Monday, March 1, 2010

ခြောက်ခန်းသွားလေသော ...



ဆည်းလည်းသံလို
စကားချိုနဲ့
နားခိုပါရစေ တစ်ညတစ်လေတဲ့.....

တည်းပြီးအပြန်
စကားမာန်ဖွဲ့
နားရန်မလွှဲသာ လို့ "အိမ်အိုစုတ်"မှာ နေခဲ့ရတာတဲ့.....။.....။


လင်းကြယ်ဖြူ

(ကဗျာခေါင်းစဉ်လေးကို တော့ သူငယ်ချင်း ကျော်စိုးခိုင် နဲ့ ရွှေဇင် တို့ က ၀ိုင်းစဉ်းစားပေးကြလို့ ကျေးဇူးပါ)

19 ယောက်ရဲ့အမြင်:

မျက်မှန်လေး said...

ကဗျာလေးကို အားရပါးရ ခံစားသွားပါတယ်။

သူကြီးမင်း (တုံးဖလား) said...

ဆည်းလည်းသံချို၊
စကားပိုနဲ့၊
နားခိုပါလား၊
မောင့်သက်ထားရယ် တဲ့။

တည်းပြီးအပြန်၊
စကားဟန်နွဲ့၊
မုန်းမာန်ဖွဲ့လို့၊
ချိနှဲ့တဲအိုစုပ်မှာ၊
ကျွန်ုပ်ကိုထားခဲ့တော့မှာလား
ချစ်သက်ထားတဲ့။းဝ(
...

ဟဲ.. ဟဲ...
စိတ်ကူးလေးအရမ်းကောင်းတယ် ဆရာရေ့။ တိုတိုလေးနဲ့ ကောင်းတယ်ဆိုတဲ့ စကားက ဒီလိုကဗျာမျိုးကိုပြောထာထင်တယ်။ တကယ်အဓိပ္ပါယ်ပြည့်ဝတယ်။

khun said...

တိုတိုလေးနဲ့ အဓိပ္ပါယ်တွေ
အများကြီးလိုဘဲ.....
ကဗျာဆရာကြီးတွေကို အမြဲ
အားပေးနေပါတယ်.....း)

ကဗျာမရေးတက်တဲ့ညီမ
ခွန်သဒ္ဒါ

သမီးပျို said...

ဒါမှကိုဖြိုးကွ...တိုတိုလေးနဲ့ထိတယ်ဆိုတာ ဒါမျိုးကို ဆိုတာ...။ ဘယ်လိုခံစားချက်တွေရှိနေလို့ ဒီလိုကဗျာတွေ ရေးတာပါလိမ့်လို့ စဉ်းစာနေမိတယ် ။


အားပေးလျှက်
သမီးပျို

Flower said...

ကိုယ်တွေ့လား ကြယ်ဖြူရေ.
ကဗျာလေးက တိုပေမဲ့ စကားတွေအများကြီး
ဖွင့်ဟလိုက်သလိုပါဘဲ...
တစ်ညတာ နားခိုသွားတဲ့ဧည့်သည်လေး အမြန်ဆုံး
ဖတ်မိပါစေ.....

Unknown said...

ကဗျာတိုလေးက ခံစားချက်ပြင်းတယ်

ကဗျာဦး said...

စာကြွေးတွေဖတ်သွားတယ်

ကြည်ဖြူပိုင် said...

တိုတိုလေးနဲ့သိပ်ကောင်းတဲ့ကဗျာ

Pwint Myue Zin said...

ကဗျာကောင်းလေးပါဘော်ဘော်ရေ..

မြစ်ကျိုးအင်း said...

သဘာဝပါပဲလေ ဒါမျိုးက အဖြစ်များတယ်
ကဗျာလေးက အပိုမရှိအောင် သေသေသပ်သပ် လေးပါပဲ။

ဇွန်မ said...

ကဗျာလေးက တိုတိုလေးနဲ့ အဓိပ္ပာယ်က နက်ရှိုင်းကျယ်ဝန်းတယ် အကိုကြယ်ကတော့ တကယ့်ဆရာပါပဲ။

ကောင်းကင်ပြာ said...

ဖြစ်တတ်တဲ့ သဘောကို ဖွဲ့ ပြထားတယ်..း)

flowerpoem said...

ကဗျာစပ်ကောင်းတာကိုတော့ လက်ခံတယ် ကိုလင်းကြယ်ဖြူရေ
တောင်သူလယ်သမားနေ့ ကဗျာအတွက် ကျေးဇူးပါ.

စိတ်၏ဖြေရာ said...

ဒီလိုဧည့်သည်မျိုးတွေတွေ့ဖူးတယ်ရှင့်။

ကိုလူထွေး said...

မတည်းခင်က တမျိုး
ပြန်ထွက်သွားတော့ တမျိုး...
လူ့သဘာဝ ပေါ်လွင်လှပါတယ်...

းဝ)

ahphyulay said...

ဟေ့  ဟေ့  ကိုလင်း ရေ..
တိုသလောက် ထိ တဲ့ အဖွဲ့  လေးပါလားဗျ...။

ကျောပိုးအိတ် said...

ကဗျာလေးက တိုပေမယ့် ထိရောက်မှုရှိလွန်းတယ်။
လူ့ သဘော သဘာဝကို ဖော်ပြထားသလိုဘဲ။

မရခင်တစ်မျိုး
ရပြီးတစ်မျိုးဆို သလိုပေါ့နော်။

လာလည်တယ်အကိုရေ
ခင်တဲ့
ကျောပိုးအိတ်

ဝက်ဝံလေး said...

ဟင် ကဗျာက တိုတိုလေးရယ် ခံစားရတာ အားမရဘူးကွယ်

မအားလို့မလာဖြစ်တာကို ဗွေမယူပါနဲ့နော် ဟဲဟဲ ရှူတင်တွေ ရှိုးပွဲတွေသိပ်များတာ သိတယ်မလား ဟီးးးးးးးးးးးးး

certain condition cube said...

လူ့သဘာဝ ထင်ဟပ်မှု ကဗျာလေးကို အားပေးသွားတယ်။

နှစ်ခြိုက်မိတယ် ကို လင်းကြယ်ဖြူ ---