အခုတလော ငယ်ဘ၀ နဲ့ ပတ်သက် တာတ္ဂေကိုချည်းပဲ Tag ခြင်းကို ခံနေရသမို့ အနည်းငယ်မျှ ငယ်မူပြန်ချင် လာပါတယ်..ဒီလို ငယ်မူပြန်ချင်စိတ်ကလေး ပေါ်လာတော့ ဟိုးအရင် ကလေးလေးဘ၀ တုန်းက ရ္ဂတ်ဆို ဖြစ်ခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေ၊ ရောက်တတ်ရာရာ ကလေးဘ၀က သီဆို ဟစ်ကြေ္ဂးဖြစ်ခဲ့တာလေးတ္ဂေ က ခေါင်းထဲကို အစီအရီ လာရောက် ရိုက်ခတ် နေရာယူလာကြပါတော့တယ်.....
ဒီတစ်ည မအိပ်စက်ခင် ကောင်းကင်က ငွေလမင်းကြီးကို မော့ကြည့်နေရင်းက အတွေးထဲကို ၀င်လာတဲ့ ကလေးအရ္ဂယ် ငယ်ငယ်က သီဆို ရင့်ကြူး ကြည်နူး ခဲ့ရတဲ့ ကဗျာလေးတ္ဂေ က လင်းလက်နေတဲ့ ကြယ်ဖြူ ပွင့်လေးတွေ အလား အစီအရီ ခေါင်းထဲကို ၀င်ရောက် နေရာယူ လာတာမို့ ကောင်းကင်ကို မော့ကြည့်နေရင်း ပြုံးနေမိပါတော့တယ်.......
ရွှေလမှာ ယုန် ၀တ်လို့
ဆန်ဖွတ်တဲ့ အဖိုးအို ဟောကြည့်ပါဆို
ဆို သာဆို ပိုမိုသည့် စကား
ကလေးအငိုတိတ်အောင် အရိပ်အယာင်ပြတယ်
ဖိုးလနတ်သား....... တဲ့ ကျွန်တော် မိခင်ဖခင် ကျေးဇူးရှင်တို့ရဲ့ ကျေးဇူးကြောင့် စာမဖတ်တတ်ခင် စာမရေးတတ်ခင် အရင်ဦးစ္ဂာ သီဆို ဟစ်ကြေ္ဂးတတ်ခဲ့တဲ့ စာစုလေး စိတ်ထဲမှာ ပြန်ပေါ်လာတယ် ..ရေးရေးလေး မဟုတ်ဘူး ... သေချာတယ် ..ကောင်းကောင်း မှတ်မိနေတယ်လေ....ဒါလေးနဲ့ ဘ၀ထဲက ကဗျာဆိုတာကို စတင် မိတ်ဆက်ပေးခဲ့ကြတဲ့ မိဘနှစ်ပါး ကိုလည်း ရိုသေစွာ ဦးညွှတ်ဂါရ၀ပြုမိပါတယ်.........
ဒီလိုနဲ့ အချိန်တန်ပြီဆိုတော့...............ခေါင်းလောင်းသံ ချိုချိုတို့ ရိုက်ခတ်သံတွေကြားမှာ ........
ပန်းကလေးများ ပ္ဂင့်တော့မည်
ဖူးတံဝင့်လို့ချည်
နေခြည်မှာ ရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း .....................ဆိုတဲ့ ကဗျာလေးကို ကျွန်တော့် ဘ၀ရဲ့ စာရေးစာဖတ်ခြင်း အတတ်ပညာတို့ ရဲ့ အုတ်မြစ်ချရာ ဋ္ဌာန ထဲမှာ ခဏခဏ ပျော်ပျော်ရွှင်ရွှင် ညီညီညာညာ သီဆိုခဲ့ဖူးပါတယ်....ဒီလိုသီဆို တတ်အောင် ချော့တစ်ခါ ခြောက်တစ်လှည့် စေတနာတွေ ရင်ထဲထည့် ..ပီတိကိုစားလို့..အားရှိနေခဲ့ကြပါတယ် ဆိုတဲ့ မြတ်သောဆရာ မြတ်ဆရာ အပေါင်းတို့ကိုလည်း အမှတ်ရလို့ ကြည်ညိုမိပြန်ပါတယ်..............................
ဒီလိုနဲ့ အဲ့ဒီ့ ဋ္ဌာန လေးရဲ့ ကျေးဇူးတော် အနန္တတို့ဖြင့် စာရေးစာဖတ် ကောင်းကောင်းတတ် ခဲ့ရပြီး နောက် ... စာမြင်ရင် ဖတ်ချင်စိတ်၊ကဗျာမြင်ရင် ရ္ဂတ်ချင် စိတ် ကလေးတ္ဂေက နိုးထလာခဲ့ရပြီး .......................
မုန့်လုံးကို စက္ကူကပ်
ရွှေကလာပ်နဲ့ ဆ္ဂမ်းတော်တင်
ပုလ္လင်ပေါ်က မျောက်ကလေး
ဆင်းတယ်လို့ ပြေး ဂျာအေး............ဆိုတဲ့ မုန့်လုံးစက္ကူကပ် အမြစ်မပြတ် သီဆိုနိုင်တဲ့ ကဗျာလေးတ္ဂေ ...
နောက်တော့....
ရွှေစွန်ညို
ဘာကိုလိုလို့ ၀ဲတယ်ဝဲတယ် ...
မအေးလိုလို့ ၀ဲပါတယ်....
မအေးမပါ သူ့ချည်းသာ ပါပါရက်သား နောက်ကထား...အစပြုတဲ့ ကဗျာလေးကို ရ္ဂတ်ရင်း ကစားရတဲ့ ကစားနည်းလေး ကိုလည်း အကြိမ်ကြိမ် မြူးတူးပျော်ပါး ဆော့ကစားခဲ့ဖူးပါတယ်....အမှတ်တရရှိလိုက်တာ ငယ်ကဗျာလေးတ္ဂေကိုလေ....
ဒီလိုနဲ့ အတန်းတ္ဂေအဆင့်ဆင့်ဖြတ် လို့ အလယ်တန်းခေါ်တဲ့ ပညာရေး လမ်းကြာင်းရဲ့ခရီးတစ်ဝက်မှာ မြန်မာစာ သင်ပေးခဲ့တဲ့ ဆရာမတစ်ယောက် ကို အမြဲ အမှတ်တရရှိမိပါတယ်...သူမက အဆိုတော်လည်း လုပ်ဖူးခဲ့ပါတယ်...ဒါကြောင့် ဆရာမ က ကဗျာလေးတ္ဂေကို သင်ရင် သီချင်းလေးလို တီထ္ဂင်သီဆိုပြီး သင်ပြပေးတဲ့အတွက် မမေ့မလျော့ပဲ ယနေ့တိုင် ရင်ထဲမှာရှိနေတဲ့ ကဗျာလေးတစ်ပုဒ်ကတော့......
တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့ တောင်လုံးသာကျန်ပြန်လေသမို့
ဖန်ဖန်လေ အားအင်နှိုး လို့ရယ် ကြိုးလျှောက်ရပြန် ................... ဆိုတဲ့ ကဗျာလေးပါပဲ...ဘယ်တော့မှမမေ့နိုင်ပါဘူး ဆရာမရယ်..ဆရာမ သားတို့ ကို ကျောခိုင်းပြီး နှုတ်ဆက်ခ္ဂင့်တောင် မရလိုက်ပဲ ဘ၀ဆိုတဲ့ သံသရာခရီး ကြော ကနေ တိတ်တဆိတ် ထ္ဂက်ခွါသ္ဂားပေမယ့် ဆရာမက သီချင်းလေးလို သီဆို တီထ္ဂင်ပြီး သင်ပေးခဲ့တဲ့ ကဗျာလေးကို ရင်ထဲထည့်လို့ ဘ၀ခရီးလမ်း များကို ကြိုးစား လျှောက်လှမ်းရင်း ဒီကဗျာလေးကလေ သားတို့ အတ္ဂက် အားအင်သစ်ကိုဖြစ်စေခဲ့တာမို့ ဆရာမ ရောက်လေရာ ဘ၀မှာ အေးချမ်းသော သူ အဖြစ် တင့်တယ်စွာ စံစားနိုင်ပါစေလို့ ရင်နင့်စွာ ဆုတောင်းပေးလိုက် ပါရစေ မြတ်သော ဆရာ မြတ်ဆရာ ရေ.........
အော်...ငယ်ငယ်တုန်းက ပျော်ရွှင်ကြည်နူးစွာ လွတ်လွတ်လပ်လပ် ရွတ်ခဲ့ ဆိုခဲ့ ကြူးရင့်ခဲ့ တဲ့ ကဗျာလေးတွေ ကအများကြီးပဲ လေ...အားလုံး ကို ပြန်လည်အမှတ်ရပြီး....ငယ်ငယ်က သူငယ်ချင်းတ္ဂေနဲ့ လသာသာ ညလေးတွေမှာ ကဗျာလေးတွေရ္ဂတ် ရင်း လွတ်လပ်ပျော်ပါး လို့ အပူအပင်ကင်းကင်း နဲ့ ပြေးလွှားဆော့ ကစားနေခွင့်လေး..........ဟာ......
အော်..တော်တော်လေးကို အတွေးနယ်တွေ ချဲ့ နေလိုက်မိတာ....မော့ကြည့်နေတဲ့ လမင်းကြီးကိုတောင် တိမ်ဆိုင်လွှာ တစ်ထပ်က ခဏဖုန်းထားလိုက်ပြီပဲ..................................တိမ်တွေမြန်မြန် လွင့်သွားစမ်းပါ...လွင့်သွားလိုက်စမ်းပါ........
ဟော.....ကြည့်နေရင်ပဲ တိမ်တွေ ပြန်လည် ကင်းစင်လို့ လမင်းဝင်းဝင်းကြီး ကထပ်ပေါ်လာပြီ......အခုမှ သတိရတယ် ဒီနေ့လပြည့်ညပဲ...... ဟုတ်တယ် ဒီနေ့လပြည့်ည........
ဒီတစ်ည မအိပ်စက်ခင် ကောင်းကင်က ငွေလမင်းကြီးကို မော့ကြည့်နေရင်းက အတွေးထဲကို ၀င်လာတဲ့ ကလေးအရ္ဂယ် ငယ်ငယ်က သီဆို ရင့်ကြူး ကြည်နူး ခဲ့ရတဲ့ ကဗျာလေးတ္ဂေ က လင်းလက်နေတဲ့ ကြယ်ဖြူပွင့်လေးတွေ အလား အစီအရီ ခေါင်းထဲကို ၀င်ရောက် နေရာယူ လာတာမို့ ကောင်းကင်ကို မော့ကြည့်နေရင်း ပြုံးနေမိပါတော့တယ်... ....... ......
ပြီးမှတိုးတိုးလေး...ဟုတ်တယ်..တကယ့်တိုးတိုးလေး..လေသံဖျော့ဖျော့လေးနဲ့လေ..........
ရွှေလမှာ ယုန် ၀တ်လို့
ဆန်ဖွတ်တဲ့ အဖိုးအို
ဟောကြည့်ပါဆို
ဆို သာဆို ပိုမိုသည့် စကား
ကလေးအငိုတိတ်အောင် အရိပ်အယာင်ပြတယ်
ဖိုးလနတ်သား...................................။ ။
ဒီနေ့ကျမှ လမင်းကြီးကလည်း သာနေလိုက်တာ ..............
ကဲ...မနှင်း ရေ ကျေနပ်လိမ့်မယ်ထင်ပါတယ်ခင်ဗျာ....မှတ်မိသလောက်ရယ် ၊ တကယ်ကို ရင်ထဲမှ ကျန်နေတဲ့ ကဗျာ စာစု လေးတ္ဂေရယ်ကို စာမျက်နှာပေါ်မှာ ရေးခြစ်လိုက်ပါတယ်နော်.....
လင်းကြယ်ဖြူ
www.lkphyu.blogspot.com


















