Monday, January 18, 2010

စိတ်ထောင်း ကိုယ်ကြေ ပြေလျော့စေ - ၂



အရင်တုန်းက လုပ်ငန်းခွင်ထဲမှာ နေရင်း Stress အနည်းအကျင်း(သို့)အများကြီး တွေနဲ့ ရင်ဆိုင်ခံစားနေရတဲ့ သူတွေအတွက် "စိတ်ထောင်း ကိုယ်ကြေ" နဲ့ "စိတ်ထောင်းကိုယ်ကြေ ပြေလျော့စေ-၁" ဆိုတဲ့ စာစုလေးတွေမှာ ဘာကြောင့် Stress တွေရ တတ်ကြ တာလဲ ဆိုတာနဲ့ Stress တွေရလာရင် ဘာတွေဖြစ်လာတတ်တယ်ဆိုတာကို ဆွေးနွေးခဲ့ဖူးပါတယ်။

ခုတော့ Stress တွေကိုဘယ်လို ရင်ဆိုင် ဖြေရှင်းကြမလဲ ဆိုတဲ့ အကြောင်းကို နောက်ထပ် စာစု တစ်ခုမှာ ဖော်ပြဖို့ ပြင်ဆင် နေတုန်းမှာ မိမိ ကိုယ်ကိုယ် ပြန်ပြီး Stress တွေ အလွယ်တကူ ရနိုင်တဲ့လူမျိုးလား မရနိုင်တဲ့ လူမျိုးလားဆိုတာကို စမ်းစစ် ကြည့်နိုင်တဲ့ အချက်ကလေးတစ်ချို့ကို ကြားဖြတ် ဖော်ပြပေးလိုက်ပါရစေ။

Stress ဆိုတဲ့အရာက လူတစ်ဦးမှာ ဖြစ်ပေါ်လာတာ၊ခံစားနေရတာ က အဓိက ပြဿနာ မဟုတ်ပါဘူး။ဒါပေမယ့် အဲ့ဒီ့ ဖြစ်ပေါ်ခံစား လာတဲ့ Stress ကို အဲ့ဒီ့ လူ က မှားယွင်းတဲ့ အယူအဆ နည်းလမ်းများနဲ့ တုန့်ပြန်ခြင်း ၊ မှားယွင်းသော အတွေးအခ်ါများနဲ့ ရင်ဆိုင် တတ်ခြင်းဖြစ်ပေါ်လာမှသာ အဲ့ဒီ့ Stress က ကြောက်စရာကောင်းလာ ၊ စိုးရိမ်စရာကောင်းလာ ၊ ပြဿနာ တစ်ရပ် ဖြစ်လာမှာပါ။(ဒီအကြောင်း ကိုတော့ နောက်ထပ် စာစုလေးတစ်ခု မှာ အသေးစိတ် ဖော်ပြပေးချင်ပါတယ်။)


ခုတော့ (အထူးသဖြင့် လုပ်ငန်းခွင်တွေထဲမှာ) Stress တွေ အလွယ်တကူ ရရှိခံစား ရတတ်ကြတဲ့ သူ အတော်များများ မှာ တွေ့ရလေ့ ရှိတဲ့ အချက်ကလေးတွေ ကို အရင် ရေးချလိုက်ပါတယ်။အဲ့ဒီ့ အချက်တွေနဲ့ နည်းနည်း ကိုက်ညီရင် Stress ရနိုင်ဖို့ နည်းနည်း အလားအလာရှိပြီး..များများကိုက်ညီရင်တော့ များများဖြစ်နိုင်ချေ ရှိပါတယ်။တစ်ခုမှ မကိုက်ညီတဲ့ သူဆိုရင်တော့ Stress(work-related)တွေကို အလွယ်တကူ ခံစားရလေ့ မရှိ တဲ့ သူမျိုးတွေမို့ ပျော်စရာပါပဲ။

အချက်ကလေးတွေ ကတော့ .........

(၁) အလုပ်/တာဝန် တစ်ခုမပြီးမချင်း (သို့) ပြီးမြောက်အောင် ဆောင်ရွက်နေတုန်းမှာ မိမိ စိတ်ထဲမှာ လေးလံပြီး တာဝန်ပိနေသလို Pressure တွေ ၊ Tension တွေ ခံစားနေရတာ မျိုးတွေ …အစိုးရိမ်ကြီး နေတတ်တာမျိုးတွေ

(၂) မကြာမကြာ နာရီကို ကြည့်၍ အလုပ်လုပ် နေတတ်တာ မျိုး..အချိန်လုနေတတ် တာမျိုးတွေ

(၃) အလုပ်/တာဝန် ဆောင်ရွက်ရာတွင်လည်း အမြဲလိုလို အလျင်စလို (သို့) ပျာယာခတ် ဗျာများ နေတတ်တယ်

(၄) ဆုံးဖြတ်ချက်တစ်ခု ကို မသေချာ မပိုင်နိုင်လျက်နဲ့ အလျင်စလို ချတတ် လုပ်တတ်တာမျိုး..(ပြီးမှ မှားမှန်းသိတယ် ဆိုတာ မျိုး၊ မှန်ချင် လည်းမှန်မှာပေါ့)

(၅) နှေင့်နှေးကြန့်ကြာမှု တစ်စုံတစ်ရာ ရှိရင် စိတ်မရှည် သည်းမခံတတ်ခြင်းမျိုး ၊ စိတ်မအေးနိုင်ခြင်းမျိုးဖြစ် နေတတ်တာမျိုး တွေ (ဥပမာ-ကွန်ပျူတာ hang သွားတာမျိုး၊Lift/Elevator စောင့်ရတာမျိုး၊လိုချင်တဲ့ အရာက အချိန်မီမရောက်၊နောက်ကျ ရောက်လာ တာ မျိုးတွေ ကြုံရင်ပေါ့နော)ကိုယ့်ကို တစ်ယောက်ယောက်က နောက်ကနေ ဖိအားပေးနေတယ်လို့ အလိုလို ခံစားနေရတာမျိုး

(၆) စကားပြောတော့လည်း အလျင်စလို မြန်မြန်သွက်သွက် ပြောရင်း တစ်ခါတစ်ရံ အမှားမှားအယွင်းယွင်း ဖြစ်တတ်သေးတယ် (စိတ်လောနေ တာကိုး)

(၇) အမြဲတန်း အလုပ်ကို စိတ်ဇောကပ်ပြီး နောက်ကျမှာကြောက်လို့ အချိန်မှန်မှန် ရောက်တယ် ၊ တာဝန်ကျရာ ကို
အချိန်မှန်မှန် သွားတယ် ။နောက်ကျတာမျိုးမရှိစေချင်လို့ ဆိုတာမျိုး

(၈) တစ်ချိန်ထဲမှာ ပဲ အလုပ်တွေ ၊ လုပ်စရာတွေ ကို ခေါင်းထဲ အများကြီး စုပြုံထည့်ထားပြီး အားလုံးကို လည်း တစ်ပြိုင်တည်း လုပ်ချင်နေတယ် (တစ်ခါတစ်ရံ အလုပ်သိပ်များ တာဝန်သိပ်ကြီး လွန်းရင် ဖြစ်တတ်ပါတယ်) လုပ်နေရတယ်

(၉) လှုပ်ရှားတာ ၊ လမ်းလျှောက်တာ ၊ break time စားသောက်တာ က အစ မြန်မြန် သွက်သွက် နဲ့ အချိန်လုနေရ သလိုမျိုး ဖြစ်နေတာ ( ဗျာများ နေရတာကိုး)

(၁၀) တစ်ခါတစ်ခါ (သို့) အချိန်တော်တော် များများ (သို့) တစ်ချိန်လုံး စိတ်မရှည် ၊စိတ်တို နေတတ်တာ(အလုပ်လုပ်နေရင်း ကို တင်း နေတာ ပေါ့နော)

(၁၁) တစ်ဦးနဲ့တစ်ဦး (သို့) သူများတစ်တွေ နဲ့ စကားပြော ဆက်ဆံတဲ့ အခါမှာလည်း စိတ်မရှည်တဲ့ ကိုယ်အမူအယာ နှုတ်အမူအယာတွေ ဖြစ်နေတတ်တာတွေ ၊နောက် …မျက်မှောင်ကြုံ့၊မျက်နှာကြောတင်း သလိုဖြစ်နေတာ ၊မရီမပြုံးနိုင် ဖြစ်နေတာ တွေ၊ ပြီးတော့ ကိုယ်တိုင် ကို က Relax မဖြစ်တော့ပဲ အများနဲ့ပြောဆိုရာမှာ အလျင်လိုနေတာ မျိုးတွေ ဖြစ်နေတတ်တာ

(၁၂) ကိုယ့်ကို ကိုယ် အရမ်းကို ရည်မှန်းချက် ကြီးကြီး နဲ့ ဖြစ်ချင်ဇော တွေ လိုချင်ဇောတွေ (အလုပ်နဲ့ ပတ်သက် လို့ပေါ့နော ) တ အား ကြီး မားနေတတ်တာမျိုးတွေ (ရာထူးတက် တော့မယ် နဲ့ တူပါတယ်..ကြိုးစားနေတယ်တအားပဲ)

(၁၃) မိမိအလုပ် တာဝန်လစ်ဟင်းမှာ နဲ့ အမှား မခံချင်တာ တွေ ၊ သူများတွေ က အပြစ်အပြောခံရမှာတွေ ကို တအား ထည့်စဉ်း စား နေရင်း အလုပ်ကို တအား Energy (ကိုယ်အား၊ဥာဏ်အား)တွေ စိုက်ထုတ်ပြီး လုပ်နေတတ်တာမျိုးတွေ

(၁၄) အပြိုင်အဆိုင် လုပ်နေရတာမျိုး ၊ အပြိုင်အဆိုင် လုပ်တတ် တဲ့ အကျင့် ရှိ တတ်တာမျိုးတွေ (လိုအပ်တဲ့ နေရာမှာ ပြိုင်တာ ကောင်း ပါတယ်..မလိုအပ်ပဲ ကိုယ်က ချည်း နိုင်ချင်နေရင်တော့ ..အင်း….)


မိမိမှာ အဲ့ဒီ့ အချက်တွေ အတော်များများ နဲ့ နေ့စဉ်လုပ်ငန်းမှာ လုပ်ကိုင် နေကြသလား ၊ ဒါမှ မဟုတ် လုပ်ငန်းအနေအထားကပဲ အဲ့သလို တွေ ဖြစ်အောင် ဖန်တီးပေးနေသလား ဆိုတာ မိမိကိုယ်ကိုယ် မေးခွန်းထုတ်ရင်း စဉ်းစားကြည့်စရာပါပဲ။အပေါ်မှာ ပြောခဲ့သလို အဲ့ဒီ့ အချက်တွေ နဲ့ များများ ကိုက်ညီရင် Stress ကိုခံစားရဖို့ များများ ကျိန်းသေနေပြီး ၊ နဲနဲ ကိုက်ညီရင် နည်းနည်း ဖြစ်နိုင်ချေရှိပါတယ်။လုံးဝမကိုက်ညီရင်တော့ ပျော်စရာပါပဲ No Stress At All ပေါ့နော။


တကယ်လို့ တော်တော်များများ (သို့) အားလုံး က မိမိ ရဲ့ နေ့တစ်ဒူဝ အလုပ်ခွင်မှာ ဖြစ်နေပြီ ဆိုရင်တော့ Stress တွေ ၀င်ရောက် လာနိုင်တာမို့ သတိထားစရာပါပဲ။မိမိမှာ Stress ရှိနေမရှိနေ သိစရာ လက္ခဏာတွေကိုတော့ အရင်က ရေးခဲ့ဖူးပါ တယ်။ဒါပေမယ့် လုံးဝ ပူစရာ မရှိပါဘူး(Stress ကြောင့် Stress ဖြစ်စရာ မလိုတော့ ပါဘူးပေါ့နော) ။ အဲ့ဒီ့ Stress တွေကို အမှန်အကန် ချေမှုန်း နိုင်မယ့် နည်းလမ်းကောင်းတွေ နောက်ထပ် “စိတ်ထောင်း ကိုယ်ကြေ ပြေလျော့စေ - ၃” ဆိုတဲ့ စာစု လေးမှာ လက်လှမ်းမီသမျှ ကြိုးစား ကြည့်ပါရစေခင်ဗျာ။


မိတ်ဆွေများ အားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ

14 ယောက်ရဲ့အမြင်:

သူကြီးမင်း (တုံးဖလား) said...

ဟာ.. ဆရာရေ..
အတော်များများ တိုက်ဆိုင်နေပါလား။ လူတွေရဲ့ စိတ်ဖိစီးမှုတွေကို သေသေချာချာလေ့လာထားပုံရတယ်။
အမှတ် ၃ ကို စောင့်မျှော်နေပါ့မယ်။

အဆင်ပြေပျော်ရွှင်ပါစေ။

ညလင်းအိမ် said...

ကျွန်တော်လည်း တော်တော်များများတူနေတယ်...
ပြေလျော့အောင် ဘယ်လိုလုပ်ရမလဲဗျ... အကြံပေးပါဦး...
နောက်ထပ်လာမယ့် ပို့စ်ကို မျှော်နေပါမယ်...

Blue Star said...

၁၀ချက်ကြီးများတောင်တူနေတယ် ...း(

ဇွန်မ said...

အနာသိတော့ ဆေးရှိဆိုသလိုပေါ့နော်။ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းအရင်းလေးတွေကို ဆင်ခြင်နိုင်အောင် ရေးသား ဖတ်ရှုရတဲ့အတွက် ကျေးဇူးပါ ကိုလင်းကြယ်ဖြူ။

khun said...

အခုတလော လူရော စိတ်ရော အားနေလို့
သိပ် stress မရှိသလိုဘဲ...
အစ်ကိုရေးထားတာကိုဖက်ပြီး
stress ရှိချိန်နဲ့မရှိချိန် တော်တော်ကွာမှန်း
ခံစားမိတော့တယ်...

စိတ်ထောင်း ကိုယ်ကြေ ပြေလျော့နိုင်ပါစေ
ခွန်သဒ္ဒါ

မိုးခါး said...

တခါတလေတော့ တချက်တချက် ဖြစ်တတ်တယ်
ခဏလောက်ပဲ
ပြီးတော့လည်း မေ့သွားရော .. :D

မိုးစက်ပွင့်လေး said...

စိတ်ဖိစီးမှုတွေ ကတော့ အရမ်းရမ်းများနေတယ်..
ဘယ်လိုလုပ်ရမလဲဟင်

မဟာဆန် said...

အဲဒီအကျင့်တွေ အကုန်လုံး ရှိနေတယ်..ခုတောင် ခေါင်းကိုက်လွန်းလို့ ဘလော့လည်နေတာ..ချိတ်ညစ်လိုက်တာနော်

စိတ်၏ဖြေရာ said...

ကျေးဇူးတင်တယ်ကိုလင်းကြယ်ဖြူရေ..
အချက်အားလုံးလိုလိုကိုက်ညီနေတယ်။
ကိုယ့်ဟာကိုယ်လဲstressတွေများနေမှန်းသိပါတယ်။
ဖြေဆေးလေးလုပ်ပါအုန်း။

Unknown said...

Very ince and interesting post I will be waiting for part (3)

မိုးစက်အိမ် said...

တစ်အချက်ထဲမှာပါနေတယ် အစ်ကိုရေ စားမေးပွဲဖြေရလို့ 
stress တိုးနေရတယ်ဗျာ

Flower said...

ဒီပိုစ့်လေးဖတ်ပြီး ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ဖို့သတိရသွားတယ်.. ကိုယ်ဟာ stress များတတ်သူလားပေါ့.. ဒီထဲကပြောထားတာတွေနဲ့ တော်တော်များများ တိုက်ဆိုင်နေသလိုဘဲ.. :) ဒီတော့ ပြေပျောက်အောင်လုပ်တဲ့နည်း မြန်မြန်သာရေးပေးတော့...စောင့်နေမယ်..

flowerpoem said...

စိတ်ဖိစီးမှုတွေအတွက ကျေးဇူးပဲ ကိုလင်းကြယ်ဖြူ

အိဖြူ said...

မျက်စိထဲ အလုပ်က boss ကိုသွားမြင်မိတယ် =D