Sunday, February 21, 2010

ဦးတည်ရာလမ်း အလှမ်းမပျက်


“မျှော်လင့်ချက် နဲ့ အသက်ရှင် ရင် မျှော်နေရင်း လင့်သွားမယ်” ၊ ဒါကြောင့်မို့ “ရည်မှန်းချက် ၊ ဦးတည်ချက် ကလေးတွေ နဲ့ အသက်ရှင်တာက ပိုပြီး အဓိပ္ပါယ်ရှိတယ်”…..ဆိုတဲ့ ဆရာတော် တစ်ပါးဟောပြ သွန်သင်မှုလေးကို သတိရရင်း နဲ့ အဲ့ဒီ့ Aim/Objective/Goal နဲ့ Plan ဆိုတာလေးတွေ ကို အတွေးရောက်သွားမိ ပါတယ်။

လုပ်ငန်းခွင်တွေမှာ ၊ Organization တွေ ထဲမှာ တာဝန်ထမ်းနေရသူများအဖို့ အဲ့ဒီ့ စကားလုံးတွေကို ရင်းနှီးပြီးသားဖြစ်သလို ဦးတည်ချက်တွေကို ချမှတ်တဲ့နေရာမှာ ဘယ်လို အချက်တွေနဲ့ ပြည့်စုံရမယ်ဆိုတာကို သိကြပါတယ်။နောက်ပြီး ဒီလို ဦးတည်ချက် ချမှတ် ဆောင်ရွက်တတ်ခြင်းဟာ အလုပ်အတွက် သက်သက်သာမကပဲ မိမိ ဘ၀ အတွက်လည်း အချိန်ကို တန်ဖိုးရှိစွာ အသုံးချရင်း အများကြီး အထောက်အကူပြုနိုင်တဲ့ အကျင့်ကောင်းလေး ပါပဲ…တစ်နေ့စာ… တစ်ပတ်စာ … တစ်လစာ..ဒါမှမဟုတ် တစ်နှစ်၊နှစ်နှစ် စသည်ဖြင့် တတ်နိုင်သလောက် ဦးတည်ချက်ကလေး တွေ နဲ့ လုပ်စရာ ရှိတာ ကို ဆက်လုပ် နေရင် ထိုက်သင့်သလောက် အကျိုးပေး တတ်တယ်လို့ ဆိုထားကြပါတယ်။

Objective ၊ Goals ..စတာတွေ ကို ချမှတ်ဆောင်ရွက် မယ်ဆိုရင် အရင် ဦးစွာ “SMART” ဖြစ်ရမယ်တဲ့။ဒါကတော့ အတော်များများ က သိနေပြီးကြသားပါ။ဒီ(Acronym)အတိုကောက် "SMART" လေးကို အကျယ်ချဲ့ရရင် တော့ ဦးတည်ချက်တွေ ကို ချမှတ်တော့မယ်ဆိုရင် လိုက်နာရမယ့်..ထည့်စဉ်းစားရမယ့် အချက်ကလေး တွေပါ။သူတို့လေးတွေက တော့ ........

Specific (တိကျနိုင်သမျှတိကျပြီး ၊ ရှုပ်ထွေးများပြားခြင်းမရှိတဲ့ အကြောင်းအရာကိုရွေးချယ် ရပါမယ်)

Measurable ( အချိန်ပိုင်း ၊ ကိန်းဂဏန်း သဘောအရ တိုင်းထွာ နိုင်ခြင်းရှိရပါမယ်..ဥပမာ - ရက်၊လ၊နှစ်၊ အရေ အတွက်.. စ လို့ပေါ့)

Achievable (တကယ်ရောက်နိုင် ရနိုင် အကြောင်းအရာ၊ဦးတည်ချက်လည်း ဖြစ်ရပါယ်..အဓိပ္ပါယ် ပါရမယ်တဲ့)

Realistic (လက်တွေ့ဆန်ပြီး တကယ်ဖြစ် လည်းဖြစ် နိုင်မယ့် အကြောင်းအရာ လေးလဲ ဖြစ်ရမယ် ဆိုထားပြန် ပါတယ်)

T
ime-bounded (ပြီးတော့ အချိန်ကို လည်းကန့်သတ်ရန် လိုပါသေးတယ်။ဥပမာ..လာမည့် သက္ကရာဇ် ဘယ်လောက် မှာဘာကို ရ ရမယ်ဆိုတာမျိုးပေါ့နော…)

ဦိးတည်ချက်တွေကို ချမှတ်ဆောင်ရွက်ရင် အဲ့ဒီ့အချက် ငါးချက်နဲ့ ကိုက်ညီမှ ပြည့်စုံတယ်ဆိုထားပါတယ်။အခုနောက် ပိုင်း တော့ “SMART” ကနေ “SMARTER” ဆိုပြီး SMART နောက်ကနေ E (Evaluated ) နဲ့ R (Review) ဆိုပြီး ထပ်ဖြည့် ထားရင်း (John Adair ဆိုတဲ့ Business Management and Leadership Guru တစ်ဦးက စဉ်းစားပြထား တာလေးပါ) ဦးတည်ချက်ကို ရောက်အောင်သွားနေတုန်း လိုအပ်သလို အားနည်း အားသာချက် တွေ ကို ကြည့်နိုင်ရင်း ပြင်ဆင်သင့်တာ ပြောင်းလဲ သင့်တာကို ပြောင်းနိုင်အောင် ထည့်စဉ်းစားနေကြတာတွေ့ရပါတယ်။အရွယ်ရောက်သူ အတော်များများမှာ (အလုပ်လုပ်ကိုင်နေကြတယ်ဆိုရင် ) အဲ့ဒီ့ ဦးတည်ချက် ၊ ရည်မှန်းချက် ကလေးတွေ ကတော့ ရှိနေတတ်ကြ စမြဲမို့ ဦးတည်ချက်များကို ဘယ်လို ချရမလဲဆိုတာကို အသေး မစိတ် တော့ပါဘူး။

ဒီစာစုလေးမှာ ကတော့ အဲ့ဒီ့ ဦးတည်ချက်တွေ ကို ချမှတ်ပြီး အရောက်လှမ်းကြတဲ့နေရာမှာ Ambition ခေါ်တဲ့ ရည်မှန်းချက် ဆိုတာကို ထက်သန်ပြီး ထိထိရောက်ရောက် အောင်မြင်အောင်ဆောင်ရွက်တတ်ကြ သူ များ ရဲ့ စိတ်နေသဘောထားလေးတွေ
၊အကျင့်စရိုက် လေး တွေ ကို Research တစ်ခုက ချပြထားတာလေး ဝေမျှ လိုက်ပါရစေ...

ဒီ အချက်ကလေးတွေ နဲ့ များများကိုက်ညီရင်တော့ ချမှတ်ထားတဲ့ ဦးတည်ချက်တွေ ကို အောင်မြင်အောင် ဆောင်ရွက် လိုတဲ့ Ambition တွေ များတာ သေချာပါတယ်။အားလုံးကိုက်ညီတယ်ဆိုရင်တော့ ရည်မှန်းချက်ကို ထိထိမိမိ လှမ်းဆက် နိုင်အောင် Ambition ကတော့ အကောင်းဆုံး အနေအထား ပါတဲ့ ..အဲ့ဒီ့ အချက်ကလေးတွေ ကတော့…

  • You see yourself as a young person (ကိုယ့်စိတ်ကို နုပျိုအောင်နေတယ်..နုပျိုအောင်ထားတတ်တယ်)
  • You are stable , calm, adventurous , socially bold, confident and self-assured.(တည်ငြိမ်ရဲရင့်တယ်၊ ပေါင်းတတ်သင်းတတ်တယ်၊ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည် သင့်သလောက်ယုံကြည် ပြီး ဖြစ်အောင်လုပ်နိုင်မယ် ဆိုတဲ့ စိတ်ထားတတ်တယ်)
  • You have a high need for achievement.(အောင်မြင်အောင်လုပ်လိုတဲ့ စိတ်ပြင်းပြတယ်)
  • You welcome change as positive(အပြောင်းအလဲ တွေ ကို အကောင်းဖက်ကနေမြင်ပြီး ရင်ဆိုင် တတ်တယ် ၊ ရင် ဆိုင်နိုင် အောင်ကြိုးစားတယ်၊အဆိုးတွေ ကို အကောင်းစိတ်နဲ့ ရင်ဆိုင်တတ်တယ်)
  • You have sense of freedom and feel that you are going somewhere ( နေရာစွဲ၊ပုဂ္ဂိုလ်စွဲတွေ သိပ်မဖြစ်တတ်ဘူး Open-minded ဖြစ်တတ်တဲ့သဘော နေမယ်နော်)
  • You enjoy taking calculated risks ( Challenge တွေ ကို တတ်နိုင်သမျှ ကို ရင် ဆိုင်တတ်တယ်၊ရင်ဆိုင်ရဲတယ်)
  • You spend a lot of time with your superiors ( အရာရှိတွေ ၊ အကြီးအကဲများထံမှ တတ်နိုင်သမျှ အချိန်ယူ သင်ယူတတ်တယ်..လေ့လာတတ်တယ်)
  • You are willing to move ( အရွှေ့အပြောင်းတွေ ကို သိပ်မမှုဘူး၊အပြောင်း အလဲ အနေအထား တွေကိုလဲ လိုလား တတ် တယ်)
  • You are rarely ill or absent from work ( အကြောင်းကြောင်းကြောင့် အလုပ် ပျက်ကွက်တတ်တာ မျိုးတွေ သိပ်မ ရှိဘူး)
  • Stress and Tension do not effect you (စိတ်ဖိစီးမှုတွေ ကို အလွယ်တကူ ကျော်လွှားနိုင်တယ်)
  • You do not smoke and take regular exercise ( ဆေးလိပ် ၊ မူးယစ်တတ်တာ တွေ လုံးဝ (သို့) တတ်နိုင်သမျှ မမှီဝဲပဲ လေ့ကျင့်ခန်း ၊ ကစားခုန်စား မှန်မှန်လေး လုပ်တတ်သေးသတဲ့၊ကျန်းမာဖို့က ပထမ ဆိုသလိုပေါ့)
  • Your career has proved more successfully than you originally hoped ( လုပ်ငန်းခွင်မှာ ထင်တာထက် ပိုပြီး Recognized အဖြစ်ခံရရင် (သို့) ထင်တာထက် အောင်မြင် နေရင်တဲ့…ဒါကတော့ နေရာတိုင်းမဟုတ်သလို Ambition အတွက် လည်း အဓိက ထောက်ပံ့ပေးတဲ့ အချက်မဟုတ်ပါဘူး)

အဲ့ဒီ့ အချက်ကလေးတွေ ကတော့ ဦးတည်ချက်နဲ့ နေထိုင်ကြတဲ့ သူတွေအတွက် Ambition ဆိုတာကို အားကောင်းအောင်မြှင့် တင်ပေးတတ်သလို ..သူတို့လေးတွေက Ambition တွေကောင်းတဲ့ သူတွေ မှာ တွေ့ရတတ်တဲ့ စရိုက် လက္ခဏာ လေးတွေပါ တဲ့။ပြီးတော့ အဲ့ဒီ့ ဦးတည်ချက် လေးတွေ ၊ ရည်မှန်းချက်လေးတွေ နဲ့ ပတ်သက်လို့ အနက်အဓိပ္ပါယ် ပြန်ပြီး ရှင်းထား တာလေးကို လေ့လာ လိုသူတွေ အတွက် မူရင်းအတိုင်းလေး ထည့်ပေး လိုက် ပါတယ်...

1. Goal = the selected result to be achieved only with effort

2. Objective = tangible, attainable end toward which effort is expended

3. Purpose = the desired result or movement toward it

4. Aim = the target aimed at

5. End = the intended effects of actions (as opposed to means)

6. Object = the same as end, but also conveys wish and motives

7. Mission = the purpose for which the individual or organization was ‘sent’

8. Plan = set of idea to achieve desired results

9. Vision = a concept denoting clarity of foresight/sharpness of understanding of a scheme

10. Intention = what is in mind to do .........စတာလေးတွေပါ…

အားလုံးပဲ ရည်ရွယ်ရာ ၊ ဦးတည်ရာ လမ်း ကို အလှမ်း မပျက်ကြ ပဲ ကောင်းသော လိုရာတွေ ကို စွမ်းဆောင် ရယူနိုင် ကြပါစေ လို့.…..


မိတ်ဆွေများ အားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

17 ယောက်ရဲ့အမြင်:

သူကြီးမင်း (တုံးဖလား) said...

ရေးမဲ့ရေးတော့လဲ မှတ်သားစရာတွေချည်းပါလား။ ဒီအချက်အလက်တွေ အားလုံးပြည့်စုံအောင်တော့ အတော်လေးကြိုးစားရဦးမယ်ဗျို့ ။ အခုလို အချိန်မရတဲ့ကြားထဲက အသိပေးစာကောင်းကောင်းလေး တင်ပေးတဲ့အတွက် တကယ်ကျေးဇူးပါ။

အဆင်ပြေ ပျော်ရွှင်ပါစေ။

မျက်မှန်လေး said...

မှတ်သားစရာတွေ မှတ်သားသွားပါတယ်ရှင့်။

ကြည်ဖြူပိုင် said...

တော်လိုက်တဲ့ကိုလင်းကြယ်ဖြူပဲ
မှတ်သားစရာလေးတွေဖတ်ရတဲ့အတွက်
ဒီလိုမျှဝေပေးတာကျေးဇူး။
အချက်တချို့လုပ်ဖြစ်ပေမယ့် မလုပ်ဖြစ်တဲ့အချက်လေးတွေ မကျင့်ဖြစ်တဲ့အမူလေးတွေရှိတာကို
ိုဒီစာဖတ်ရင်းသိသွားတယ်။ ကျင့်ဖို့ကြိုးစားဦးမယ်ဗျာ

သိင်္ဂါကျော် said...

ဒါမျိုးလေးတွေ မဖတ်ဖြစ်တာ ကြာပြီ..
ဖတ် မှတ် သွားပါတယ်..

may16 said...

မှတ်သားစရာစာပေများကို အသေးစိတ် ဖော်ပြပေးတာ ကျေးဇူးပါ ကိုလင်းကြယ်ဖြူ

မြစ်ကျိုးအင်း said...

မှတ်သားဖွယ် ဗဟုသုတ ရဖွယ်လေးတွေ ရေးထားတဲ့ စာကောင်းလေး တပုဒ်ပါပဲ။

Flower said...

Management သင်တန်းတုန်းကတော့ သင်ခဲ့ရတယ် ကြယ်ဖြူရေ..
ခုတော့ အားလုံးမေ့ကုန်ရော
ဒီပိုစ့်လေးဖတ်လိုက်မှ သတိထားရမဲ့ဟာလေးတွေ ပြန်သတိရသွားတယ်..
ကျေးဇူးအထူးတင်ပါ၏..
အလုပ်မှာ ပျော်ရွှင် အဆင်ပြေပါစေနော်..

ကိုလူထွေး said...

ပညာရှိတွေကတော့ အတွေ့အကြုံနဲ့ယှဉ်ပြီး ဆုံးမပေးသွားပြီ...

စာဖတ်သူတွေကတော့ လိုက်နာကျင့်သုံးနိုင်ရင် အကောင်းဆုံးပေါ့ဗျာ...

းဝ)

သမီးပျို said...

ကိုဖြိုးရေ....ငါသိချင်တာတွေ ပြောသွားတာပဲ သိချင် တာတွေသိလိုက်ရပေမယ့် လက်ရှိအခြေအနေမှာ လက် တွေ့လုပ်လို့မရသေးဘူးဟာ လုပ်နေတဲ့အလုပ်နဲ့ လုပ်ချင်တဲ့အလုပ်က တခြားစီဖြစ်နေလို့ အလိုမကျဘူး လုပ်ချင်တာတွေလုပ်ခွင့်ရတဲ့ တစ်နေ့ ဒီပို့စ် ကိုပြန်ရှာ လိုက်မယ် ကျေးဇူး ကိုဖြိုး

အားပေးလျှက်
သမီးပျို

khun said...

ှSMART ..... SMARTER
မျော်နေရင်း လင့်မသွားအောင် ကြိုးစားနေပါတယ်
အစ်ကိုရေ...

ပို့စ်ကောင်းလေးကို
သေချာဖတ်မှတ်သွားပါတယ်

ပျော်ရွင်ပါစေ
ခွန်သဒ္ဒါ

Welcome said...

Copy ကူးသွားပါတယ်၊ တစ်ခါတည်းနဲ့ မှတ်မသွားနိုင်လို့ပါ
Share ပေးလို့ ကျေးဇူး

ခင်မင်တဲ့

Unknown said...

ကောင်းလိုက်တဲ့ပို့စ်
မှတ်သားသွားပါတယ်

Angel Shaper said...

ကိုဖြိုးရေ........
င့ါအတွက်တော့ တကယ့်ကို ပိုစ့်ကောင်းတစ်ပုဒ် တန်ဖိုးရှိတဲ့ လက်ဆောင်တစ်ခုရလိုက်သလိုပဲ။ ကျေးဇူးတင်တယ်ဟာ။ င့ါကိုဒီပိုစ့်လေးကို မေလ်းလေးပို့ပေးကွာ။ အမှတ်တရပေါ့။ အမြဲဖတ်မှတ်နေရမဲ့အထဲမှာပါတယ်။ ဦးပီပြောသလိုပဲ နင် HR ဘက်ပြောင်းလုပ်တော့မယ်ကြားတယ်။ ဟုတ်လား။ နောက်တာပါဟာ။ အဆင်ပြေပျော်ရွှင်ပါစေနော်။ ငါလဲ သတိရပါတယ်။ င့ါကို သတိတရရှိနေပေးလို့ အထူးစပါယ်ရှယ်ကျေးဇူးတင်တယ်နော်။

ahphyulay said...

အခုလို အဆင်သင့်  ဖတ်နိုင်အောင် ရှာဖွေ တင်ပြ သွားတဲ့ အတွက် ကျေးဇူးပါလို့ ..။

ဂျစ်တူး ( မုံရွာ ) said...

သေသေခြာခြာကိုဖတ်သွားတယ်-
ဖတ်ပြီးတာနဲ့မျက်စေ့ဆရာဝန်စီကိုသွားရတော့မယ်-
စာလုံးအရောင်ကမျက်လုံးမကောင်းသူကိုတော်တော်
မကောင်းစေတာကိုးဗျာ-
မျက်ရည်တွေကျလာပြီ-

ညလင်းအိမ် said...

လာလိုက်တိုင်း အကျိုးရှိတဲ့ စာတွေချည်းပဲနော်...

တတ်နိုင်သလောက် မှတ်သားလေ့လာသွားပါတယ်...

Unknown said...

သူငယ်ချင်း
ကျွန်တော်တို့သူငယ်ချင်းနဲ့မိတ်ဆက်ချင်ပါတယ်၊
သူငယ်ချင်းရဲ့blogလေးကိုဖတ်ရပါတယ်။
သူငယ်ချင်းရဲ့အရေးအသားနဲ့တင်ပြဟန်ကို
သဘောကျပါတယ်။ကျွန်တော်တို့ရဲ့http://tayla
ydoeyethmatthan.ning.com
/မှာလဲရေးပေးစေချင်ပါတယ်။အကယ်လို့
ရေးရန်အခက်အခဲတစ်စုံတစ်ရာ ရှိလို့
မရေးနိုင်လျှင်လည်း။
ကျွန်တော်တို့ကြိုက်တဲ့စာများကိုRefrenceလုပ်ဖို့
ခွင့်ပြုစေချင်ပါတယ်။သူငယ်ချင်းကလောင်အမည်နဲ့
သူငယ်ချင်း၏blog Link ကို ပါ Refrence
၏နောက်တွင်ရေးပေးမည်ဖြစ်ပါသည်။အများဖတ်ရှု့ရန၊်
ဗဟုသုတနှင့်ရသ
ဖြေဖျော်မှုရရန်အတွက်လုပ်ခြင်းဖြစ်သည့်အတွက
်နားလည်စေချင်ပါသည်။

update ဖြစ်သောpostများကိုလည်း
taylaymin@gmail.comသို့ပို့ပေးးစေချင်ပါသည်
။ကျေးဇူးအများကြီးတင်ပါသည်ခင်ဗျာ။
တေလေများ