ခွင့်ပြုလိမ့်မယ် မထင်ဘူး ပြီးတော့ သူဟာ နာမည်ကျော်တစ်ယောက်ဖြစ်တဲ့ အတွက် ဒါမျိုးတကယ် လုပ်ခဲ့ရင်တောင် အင်တာနက်ပေါ် တင်ရဲမှာ မဟုတ်ဘူးလို့ထင်တယ်လေ သူ့မှာလည်း ခိုင်လုံတဲ့ အကြောင်းပြချက်ရှိလို့ စိတ်သန့်သန့်နဲ့ တင်ရဲတာလည်းဖြစ်နိုင်ပါတယ် နာမည်ကျော်မင်းသား တယောက်ရဲ့လုပ်ရပ်က တကယ်ပဲလား အကြောင်းရှိ လို့ အကျိုးဖြစ်လာတာလည်းဆိုတာကတော့ ကာယကံ ရဲ့ဖြေရှင်းချက်ကိုပဲ စောင့်ကြည့်ရုံပေါ့လေ အဖြစ်မှန်ကို ကာယကံရှင်မှတပါး အခြား သူမသိနိုင်လို့ အကြောင်းအရာတွေကို သေချာ မသိရပဲ သူတပါးကို အပြစ် မမြင် ချင်ပါဘူးလေ အဖြစ်နိုင်ဆုံး ကောင်းတဲ့ဘက်ကမြင်ပေးပါတယ် သူတကယ်လုပ်ခဲ့တယ်ဆိုရင်တော့ သူ့ကိုသနားတယ် ဆိုတာလေးပဲ ပြောချင်ပါတယ် သံသရာအတွက်ပါ...

မငုံ said...

မှန်တယ် ကိုဖြိုးရေ။ ဘာသာတရားကို အပျော်သဘောမျိုးနဲ့ ဘယ်လိုမှ မတွေးသင့် မလုပ်သင့်ပါဘူး။

မိုးခါး said...

မင်းမော်ကွန်းကို တော်တော်ချဉ်သွားတယ်
မြင်တည်းက