
ကမ္ဘာကြီး ပျက်တော့မယ် ဆိုပါလား....
ကမ္ဘာကြီးက မေတ္တာဓါတ် အာဟာရနဲ့ ဖြူစင်ခြင်း ဓါတ်စာ တွေ ငတ်ပြတ်နေလို့ပျက်ရတော့မှာလား......???
အပြုံးတုတွေ နဲ့ လျှစ်လျူရှုခြင်း ခံ ထားရတဲ့ ကမ္ဘာကြီး ရဲ့ပခုံးနှစ်ဖက် အထက် ဒေါသတွေထွက်ရင်း လမ်းလျှောက်သံတွေက ခပ်ပြင်းပြင်း ဆိုတော့ အဲ့ဒီ့ ဒဏ် ကို သူမခံနိုင်လို့များလား......???
ဒါမှမဟုတ် သူ့နှလုံးသား ပင်လယ်ပြင်ကျယ်ကျယ်တွေထဲကို စီးမျောလာတဲ့ မျက်ရည်ပူတွေနဲ့ သွေးစက်တွေကြောင့် အတွင်းဒဏ် သင့် သွားခြင်းရော ဖြစ်နေမလား......???
သူ ရှုမိ ရှိုက်မိ တဲ့ လေပြေညင်းတွေ ကြားမှာ အခိုးငွေ့ညစ်ငြမ်းမှုတွေ များနေတာကြောင့် အသက်ရှုရတာ မ၀ လို့ ရော များ ဖြစ်နိုင်သလား . . . .???
သူ....နှလုံးသွေးတွေနဲ့ ရင်းခဲ့ ပျိုးခဲ့ ရတဲ့ အလှပန်းခင်းတွေ စိမ်းလန်းခြင်းတွေ ကို အကြာကြီး တည်ဆောက်ခဲ့ရ ပြီးမှ တစ် ခဏ အတွင်း ပျက်သုန်းခြင်း အတော်များများကို မြင်တွေ့ ခံစားရင်း ရင်ကွဲနာ နှလုံးနာ ကျသွား လို့များလား....???
အင်း... တွေးစရာတွေ ကတော့ ခပ်များများ နဲ့ပေါ့ .....
ဒီလို ကမ္ဘာပျက်တော့မယ်...ကမ္ဘာပျက်တော့မယ်..နဲ့.... ငါကိုယ်တိုင် ကကော ရက်ရက်စက်စက် ကမ္ဘာကို ဖျက် ခဲ့မိ သေး လား မသိ...???
ဘယ်လိုပဲဖြစ်ဖြစ် ရင်ကွဲပက်လက် နဲ့ သူပျက်တော့မယ်ဆိုတဲ့ သတင်းစကားဆိုးတွေ ကို မြိန်ရည်လျှက်ရည် ဆိုညည်းနေကြ သံတွေ အပေါ်မှာ တော့ ကမ္ဘာဆိုတဲ့ အဲ့ဒီ့ ကမ္ဘာ က ယဉ်ကျေးသိမ်မွေ့စွာ ရက်ရက်ရောရော တုန့်ပြန်နာ ကြား ခံယူ နေ နိုင် ဆဲ ပါပဲလား ....!!!!!
( မနှင်း တောင် မေ့နေလောက်ပါပြီ .TAG ထားတာလေးကို အချိန်လုရင်း ခံစားမိသလို စာစုလေးအဖြစ် ရေးချ လိုက်မိပါတယ် ..ပြီးတော့ ကျွန်တော် ဒီစာကို ရေးနေစဉ်မှာ ကျွန်တော်အားနည်းတဲ့ စာလုံးပေါင်းတွေကို အမှန်ဝါကျ ပြင်ဆင်ပေးတဲ့ အခန်းဖော် သူငယ်ချင်း ကို ခိုင် နဲ့ ရွှေစင် တို့ကို ကျေးဇူးပါလို့ )
မိတ်ဆွေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com
ဆက်လက်ဖတ်ရှူရန်...
ပြီးပါပြီ...

ှ
ကျွန်တော့် PC ပျက်နေတုန်း ခဏ မှာ Post တင်တာ အိမ်လည်တာ ပျက်ကွက်နေ ခဲ့ပေမယ့် အခင်အမင်မပျက် နှုတ်ဆက်လာကြ တဲ့ မိတ်ဆွေတွေ အားလုံး ကို ကျေးဇူးပါနော..
နေ့တဒူဝတွေ ထဲက ကိစ္စမျိုးစုံတွေအကြား အလုပ်များနေတဲ့ မိတ်ဆွေများအတွက် Stress နဲ့ ပတ်သက်တာလေး မှတ်သား မိ သလောက် လက်လှမ်းမီသလောက် ကလေးပါ...
Stress တွေ သိပ်များနေရင် ဖြစ်တတ်တဲ့ လက္ခဏာလေးတွေကို နိစ္စဒူဝ တွေကြားမှာ သတိထားသင့်တယ်ထင်လို့ပါနော....
Stress is your body's reaction to the demands placed upon it and can have PHYSICAL and PSYCHOLOGICAL / EMOTIONAL effects on the human mind and body .Taking extra care to recognize when your body is reacting to a heightened stress level can make difference in your well-being .
The Physical Effects of Stress Include:
Rapid heart rate
Rapid breathing
Muscle tension
Headaches
Increase in blood pressure
Clammy skin
Dizziness
Rashes
Nausea
Change in sleeping pattern
Fatigue
Back Pain
Psychological / Emotional Effects of Stress Include:
Nightmares
Anxiety disorder
Low self-esteem
Forgetfulness
Lack of concentration
Increased use of drugs and alcohol
An increase in nervousness
Depression
Irritability
Anger
Health Problems Linked to High Level of Stress:
Heart disease
Diabetes
High blood pressure
Stroke
Digestive Problems
Weight Problems
Ulcers
Stress ကို ဘယ်လို Handle လုပ်သင့်သလဲ ဆိုတာကို တော့ အချိန်ရရင် နောက်တစ်ခါမှာ ကြိုးစားပြီး ရေးကြည့်ပါ ဦးမယ်ခင်ဗျာ ....
မိတ်ဆွေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com
ဆက်လက်ဖတ်ရှူရန်...
ပြီးပါပြီ...

.....ညည့်သန်းခေါင်ယံ...လေပြည်ညှင်းကြား...မျောလွင့်သွားတဲ့..လရောင်တန်းရဲ့..တစ်ဒေသကို..အနန္တတံတိုင်း...
.....ပရ၀ုဏ်ကြီး......အာရုံဖြန့်လို့.......စိတ်တွေ ရွက်လွှင့် .....လိုက်ရှာနေရင်း.... ကြယ်တွေကြားမှာ ..ယဉ်ယဉ်လေးနဲ့..... လှတဲ့ မင်း ကို ..မျှော်လင့်မထားပဲ တွေ့လိုက်တယ်.........
သာယာ ငြိမ့်ညောင်းတဲ့ ကိုလွှမ်းမိုး သီဆိုထားခဲ့တဲ့ သီချင်းသံလေးကို အဆောင်ဘေးက မြက်ခင်းပြင်လေးမှာထိုင်လို့ နားထောင်နေမိပါတယ်..... ဒီညရဲ့ ကောင်းကင်မှာ ကြယ်တွေ စုံလို့ လရောင် လင်းလင်းလေး ရယ်.......
ပြီးတော့ လေညှင်း အေးအေးလေး တွေက သစ်ရွက်ကလေး တွေကို ချော့မြှူရင်း လမင်းကျွေးတဲ့ အဟာရ အလင်းရောင် ဖျော့ဖျော့အောက် မှာ မြူးတူး ပျော်ပါးနေစေ လေရဲ့...တော်တော်သာယာလှပတဲ့ ကြယ်စုံ ညလေးတစ်ညပါလား..
လှလှပပ ညလေး အောက်မှာ တောက်ပနေတဲ့ ကြယ်ကလေးတွေ ကို မော့ကြည့်နေတုန်း သူတို့ကို နာမည်လှလှလေးတွေ လိုက်ရွေး ပေးနေချင်စိတ်ပေါက်လာ မိရင်းက အဲ့ဒီ့ နာမည်လှလှလေးတွေကို သဘောကျမိတယ် ဆိုထားတဲ့ သူငယ်ချင်း ပွင့်မြူးဇင် တစ်ယောက် ကြူးရင့် ထားတာ လေးကို သွားသတိရမိတယ်.......အော်..ကြယ်ကလေးတွေကို နာမည် လှလှလေးတွေ ပေးရင်း ရေရွတ်နေမိရင် ၀သုန်မြေစောင့် ငိုချင်း ဖွဲ့ ရအောင် ဆူညံ သွား လေ မလား ..ကြယ်စုံ ည လေးရဲ့အလှတရားက ရော ဥပေက္ခာတရားတွေ ရက်ရက်ရောရော ချွေချနိုင်ပါ့မလား...ဒွိဟ လှေကားထစ်ကလေးတွေကို တဆင့်ချင်း ဆက်ရင်း စီရင်း ကောင်းကင်ကကြယ် ကလေးတွေရဲ့ ကြားကို အရောက် စိတ်တွေလွင့် မျောနေလိုက်တာ ..လွင့်ပါး သွားလိုက်တာ....
ကြယ်တွေစုံတဲ့ ညခင်း
လမင်းလည်း ထိုးထွင်း ဆဲ
ပျိုးခင်းထဲက ပန်းလှလေးတွေလို
မှန်းဆရင်း နှုတ်က ဆိုချင် မိရဲ့
ညိုညင်နဲ့ ၀သုန်မြေစောင့် ရယ်
ကုန်လေအောင် တဖွဖွ ကြူးပါရစေ
ထူးသမျှ နာမ တော် လှလှလေးတွေလို့
ရသမျှတွေးရင်း စိတ်လွင့်ပါး နေလိုက်တာ
လေတိုက်လို့ သစ်ရွက်သံတွေကြားတော့မှ
နားတော့ကာ အသိကပ်မိတယ်
မှတ်မိသလောက် ပြန်ရွတ် ပြရရင်
အမှန်လွတ်မယ် မရှိဘူး ထင်ပါ့
ရင်ကလာတာ နာမည် အားလုံး နှစ်လုံးတည်းနဲ့..ချုံ့လို့ ပညတ်မယ် ..
ရုပ် ရယ် နာမ် ရယ် .....တဲ့...........။ ။
ဒွိဟလှေကားထစ်ကလေးတွေကို တဆင့်ချင်း ဆက်ရင်း စီရင်း ကောင်းကင်ကကြယ်ကလေးတွေရဲ့ ကြားကို အရောက် စိတ်တွေ လွင့်မျောနေလိုက်တာ ..လွင့်ပါး သွားလိုက်တာ....နာမည်တွေ စဉ်းစားရင်းနဲ့ ပေါ့...
သီချင်းသံလေးတောင် မကြားတော့ပါလား..အင်း...ကြယ်ရောင်တွေရယ်..လရောင်ရယ် ...ပြန်ငုတ်လျှိုး သွားပြန်ရင် တဖန် နေ့သစ် တစ်ခု စဖို့ ရှင်နေမင်းကြီးလင်းလာဦးမယ်..
အမည်နာမ တွေ နဲ့ အရောင်စုံ အသွေးစုံ လောက သဘာဝကြီးထဲမှာ နေ့တဒူဝ အခန်းရပ် ဇာတ်တွေ ...နိစ္စဒူဝ တွေ ဟာလည်း ရောင်နီပျိုး နိုးထ လာမယ့် နေမင်းကြီးနဲ့ အတူရှင်သန် လှုပ်ရှား သက်ဝင် လာကြ ဦးမှာပါလား...နိစ္စဒူဝတွေရဲ့ စည်းချက် ရိုက်သံတွေကြားမှာ ကခုန် ရင်း ဇာတ်လမ်းတွေ မှတ်တမ်းတွေ ကို အရောင်ခြယ် ကန့်လန့်ကာဖွင့်ကြရဦး မှာပေါ့လေ.. ဒီတော့ မနှင်း တစ်ယောက် ခံစားဖွဲ့ဆို ခဲ့တဲ့ နိစ္စဒူဝ လေးက အသိတရားထဲကို စီးမျောလာတယ် .....
ဟုတ်တယ်....တစ်နေ့ကို တစ်မျိုး မရိုးနိုင်အောင် ကိစ္စတွေများစွာနဲ့ ဖြတ်သန်းနေရတဲ့ ...အဲ့ဒီ့...နိစ္စဒူဝ...

နိစ္စဒူဝ...
စိတ်က လူက တကယ် မနား
ဘယ်များ ရောက်နေလဲ ဆိုတဲ့ ပန်းတိုင် ကိုမျှော်သူမျှော်
အရမ်းခိုင်လို တယ် ဆိုတဲ့ သံယောဇဉ်တွေ ကွဲသူကွဲ
လဲသူလဲ လို့ ပြန်ပြန်ထရင်း ဖေးသူကလည်းဖေး
ပြေးသူကလည်းပြေးရင်း ခရီးမပေါက် တာတွေရှိလေရဲ့
ကြည့်နေကြည့်နေရင်းနဲ့ ပျားပန်းခတ်
မနားတမ်း မပြတ်တဲ့ နေ့တဒူဝ
ရှေ့အပူက မရှိ သူတွေကလည်း ပေါ မှပေါ
ပြောကြပြော လို့ သတင်းစုံ
ငြင်းခုန်သံတွေကလည်း ဆူဆူပွက်
ပူသူအခက် တွေ့နေချိန်မှာ ပျော်သူကတော့ရွှင်ကြ
ရင်က မလာပဲ ပြောကြတဲ့ ဝေါဟာရ အသစ်အသစ်တွေကြား
ညစ်ညစ်ပေရေနေတဲ့ အစွန်းအထင်းတွေလည်း မဆုံးဘု
အပြုံးတုတွေ ရောင်းစားနေကြသူတွေ များများလာတော့
မှားမှားကာ အပစ်တွေတင်တတ်လာတယ် စင်ကြယ်တဲ့ နှလုံးသားပိုင် တွေကို
အမုန်းများ တလှိုင်လှိုင် ရက်ရောတတ် လာကြပါလား
ထာဝရ ပြောလို့ ဘယ်လိုမှ မဆုံးနိုင် တဲ့ မပြီးနိုင်တဲ့ တဲ့ အဲ့ဒီ့..အဲ့ဒီ့...
စိတ်က လူက တကယ် မနားကြရတဲ့
နိစ္စဒူဝ များ အလယ် ကြားမှာပေါ့ လေ......။ ။
(ကျွန်တော့် ရင်ထဲ က လာတဲ့ အတိုင်း အစ်မ မနှင်း (နှင်းနဲ့မာယာ) နဲ့ သူငယ်ချင်း ပွင့်မြူးဇင် ရဲ့ Tag Posts လေးတွေ ကို စာစုလေးအဖြစ် ဖန်တီး လိုက်ခြင်းဖြစ်ပါတယ်...အဆင်ပြေသလို နားလည် ခံစားပေးပါလို့.လေးစားစွာ ခွင့်ပန်ပါရစေခင်ဗျာ)
မိတ်ဆွေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com
ဆက်လက်ဖတ်ရှူရန်...
ပြီးပါပြီ...

မိုင်တိုင်လေးတွေက ခရီးအကွာအဝေးဘဘယ်လောက်ရှိပြီလဲဆိုတာ ကို ပြောနေလေရဲ့..
ဒီနေ့ရက်လေးကလည်း အသက်ဆိုတဲ့ ပမာဏကို တိုင်းပြနေလေရဲ့....
ဘာလိုလိုနဲ့ ခရီးတောင် အတော်ပေါက်နေပါပြီလား...
ဘယ်ခရီးပဲ ပေါက်ပေါက် ဘယ်နှစ်မိုင်ပဲရောက်ရောက် လျှောက်မြဲတော့လျှောက်နေလေရဲ့..
မွေးသမိခင်နဲ့ မွေးသဖခင်တို့ရဲ့ ကျေးဇူးတော် အနန္တ တွေကလည်း ဒီခရီးကို အားထည့်လှမ်းဆက်နိုင်ဖို့ မဟာအင်အားတွေမွေးဖွားပေးခဲ့တယ်...အရင်ဂါရ၀ပြုပါတယ်...
ဒီလိုလျှောက်ရင်း လမ်းခရီးမှာ မိတ်ဆွေတွေနဲ့ဆုံ ဖြစ်၊ရင်းနှီးဖြစ်ခဲ့ကြတော့....
ဘာမှမဟုတ်ပဲ အလိုလို အချိန်ကုန်နေ၀င်ပြီး နောက်နေ့ကူးသွားကောင်းနိုင်တဲ့ သာမာန်နေ့ရက်လေးတစ်ရက် ကို ဒီလို အဓိပ္ပါယ်လေးရှိသွားအောင်တကူးတက စုတ်ချက်လှလှလေးတွေနဲ့ ဒီလို ချယ်မှုန်းပေးလိုက်ကြပြန်ပါတယ်..
ဟင်းတွေအများကြီးချက်ပေးရင်း အခုလို ညီမ မြူးသျှရီ က...
-You’re always very special
And you should know today
That you are wished the nicest things
That life can bring your way
Like warm and loving wishes
And happiness and cheer
And everything you need to start Another happy year
Happy Birthday
9.9.2009 မှာကျရောက်မဲ့
ကိုကြီး ဖြိုး (လင်းကြယ်ဖြူ )ရဲ့ မွေးနေ့ မှ ပျော်ရွှင်သော ဘ၀ကိုထာဝရ ပိုင်ဆိုင်နိုင်ပါစေ..............
ခင်တဲ့
မြူး
ကိုဝသန်ကလည်း ကိတ်မုန့်နဲ့ သောက်စရာတွေနဲ့....
-ကိုးရက် ကိုးလ မှာ ကျရောက်မယ့် ကိုလင်းကြယ်ဖြူ ရဲ့  Happy Birthday
(၉.၉.၂၀၀၉) ရက်မှာကျရောက်မယ့် ကိုလင်းကြယ်ဖြူ ရဲ့ မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ခြင်းများ အောင်မြင်ခြင်းများ ၀င်လာမစဲ ပဲ ကိုယ်စိတ်နှစ်ပါးရွှင်လန်း ချမ်းမြေ့ လျက် လိုအင်ဆန္ဒများ ပြည့်စုံနိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ် ။ Cheers!!!!!!!!
ကို ၀သန်မိုး
ကိုပီတာကတော့ လုပ်ချလိုက်ပြန်တယ်..
-မနေ့ ကပျော်ရွှင်စွာကျင်းပခဲ့ တဲ့ မွေးနေ့ ရှင်နှစ်ဦးဖြစ်တဲ့  ကိုဟန် နဲ့  ကိုဖြိုး တို့  နှစ်ဦးအတွက်မွေးနေ့ လက်ဆောင်ပါ..တဲ့..ကိုပီတာ (အတွေးပုံရိပ်)ကတော့လုပ်ချလိုက်ပြန်ပြီ..
အောက်ကမော်ဒယ်လ် လှလှလေးတွေလက်ဆောင်ပေးတယ်

စီဘောက်(စ်) ကနေလည်း သူတို့က..ဒီလို..ဒီလို..
-မိုးစက်အိမ်: Happy Birthday ပါကိုကြယ်ရေ ... နေ.သစ်တိုင်း "လင်း"လက်နိုင်ပြီး ကြယ်ပွင်.လိုတောက်ပ တဲ.ဘ၀ နဲ. ထာဝရ "ဖြူ "စင်စွာနေနိုင်ပါစေဗျာ ... ခင်မင်တဲ. ညီငယ်မိုးစက်အိမ်
-မေတ္တာရောင်ပြန်: ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ ကိုဖြိုးရေ။ မရောင်လည်း နေမကောင်းလို့ ဘယ်မှမရောက်ခဲ့ပါဘူး။
-မေကဆုန်: မွေးနေ့လေးမှာ ပျော်ရွင်ခြင်းများစွာကို ပိုင်ဆိုင်နိုင်ပြီး မိဘနှစ်ပါး အားကိုးအားထားပြုရတဲ့ သားကောင်းတယောက် ဖြစ်ပါစေရှင်.. အစ်ကို ကျန်းမာရွှင်လန်းပါစေ..
-ရန်ကုန်သား: ကိုးရက်ကိုးလ မွေးနေ့ မှသည် နောင် နှစ်ပေါင်း များစွာတိုင် ......
-ရန်ကုန်သား: ကိုလင်းကြယ်ဖြူရေ မင်္ဂလာရှိသော မွေးနေ့ အခါသမယပါ မွေးနေ့ မှာ ပျော်ရွှင်ခြင်းများစွာ ဖြင့်ပြည့်စုံပါစေ :D
-အနမ်း: Happy Birthday!! လင်းကြယ်ဖြူ ။ အဆင်ပြေပျော်ရွှင်ပါစေ။ လာလည်
-၀သန်မိုး:ကိုးရက် ကိုးလ ပေါင်းခြင်း ကိုး ရက်နေ့ မှာ ကျရောက်မဲ့ ကိုလင်းကြယ်ဖြူရဲ့ ယခုနှစ် မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ခြင်းများ လက်ဝယ်ပိုင်ဆိုင်နိုင်ပါစေကြောင်း
-kom:့ happy birthday.အစ်မမခင်ဦးမေ
-Pwint Myue Zin: Happy Birthday in advance!!!! Will wish you again tomorrow. :)
-မျက်မှန်လေး: ၉ ၉ မှာ ကျရောက်မယ့် မွေးနေ့မှသည် နောင်နှစ်ပေါင်းမျုားစွာတိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာ နဲ့ ဘ၀ခရီးတစ်ခုလုံးကို ကျော်ဖြတ်နိုင်ပါစေနော်
ပြီးတော့ မွေးနေ့ပွဲလေးတွေလုပ်ပေးကြတဲ့ နေရာလေးတွေမှာ Comments တွေပေးရင်း ဆုမွန်ချွေခဲ့ကြတဲ့
ဲ့ဟုတ်ကလေး
လူရိုင်းလေး
မမေလေး
မခင်ဦးမေ
အစ်မမိုးကောင်းသူ
စိမ်းပြည့်စုံ
ကိုမြစ်ကျိုးအင်း
Mikozan
ကိုကိုမောင်(UK)
ညီမ ၀က်ဝံလေး
ကိုစည်သူ
ညီမ ကျောပိုးအိတ်
ကို ယုယ
ကိုချမ်းလင်းနေ
ကိုဖိုးစိန်
် မနန်းဝါ၀ါမောင်
မ၀ါဝါခိုင်မင်း
ကိုရန်ကုန်သား
မမေသူ
ငှက်ငယ်လေး
Dream
ကိုသားကြီး
ကြယ်ကလေး
ကိုဟန်
မနှင်း(နှင်းနဲ့မာယာ)
အနမ်း
စိမ်း......... တို့နဲ့တကွ
ပျော်စရာမွေးနေ့ပွဲလေးကို ကူညီ အားပေးခဲ့ကြတဲ့ ညီအစ်ကိုမောင်နှမတွေဖြစ်တဲ့...
ကိုမိုးဇော်လွင်(Journal Editor)
ကို သာယာ (Journal Editor)
ကိုရူပ (မင်းအင်းဝ)
ကိုပီတာ (အတွေးပုံရိပ်များ)
ကိုဟန်
ကိုချမ်း(ချမ်းလင်းနေ)+ မပွင့်ဖြူ (မဒမ် ချမ်း)
မနှင်း(နှင်းနဲ့မာယာ)
မငုံ(ကန္တာရမိုးစက်များ)
လတ်လတ်ဇော်(ကျွန်တော်တို့အိမ်)
ဖြူစင်ကြယ်( Angel Shaper)
ကောင်းကင်သမီးပျို.....တို့ကလည်း တက်ညီလက်ညီ ပျော်စရာတွေတသီကြီးနဲ့ လာရောက်ဆင်နွှဲပေးခဲ့ကြပါတယ်.. အားလုံးအားလုံးကို ကျေးဇူး အထူး ပါလို့...ပြီးတော့
ဒီ Post လေးမှာမန့်ခဲ့ကြမယ့်မိတ်ဆွေတွေနဲ့ စီဘောက်(စ်)မှာ နောက်ထပ် လာအော်ကြမယ့် မိတ်ဆွေတွေကိုလည်း ကြိုတင်ကျေးဇူးပါလို့...
အားလုံး...အားလုံးကို စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေလို့လည်း ဆုမွန်ချွေလိုက်ပါတယ်။
မိတ်ဆွေများအားလုံးပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com
ဆက်လက်ဖတ်ရှူရန်...
ပြီးပါပြီ...
ဒီညနေ နေ၀င်ချိန်လေးရဲ့ ဆည်းဆာအလှတရားကို ပင်လယ်ကမ်းစပ် တစ်နေရာကနေ ခံစားနေမိတယ်။တစ်ချက် တစ်ချက် ငွေရောင်လှိုင်းဖွေးဖွေး တွေက တ၀ုန်းဝုန်းနဲ့ သဲသောင်ပြင်ပေါ်ကို အရောက် ပြေးပြေး တက်လာနေကြတာ ညနေ ဆည်းဆာ ချိန်ဆိုတော့ တော်တော်လေး ပနာသင့်လိုက်ပါဘိ။ဒီလိုကြည့်နေရင်းကနေပဲ နေလုံးနီနီကြီးကနေ တဖြည်းဖြည်း လိမ္မော်ရောင် ဖျော့လို့ တအိအိနဲ့ ဆင်းသွား လေရဲ့...မှောင်စပျိုးပြီ..နေမင်းရဲ့ အလှည့်ပြီးတော့ ညခင်းမှာ လမင်းဟာ တကျော့ပြန် အရောင်တောက်လာဦးမှာပဲ..ဒီလိုကြည့်နေရင်းကြည့်နေရင်းကနေ အတွေးလေးတစ်ခုက ခေါင်းထဲကို ဖြတ်ခနဲဝင်လာတယ်....
မေတ္တာစစ် မေတ္တာမှန် နဲ့ ခွင့်လွှတ်သည်းခံစိတ် တဲ့....ဘယ်လို ပတ်သက်နေလို့ ဒီလို သွားဆက်စပ် နေမိပါလိမ့်လို့ ကိုယ့်ကိုကိုယ်အကြိမ်ကြိမ်ပြန်မေး ကြည့်တော့...ဟုတ်တယ်...နေမင်းကြီးနဲ့ လမင်းကြီး ကို မေတ္တာစစ် ၊ မေတ္တာမှန် ကို ပေးစွမ်းနိုင်သူတွေ လို့စိတ်ကူးပြီး တင်စား မြင်ယောင်ကြည့်မိတယ်..သူတို့က သူတို့ အလင်း သူတို့စွမ်းအင်ကို အယုတ်အလတ် အမြတ်မရွေး သာတူညီမျှ တတ်စွမ်းသလောက် အကျိုးပြု ပေးနိုင်တယ်....နေမင်းရဲ့အစွမ်းကြောင့် နွေးထွေး မှု ရလို့ ကျေးဇူးတင်ဝမ်းမြောက်သူတွေ ဒါမှမဟုတ် ဒင်းကြောင့် ငါတို့ အပူဒဏ်ကို တော်တော်ခံနေရတယ် ဆိုသူတွေ စလို့ ဘယ်လို ဝေဖန်မှု တုန့်ပြန်မှုတွေ ရှိရှိ သူ့ဝတ္တရား သူမပျက်ဆက်လက်ချီတက်နေခဲ့တာ နှစ်သန်းပေါင်းများစွာရှိခဲ့ပြီ ဆိုပဲ....
ညရောက်မှာကြောက်တယ်၊ညကိုမုန်းတယ်...လ ကို မုန်းတယ်ဆိုဆို ၊ လရိပ်ရောင်ဟာ အေးမြတယ် လို့ ပြောပြော ဖိုးရွှေလ ချော ကလည်း သာမြဲ သာလျှက် သူချီတက်နေလေရဲ့.....
ဒါဆိုရင် မေတ္တာစစ်စစ် ထားတတ်ကြတဲ့ မေတ္တာတရားကြီးမားသူတွေကရော ဘယ်လို စိတ်ထားမျိုးတွေနဲ့ ဘ၀ကို ဖြတ်သန်းနေကြပါလိမ့်...လို့ ...တွေးရင်းတွေးရင်း...တွေးနေရင်း....ဒီလို မေတ္တာတရားနဲ့ပတ်သက်တာလေးက စိတ်ကူးထဲကို ၀င်ရောက်လာတယ်...အင်မတန်မှ မွန်မြတ်သန့်စင်တဲ့ မေတ္တာတွေပါ.သည်းခံခြင်းတွေပါ..ဘာသာတိုင်းမှာ ကိုးကွယ်ရာ ဘုရားသခင်အပေါင်းတို့ နဲ့ တကယ့် သူတော်စင် အပေါင်းတွေမှာ ကတော့ ဒီလို မေတ္တာတရား မျိုးကို ရင်ထဲမှာ အစဉ် ပွါးများကိမ်းဝပ် နေကြပါတယ်။နောက် မြင့်မိုရ်တောင်မက ကြီးမားတဲ့ ဂရုဏာများနဲ့ ကျေးဇူးရှင် မိဘတွေ တော်တော်များများ မှာလဲ ရှိနေတတ်ကြပါတယ်.....
ဒီလို မေတ္တာမျိုးတွေ သည်းခံခြင်းမျိုးတွေ အားလုံး ဒါမှမဟုတ် တစ်ချို့တစ်လေ လောက်ကို ကျွန်တော် ဒီနေ့ ဘယ်သူ့ကို ပေးခဲ့မိပါလိမ့် ၊ ဘယ်သူ့ဆီကရော ဒီလို မေတ္တာ တရား တွေ သို့မဟုတ် အဲ့ဒီ့ထဲက တစ်စိတ်တစ်ဒေသလေးနဲ့ ခွင့်လွှတ်သည်းခံခြင်းကို ဘယ်သူ့ဆီက ကျွန်တော်ရခဲ့ပါလိမ့် လို့ ..ပြီးတော့ ချစ်သူတွေ..ချစ်သူတွေကြား ....သူငယ်ချင်းတွေ ကြားထဲမှာ ..မိတ်ဆွေ ဆိုတာတွေ....ညီအစ်ကိုမောင်နှမတွေကြားမှာ.....စလို့စလို့..ပြားပန်းခပ်နေတဲ့ စိတ်ကူးအတွေးတွေ လွင့်ပါးရင်း ပင်လယ် ကမ်းစပ် က နေ တဖြည်းဖြည်း နိမ့်ဆင်းကျသွားတဲ့ နေမင်းကြီးကိုစိုက်ကြည့်လို့.......ပင်လယ်ပြင် နဲ့ ကောင်းကင်ကြီးတို့ နှုတ်ဆက်ထိမိ နေတယ်လို့ထင်မှတ်ရတဲ့ ဟိုး အဝေးကြီးကနေရာ လေးကိုငေးနေမိရင်း....
မေတ္တာတရားနဲ့ သည်းခံခြင်းတရားကို မြဲမြဲခိုင်ခဲ့ကြသူတွေ၊မြဲမြဲခိုင်နေကြသူတွေ ကိုလည်း စိတ်ထဲကတွေးလို့ လေးစားနေမိပါတော့တယ်ခင်ဗျာ....
ပြီးတော့မှ နှုတ်ကနေ ဖွဖွလေး ရေရွတ်နေမိတဲ့ စာစုလေး..မေတ္တာရှင်တွေ သည်းခံတတ်သူတွေ တကယ်ဒီလိုပဲ ရေရွတ်ခဲ့ ကြ လား တော့ မသိ..သူတို့ရင်ထဲအထိ ၀င်သွားကြည့်ရင်တော့ ဒီလို တွေ့ ရမယ် ထင်မိပါရဲ့လေ......
ငါ့ကိုစိတ်တိုအောင် မင်းဘယ်လိုလုပ်လုပ်
စိတ်ဆင်းရဲအောင် ဘယ်လိုဖန်ဖန်
လောကဒဏ်တွေ ရိုက်ပုတ်လို့ ငါပန်းနေတယ်
ဒါပေမယ့်...မင်းအပေါ်မှာ ငါလေ ဘယ်တော့ မှ စိတ်မတို တတ်ခဲ့ဖူး....
ငါ့အကြောင်းကို မင်း လှည့်ဖျား
ကျေးဇူးတရားတွေ ကို မြေမှာနင်း
ငါ့ဘ၀ကို ခင်းပေးရခဲ့တယ်
ဒါပေမယ့်..ငါ မင်း ရဲ့ ကျေးဇူးတရားတွေ ကို အမှတ်ရနေပါတယ်......
ငါ့ အပေါ်မင်း ၀န်တို
ညိုညင်တဲ့ စိတ်နဲ့ လိုချင်တဲ့ အရိပ်တွေ မရလို့လား
စိတ်တွေ ကစားတတ်တဲ့ မင်း.. ငါ့ အတင်းကို မကောင်းပြောတယ်
ဒါပေမယ့် ..ငါ မင်း နဲ့ ဘယ်တော့မှ ဂုဏ်ပြိုင်ခြင်းအလျင်းမရှိ အရှုံးပေးနေမိပါရဲ့......
ငါ့ရှေ့မှာ မင်းအောင်မြင်မှုတွေ အရောင်တောက်
ပြောင်မြောက်လှပါလား မင်း အစွမ်းတွေ
မှန်းနေရင်း စိတ်ထဲမှာ မင်းရဲ့ ရှုံးသူကိုကြည့်တဲ့အကြည့်
ဒါပေမယ့် ..ငါ သိတယ် မင်းကိုနိုင်ဖို့ ဘယ်တော့မှ ၀ါကြွားမှာမဟုတ်ဘူး......
ငါ့စိတ်မှာ လှိုင်းမထန်ဘူး
အရိုင်းမခံဘူး မင်းအတွက်
ငြင်းခက် ကောင်း ခက်ပေလို့ ရတက်ပွေရချင်ပွေ
ဒါပေမယ့်...မလျောက်ပတ်ခြင်း မဟုတ်မှန်ခြင်းကင်းစေရမယ်..
ငါ့ အတွက် ရေအေးတစ်စက်ဟာ
ငွေကြေးရမ္မက် ကြောင့်ဆိုရင် နောက်ဆုံးတစ်စက်
ငါမလျှက်တော့ဘူး မင်းသွန်ချလိုက်ပါ
ဒါပေမယ့် ...ငါကိုယ်ကျိုး မရှာ မင်း မနာစေရဘူး....
ငါ့ ရင်ကို နာကျင်စေတဲ့စကား
ငါမြင်တယ် မင်းရဲ့ အမုန်းမီးတောက်ရဲရဲ
ဆွဲသူမရှိလဲ ငါ အကျွမ်းခံပါတယ် ငါ့နှလုံးသား
ဒါပေမယ့်..ငါ့ရင်က အမျက် မင်းအတွက် ဘယ်တော့မှ ငါမထွက်ဘူး.....
ငါ့..ဘ၀ ကျိုးကြေ မင်းနင်းခြေ ခဲ့
မင်းအတွက်တော့ အပျင်းပြေစေတယ်တဲ့
အရင်းတွေ တကယ်များလှပါတယ် ငါ့အတွက်
ဒါပေမယ့်..မင်း မှာ အပြစ်မရှိဘူး..ငါခွင့်လွှတ်တယ်......
ငါ ပေးဆပ်ခဲ့ရတာ နှစ်ပေါင်းမနည်း
အပြစ်ပေါင်းလည်း ခဏခဏ အပေးခံ
ချွေးပြန်လို့ စိတ်မော ရတာ ခဏခဏ
ဒါပေမယ့်..မင်းအတွက် ခပ်သိမ်းသောအရာ ကို ငါ့မေတ္တာက ဖုံးလွှမ်းပေးလိုက်ပါရဲ့....
ဒီလို ငါ့မေတ္တာစစ်စစ် ငါချစ်တဲ့အချစ်
အနှစ်တော့လုံးဝမမဲ့တာ ငါ့ရင်ကအသိ
ငါ့ပီတိ နဲ့ငါမြူး စိတ်ထဲက ကြည်နူးမိတယ်
ဒါပေမယ့်..
ငါ့ မေတ္တာကို ငါ ဘယ်တော့ မှ သစ္စာမဖောက်ဘူး..
ငါ့ မေတ္တာကို ငါ ဘယ်တော့ မှ မလှည့်ဖျားဘူး...
ငါ့ မေတ္တာကို ငါ ဘယ်တော့ မှ ယုံကြည်ချက်ကင်းခြင်းမရှိစေရဘူး...
ငါ့ မေတ္တာကို ငါ ဘယ်တော့ မှ အရောင်မနွမ်းစေရဘူး...
ငါ့ မေတ္တာကိုထိပါးမယ့် ဖောက်ပြန်ခြင်း သဘောတွေနဲ့ အစဉ်ကင်းလွတ်နေစေရမယ်............. ။ ။
ဒီလို မေတ္တာမျိုးတွေ သည်းခံခြင်းမျိုး တွေကို အားလုံး ဒါမှမဟုတ် တစ်ချို့တစ်လေလောက်ကို ကျွန်တော် ဒီနေ့ ဘယ်သူ့ကို ပေးခဲ့မိပါလိမ့် ၊ ဘယ်သူ့ဆီကရော ဒီလို မေတ္တာ တရား တွေ သို့မဟုတ် အဲ့ဒီ့ထဲက တစ်စိတ်တစ်ဒေသလေးနဲ့ ခွင့်လွှတ်သည်းခံခြင်းကို ဘယ်သူ့ဆီက ကျွန်တော် ရခဲ့ပါလိမ့်....လို့..ပြီးတော့ ချစ်သူတွေ..ချစ်သူတွေကြား ....သူငယ်ချင်းတွေ ကြားထဲမှာ ..မိတ်ဆွေဆိုတာတွေ .ညီအစ်ကိုမောင်နှမတွေ ကြားမှာ ..စလို့စလို့..ပြားပန်းခပ်နေတဲ့ စိတ်ကူးအတွေးတွေ လွင့်ပါးရင်း ပင်လယ်ကမ်းစပ်က နေ တဖြည်းဖြည်း နိမ့်ဆင်းကျသွားတဲ့ နေမင်းကြီးကို စိုက်ကြည့် လို့ .......ပင်လယ်ပြင် နဲ့ ကောင်းကင်ကြီးတို့ နှုတ်ဆက် ထိမိနေတယ်လို့ထင်မှတ်ရတဲ့ ဟိုး အဝေးကြီးက နေရာလေး ကို ငေးနေမိ ရင်း ....သတိထားမိတယ်.....တဖြည်းဖြည်း နဲ့ မှောင်တောင်မှောင် လာပြီပဲ..လမင်းကြီးတောင် တကျော့ ပြန်ပေါ် လာ နေ ပြီ .... ပင်လယ် ကမ်းစပ်မှာ တိုက်ခတ်တဲ့ လေနု အေး လေး တွေကလည်း ရင်ထဲကို အေးမြ သွားစေတယ်......ဆက်လက် တိုက်ခတ် နေပေးပါ လေနုအေးလေး တွေရယ် .......ကြည်နူး စရာ ကောင်းလှပါတယ်..... / /
မိတ်ဆွေများ အားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com
ဆက်လက်ဖတ်ရှူရန်...
ပြီးပါပြီ...
ခုတလော....
တွေးနေမိတယ်
ဝေးမြေ အမိရပ် က တစ်ခန်းရပ် ဇာတ်လမ်းနဲ့
မှတ်တမ်းတွေ အမြှင်မပြတ်
ရင်ဘတ် ဆီ ၀င်မွှေနောက်
မြင်ကာဖျောက် မရ အဝေးက ပျော်စရာနေ့များ.......။
ဒါနဲ့ပဲ ...
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိလိုက်တယ်
အမှန်ရင်ခွင်အထိ သယ်မလာနဲ့တော့
ဘယ်အရာ မှ ပြန်ရောက်မလာနိုင်ဘူး
ချန်လောက်တာတွေ ချန်ထားပြီး
အမှန်တရားလေးနဲ့ တွယ်ဖက်လို့ ပစ္စုန်ပ္ပန် ကိုပဲကြည့်လို့..........။
ဒါမှပဲ...
ကျန်းမာရေး
လန်းစရာလေးတွေ ခါခါ
မနာမှာ မတွေးချင်ပေမယ့်
ပြေးမြင်လာတယ် သင်္ခါရ
မြင်ကာမှ ကျောချမ်း မမောမပန်းတော့ ခရီးဆက်ချင်ပါရဲ့လေ..........။
တစ်နေ့...တစ်နေ့....
ဖတ်ဖြစ်တဲ့စာအုပ်တွေ အပုံအထပ် ဖြစ်ချင်ပါရဲ့
ုအကုန်မှတ်ဖို့ အချိန်တွေ လုမရ
တယုတယ လုပ်ရင်း သေချာစု
မရေရာဘု ဘယ်တော့များ အကုန်ကြည့်ခွင့်ရလိမ့်မယ်......။
ဟိုလိုလို..ဒီလိုလို....
ရောက်ဖြစ်နေလိုက်တာ
ကျောက်အစစ် ရုပ်ကြွင်းလို မလှုပ်မရှား
အလုပ်များသလိုလို ဘာလိုလို နဲ့
စာဆိုတာ ကို အမှန်ရေး နိုင်ဖို့
အကြံတွေတွေးရင်း ကွန်ပျူတာရှေ့ ငုတ်တုတ်..........။
ဒါပေမယ့်...
ရေးဖြစ်နေတာ ဘာလဲလို့
ငါစွဲ မထားပဲကိုယ့်ကိုယ်မေးလိုက်တော့
အရေးစိုက်လို့ ပြန်ဖြေတယ်
မဟန်ပေ ဘူး မင်း အများကြီး လိုသေးတယ်လို့..........။
မကြာ..မကြာ...
နားထောင်ဖြစ်ရင်း
မကြားယောင် ဆောင်လည်း မတတ်သာ
ခပ်ခွာ ခပ်ခွာ နေလိုသော်လည်း သူ့စကား
အမှုမထားရင် ဘာဖြစ်မလဲ ဆိုတွေးမိ
ပြေးကြည့်မှ တစ်ယောက်တည်းရှိတဲ့ မန်နေဂျာ့ မိန့်ခွန်းများ....ခါး..ခါး....။
စိတ်ပြေ...လက်ပြေ...
ရွတ်နေမိတဲ့ ကဗျာစုံ ရင်ထဲမှာ
အစဉ်စွဲပါတယ် လို့ ခံစားရသမျှ
ပြန်ကြားလို့ စိတ်ထဲတွေး
အတိတ်ထဲ အဝေး က ငယ်သံစဉ်တွေ.........။
ဒီလိုပေါ့...
ဖြစ်ချင်နေတာ တွေ က ပျားပမ်းခတ်
မနားတမ်းကပ်လို့ စိတ်အစဉ်
အိပ်ချင်တာတောင် ကောင်းကောင်းမအိပ်ရဘူး
စိတ်ကတွေးလို့ ဖြတ်ပစ်ဦးမယ်..မင်း..ရပ်တန်းကရပ်..လို့.......။
ဟိုနဲနဲ...ဒီနဲနဲ...
စားဖြစ် နေတတ် လိုက်တာ
ရေငတ်ခိုက်မှာ ရေတွင်းထဲကျ
မသေမချင်းပဲ မပြတ်ဖြည့်
အမှတ်တမဲ့ လေးတောင် မမေ့မိဘူး......အာဟာရလေ.....။
တောင်တွေး...မြောက်တွေး.....
သနားနေမိတယ် ဒုက္ခတွေကြားက ဒုက္ခများ
ဟုတ်ပါ့မလားလို့ ပဟေဋိ
အဖြေညှိရင်း သေချာတွေးမှ
မရေမရာလေးနဲ့ ဒွိဟ တွေကြား..သတ္တ၀ါအားလုံး..သနားစရာများဖြစ်နေသလား.......။
အော်...
လွမ်းနေမိ လာသေးတယ်
ငါဝေးတဲ့ ငါ့ရဲ့အိမ် အပြင်မှာ
ဘ၀မဲ့တိမ်အဆင် လို များလွင့်နေရသလားလို့သတိထားမိမှ
အသိတရားက ပြောလာတယ်..အိမ်ဝေးသူတွေ က အများကြီးပါပဲလို့.......။
အမြဲ..အမြဲ.....
မေ့လျော့အောင် လုပ်နေမိတယ်
အရှုပ်တွေ ဆိုတာကို မသိခဲ့စဉ်က
မထိမဲ့မြင် ပြု လို့ အမှုမဲ့
အခုတလှည့် ပြန်ခံရရင်မကောင်းဘူးသိတဲ့....အမှားများ........။.
ရံဖန်..ရံခါ.....
ခါးခါးသက်သက် ဖြစ်နေမိတာက
အချစ်တွေပါလို့ မပြတ်ပြော
မရပ်မမောပဲ ကဗျာတွေ တသီစပ်လို့
အရီရပ်တဲ့အချိန်မှ အမုန်းမျက်နှာ အရောင်ပြောင်းသွားတတ်တဲ့ သူ တွေရဲ့ နှုတ်စကား.....။
အမြဲ.လိုလို.....
တမ်းတနေမိတာလား
မှန်းဆနေကြည့်တာလား ကိုယ်တိုင် မသဲကွဲ
အမြဲပဲ အလိုလို ခေါင်းထဲ ၀င်ဝင်နှောက်တယ်
ပြင်ဆောက်လို့ ရပါတော့မလားဆိုတဲ့ နေရာတစ်ခု အကြောင်း.....။
နောက်တော့.နောက်တော့....
ကြိတ်ပြီးချီးကျူး ပြီးရင်း ချီးကျူး နေမိပါတယ်
မညည်းဘူး တကယ် ခရီးကကြမ်း လူကပန်း လည်း
ယူကြစမ်းပါ ငါ့ဘ၀ကို လို့ ပေးရင်း အနွမ်းခံ
နန်းမစံ ရ လည်း အပြုံးမပျက်တတ်တဲ့ စိတ်အလှပိုင်ရှင်များ.......။
သို့သော်.သို့သော်....
မုန်းတီးနေမိတယ်
စိတ်ပျက်နေမိတယ်
ကြိတ်ပြီးအထင်သေးနေမိတယ်
အမြင်လေးနဲ့ အပြောမှာ ဒီလိုကောင် မဟုတ်ပါဘူးတဲ့
လုပ်တာတွေ တကယ်ကောင်းလှပါတယ်ဆိုတဲ့
အကြောင်းကအပိုင် တကယ်တွက်တဲ့ ရမ္မက်ကြီး အခွင့်အရေးသမားတွေ......။
မသွားဘူး...မသွားဘူး....
ဆန္ဒမရှိတဲ့ ပရ၀ုဏ်အသိုက်ထဲ
မိုက်မဲလို့ အဆင့်မရှိဘူး သမုတ်ချင်သမုတ်
ဟုတ်ရင်လည်းဟုတ် မတတ်သာ ၀င်ကာမသွားဘူး
အမြင်မှာ မာနတွေနဲ့ဂုဏ်တုဂုဏ်ပြိုင် ..ဟန်ဆောင်ရပ်ဝန်းထဲ.....။
တကယ်ပါ.....
ဆန္ဒရှိနေတဲ့ အကြောင်းအချင်း
အပေါင်းအသင်းများကိုပြောမိတော့ ရယ်ကြတယ်
ဘယ်ဘ၀ က ၀ဋ်ကြွေးတွေလဲ တော့ သေချာမသိဘူး
မရေရာပါဘိကွာ လို့ ပြောပြောသွားတတ်ကြတော့..နေချင်တဲ့ မြို့ကလေးတစ်မြို့အကြောင်းကို မေ့ထားမိတယ်...။
စွဲလန်းနေမိတယ်.....
လိုအပ်နေတယ်......
တောင်းနေမိတယ် မျှော်လင့်ချက် ဆုတွေအား
ခုနေများတော့ ပြည့်ကောင်းမှပြည့်မယ်
ရွေ့ပြောင်းကြ တဲ့ အချိန်တွေ တကယ်မနားမရပ်တဲ့
ချားရဟတ် သံသရာမှာ အမှန်တရားဆိုတာတွေ တစ်နေ့ အရာင်တောက်လာမယ်.....။
ဒီလို..ဒီလို....
အော်ဟစ်ရင်း ထပ်တလဲလဲ
မရပ်ပဲ ဆက်ကာဆက်ကာ
တစ်သက်မှာ တစ်ခါပြန်ကြုံ ချင်ပါရဲ့
မဟာရန်ကုန် မှာ လပြန်သာတဲ့နေ့............။
နောက်ဆုံးတော့.....
ဝန်ခံချင်တာလေးကို အပိတ်ထား
စိတ်ကစားတယ်ဆိုတာ မျောက်တစ်သင်းလိုပဲ တဲ့ ဘုရားဟော
တအားလည်းမောနေပါပြီ တရားမရှိပေ လို့
ကစားမိနေတဲ့ စိတ်ကိုတော့ နိုင်အောင်ထိမ်းရင်း.....ယိမ်းနေဆဲပါလို့.......။.......။
...........ညီမ လတ်ဇော် နဲ့ ညီမ ငှက်ကလေး တို့ ကျေနပ်နိုင်ပါစေ......ပြီးတော့.....
မိတ်ဆွေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com
ဆက်လက်ဖတ်ရှူရန်...
ပြီးပါပြီ...
ယပ်တောင်တဲ့ ဒီနေ့ခေတ်မှာတော့ ပန်ကာတွေ လေအေးပေးစက်တွေ ကြားထဲမှာ သိပ်အသုံးမ၀င်တော့ပါဘူး.......
ဒါပေမယ့် ဟိုးတစ်ချိန် ယပ်တောင်လေးတွေကို လက်ထဲမှာကိုင်လို့ ပွဲသွားလမ်းသွား အတူတူဆောင် သွားတတ်ကြတဲ့ ခေတ်မှာ အမျိုးသမီးပျိုတွေ အများစု ဟာ အဲ့ဒီ့ ခေါက်ယပ်တောင် ဒီဇိုင်းလှလှ လေးတွေကို ဖက်ရှင် တစ်ခုအနေနဲ့ အမြတ်တနိုး တန်ဖိုးထား ဆောင်ထားတတ်ကြတာကို သတိထားမိခဲ့ပါတယ်...
အဲ..အထူးသဖြင့် အနောက်နိုင်ငံတွေတော်တော်များများမှာ အဲ့ဒီ့ခေတ်က ခေါက် ယပ်တောင်လေးတွေကို ဘာလို့ အဲ့သလို ကိုင်လေ့ ရှိကြပါလိမ့် ဆိုပြီး လေ့လာကြည့်တော့ မှ အဲ့ဒီ့ ယပ်တောင်လေးတွေကလည်း အထာလေးတွေရှိ တာကို တွေ့လိုက် ရပါတယ်.. အဲ့ဒီ့အချိန်မှာ ယပ်တောင်ကို အမျိုးသမီးပျိုလေး များဟာ ပွဲလမ်းတွေ ပါတီတွေ မိတ်ဆုံစားပွဲ စတာစတာ တွေမှာ လေအေးဓါတ်ရရုံ အတွက် ယပ်ခပ်ရန်သက်သက် သာ သုံးကြတယ်မဟုတ်ပဲ ကိုလူပျိုတို့ကို မေတ္တာ သင်္ကေတ အချက်ပြ ရန်အတွက်လည်း သုံးကြပါသတဲ့လေ..ဘယ်လိုပုံစံနဲ့ ယပ်တောင်ကို မတူညီတဲ့ မျက်နှာပေးလေးတွေနဲ့ ဘယ်လို ကိုင်ပြလိုက်ရင်တော့ ကိုယ်ရွှေချော တို့ကလည်း အလိုလို သူ့ခေတ်နဲ့သူ နားလည်ကြပါသတဲ့...အချက်ပေး သင်္ကေတ (ခုခေတ်တော့ အထာလေးတွေခေါ်မှာ ပေါ့နော်) လေးတွေက ဒီလိုပါတဲ့....
ယပ်တောင်လေးကို နှုတ်ခမ်းလေးမှာ ကပ်လို့ ပြုံးပြုံးလေးကြည့်နေရင်တော့ " I Don't Trust You" တဲ့
-ယပ်တောင်ကို ဘယ်ဖက်လက်ကလေးနဲ့ အသာခတ် ပြီး ပြနေပြီဆိုရင်တော့ ကိုရွှေချောကို သူမက " Don't flirt with that woman" ဆိုပြီး ပြောနေတာ ပါတဲ့..
-သူမလက်ကလေးတွေက ယပ်တောင်လေးရဲ့ အရိုးတိုင်လေးတွေပေါ်မှာ ပြေးလွှားစော့ ကစားပြနေရင် " I want to talk to you " တဲ့ အခြေအနေ ကောင်းလေးပါပဲနော..
-သူ့ကိုသူ ဖြေးဖြေးလေးယပ်ခတ်ပြနေတယ်ဆိုရင်တော့ ကိုလူချောရေ "Don't waste your time,I don't care about you" ..ဟော...အခြေအနေမဟန်ဘူး..
-ဒါပေမယ့် ခပ်မြန်မြန်လေး သူမကိုယ်သူမ ယပ်ခပ်ပြနေတာကတော့.." I Love You So Much " တဲ့ .. မြန်မြန် ခပ်ပါစေ လို့ တောင် ဆုတောင်းရမယ့်ပုံပဲ...
-အဲ..အဲ့ဒီ့ယပ်တောင်လေးကိုစုပြီး သူမနဖူးစပ်က ဆံပင်လေးတွေကို ပင့်တင်ပြနေရင်တော့ " Don't forget me" တဲ့. .ပြန်သာ သွားလိုက် သူမဆီကို....ကိုလူချောရေ..ဆက်ဆက်ပေါ့..
-ယပ်တောင်လေးကိုစု ဘယ်ညာပြောင်း ဟိုဖက်ဒီဖက် ဟိုလက်ကနေဒီလက် ပစ်ပြီးကစား နေရင်တော့ ကိုယ်လူချောက မဟုတ်တာ လုပ်နေပြီ.." I see that you are looking at another woman " တဲ့ .. သတိထားတော့နော်..ပြောနေပြီ..
-ယပ်တောက်ကိုခေါက်ပိတ်လို့ ဘယ်ဖက်လက်မှာ ချိတ်ဆွဲပြထားတယ်ဆိုတာက.." I am engaged"တဲ့..သွားမကပ်နဲ့တော့..
-ယပ်တောင်ကို ခေါက်ပိတ်လို့ ညာဖက်လက်မှာ ချိတ်ဆွဲပြထားတယ်ဆိုတာက ." I want to be engaged " ပါတဲ့............ ဘယ်သူနဲ့လည်း မသိဘူးနော်..း)
-ယပ်တောင်ကို ခပ်မြန်မြန် ခပ်ပြင်းပြင်း ခပ်ဆတ်ဆတ်ကလေး ဆောင့်ပြီး ခေါက်လိုက်တယ်၊ပိတ်လိုက်တယ်ဆို ရင်ကတော့ သူမကလေ.. " I am Jealous " ပါတဲ့ ..သ၀န်တိုနေပြီဆိုတာပေါ့..ဘာတွေလုပ်မိလို့ပါလိမ့်...သတိထား..ကိုရွှေချော..
-ယပ်တောင်ကို အမှတ်မဲ့လေး မသိမသာ(ဒါပေမယ့် သိလည်းသိသာအောင်) လွှတ်ချပြ လိုက် တယ်ဆိုတာ ကတော့.. ကိုင်မ ထား ချင် လို့၊ကိုင်ရတာညောင်းလို့ ......မဟုတ်ပါဘူး" I belong to you " တဲ့....ကိုရွှေချောတို့ဖက်ကို ပါလာပြီထင်ပါ့..း)
-ယပ်တောင်လေးကို ဘယ်ဖက်ရင်ဘတ် နှလုံးသားရှိရာနေရာ လေးပေါ်တင်လို့ ရီဝေေ၀ကြည့်နေပြီဆိုရင်တော့ ..."My love for you is breaking my heart " တဲ့ ..ကြေကွဲစရာပါပဲ....
-အဲ့ဒီ့ယပ်ကလေးနဲ့ အရာဝတ္ထု တစ်ခုခုကို ရိုက်နေ၊ပုတ်ပြနေတယ်ဆိုရင်တော့ ...ဟင်း..ရပ်ထားဆရာ.." I am impatient "
စိတ်တိုလာပြီနော်...တဲ့...
-နေရောင်လာလို့ ယပ်ကလေးနဲ့ကွယ်ရ သယောင် လုပ်လို့် ကိုရွှေချောကို စကားပြောနေရင်..ကိုယ့်လူ.." You are ugly ".. ပြန်ပေတော့ မစဉ်းစားနဲ့ ပြန်ပေတော့....
-ယပ်တောင်က ပန်းချီ(သို့) ရုပ်ပုံလေးတွေကို သေသေချာချာ စကားပြောရင်းစိုက်ကြည့်နေတယ်ဆိုရင်တော့.." I like you" တဲ့.. ခြေစစ်ပွဲ အောင်တဲ့သဘောနေမှာပေါ့နော်...
-နောက်ဆုံး သူမလက်ချောင်းလေးတွေ ကို ယပ်တောက်လေးနဲ့ တဖျတ်ဖျတ် ရိုက် ခတ်ပြ နေပြီဆိုရင်တော့. ..... တွေဝေ မနေ နဲ့တော့ ကိုလူချော...." Please Love Me" ပါတဲ့ဗျာ....ဆက်လက်ချီတက်ရန် အသင့် အနေအထားပေါ့ခင်ဗျာ...း)
အဲ့ဒါလေးတွေကတော့ ဟိုးနှစ်ပေါင်းများစွာက အနောက်တိုင်း ပါတီတွေ ပွဲလမ်းသဘင်တွေမှာ အပျိုမလေးများက ကိုလိုပျို တို့ ကို ယပ်တောင်လေးများနဲ့ မျက်နှာ အမူအယာရောလို့ (မျက်နှာအမူအယာကိုတော့ ပေါ်လွင်အောင်မရေးတတ်လို့ သည်းခံပါ) အချက်ပြ သင်္ကေတ (အထာလေးတွေ) ပေးရင်း လုပ်တတ်ကြတဲ့ ယဉ်ကျေးမှုလေးတွေ ပါတဲ့ ...
ဖတ်ပြီး စိတ်ဝင်စားမိတာနဲ့ မှတ်တမ်းတင် လိုက်မိပါတယ်......ခုခေတ်မှာတော့ ဒီလို ယပ်တောင် တွေ ကိုလည်း မသုံးဖြစ် ကြတော့တာ များသလို ဒီလို သင်္ကေတ အထာလေးတွေနဲ့ မတူတဲ့ တစ်ခြား အထာသစ် လန်းလန်း ကလေးများက လည်း ခေတ်စားချင် စားနေမှာပေါ့နော............ဘာပဲဖြစ်ဖြစ် ရာစုဟောင်းမှာ ကျန်ခဲ့တဲ့ အထာလေးတွေကို လည်းလေ့လာ ကည့်လိုက်ကြပါဦး...စမ်းကြည့်ချင်ရင်လည်း ရနိုင်ပါတယ်.. ကြိုပြီးပြောပြ ထားပေါ့ နော .. အဖော်မွန် ကို လေ ... ဇာတ်တိုက်သလို နေမှာပဲနော....HAVE FAN AND HAVE FUN...ပေါ့..
တွေ့မိတာကတော့ ဒီလိုဆိုထားတဲ့ စာစုလေးပါ...
In the past, hand fans were used not only as cooling instruments, but also as convenient communication devices, mainly for transmitting more or less furtive love messages.
A language of the fan, which is today completely forgotten, was widely used. For your amusement we have recovered a set of messages pertaining to this language, which we include here:
Resting the fan on her lips:
"I don’t trust you"
Fanning herself with her left hand:
"Don’t flirt with that woman"
Running her fingers through the fan’s ribs:
"I want to talk to you"
Slowly fanning herself :
"Don’t waste your time, I don’t care about you"
Quickly fanning herself :
"I love you so much"
Moving her hair away from her forehead.
"Don’t forget me"
Passing the fan from hand to hand:
"I see that you are looking at another woman"
Carrying the fan closed and hanging from her left hand:
"I’m engaged"
Carrying the fan closed and hanging from her right hand:
"I want to be engaged"
Quickly and impetuously closing the fan:
"I’m jealous"
Dropping the fan:
"I belong to you"
Resting the fan on her heart:
"My love for you is breaking my heart"
Hitting any object:
"I’m impatient"
Hiding the sunlight:
"You’re ugly"
Looking closely at the painting:
"I like you"
Hitting her hand’s palm:
"Love me"
မိတ်ဆွေများ အားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com
ဆက်လက်ဖတ်ရှူရန်...
ပြီးပါပြီ...

ခေတ်လူငယ်တွေ ၊ ကောင်မငယ် လေးတွေ(မြိတ်လို) အင်မတန်ကြိုက်လှပါတယ်ဆိုတဲ့ ၊ ခပ်ချောချော အဆိုတော် မင်းသား မောင်မင်းမော်ကွန်းကတော့ အခုလို သာသနာတော်ကို မလေးမစားနဲ့ ကိုယ့်ဂုဏ်ကိုယ်ဖျက် စကောလောက်မှ ဇောက်မနက်လုပ်ချလိုက်ပြန်ပါပြီ ဆိုတဲ့ ........သတင်းလေးရလို့ ပါ.....
ဘာသာတိုင်းကို လူမျိုးတိုင်းက အသီးသီး ကိုးကွယ်ရာအလိုက် အလေးထားပြီး ကိုယ့်ဘာသာ ကိုကိုယ် မြှင့်တင် တန်ဖိုးထားကြတာကိုတွေ့နေရပေမယ့်နာမည်ကြီး သရုပ်ဆောင်ကြီး ဦးဇင်ဝိုင်း ရဲ့သား နာမည်ကြီး သရုပ်ဆောင် အကယ်ဒမီ မောင်မင်းမော်ကွန်း နဲ့ အပေါင်းအပါ တစ်စုကတော့ထေရ၀ါဒ ဗုဒ္ဒဘာသာ အထွန်းကားဆုံးနေရာ ပြည်မြန်မာမှာ ဘယ်လို စိတ်ကူးပေါက်သည်မသိ...
ဗုဒ္ဒဘာသာ တစ်မျိုးလုံးရဲ့ အထွတ်အမြတ် ထားတဲ့ အနန္တောအနန္တ ငါးပါးထဲ က လက်ရှိ ကိုးကွယ်ရာ မြတ်သံဃာတော်တို့ဆင်မြန်းရာ သင်္ကန်းတော်ကို အရေခြုံလို့ မတော်တာလုပ်ပြနေတယ်ဆိုတော့ကလည်း....
မိမိကိုးကွယ်တဲ့ဘာသာကို မိမိက မှ တန်ဖိုးမထား မလေးစားရင်..... အင်း........... ပြီးတော့ သံဃာတော်ငယ် များလည်း အတုခိုး မှားနိုင်ပါတယ်..
မောင်မင်းသားက ဒီပုံကို သူ့ရဲ့ Facebook မှာ တောင် တင် ထား သေးတယ်ဆိုတော့ တော်တော်ကို စဉ်းစားစရာ ပါပဲ .... ဘယ်လို ဖြေရှင်းချက် တွေနဲ့ ဘယ်လို ပြောမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပေါ့နော....
သင်္ကန်းတော်ကို ခြုံပြီဆိုတာနဲ့ ကိုယ်အမူအယာ နှုတ်အမူအယာတို့ကို အိနြေ္ဒနဲ့အညီ ၊သိက္ခာတော် များစွာနဲ့အညီ စောင့်ထိန်း နေထိုင်ကြရတဲ့ သံဃာတော်တွေ ကတော့ ဘယ်လိုပြောကြမယ်မသိပါဘူး...ပြီးတော့ သူ့ဖခင်နာမည်ကြီးအနုပညာရှင် ဦးဇင်ဝိုင်း ကကော ဘာပြောမလဲ..
နောက်ပြီး..ကိုမင်းမော် ကိုယ်တိုင်လည်း ဖခင်တစ်ယောက် ဖြစ်နေလေတော့..သူမွေးထားတဲ့ ရင်သွေးလေးတွေ ကို ဘယ်လို ဘယ်ပုံ သွန်သင် ဆိုဆုံးမ မယ်ဆိုတာက လည်း စိတ်ဝင်စားစရာပါပဲ...
ဒါပေမယ့် အရာအားလုံးကတော့ ကိုယ့်သမိုင်းကိုယ်ရေးကြမှာပါ....
ဘာသာတိုင်းကို လေးစားပါတယ်ခင်ဗျာ.......ဖတ်လို့အဆင်မပြေဖြစ်ရင် သည်းခံနားလည်ပေးပါ.....
ဆက်လက်ဖတ်ရှူရန်...
ပြီးပါပြီ...