Thursday, August 6, 2009

ယပ်တောင်လေး က ပြောနေတယ်

ယပ်တောင်တဲ့ ဒီနေ့ခေတ်မှာတော့ ပန်ကာတွေ လေအေးပေးစက်တွေ ကြားထဲမှာ သိပ်အသုံးမ၀င်တော့ပါဘူး.......

ဒါပေမယ့် ဟိုးတစ်ချိန် ယပ်တောင်လေးတွေကို လက်ထဲမှာကိုင်လို့ ပွဲသွားလမ်းသွား အတူတူဆောင် သွားတတ်ကြတဲ့ ခေတ်မှာ အမျိုးသမီးပျိုတွေ အများစု ဟာ အဲ့ဒီ့ ခေါက်ယပ်တောင် ဒီဇိုင်းလှလှ လေးတွေကို ဖက်ရှင် တစ်ခုအနေနဲ့ အမြတ်တနိုး တန်ဖိုးထား ဆောင်ထားတတ်ကြတာကို သတိထားမိခဲ့ပါတယ်...


အဲ..အထူးသဖြင့် အနောက်နိုင်ငံတွေတော်တော်များများမှာ အဲ့ဒီ့ခေတ်က ခေါက် ယပ်တောင်လေးတွေကို ဘာလို့ အဲ့သလို ကိုင်လေ့ ရှိကြပါလိမ့် ဆိုပြီး လေ့လာကြည့်တော့ မှ အဲ့ဒီ့ ယပ်တောင်လေးတွေကလည်း အထာလေးတွေရှိ တာကို တွေ့လိုက် ရပါတယ်.. အဲ့ဒီ့အချိန်မှာ ယပ်တောင်ကို အမျိုးသမီးပျိုလေး များဟာ ပွဲလမ်းတွေ ပါတီတွေ မိတ်ဆုံစားပွဲ စတာစတာ တွေမှာ လေအေးဓါတ်ရရုံ အတွက် ယပ်ခပ်ရန်သက်သက် သာ သုံးကြတယ်မဟုတ်ပဲ ကိုလူပျိုတို့ကို မေတ္တာ သင်္ကေတ အချက်ပြ ရန်အတွက်လည်း သုံးကြပါသတဲ့လေ..ဘယ်လိုပုံစံနဲ့ ယပ်တောင်ကို မတူညီတဲ့ မျက်နှာပေးလေးတွေနဲ့ ဘယ်လို ကိုင်ပြလိုက်ရင်တော့ ကိုယ်ရွှေချော တို့ကလည်း အလိုလို သူ့ခေတ်နဲ့သူ နားလည်ကြပါသတဲ့...အချက်ပေး သင်္ကေတ (ခုခေတ်တော့ အထာလေးတွေခေါ်မှာ ပေါ့နော်) လေးတွေက ဒီလိုပါတဲ့....


ယပ်တောင်လေးကို နှုတ်ခမ်းလေးမှာ ကပ်လို့ ပြုံးပြုံးလေးကြည့်နေရင်တော့ " I Don't Trust You" တဲ့


-ယပ်တောင်ကို ဘယ်ဖက်လက်ကလေးနဲ့ အသာခတ် ပြီး ပြနေပြီဆိုရင်တော့ ကိုရွှေချောကို သူမက " Don't flirt with that woman" ဆိုပြီး ပြောနေတာ ပါတဲ့..

-သူမလက်ကလေးတွေက ယပ်တောင်လေးရဲ့ အရိုးတိုင်လေးတွေပေါ်မှာ ပြေးလွှားစော့ ကစားပြနေရင် " I want to talk to you " တဲ့ အခြေအနေ ကောင်းလေးပါပဲနော..


-သူ့ကိုသူ ဖြေးဖြေးလေးယပ်ခတ်ပြနေတယ်ဆိုရင်တော့ ကိုလူချောရေ "Don't waste your time,I don't care about you" ..ဟော...အခြေအနေမဟန်ဘူး..

-ဒါပေမယ့် ခပ်မြန်မြန်လေး သူမကိုယ်သူမ ယပ်ခပ်ပြနေတာကတော့.." I Love You So Much " တဲ့ .. မြန်မြန် ခပ်ပါစေ လို့ တောင် ဆုတောင်းရမယ့်ပုံပဲ...

-အဲ..အဲ့ဒီ့ယပ်တောင်လေးကိုစုပြီး သူမနဖူးစပ်က ဆံပင်လေးတွေကို ပင့်တင်ပြနေရင်တော့ " Don't forget me" တဲ့. .ပြန်သာ သွားလိုက် သူမဆီကို....ကိုလူချောရေ..ဆက်ဆက်ပေါ့..

-ယပ်တောင်လေးကိုစု ဘယ်ညာပြောင်း ဟိုဖက်ဒီဖက် ဟိုလက်ကနေဒီလက် ပစ်ပြီးကစား နေရင်တော့ ကိုယ်လူချောက မဟုတ်တာ လုပ်နေပြီ.." I see that you are looking at another woman " တဲ့ .. သတိထားတော့နော်..ပြောနေပြီ..

-ယပ်တောက်ကိုခေါက်ပိတ်လို့ ဘယ်ဖက်လက်မှာ ချိတ်ဆွဲပြထားတယ်ဆိုတာက.." I am engaged"တဲ့..သွားမကပ်နဲ့တော့..

-ယပ်တောင်ကို ခေါက်ပိတ်လို့ ညာဖက်လက်မှာ ချိတ်ဆွဲပြထားတယ်ဆိုတာက ." I want to be engaged " ပါတဲ့............ ဘယ်သူနဲ့လည်း မသိဘူးနော်..း)

-ယပ်တောင်ကို ခပ်မြန်မြန် ခပ်ပြင်းပြင်း ခပ်ဆတ်ဆတ်ကလေး ဆောင့်ပြီး ခေါက်လိုက်တယ်၊ပိတ်လိုက်တယ်ဆို ရင်ကတော့ သူမကလေ.. " I am Jealous " ပါတဲ့ ..သ၀န်တိုနေပြီဆိုတာပေါ့..ဘာတွေလုပ်မိလို့ပါလိမ့်...သတိထား..ကိုရွှေချော..

-ယပ်တောင်ကို အမှတ်မဲ့လေး မသိမသာ(ဒါပေမယ့် သိလည်းသိသာအောင်) လွှတ်ချပြ လိုက် တယ်ဆိုတာ ကတော့.. ကိုင်မ ထား ချင် လို့၊ကိုင်ရတာညောင်းလို့ ......မဟုတ်ပါဘူး" I belong to you " တဲ့....ကိုရွှေချောတို့ဖက်ကို ပါလာပြီထင်ပါ့..း)

-ယပ်တောင်လေးကို ဘယ်ဖက်ရင်ဘတ် နှလုံးသားရှိရာနေရာ လေးပေါ်တင်လို့ ရီဝေေ၀ကြည့်နေပြီဆိုရင်တော့ ..."My love for you is breaking my heart " တဲ့ ..ကြေကွဲစရာပါပဲ....

-အဲ့ဒီ့ယပ်ကလေးနဲ့ အရာဝတ္ထု တစ်ခုခုကို ရိုက်နေ၊ပုတ်ပြနေတယ်ဆိုရင်တော့ ...ဟင်း..ရပ်ထားဆရာ.." I am impatient "
စိတ်တိုလာပြီနော်...တဲ့...

-နေရောင်လာလို့ ယပ်ကလေးနဲ့ကွယ်ရ သယောင် လုပ်လို့် ကိုရွှေချောကို စကားပြောနေရင်..ကိုယ့်လူ.." You are ugly ".. ပြန်ပေတော့ မစဉ်းစားနဲ့ ပြန်ပေတော့....

-ယပ်တောင်က ပန်းချီ(သို့) ရုပ်ပုံလေးတွေကို သေသေချာချာ စကားပြောရင်းစိုက်ကြည့်နေတယ်ဆိုရင်တော့.." I like you" တဲ့.. ခြေစစ်ပွဲ အောင်တဲ့သဘောနေမှာပေါ့နော်...

-နောက်ဆုံး သူမလက်ချောင်းလေးတွေ ကို ယပ်တောက်လေးနဲ့ တဖျတ်ဖျတ် ရိုက် ခတ်ပြ နေပြီဆိုရင်တော့. ..... တွေဝေ မနေ နဲ့တော့ ကိုလူချော...." Please Love Me" ပါတဲ့ဗျာ....ဆက်လက်ချီတက်ရန် အသင့် အနေအထားပေါ့ခင်ဗျာ...း)


အဲ့ဒါလေးတွေကတော့ ဟိုးနှစ်ပေါင်းများစွာက အနောက်တိုင်း ပါတီတွေ ပွဲလမ်းသဘင်တွေမှာ အပျိုမလေးများက ကိုလိုပျို တို့ ကို ယပ်တောင်လေးများနဲ့ မျက်နှာ အမူအယာရောလို့ (မျက်နှာအမူအယာကိုတော့ ပေါ်လွင်အောင်မရေးတတ်လို့ သည်းခံပါ) အချက်ပြ သင်္ကေတ (အထာလေးတွေ) ပေးရင်း လုပ်တတ်ကြတဲ့ ယဉ်ကျေးမှုလေးတွေ ပါတဲ့ ...

ဖတ်ပြီး စိတ်ဝင်စားမိတာနဲ့ မှတ်တမ်းတင် လိုက်မိပါတယ်......ခုခေတ်မှာတော့ ဒီလို ယပ်တောင် တွေ ကိုလည်း မသုံးဖြစ် ကြတော့တာ များသလို ဒီလို သင်္ကေတ အထာလေးတွေနဲ့ မတူတဲ့ တစ်ခြား အထာသစ် လန်းလန်း ကလေးများက လည်း ခေတ်စားချင် စားနေမှာပေါ့နော............ဘာပဲဖြစ်ဖြစ် ရာစုဟောင်းမှာ ကျန်ခဲ့တဲ့ အထာလေးတွေကို လည်းလေ့လာ ကည့်လိုက်ကြပါဦး...စမ်းကြည့်ချင်ရင်လည်း ရနိုင်ပါတယ်.. ကြိုပြီးပြောပြ ထားပေါ့ နော .. အဖော်မွန် ကို လေ ... ဇာတ်တိုက်သလို နေမှာပဲနော....HAVE FAN AND HAVE FUN...ပေါ့..

တွေ့မိတာကတော့ ဒီလိုဆိုထားတဲ့ စာစုလေးပါ...

In the past, hand fans were used not only as cooling instruments, but also as convenient communication devices, mainly for transmitting more or less furtive love messages.

A language of the fan, which is today completely forgotten, was widely used. For your amusement we have recovered a set of messages pertaining to this language, which we include here:


Resting the fan on her lips:
"I don’t trust you"

Fanning herself with her left hand:
"Don’t flirt with that woman"

Running her fingers through the fan’s ribs:
"I want to talk to you"

Slowly fanning herself :
"Don’t waste your time, I don’t care about you"

Quickly fanning herself :
"I love you so much"

Moving her hair away from her forehead.
"Don’t forget me"

Passing the fan from hand to hand:
"I see that you are looking at another woman"

Carrying the fan closed and hanging from her left hand:
"I’m engaged"

Carrying the fan closed and hanging from her right hand:
"I want to be engaged"

Quickly and impetuously closing the fan:
"I’m jealous"

Dropping the fan:
"I belong to you"

Resting the fan on her heart:
"My love for you is breaking my heart"

Hitting any object:
"I’m impatient"

Hiding the sunlight:
"You’re ugly"

Looking closely at the painting:
"I like you"

Hitting her hand’s palm:
"Love me"

မိတ်ဆွေများ အားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com





21 ယောက်ရဲ့အမြင်:

လပြည့်ရိပ် said...

ဟွမ် ..........
မန့်တယ်ဆိုတာ ရင်ထဲ အသည်းထဲ ကလီစာထဲက ခံစားပြီးမှ ထွက်ကျလာတာ ...... နှစ်ခါမခံစားတတ်ဘူး ....... ဟားဟား လက်စားချေလို့လည်းရပါတယ်......

ခုခေတ်မှာ ဘယ်လိုပုံစံနဲ့များ အထာပေးကြလဲလို့ .. မေးတာ.... အီးမေးအရင်တောင်းတဲ့ အထာလား ... ဒါမှမဟုတ် ဖုန်းနံပါတ်တောင်းတဲ့အထာလား .... မိန်းခလေးဘက်ကစတောင်းတာတော့မဟုတ်ပါဘူးနှော်.
ယောကျာင်္းလေးဘက်က စတောင်းလာရင် ဘယ်လိုအထာကိုင်လိုက်ရမလဲလို့ .... ယပ်တောင်မရှိတော့လည်းအခက်သားလား ...

လင်းကြယ်ဖြူ said...

မလပြည့်ရေ လက်စားချေတာဟုတ်ပါဘူးခင်ဗျ..
တကယ်ကို တင်နေရင်းပြတ်ပြတ်သွားတာ..
ဒါ ၄ ခါမြောက်..အဝေး က နက်ကောင်းကောင်းရှီတဲ့ ကို ချမ်းလင်းနေကို ဖုန်းဆက်ပြီး (ကျွန်တော့ဆီမှာ လင့်ရှိတယ်)နပူနဆာလုပ်ခိုင်းတာသူကူညီလို့ ဒီနေ့တင်ဖြစ်သွားတာ..
လေးလေးစားစားကို ကျေးဇူးတင်ပါတယ်လို့...နော်..နော်..

လပြည့်ရိပ် said...

ဟားဟား ............ ဖတ်ရင်းရယ်နေမိတယ်... ကိုယ်ချင်းစာနားလည်ပါတယ်..... အဲလောက်တောင်ပဲလား ... သူများကိုတောင်လှမ်းအကူအညီတောင်းရတယ်... ဒို့ကတော့ နက်ပြသနာကြောင့်မဟုတ် ဘလောခ်ကီးမကျွမ်းလို့ ခဏခဏပြသနာတက်တယ်.... တခါတလေ စာတင်လို့မရလို့ မနက် ၆ နာရီထိုးသွားတာတောင်မသိလိုက်ဘူး ... အဲလောက်ခေါင်းစားပြီးစွဲတာ.... အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နှော် .... :)

မိုးစက်အိမ် said...

ယပ်တောင် အော်ပရေး ရှင်းက ကောင်းလှ ချည်လား
ဗျာ ကိုကြယ်တို.ကတော. ဗဟုသုတ စုံပဗျာ ...
အားပေးနေတယ် အကိုရေ ...

သူကြီးမင်း (တုံးဖလား) said...

ယပ်တောင် အဖွင့်ကျမ်းလေး ကောင်းတယ်။
ဒါပေမဲ့... ဒီမှာ.. ယပ်တောင်ကိုင်တဲ့ အမျိုးသမီးတော့ တစ်ယောက်မှ မတွေ့မိဘူး။ ခရီးဆောင်လေပန်ကာလေးတွေ ကိုင်ဆောင်ကြတာတော့တွေ့ဖူးတယ်။ နှုတ်ခမ်းမွှေးရိတ်စက်အရွယ်လောက်ဘဲ ရှိမယ်ထင်တယ်။

အဲဒီ ခရီးဆောင် လေပန်ကာလေးမှာလဲ အထာလေးတွေပါမလားမသိဘူးနော်။

ပျော်ရွှင်ပါစေဗျာ။

လင်းကြယ်ဖြူ said...

ကို ကိုကိုမောင် ကိုကိုရေ..ဟိုခေတ်က ယပ်တောင်..ဒီခေတ်က လေပန်ကာ ...အထာပါတယ်..အနားသွားကပ်ကြည့်..
အဲ့ဒီ့မှာလေပန်ကာရဲ့ အထာ ကို ရှင်း နေအောင်ကိုတွေ့ရမယ်...သူကနှုတ်ခမ်းမွှေးရိတ်စက်
လိုပဲခင်ဗျ..ခုတ်တယ်..ဖြတ်တယ်..ပန်ကာပါတာကိုးလို့..

သမီးပျို said...

အဲ.....အဲဒါမှ ဂွကျတော့တာပဲ သမီးပျိုက ယပ်တောင်ကိုင်တယ် စန္ဒကူးနံ့သာ ယပ်တောင်လေးလေ
ဒုက္ခပါပဲ မတော်လို့ပေါက်ကရ လုပ်မိလို့ ... တော်ကြာ အထာပေးတယ် ထင်ရင်တော့ ခက်ကုန်တော့မှာပဲ အနေအထိုင်ဆင်ခြင်ဦးမှ .. ကျေးဇူးကိုဖြိုးရေ အင်း..ယက်တောင်..ယပ်တောင် သူလည်းစကားပြောတတ်တာပဲ အစက မသိဘူး ခုမှသိရတယ်...အရင်က စပီကင်သင်နေတုန်းကလည်း ပုံစံမျိုးစုံလုပ်ဖြစ်တယ်ထင်တယ် အိုက်လို့လေ စကားလည်းပြောရင်းနဲ့ပေါ့ အဲဒါမျိုးအမူအရာတွေ ပါချင်ပါသွားနိုင်တယ်....ခုတော့သိပြီ...

မငုံ said...

ဟိုက် ကိုဖြိုး မှားပြီထင်တယ်။ မငုံက ပူလွန်းလို့ ယပ်တောင်ကို အားရပါးရ တဖျက်ဖျက် ခပ်တတ်တယ် :) သိတဲ့အတိုင်း ဒို့ဒူဘိုင်းအကြောင်း :))

Beauty Studio USA Branded Store said...

သယ်ရင်းဖြိုးရေ...
အခုမှ အသေချာလေးဖတ်ရတော့တယ်။
ဗဟုသုတလေးတွေရှာရေးတော့ စာလာဖတ်တဲ့ ကျွန်တော်တို့အတွက် wikiအသေးစားလေးလို့ ကိုယ်ဘာသာကောက်ချက်ချတာပါ။ဆက်သာဆွဲကိုယ်ဆရာရေ....။
နောက်ပြီးတခုသွားသတိရသွားတယ်။ ငယ်ငယ်ကအဖွားက နွေရာသီ အလွန်ပူပြင်းတော့(ပန်ကာတော့ရှိပါရဲ့။အလှပြသက်သက်ပါ။အင်္ဂါဂြိုဟ်ကမီးက ဒေါင်းသွားတဲ့အခါလေ)ယပ်တောင်ကို ခပ်မြန်မြန်လေးခပ်နေတာ ဒါဆိုရင်ကော "အိုင်လက်ဖြူ"(ငပိသံ)လား။

Unknown said...

ကိုဖြိုး ရေဆက်ကြိုးစားနော်.....
ကိုဖြိုး ပြုစုထားတဲ့ ယပ်တောင်က ပိုပြီးဖတ်
လို့ကောင်းတယ်သိလား.....ခီခိ။

အေးချမ်းပါစေ။
မပွင့်

Angel Shaper said...

ကိုဖြိုးကတော့ ဟုတ်နေပါပြီ။
ယပ်တောင် ယပ်တောင် ယပ်တောင်.....
ဘာတွေကြိတ်ကြံစည်နေလဲမသိဘူး..ဟူးးးဟူးးးး

သတိ...
ပျိုပျိုမေများ ဒိုင်းဘူမှာ ယပ်တောင်မကိုင်ရ။
ကိုဖြိုးကြည့်ရှု အကဲခတ်နေသည်။
ပုံ
တာဝန်သိပြည်သူတစ်ဦး

ဇော် said...

အယ်
ကိုကြယ် ဆားချက်တယ်။ =)

ကျောပိုးအိတ် said...

သြော်

ဒီလိုခပ်ရတယ်လားယပ်တောင်ကို။

ကျောပိုးအိတ်ငယ်ငယ်တုန်းက မင်္ဂလာဆောင်ကို မေမေနဲ့ လိုက်သွားတုန်းက ခပ်ဘူးတယ်. တဗျမ်းဗျမ်းနဲ့ ။

အထာပေးပြီးခပ်တာဟုတ်ဘူးနော်။
း)

Anonymous said...

အိမ်မှာအဲဒီလိုယပ်တောင်မရှိဘူး၊ ဒါပေမယ့်လှလို့ရယ် သိမ်းရထည့်ရတာလွယ်လို့ရယ်ကြိုက်တယ်၊
နှီးယပ်တောင်လေးရှိတယ်၊ ဒီမှာဝယ်တာ၊ နှစ်ကျပ်ပေးရတယ်၊
တရုတ်ကားတွေမှာတော့ ယပ်တောင်တွေထဲကနေ လက်နက်ပုန်းတွေ ထွက်လာတယ်နော်၊

ကြည်ဖြူပိုင် said...

အားရိုးရိုး...ပူလွန်းအိုက်လွန်းလို့တခါတလေတော့
အရမ်းခပ်မြန်မြန်ကြီးခပ်ဖူးတယ်။ ဟီး......ခုတော့ခပ်ရဲတော့ဘူးရယ်။

ဂျာမုန်းဒန် said...

စာဖတ်ရင်းယပ်တောင်လေးကိုတောင်းသတိရတယ်။
အစ်မဆီမှာလည်းခေါက်ယပ်တောင်အနီရောင်လေး
ရှိခဲ့ဘူးတယ်။အရမ်းလှတာပဲ။
မြန်မာပြည်မှာဆိုအခုထိယပ်တောင်ကိုကိုင်နေဆဲပါ။ဧသည့်ရောက်ပြီဆိုရင်
ယက်တောင်ပဲထုတ်ပေးရတယ်။

ငှက်ကလေး said...

အယ် စိတ်ဝင်စားစရာလေး ဖတ်သွားပါတယ် ဟားးးးးးးးးးဟားးးးးးးးးးးး ညီမရဲ့ တဂ်ပို့စ်လေး ဖတ်ပြီးပြီနော် ရေးပေးရမယ်နော် ဒါပဲ ဟဲဟဲ အနိုင်ကျင့်တယ်နော် ဟားဟားးးးးးးးးးးး

ဝသန်မိုး said...

ယပ်တောင်စကားလေးတွေလည်း အရှိသားကိုးဗျ
နောက်ရက်မှဘယ်ကောင်မလေးကဘယ်လို
ခပ်လေး သေချာပြန်ကြည့်လိုက်ဦးမယ်
း)

ခင်တဲ့
ဝသန်

ကိုလူထွေး said...

ယပ်တောင်ကပြောတဲ့ မှတ်မိနေသေးတဲ့ စကားတခွန်း

"နုနယ်ရုပ်ဆင်း ပျိုမြစ်ခြင်းကား
အိုမင်း နောက်ဆုံးပါတကား

ချစ်ခင်ပေါင်းသင်း စုံမက်ခြင်းကား
ကွေကွင်းနောက်ဆုံးပါတကား

ဇိဝန်တင်းလင်း သက်ရှင်ခြင်းကား
သေခြင်းနောက်ဆုံးပါတကား"

(အဖြူရောင် အင်္ကျီလေးအတွက် ကျေးဇူး)

kaungkinpyar said...

ယပ်တောင် ခပ်သွားတယ်း)
မှတ်သားစရာလေးတွေပဲ၊ အမ သေချာမှတ်သွားတယ်ကွ၊ ကိုယ်လဲ တခါတလေ ဆောင်တတ်လို့

မိုးခါး said...

မိုက်တယ်နော်
ယပ်တောင်ဘယ်နားသွားရှာရင်ရမလဲမသိဘူး :P