Wednesday, August 12, 2009

ခုတလော မှာ ...

ခုတလော....
တွေးနေမိတယ်
ဝေးမြေ အမိရပ် က တစ်ခန်းရပ် ဇာတ်လမ်းနဲ့
မှတ်တမ်းတွေ အမြှင်မပြတ်
ရင်ဘတ် ဆီ ၀င်မွှေနောက်
မြင်ကာဖျောက် မရ အဝေးက ပျော်စရာနေ့များ.......။

ဒါနဲ့ပဲ ...
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိလိုက်တယ်
အမှန်ရင်ခွင်အထိ သယ်မလာနဲ့တော့
ဘယ်အရာ မှ ပြန်ရောက်မလာနိုင်ဘူး
ချန်လောက်တာတွေ ချန်ထားပြီး
အမှန်တရားလေးနဲ့ တွယ်ဖက်လို့ ပစ္စုန်ပ္ပန် ကိုပဲကြည့်လို့..........။

ဒါမှပဲ...

ကျန်းမာရေး
လန်းစရာလေးတွေ ခါခါ
မနာမှာ မတွေးချင်ပေမယ့်
ပြေးမြင်လာတယ် သင်္ခါရ
မြင်ကာမှ ကျောချမ်း မမောမပန်းတော့ ခရီးဆက်ချင်ပါရဲ့လေ..........။

တစ်နေ့...တစ်နေ့....
ဖတ်ဖြစ်တဲ့စာအုပ်တွေ အပုံအထပ် ဖြစ်ချင်ပါရဲ့
အကုန်မှတ်ဖို့ အချိန်တွေ လုမရ
တယုတယ လုပ်ရင်း သေချာစု
မရေရာဘု ဘယ်တော့များ အကုန်ကြည့်ခွင့်ရလိမ့်မယ်......။

ဟိုလိုလို..ဒီလိုလို....
ရောက်ဖြစ်နေလိုက်တာ
ကျောက်အစစ် ရုပ်ကြွင်းလို မလှုပ်မရှား
အလုပ်များသလိုလို ဘာလိုလို နဲ့
စာဆိုတာ ကို အမှန်ရေး နိုင်ဖို့
အကြံတွေတွေးရင်း ကွန်ပျူတာရှေ့ ငုတ်တုတ်..........။

ဒါပေမယ့်...
ရေးဖြစ်နေတာ ဘာလဲလို့
ငါစွဲ မထားပဲကိုယ့်ကိုယ်မေးလိုက်တော့
အရေးစိုက်လို့ ပြန်ဖြေတယ်
မဟန်ပေ ဘူး မင်း အများကြီး လိုသေးတယ်လို့..........။

မကြာ..မကြာ...
နားထောင်ဖြစ်ရင်း
မကြားယောင် ဆောင်လည်း မတတ်သာ
ခပ်ခွာ ခပ်ခွာ နေလိုသော်လည်း သူ့စကား
အမှုမထားရင် ဘာဖြစ်မလဲ ဆိုတွေးမိ
ပြေးကြည့်မှ တစ်ယောက်တည်းရှိတဲ့ မန်နေဂျာ့ မိန့်ခွန်းများ....ခါး..ခါး....။

စိတ်ပြေ...လက်ပြေ...
ရွတ်နေမိတဲ့ ကဗျာစုံ ရင်ထဲမှာ
အစဉ်စွဲပါတယ် လို့ ခံစားရသမျှ
ပြန်ကြားလို့ စိတ်ထဲတွေး
အတိတ်ထဲ အဝေး က ငယ်သံစဉ်တွေ.........။

ဒီလိုပေါ့...
ဖြစ်ချင်နေတာ တွေ က ပျားပမ်းခတ်
မနားတမ်းကပ်လို့ စိတ်အစဉ်
အိပ်ချင်တာတောင် ကောင်းကောင်းမအိပ်ရဘူး
စိတ်ကတွေးလို့ ဖြတ်ပစ်ဦးမယ်..မင်း..ရပ်တန်းကရပ်..လို့.......။

ဟိုနဲနဲ...ဒီနဲနဲ...
စားဖြစ် နေတတ် လိုက်တာ
ရေငတ်ခိုက်မှာ ရေတွင်းထဲကျ
မသေမချင်းပဲ မပြတ်ဖြည့်
အမှတ်တမဲ့ လေးတောင် မမေ့မိဘူး......အာဟာရလေ.....။

တောင်တွေး...မြောက်တွေး.....
သနားနေမိတယ် ဒုက္ခတွေကြားက ဒုက္ခများ
ဟုတ်ပါ့မလားလို့ ပဟေဋိ
အဖြေညှိရင်း သေချာတွေးမှ
မရေမရာလေးနဲ့ ဒွိဟ တွေကြား..သတ္တ၀ါအားလုံး..သနားစရာများဖြစ်နေသလား.......။

အော်...
လွမ်းနေမိ လာသေးတယ်
ငါဝေးတဲ့ ငါ့ရဲ့အိမ် အပြင်မှာ
ဘ၀မဲ့တိမ်အဆင် လို များလွင့်နေရသလားလို့သတိထားမိမှ
အသိတရားက ပြောလာတယ်..အိမ်ဝေးသူတွေ က အများကြီးပါပဲလို့.......။

အမြဲ..အမြဲ.....
မေ့လျော့အောင် လုပ်နေမိတယ်
အရှုပ်တွေ ဆိုတာကို မသိခဲ့စဉ်က
မထိမဲ့မြင် ပြု လို့ အမှုမဲ့
အခုတလှည့် ပြန်ခံရရင်မကောင်းဘူးသိတဲ့....အမှားများ........။.


ရံဖန်..ရံခါ.....
ခါးခါးသက်သက် ဖြစ်နေမိတာက
အချစ်တွေပါလို့ မပြတ်ပြော
မရပ်မမောပဲ ကဗျာတွေ တသီစပ်လို့
အရီရပ်တဲ့အချိန်မှ အမုန်းမျက်နှာ အရောင်ပြောင်းသွားတတ်တဲ့ သူ တွေရဲ့ နှုတ်စကား.....။

အမြဲ.လိုလို.....
တမ်းတနေမိတာလား
မှန်းဆနေကြည့်တာလား ကိုယ်တိုင် မသဲကွဲ
အမြဲပဲ အလိုလို ခေါင်းထဲ ၀င်ဝင်နှောက်တယ်
ပြင်ဆောက်လို့ ရပါတော့မလားဆိုတဲ့ နေရာတစ်ခု အကြောင်း.....။

နောက်တော့.နောက်တော့....
ကြိတ်ပြီးချီးကျူး ပြီးရင်း ချီးကျူး နေမိပါတယ်
မညည်းဘူး တကယ် ခရီးကကြမ်း လူကပန်း လည်း
ယူကြစမ်းပါ ငါ့ဘ၀ကို လို့ ပေးရင်း အနွမ်းခံ
နန်းမစံ ရ လည်း အပြုံးမပျက်တတ်တဲ့ စိတ်အလှပိုင်ရှင်များ.......။

သို့သော်.သို့သော်....
မုန်းတီးနေမိတယ်
စိတ်ပျက်နေမိတယ်
ကြိတ်ပြီးအထင်သေးနေမိတယ်
အမြင်လေးနဲ့ အပြောမှာ ဒီလိုကောင် မဟုတ်ပါဘူးတဲ့
လုပ်တာတွေ တကယ်ကောင်းလှပါတယ်ဆိုတဲ့
အကြောင်းကအပိုင် တကယ်တွက်တဲ့ ရမ္မက်ကြီး အခွင့်အရေးသမားတွေ......။

မသွားဘူး...မသွားဘူး....
ဆန္ဒမရှိတဲ့ ပရ၀ုဏ်အသိုက်ထဲ
မိုက်မဲလို့ အဆင့်မရှိဘူး သမုတ်ချင်သမုတ်
ဟုတ်ရင်လည်းဟုတ် မတတ်သာ ၀င်ကာမသွားဘူး
အမြင်မှာ မာနတွေနဲ့ဂုဏ်တုဂုဏ်ပြိုင် ..ဟန်ဆောင်ရပ်ဝန်းထဲ.....။


တကယ်ပါ.....
ဆန္ဒရှိနေတဲ့ အကြောင်းအချင်း
အပေါင်းအသင်းများကိုပြောမိတော့ ရယ်ကြတယ်
ဘယ်ဘ၀ က ၀ဋ်ကြွေးတွေလဲ တော့ သေချာမသိဘူး
မရေရာပါဘိကွာ လို့ ပြောပြောသွားတတ်ကြတော့..နေချင်တဲ့ မြို့ကလေးတစ်မြို့အကြောင်းကို မေ့ထားမိတယ်...။

စွဲလန်းနေမိတယ်.....
လိုအပ်နေတယ်......
တောင်းနေမိတယ် မျှော်လင့်ချက် ဆုတွေအား
ခုနေများတော့ ပြည့်ကောင်းမှပြည့်မယ်
ရွေ့ပြောင်းကြ တဲ့ အချိန်တွေ တကယ်မနားမရပ်တဲ့
ချားရဟတ် သံသရာမှာ အမှန်တရားဆိုတာတွေ တစ်နေ့ အရာင်တောက်လာမယ်.....။

ဒီလို..ဒီလို....
အော်ဟစ်ရင်း ထပ်တလဲလဲ
မရပ်ပဲ ဆက်ကာဆက်ကာ
တစ်သက်မှာ တစ်ခါပြန်ကြုံ ချင်ပါရဲ့
မဟာရန်ကုန် မှာ လပြန်သာတဲ့နေ့............။

နောက်ဆုံးတော့.....
ဝန်ခံချင်တာလေးကို အပိတ်ထား
စိတ်ကစားတယ်ဆိုတာ မျောက်တစ်သင်းလိုပဲ တဲ့ ဘုရားဟော
တအားလည်းမောနေပါပြီ တရားမရှိပေ လို့
ကစားမိနေတဲ့ စိတ်ကိုတော့ နိုင်အောင်ထိမ်းရင်း.....ယိမ်းနေဆဲပါလို့.......။.......။

...........ညီမ လတ်ဇော် နဲ့ ညီမ ငှက်ကလေး တို့ ကျေနပ်နိုင်ပါစေ......ပြီးတော့.....

မိတ်ဆွေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com


27 ယောက်ရဲ့အမြင်:

Angel Shaper said...

တစ် တစ် တစ်။။။။။
၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁
ရရှိသွားပါသည်။ ဟိဟိ
ဘာရယ်မဟုတ်။ ရူးကြည့်တာပါ တစ်လို့ ။

Angel Shaper said...

ကိုဗြိုးကြီး ရင်ဘတ်ကြီးနဲ့ဖြေသွားတဲ့ ခုတလောလေးတွေကို
ရင်ဘတ်လေးနဲ့ လာဖတ်တယ်နော်။
ချားရဟတ်သံသရာမှာ အမှန်တရားလေးဆိုတာတွေ အမြန်ဆုံး တောက်ပလာနိုင်ပါစေလို့  ကူညီ ဆုတောင်းပြုပါတယ်နော်။
ပျော်ရွှင်ပါစေနော်။

Unknown said...

အခုတလောက အခုတလောကဗျာတွေထဲက အခုတလောခံစားမှုတွေ
အခုတလောဆိုသလိုပဲ
အခုတလောပြည့်ပါစေဗျာ။
ချမ်းလင်းနေ

Anonymous said...

ကိုဖြိုးရေ အမှန်တွေ ချရေးပြလိုက်တာလား။
မောင်လေးလည်း ပျော်ရွှင်ပါစေနော်။

ခင်တဲ့ မကြီး

kaungkinpyar said...

ခုတလော ရေးကြာတာလေးတွေ တယောက်တမျိုးမတူကြဘူးနော်၊ ခံစားချက်လေးတွေ အစုံသိရသလိုပဲ၊ ကောင်းတယ် ဖတ်လို့

မင်းညို said...

သီချင်းသံအေးအေးနဲ့ ကဗျာလေးကို အားပေးနေမယ်..။

မေသစ္စာမောင် said...

မညည်းဘူး တကယ် ခရီးကကြမ်း လူကပန်း လည်း
ယူကြစမ်းပါ ငါ့ဘ၀ကို လို့ ပေးရင်း အနွမ်းခံ
နန်းမစံ ရ လည်း အပြုံးမပျက်တတ်တဲ့ စိတ်အလှပိုင်ရှင်များ.......။

လူကနွမ်းနေပေမယ့် စိတ်ထားလေးတွေဘယ်တော့မှ နွမ်းမှာမဟုတ်တဲ့ စိတ်အလှပိုင်ရှင်တွေပေါ့

ခင်မင်စွာဖြင့်
မေသစ္စာမောင်

Scalpel said...

ကိုလင်းရေ
ကဗျာတစ်ပုဒ်လုံးကောင်းတယ်ဗျ။ နောက်ဆုံး အပိတ်ကို အကြိုက်ဆုံးပဲ တအားလည်းမောနေပါပြီ တရားမရှိပေ လို့
ကစားမိနေတဲ့ စိတ်ကိုတော့ နိုင်အောင်ထိမ်းရင်း.....ယိမ်းနေဆဲပါလို့.
ဆိုတာကိုလေ။
ခင်မင်စွာဖြင့်
Scalpel

ဝက်ဝံလေး said...

ကျေနပ်ပါတယ် ကိုဖြူကြီးရေ ရေးထားတာလေး က စိတ်ဝင်စားစရာလေး နွားရော ဝင်မစားဘူးလား မသိ အဲ အဲ ဘွာတေးးး ဘာတွေလျှောက်ပြောနေလဲ မသိဘူး ဟိဟိ

ဘိုင်

မေဇင် said...

ကဗျာလေး တစ်ပုဒ် ဖတ်ရသလို...... ကောင်းလိုက်တာ..။

shadowfullmoon said...

ကဗျာနဲ့ ရောစပ်ပြီး အခုတလောကိုရသဖော်သွားနိုင်တာ တော်တော်ချီးကျူးမိပါတယ်.... အားပေးနေမယ်။

Lucifer said...

ဟူးးးး စာဖတ်ရတာမောတောင်မောတယ်

ဇော် said...

အယ် အယ် ...
ထူးထူးဆန်းဆန်း ကဗျာလို ရေးထားတယ်ဟ။ ခိုက်သွားပြီ။ =)
ကျေးဇူးနော။ =)

Anonymous said...

ကိုယ်ရေးချင်တာတွေနဲ့ အတော်များများတူတယ်။
ကိုယ့်ကိုယ်စား ရေးပေးသလိုပါပဲ။
အချိန်တွေ အတော်ပေးလိုက်ရလား၊ ဒါမှမဟုတ် ကဗျာကျွမ်းကျင်သူဆိုတော့ တခဏနဲ့များရသလား မသိပါဘူး။
အတွေးတကယ်ကောင်းပါတယ်။
ကိုယ်လည်း မဟာရန်ကုန်မှာ လပြန်သာတဲ့နေ့ကို ထပ်သလဲလဲ ရွတ်ဆဲပါ။

မငုံ said...

ခုတလောကိုရေးထားတာလေး မိုက်လှချည်းလား ကိုဖြိုးရ။ မန်နေဂျာမိန့်ခွန်း ဆက်လက်နာနိုင်ပါစေ :)

သူကြီးမင်း (တုံးဖလား) said...

စိတ်ကစားနေရင် ကိုယ်နားပေါ့။
ကိုယ်ကစားနေရင်လဲ စိတ်နားပေါ့။
နှစ်ခုလုံးကစားနေရင် အယားမပြေပေဘူးနော။

မိုးခါး said...

အရမ်းမိုက်တာပဲ .. :D
ဖတ်ပြီး သဘောတွေကျနေတာ
မန်နေဂျာမိန့်ခွန်းတော့ အနာမပြတ်နဲ့နော်း)

စည်သူ said...

အင်.....
ခုတလော အတော်များများကို လေ့လာကြည့်တယ်
ခုတလော လေ့လာကြည့်တော့ လေ့လာမိတဲ့ ခုတလော တော်များတယ်... ခုတလောမှာကိုက တော်ကိုများနေပါလား.. ဖြစ်ပျက်တွေပေါ့

ပျော်ရွှင်ပါစေ
စည်သူ။

ahphyulay said...

အစအဆုံးသယ်သွားနိုင်ပါတယ်။ရေးအားကောင်း
တယ်ဗျို့ ။လာလည်အားပေးတဲ့ အတွက်ဂုဏ်ယူမိ
ပါတယ်လို့ ။ကျေးဇူးကမ္ဘာပါပဲဗျာ။ဘော်ဘော်တွေ
ဖြစ်ပြီနော်..။

ကိုလူထွေး said...

ခုတလော ကဗျာ တော်တော်ကောင်းတယ်... အခုမှ တွေ့မိလို့ အခုမှဖတ်ရတယ်...

မန်နေဂျာ့မိန့်ခွန်းများးးး ခါးးးး ခါးးးး ဆိုတာတော့ အကြိုက်ဆုံးပဲ...

းဝ)

kyalkalay said...

ရောက်ရာ အရပ်သစ်မှာ

အချစ်သစ်တွေ. နေပုံပဲ

သုခုမလေဒီ said...

ခုတလောပို စ့်လေးရေးထားတာ တကယ်ဖတ်လို့ ကောင်းပါတယ်။ ကာရံနဲ့ ကဗျာဆန်ဆန်လေးမို့ ထူးခြား တယ်။ ခုခေတ်လိုပြောရရင်တော့ လန်းတယ်ပေါ့။း)
အဆင်ပြေပျော်ရွှင်ပါစေ

ဂျာမုန်းဒန် said...

လင်းကြယ်ဖြူရေ
အစ်မတော့ရှယ်လာဖတ်သွားတယ်နော်။
ကောင်းတယ်။
စာဓားတွေ။
ဂုဏ်ယူနေမယ့်
အစ်မဂျာမုန်း

chitpalone said...

တောင်တွေးမြောက်တွေး သနားနေမိတယ်။ ဒုက္ခတွေကြားက ဒုက္ခများ ဟုတ်ပမလားပေါ့ ပဟေနိ အဖြေညှိရင် သေချာတွေးမှ မရေမရာလေးနဲ့ ဒွိဟတွေကြား သတ္တဝါအားလုံး သနားစရာများဖြစ်နေသလားတဲ့ မှန်ပ တော်တော်ကိုကြိုက်တယ်အဲ့အပိုဒ်ကို သြော် ပါးလုံးတို့များ ကဗျာတပုဒ်တောင် ကောင်းကောင်းမရေးတတ်ဘူး။ ဂျယ်လီလေးအကိုကတော့ တော်ချက် ကဗျာကရှည်လွန်းလို့ သုံးခေါက်ဖတ်တာတောင် အကုန်မဝင်ဘူး အဟီး
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

ဆောင်းနှင်းဝေ said...

ကဗျာလေးကအရမ်းကောင်းတယ်.....ပျော်ရွှင်ပါစေ

ကျောပိုးအိတ် said...

စိတ်ကူးဆန်းဆန်းလေးတွေ လာဖတ်သွားတယ်။ ဒီတဂ်ကို တော်တော်များများဖတ်ဖူးတယ်။ တစ်ယောက်ချင်းစီရဲ့ မတူညီတဲ့ စိတ်ကူးလေးတွေ ဖတ်ရတယ်။

ဒီမှာလဲ ကိုလင်းကြယ်ဖြူရေးထားတာ မိုက်နေရောဘဲ။

Kaung Kin Ko said...

ကဗျာလေး ကြိုက်တယ်ဗျို့ ။