Monday, January 18, 2010

စိတ်ထောင်း ကိုယ်ကြေ ပြေလျော့စေ - ၂



အရင်တုန်းက လုပ်ငန်းခွင်ထဲမှာ နေရင်း Stress အနည်းအကျင်း(သို့)အများကြီး တွေနဲ့ ရင်ဆိုင်ခံစားနေရတဲ့ သူတွေအတွက် "စိတ်ထောင်း ကိုယ်ကြေ" နဲ့ "စိတ်ထောင်းကိုယ်ကြေ ပြေလျော့စေ-၁" ဆိုတဲ့ စာစုလေးတွေမှာ ဘာကြောင့် Stress တွေရ တတ်ကြ တာလဲ ဆိုတာနဲ့ Stress တွေရလာရင် ဘာတွေဖြစ်လာတတ်တယ်ဆိုတာကို ဆွေးနွေးခဲ့ဖူးပါတယ်။

ခုတော့ Stress တွေကိုဘယ်လို ရင်ဆိုင် ဖြေရှင်းကြမလဲ ဆိုတဲ့ အကြောင်းကို နောက်ထပ် စာစု တစ်ခုမှာ ဖော်ပြဖို့ ပြင်ဆင် နေတုန်းမှာ မိမိ ကိုယ်ကိုယ် ပြန်ပြီး Stress တွေ အလွယ်တကူ ရနိုင်တဲ့လူမျိုးလား မရနိုင်တဲ့ လူမျိုးလားဆိုတာကို စမ်းစစ် ကြည့်နိုင်တဲ့ အချက်ကလေးတစ်ချို့ကို ကြားဖြတ် ဖော်ပြပေးလိုက်ပါရစေ။

Stress ဆိုတဲ့အရာက လူတစ်ဦးမှာ ဖြစ်ပေါ်လာတာ၊ခံစားနေရတာ က အဓိက ပြဿနာ မဟုတ်ပါဘူး။ဒါပေမယ့် အဲ့ဒီ့ ဖြစ်ပေါ်ခံစား လာတဲ့ Stress ကို အဲ့ဒီ့ လူ က မှားယွင်းတဲ့ အယူအဆ နည်းလမ်းများနဲ့ တုန့်ပြန်ခြင်း ၊ မှားယွင်းသော အတွေးအခ်ါများနဲ့ ရင်ဆိုင် တတ်ခြင်းဖြစ်ပေါ်လာမှသာ အဲ့ဒီ့ Stress က ကြောက်စရာကောင်းလာ ၊ စိုးရိမ်စရာကောင်းလာ ၊ ပြဿနာ တစ်ရပ် ဖြစ်လာမှာပါ။(ဒီအကြောင်း ကိုတော့ နောက်ထပ် စာစုလေးတစ်ခု မှာ အသေးစိတ် ဖော်ပြပေးချင်ပါတယ်။)


ခုတော့ (အထူးသဖြင့် လုပ်ငန်းခွင်တွေထဲမှာ) Stress တွေ အလွယ်တကူ ရရှိခံစား ရတတ်ကြတဲ့ သူ အတော်များများ မှာ တွေ့ရလေ့ ရှိတဲ့ အချက်ကလေးတွေ ကို အရင် ရေးချလိုက်ပါတယ်။အဲ့ဒီ့ အချက်တွေနဲ့ နည်းနည်း ကိုက်ညီရင် Stress ရနိုင်ဖို့ နည်းနည်း အလားအလာရှိပြီး..များများကိုက်ညီရင်တော့ များများဖြစ်နိုင်ချေ ရှိပါတယ်။တစ်ခုမှ မကိုက်ညီတဲ့ သူဆိုရင်တော့ Stress(work-related)တွေကို အလွယ်တကူ ခံစားရလေ့ မရှိ တဲ့ သူမျိုးတွေမို့ ပျော်စရာပါပဲ။

အချက်ကလေးတွေ ကတော့ .........

(၁) အလုပ်/တာဝန် တစ်ခုမပြီးမချင်း (သို့) ပြီးမြောက်အောင် ဆောင်ရွက်နေတုန်းမှာ မိမိ စိတ်ထဲမှာ လေးလံပြီး တာဝန်ပိနေသလို Pressure တွေ ၊ Tension တွေ ခံစားနေရတာ မျိုးတွေ …အစိုးရိမ်ကြီး နေတတ်တာမျိုးတွေ

(၂) မကြာမကြာ နာရီကို ကြည့်၍ အလုပ်လုပ် နေတတ်တာ မျိုး..အချိန်လုနေတတ် တာမျိုးတွေ

(၃) အလုပ်/တာဝန် ဆောင်ရွက်ရာတွင်လည်း အမြဲလိုလို အလျင်စလို (သို့) ပျာယာခတ် ဗျာများ နေတတ်တယ်

(၄) ဆုံးဖြတ်ချက်တစ်ခု ကို မသေချာ မပိုင်နိုင်လျက်နဲ့ အလျင်စလို ချတတ် လုပ်တတ်တာမျိုး..(ပြီးမှ မှားမှန်းသိတယ် ဆိုတာ မျိုး၊ မှန်ချင် လည်းမှန်မှာပေါ့)

(၅) နှေင့်နှေးကြန့်ကြာမှု တစ်စုံတစ်ရာ ရှိရင် စိတ်မရှည် သည်းမခံတတ်ခြင်းမျိုး ၊ စိတ်မအေးနိုင်ခြင်းမျိုးဖြစ် နေတတ်တာမျိုး တွေ (ဥပမာ-ကွန်ပျူတာ hang သွားတာမျိုး၊Lift/Elevator စောင့်ရတာမျိုး၊လိုချင်တဲ့ အရာက အချိန်မီမရောက်၊နောက်ကျ ရောက်လာ တာ မျိုးတွေ ကြုံရင်ပေါ့နော)ကိုယ့်ကို တစ်ယောက်ယောက်က နောက်ကနေ ဖိအားပေးနေတယ်လို့ အလိုလို ခံစားနေရတာမျိုး

(၆) စကားပြောတော့လည်း အလျင်စလို မြန်မြန်သွက်သွက် ပြောရင်း တစ်ခါတစ်ရံ အမှားမှားအယွင်းယွင်း ဖြစ်တတ်သေးတယ် (စိတ်လောနေ တာကိုး)

(၇) အမြဲတန်း အလုပ်ကို စိတ်ဇောကပ်ပြီး နောက်ကျမှာကြောက်လို့ အချိန်မှန်မှန် ရောက်တယ် ၊ တာဝန်ကျရာ ကို
အချိန်မှန်မှန် သွားတယ် ။နောက်ကျတာမျိုးမရှိစေချင်လို့ ဆိုတာမျိုး

(၈) တစ်ချိန်ထဲမှာ ပဲ အလုပ်တွေ ၊ လုပ်စရာတွေ ကို ခေါင်းထဲ အများကြီး စုပြုံထည့်ထားပြီး အားလုံးကို လည်း တစ်ပြိုင်တည်း လုပ်ချင်နေတယ် (တစ်ခါတစ်ရံ အလုပ်သိပ်များ တာဝန်သိပ်ကြီး လွန်းရင် ဖြစ်တတ်ပါတယ်) လုပ်နေရတယ်

(၉) လှုပ်ရှားတာ ၊ လမ်းလျှောက်တာ ၊ break time စားသောက်တာ က အစ မြန်မြန် သွက်သွက် နဲ့ အချိန်လုနေရ သလိုမျိုး ဖြစ်နေတာ ( ဗျာများ နေရတာကိုး)

(၁၀) တစ်ခါတစ်ခါ (သို့) အချိန်တော်တော် များများ (သို့) တစ်ချိန်လုံး စိတ်မရှည် ၊စိတ်တို နေတတ်တာ(အလုပ်လုပ်နေရင်း ကို တင်း နေတာ ပေါ့နော)

(၁၁) တစ်ဦးနဲ့တစ်ဦး (သို့) သူများတစ်တွေ နဲ့ စကားပြော ဆက်ဆံတဲ့ အခါမှာလည်း စိတ်မရှည်တဲ့ ကိုယ်အမူအယာ နှုတ်အမူအယာတွေ ဖြစ်နေတတ်တာတွေ ၊နောက် …မျက်မှောင်ကြုံ့၊မျက်နှာကြောတင်း သလိုဖြစ်နေတာ ၊မရီမပြုံးနိုင် ဖြစ်နေတာ တွေ၊ ပြီးတော့ ကိုယ်တိုင် ကို က Relax မဖြစ်တော့ပဲ အများနဲ့ပြောဆိုရာမှာ အလျင်လိုနေတာ မျိုးတွေ ဖြစ်နေတတ်တာ

(၁၂) ကိုယ့်ကို ကိုယ် အရမ်းကို ရည်မှန်းချက် ကြီးကြီး နဲ့ ဖြစ်ချင်ဇော တွေ လိုချင်ဇောတွေ (အလုပ်နဲ့ ပတ်သက် လို့ပေါ့နော ) တ အား ကြီး မားနေတတ်တာမျိုးတွေ (ရာထူးတက် တော့မယ် နဲ့ တူပါတယ်..ကြိုးစားနေတယ်တအားပဲ)

(၁၃) မိမိအလုပ် တာဝန်လစ်ဟင်းမှာ နဲ့ အမှား မခံချင်တာ တွေ ၊ သူများတွေ က အပြစ်အပြောခံရမှာတွေ ကို တအား ထည့်စဉ်း စား နေရင်း အလုပ်ကို တအား Energy (ကိုယ်အား၊ဥာဏ်အား)တွေ စိုက်ထုတ်ပြီး လုပ်နေတတ်တာမျိုးတွေ

(၁၄) အပြိုင်အဆိုင် လုပ်နေရတာမျိုး ၊ အပြိုင်အဆိုင် လုပ်တတ် တဲ့ အကျင့် ရှိ တတ်တာမျိုးတွေ (လိုအပ်တဲ့ နေရာမှာ ပြိုင်တာ ကောင်း ပါတယ်..မလိုအပ်ပဲ ကိုယ်က ချည်း နိုင်ချင်နေရင်တော့ ..အင်း….)


မိမိမှာ အဲ့ဒီ့ အချက်တွေ အတော်များများ နဲ့ နေ့စဉ်လုပ်ငန်းမှာ လုပ်ကိုင် နေကြသလား ၊ ဒါမှ မဟုတ် လုပ်ငန်းအနေအထားကပဲ အဲ့သလို တွေ ဖြစ်အောင် ဖန်တီးပေးနေသလား ဆိုတာ မိမိကိုယ်ကိုယ် မေးခွန်းထုတ်ရင်း စဉ်းစားကြည့်စရာပါပဲ။အပေါ်မှာ ပြောခဲ့သလို အဲ့ဒီ့ အချက်တွေ နဲ့ များများ ကိုက်ညီရင် Stress ကိုခံစားရဖို့ များများ ကျိန်းသေနေပြီး ၊ နဲနဲ ကိုက်ညီရင် နည်းနည်း ဖြစ်နိုင်ချေရှိပါတယ်။လုံးဝမကိုက်ညီရင်တော့ ပျော်စရာပါပဲ No Stress At All ပေါ့နော။


တကယ်လို့ တော်တော်များများ (သို့) အားလုံး က မိမိ ရဲ့ နေ့တစ်ဒူဝ အလုပ်ခွင်မှာ ဖြစ်နေပြီ ဆိုရင်တော့ Stress တွေ ၀င်ရောက် လာနိုင်တာမို့ သတိထားစရာပါပဲ။မိမိမှာ Stress ရှိနေမရှိနေ သိစရာ လက္ခဏာတွေကိုတော့ အရင်က ရေးခဲ့ဖူးပါ တယ်။ဒါပေမယ့် လုံးဝ ပူစရာ မရှိပါဘူး(Stress ကြောင့် Stress ဖြစ်စရာ မလိုတော့ ပါဘူးပေါ့နော) ။ အဲ့ဒီ့ Stress တွေကို အမှန်အကန် ချေမှုန်း နိုင်မယ့် နည်းလမ်းကောင်းတွေ နောက်ထပ် “စိတ်ထောင်း ကိုယ်ကြေ ပြေလျော့စေ - ၃” ဆိုတဲ့ စာစု လေးမှာ လက်လှမ်းမီသမျှ ကြိုးစား ကြည့်ပါရစေခင်ဗျာ။


မိတ်ဆွေများ အားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ

ဆက်လက်ဖတ်ရှူရန်...

Wednesday, December 23, 2009

ဒီဇင်ဘာ တစ်ည နဲ့ စကားစမြည်

ဒီဇင်ဘာ တစ်ည နဲ့ စကားစမြည်

" ဒီဇင်ဘာ " ည တစ်ည ရဲ့ နှင်းငွေ့တွေ ကို

ညှင်းသွေ့သွေ့ လေပြေက ဆောင်ချ လာတော့

မှောင်ပြပြ ဒီ ညထဲ က အတွေးလှိုင်းတွေက

ပြေးခိုင်းလိုက်တယ် စိတ်တွေကို ယူဇနာတစ်သန်း

နွမ်းလျှ လို့တောင် နားချိန်မပေး အဝေးဆိုတာများထက် ပိုဝေးတဲ့ ကာလများဆီ…..


နှင်းဖြူတွေ ဆိုင်းသီ နေတဲ့ ပရ၀ုဏ်ထဲ

ဂုဏ်ကွဲ သတ္တိတွေနဲ့ မှတ်မိစရာမရှိအောင်ကို

ရပ်ကြည့်နေရင်း ကိန်းဂဏန်း ရေမရတဲ့

မြေခ သစ်ရွက် နွမ်း တို့ က လက်လျူရှု ပစ်ပယ်ခံ မတည်မြဲခြင်း နိယာမများ ကို

သိသာသမျှ တည်ခင်း ပွဲတော်ခံနေကြရင်း ကိုယ်ထင်ပြနေကြတယ်…….


ဒီညမှာပဲ မှိန်ပြပြ မာကျူရီ ခံစားမှု စည်းဝါးမှန်မှန် နဲ့

ညီးတွားသံ သဲ့သဲ့ တို့ က မြူးကြွနေကြလို့

တူးဆွစရာ တောင် သိပ်မလိုတဲ့ ရင်ခုန်သံ အိုဟောင်းတို့က

တိုတောင်းတဲ့ “နရီ ” ရိုက်ချက်ပြင်းပြင်း တွေ ကြားထဲ

နားကွဲ မတတ် အောင်တော်မူပတ်ပျိုး တေးသွားများနဲ့ ချက်ကျကျ ကခုန် ပျော်ပါး နေကြလေရဲ့…..


ဒီဇင်ဘာနေကွယ်ချိန် တစ်ခု ရဲ့ သဲကိုးဖြာ ညစည်းဝိုင်းထဲ

လှပြီးတိုင်း လှနေရက်ပုံကို ဖော်ကြူး လို့

ပျော်မြူးနေကြတဲ့ ငွေလွှာနှင်းစက်တို့တဖြောက်ဖြောက် နောက်

ကောက်ကောက် ပါအောင် လွင့်ပါးရင်း ခြေရာပျောက်သွားတာ

သေချာဆောက်မယ့် ရဲတိုက်တစ်လုံး ရဲ့ စိတ်ကူး ပုံကြမ်းလေး တောင် အစအနကောက်မရလောက်အောင်ပါပဲ…..


ဘာပဲပြောပြော စိတ်အတွေးက စိတ်အတွေးပဲ

အတိတ်အဆွေး တွေ ကိုခြေရာပြန်ကောက်နေတာ ဒီဇင်ဘာ ကြောင့်မဟုတ်ဘူး

ကြည်လင် လာတဲ့ အသိစိတ်တို့ က ပုံကြမ်းဆွဲလို့ သဲကွဲလာခါမှ

အမြဲပဲ လာနေကျ ဒီဇင်ဘာ ဟာ နှင်းတို့နဲ့ ပျော်မြူးလို့

ဖော်ကျူးလာခဲ့တဲ့ လှလှပပ ဆောင်းညတွေဟာ နှင်းပွင့်တို့ နဲ့ နေသားတကျ ရှိနေခဲ့တာ ဟိုး..ပဝေသနီ ကတည်းက….


ဒီလို အံဝင်ဂွင်ကျ ဒီဇင်ဘာညတစ်ည ရဲ့ နယ်ပယ်ထဲ

မလည်မ၀ယ် စိတ်ကူးတွေ ဖောင်ဖွဲ့ရင်း ရေဆန်မှာ

လေထန်တဲ့ စိတ်ဂရက်လှိုင်း တွေကို အံတုမိလို့

အကြံပြု ….ဝေဖန် သွားသတဲ့ လေ.. အဲ့ဒီ့ ဒီဇင်ဘာ ည ကလေးကပဲ ပေါ့

ဘ၀လေးတစ်ခုကို မှုန်ပျပျ ရ,ထားတာတောင် “နွေး နွေး ထွေးထွေး ” မနေတတ်တဲ့ ကောင် …တဲ့…..။…..။



မိတ်ဆွေများ အားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

ဆက်လက်ဖတ်ရှူရန်...

Tuesday, December 8, 2009

စိတ်ထောင်းကိုယ်ကြေ ပြေလျှော့စေ (၁)


Work Stress Management အကြောင်းလေးကို ကျွန်တော် တက်ခဲ့ရတဲ့ သင်တန်းလေးတစ်ခုကနေ ရခဲ့တဲ့ ဗဟုသုတ လေး များ အပေါ် မှီငြမ်းပြီး လက်လှမ်းမီသလောက်ကလေး အတိုချုံ့လို့ဆွေး နွေး ပါရစေ…လိုအပ်ချက်တွေရှိနေတယ် ဆိုရင် အကြံပေး ပြုပြင်ပေး မှုကိုများ လေးစားစွာ မျှော်လင့်နေရင်း တစ်ဖက်ကလည်း ဖတ်ရသူ အတွက် နည်းနည်းလေး လောက် ကလေး ပဲ အကျိုး ရှိတယ်/ရှိမယ် ဆိုရင်တောင် ပျော်စရာပါပဲ…။
(ကိုယ်ကိုယ်တိုင် လည်း stress တွေ များနေရင်း..အဲ့သလိုများနေတာတွေကို နိုင်သလောက်ကလေးထိမ်းရင်းနဲ့ပဲ ...Stress အကြောင်းတွေ ကိုရေးဖြစ်နေပါတယ်....။)

အလုပ် အကိုင် (JOB/WORK)..တဲ့….ဟုတ်တယ်…အဲ့ဒီ့ အလုပ်ဆိုတဲ့ JOB ကို ကျွန်တော်တို့ အတော်များများ အလုပ်လုပ်ကြပါတယ်..အဲ့ဒီ့အလုပ်လုပ်ခြင်းကြောင့် ပဲ...
-၀င်ငွေတွေ တိုးတက်လာတယ်(Income).....
-အဲ့ဒီ့ဝင်ငွေ ကနေ တစ်ဆင့် တစ်ခြား(စားဝတ်နေရေး...လူနေမှု အဆင့်အတန်း..စတဲ့)လိုအင်တွေကို သင့်တော်သလောက် ပြည့်ဝ စေ တယ်(Fulfills a variety of other needs) .....
-အလုပ်လုပ်နေခြင်းကြောင့် စိတ်စွမ်း ကိုယ်စွမ်းတွေ Knowledge တွေ ပညာတွေ အတွေ့အကြုံတွေ တိုးပွါးစေတယ်(Mental and physical exercise).....
-လူမှု ပေါင်းသင်းဆက်ဆံရေး နယ်ပယ် ကျယ်ပြန့်လာစေတယ်။ပေါင်းတတ်၊သင်းတတ် ပြောတတ်၊ဆိုတတ် ဖြစ်လာစေ တယ်. (Social contact)....
-ပြီးတော့ မိမိကိုယ်ကိုယ် တန်ဖိုးရှိတယ်.. အလုပ်လက်မဲ့ မဟုတ်ပါ..စတဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ယုံကြည်မှုတွေကိုလည်း ခံစား ရရှိ စေတယ်.. (Feeling of self worth and competence).....

သို့သော် အလုပ်လုပ်နေကြပြီဆိုရင် မည်သည့် အလုပ်အကိုင်မှာမဆို Work related Stress လေးတွေကို (ရာထူး. .အလုပ် အကိုင် ကွာဟချက်တွေ ကို ထည်းမစဉ်းစားရင်တောင်မှ) အနည်းနဲ့ အများဆိုသလို ခံစားခဲ့ကြ ရဖူးမှာပါ ဒါမှမဟုတ် …ခံစား နေရ ကောင်းလည်းခံစားနေရမှာပါ..

အဲဒီ့ Work Stress ဆိုတာက ဘာလဲဆိုတော့ ..ဒီလိုပါတဲ့
What is Work Stress?
"The harmful physical and emotional responses that occur when the requirements of a job do not match the capabilities, resources, or needs of the worker.”


အလုပ်လုပ်နေရင်းနဲ့ အဆင်မပြေ ဖြစ်ရင်.ဒါမှမဟုတ် အလုပ်တာဝန်တွေ အရမ်းပိ ပြီးနေ ရင်..နောက်ပြီး. ပတ်ဝန်းကျင် (အ လုပ်ထဲမှာ) နဲ့ သဟဇာတ မဖြစ်ရင် ..မလုပ်ချင်ပဲ လုပ်နေရရင်။..ပြီးတော့ ဖြစ်ချင် လုပ်ချင်တာတွေ လိုနေတာတွေက မပြည့်နိုင်သေးရင် စတဲ့...စတဲ့ အချက်တွေ အကုန်လုံး (သို့) အချို့ကို ကြုံတွေ့ခံစား လာရပြီဆိုရင် ကိုယ့်မှာ စိတ်ပိုင်း / ရုပ်ပိုင်း ဆိုင်ရာတွေ ကို စိတ်ခံစားမှုကနေတစ်ဆင့် ထိခိုက်ခံစားလာရပြီး ကာယစွမ်းရည်..ဥာဏစွမ်းရည် နဲ့ လူမှုဆက်ဆံရေး စတဲ့ အပိုင်းတွေမှာ တုန့်ပြန်မှုတွေက လျော့ပါးကျဆင်းလာတတ်ခြင်းပါပဲ...။

(တစ်ဦးနဲ့တစ်ဦးမှာတော့ Stress ကို ဖြစ်စေတဲ့ အကြောင်းအရင်းလေးတွေက မတူညီကြပါဘူး။တစ်ဦးအတွက် အဲ့ဒီ့ထဲက တစ်ချက်ကြောင့် stress တွေ ရစေပေမယ့် အဲ့ဒီ့တစ်ချက်ကပဲ အခြေအနေ အနေအထား ခံစားမှု စတာတွေပေါ်မူတည်လို့ နောက် တစ်ဦးအတွက် Stress ဖြစ်ချင်မှ ဖြစ်စေနိုင်ပါလိမ့်မယ်။လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတော့ကာ ခံစားချက်တွေကလည်းမတူကြဘူးပေါ့နော။နောက်ပိုင်းမှာ အလုပ်ထဲ မှာ Stress ကို ဖြစ်ပေါ်စေတဲ့ Source လေးတွေကို အသေးစိတ် လက်လှမ်းမီသလောက် ဆွေးနွေးပြကြည့်ပါရစေ)

Stress ဆိုတာကတော့ အလုပ်ထဲမှာ မှ အလုပ်နဲ့ ပတ်သက်မှမဟုတ်ပါဘူး။နေ့စဉ် မိမိအသိုင်းအ၀ိုင်းမှာလည်း မိသားစု ၊ ဆွေမျိုး၊ ရပ်ရွာ၊ ကိုယ်ရေးကိုယ်တာ စတာတွေနဲ့ ပတ်သက်ပြီးလည်း ဖြစ်ပေါ်တတ်ပါတယ်။ဒီမှာကတော့ Work Related Stress အကြောင်းကိုပဲ အသားပေးပြောသွားပါရစေ..အလုပ်ထဲ က တကယ့် ကိုကြောက်စရာကောင်းတဲ့ ရန်သူပါပဲ။
ဘာကြောင့် Stress ဆိုတာလေးက အဲ့သလောက်တောင် ကြောက်စရာကောင်းတဲ့ လုပ်ငန်းတွင်းက ရန်သူ ဖြစ်လာ ရပါ သလဲ …?? ?သူ့ကြောင့်မို့ မိမိမှာ ဘာတွေ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရလာသလဲ????ဘယ်လို ဆိုးကျိုးတွေများ သူက ပေးလို့ အဲ့သလောက်တောင် ကြောက်စရာကောင်း(သို့) သတိထားစရာကောင်းနေ ရပါသလဲ ????

ဒါတွေကြောင့်ပါတဲ့….Stress ရလာပြီဆိုရင် (အရင်က စိတ်ထောင်းကိုယ်ကြေ ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ရေးခဲ့ပြီးသားမို့ ထပ်ပြီး အကျယ်မချဲ့တော့ဘူးနော..ဒီအကြောင်း ဒီ Topic က တော်တော်ကို များနေလို့ပါခင်ဗျာ..)

Early Warning Signs of Work Stress တဲ့ …Stress တွေသိပ်များလာပြီဆိုရင် ..ဖြစ်တတ်တာတွေကတော့ ...

Headache ( အောင်မယ်လေး..ခေါင်းတွေ မူးလိုက်တာနော်…ခေါင်းကိုက်တယ်…)

Sleep Disturbances ( ကောင်းကောင်းကို အိပ်လို့မရဘူး ဆိုတာမျိုး..ပြီးတော့ ဘယ်လောက် အိပ်အိပ် အိပ်ရေး ကောင်းကောင်း မ၀ဘူး လို့. ...ဟူး )

Difficulty in concentrating ( ဘာကိုမှ လေးလေးနက်နက် သေသေချာချာ အာရုံ စူးစိုက် လို့မရ ဘူးဖြစ် နေတယ် ..မေ့တတ် လျော့တတ်လိုက်တာ လည်း အခုတလော လွန်ပါရောလား…)

Short Temper (စိတ်တိုလာပြီနော်…..ဆတ်ဆတ်ထိကိုမခံချင်ဘူးဟေ့…)

Upset Stomach (သိပ်စားမ၀င်..စားဝင်ရင်လည်း..ခဏခဏပြန်ပြန်ပြီး ဗိုက်ကဆာနေတာပဲ)

Job Dissatisfaction (ဒီအလုပ်ကို ဆက်ကို မလုပ်ချင် တော့ပါဘူး…မလွဲ သာ လို့သာ လုပ်နေရတာ .. ဖြစ်နိုင်ရင် ထွက်တောင် ပြေးချင်တယ်နော်…စိတ်ညစ်တယ်ကွယ်)

Low Morals ( ငါဟာ အသုံးမကျတဲ့သူ တစ်ယောက်များ ဖြစ်နေပြီလား..ဘာလုပ်လုပ်ကို အဆင်ကိုမပြေဘူး..ငါ့ကံက တော်တော့်ကို ဆိုးတာပဲ ..မကောင်းမှုတွေက ငါ့ဆီကိုပဲ ရောက်ရောက်လာတယ် ..ဘယ်ဘ၀က ၀ဋ်ကြွေး များပါလိမ့်..ညစ်တယ်..ညစ်တယ်..) စလို့..စလို့...

အဲ့သလိုမျိုးတွေ တွေးတတ်လာကြပါတယ်...(Stress ကြောင့်ဖြစ်တတ်တဲ့ လက္ခဏာ အတော်များများကို အရင်က “စိတ်ထောင်းကိုယ်ကြေ” ဆိုတဲ့ စာစုလေးမှာ ဖော်ပြပေးထားပါတယ်။)…Low Morals စိတ်ပိုင်းဆိုင်ရာ အထိခိုက်ဆုံး ဖြစ်လာရင်တော့ တော်တော်ကို အရေးကြီး ပါတယ်။သတိထားသင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ သူက Physical နဲ့ Mental တွေကို ၀င်ရောက် ပြီး နှောင့် ယှက်တတ် လို့ပါပဲ….

သူက လူကို သတ်တယ်…Sucide ဆိုတဲ့ လူသတ်သမားဟာ Stress ကနေ စလို့ Depression အဆင့်ကိုကျော်ပြီး နောက်ဆုံးအမြင့်ဆုံး Low Morals အဆင့် အနေအထားမှာ သူက ၀င်ဝင် နှိပ်ကွပ်လို့ အကြောင်းမဲ့ ဘာမှ မဟုတ် တဲ့ ပြဿနာ ကနေ အသက်ဆုံး ခဲ့ရသူတွေ မနည်းလှပါဘူး..။
ဒါပေမယ့် ဘာမှ ပူစရာမရှိတော့ပါဘူး…ဒီလိုမဖြစ်အောင် Stress ဆိုတဲ့ လုပ်ငန်းတွင်း က ရန်သူကို နှိမ်နင်းရန် အချိန်ကျရောက်လို့လာပြီဆိုရင် ဘယ်လို နည်းဗျူးဟာတွေ ၊ဘယ်လို စိတ်နေစိတ်ထားတွေ ၊ဘယ်လို အခြေ အနေ ကောင်း တွေ နဲ့ တန်ပြန် တိုက်ခိုက် ကြရမလဲဆိုတဲ့ နည်းလမ်းကောင်းတွေ၊လက်နက်တွေ၊ထိုးစစ်တွေ က အဆင်သင့် ရှိလို့ နေ ပါ ပြီ..။

ပြသနာတစ်ခုကိုဖြေရှင်းဖို့ဆိုတာကလည်း အဲ့ဒီ့ ပြသနာ ရဲ့ Source ကို သိရင် ပိုပြီး ဖြေရှင်းရလွယ်လို…Stress ကို ဖြေရှင်း ကိုင်တွယ် နိုင်အောင် (သို့) လျော့ပါးသွားအောင် လုပ်ဖို့ဆိုတာကလည်း အဲ့ဒီ့ Stress ရဲ့ Source တွေ ၊လုပ်ငန်းတွင်း အလုပ်ခွင်တွင်း က Stress တွေ ကို ဖြစ်ပေါ်စေတဲ့ အကြောင်းတရားတွေကို သိထားရင် ဘာကြောင့် ကိုယ့်မှာ ဒီလိုဖြစ် ရ တယ်.. ဆိုတာနဲ့ ဘယ်လိုဖြေရှင်းကိုင်တွယ်ရမလဲ ဆိုတဲ့ အသိတရား Knowledge ရယ် ပေါင်းစပ်လိုက်ရင် ….ဘာခံနိုင်မှာလဲ တဲ့ အဲ့ဒီ့ Stress ဆိုတာပေါ့...။

အလုပ်/လုပ်ငန်း တွင်းမှာ Stress တွေ ကို ဖြစ်ပေါ်လာအောင် ပြုလုပ်ပေးတတ်တဲ့ Situations ..အကြောင်းလေးတွေ ၊ အခြေအနေလေးတွေ ၊အနေအထားလေးတွေ ကတော့ ကွဲပြားကြပါတယ်။အချက်တိုင်းကတော့ Stressor မဟုတ် ပါနော ..အရင် က ပြောခဲ့သလိုပါပဲ..တစ်ဦးနဲ့တစ်ဥိး က ဘယ်လို အကြောင်းခြင်းရာ Situation တွေကြောင့် Stress ဖြစ်ရတယ် ဆို တာ Case to case လိုက်လို့ မတူကြပါဘူးလို့ ….အဲ့သလို မတူညီတဲ့ source of stress ဒါမှမဟုတ် causes of Work /Job Stress လေးတွေကတော့ ဒီလိုပါတဲ့ …...

Causes of Work Stress/ Causes of Job Stress

1. Task Design
Heavy workload, infrequent breaks, little or job control, long hours of work or shift work..

(အလုပ်တွေ မတန်တဆ များနေတာ၊Dead line တွေ လွတ်မလိုဖြစ်တာ(သို့) လွတ်သွားတတ်တာ၊အလုပ်ချိန်အတွင်း နားချိန် Break Times တွေ မရပဲ လုပ်နေရတာ၊…နားချိန်ကိုမရှိဘူးပေါ့နော။အလုပ်ကို မနိုင်နင်းတာ.. မကျွမ်းကျင်တာ။ ..ကူညီမယ့်သူ မရှိ..ညွှန်ပြမယ့်သူ မရှိ (အလုပ်သစ်မှာ ဆို များသောအားဖြင့် ဖြစ်တတ်ပါတယ်)…အလုပ်ချိန်အကြာကြီး ဥပမာ-တစ်နေ့ကို ၁၂ နာရီထက် မနည်း လုပ်ရတာတွေ။..ပြီးတော့ Schedule အချိန်တွေ (Shift ခေါ်မှာပေါ့ နော)…ခဏခဏပြောင်းဆင်းရတာ..နေ့ပိုင်းရောက်လိုက်..ညနေပိုင်းရောက်လိုက် ..ညကြီးပိုင်း ရောက်လိုက် ..လုပ် လိုက် ရ .. စတာ..စတာတွေ ကြောင့်ကလည်း Work Stress ဖြစ်စေတဲ့ တစ်ချက် အပါအ၀င်ပါတဲ့)

2. Management Style
Lack of worker participation in decision making, poor communication, lack of family friendly policies...

(အလုပ်ထဲမှာ လိုသလောက် အခွင့်အရေးမရတာ..အခွင့်အရေးအပေးမခံရတာ..performance ကို တတ်စွမ်းသလောက် ပြခွင့်မရှိတာ.ဒါမှမဟုတ်.အနှိမ်ခံရတာ..နောက်ပြီး Communication မကောင်းတာ(အမျိုးမျိုးဖြစ်နိုင်တယ်. တစ်ဦးနဲ့တစ်ဦး အဆင်မပြေတာ..ဘာသာစကား အခက်အခဲ…နားလည်မှုလွဲတာ..စတာစတာတွေ)..အလုပ်ထဲမှာ မတည့်အတူ နေ ဖြစ်နေ တာ။..အလုပ်ကို က ဦးတည်ချက်တွေကောင်းကောင်းမပေးနိုင်တာ..job description ဆိုတာ ဘာလဲ မသိ..ခိုင်းတာ ကောက် လုပ် လိုက်ရတာမျိုး။...Standard Operating Procedures(S.O.Ps) ဆိုတာဘာလဲမသိ...ကြုံသလို အဆင်ပြေပြီးပြီးရော လုပ်နေရတာ..စလို့စလို့ Well-Organized မဖြစ်တဲ့ (သို့) Well-managed မလုပ်နိုင်တဲ့ နေရာ အလုပ်မျိုးမှာ လုပ် နေ ရ ရင် လည်းအဲ့ဒါတွေ က မသိမသာ တဖြည်းဖြည်း နဲ့ Work Stress ကို ဖြစ်စေတတ်လာနိုင်ပါတယ်တဲ့)

3. Interpersonal Relationship
Poor Social Environment, lack of support from co-workers or supervisors.

(ဘာသာမတူ၊လူမျိုးခြား လို့ က တမျိုး…ရင်းနှီး ကျွမ်းဝင်မှု မရှိတာက တစ်သွယ်…ကျော်မယ်ခွမယ်..ခြေထိုးမယ်..ဂုံးဆင်းကို ဘီး တပ်ပြီး..ချောဆီ များများ ထည့် တွန်းပေး တတ်ကြတဲ့ လုပ်ဖော်ကိုင်ဖက် မျိုးတွေ(ခုခေတ်တော့ အချွန်နဲ့ မ..တယ် ဆိုပြီး တော်တော်များများ ရေပန်းစားနေတဲ့ စကားလေးလိုပေါ့နော..) တစ်ဦးအခက်အခဲလည်း တစ်ဥိးက မကူညီနိုင်…အင်မတန်မှ ဆိုးတဲ့ Manager , Team Leader, Supervisor စတဲ့ ကိုယ့်ကို ကောင်းကောင်းကို (Bamboo ကျွေးတယ်ခေါ်မလား ) ဆီ လို အပေါက်ရှာပြီး ညစ်ကန်ကန် လုပ်ကြတဲ့ သူမျိုးတွေ နဲ့ အတူ လုပ်နေရတာ …(အဓိကကတော့ Working Environment မ ကောင်း တဲ့ နေရာမျိုးတွေ လိုဆိုရမှာပေါ့နော…) အဲ့ဒီ့လို အခြေအနေတွေကလည်း Work Stress ကို ဖြစ်အောင် အားပေး အားမြှောက် ပြုတတ် ကြပါတယ်တဲ့)

နောက်ထပ် အောက်က အချက်တွေကလည်း Causes of work stress တွေပါပဲတဲ့..

-Pressure for increased productivity
( အလုပ်က ပိုပို များများလာတယ်…မနိုင်မနင်းဖြစ်နေပြီပေါ့)

-Environmental Factors
(ခုနက ပြောတဲ့ ပတ်ဝန်းကျင် အနေအထားတွေ.... လုပ်ငန်းတွင်းမှာဆိုရင်တော့ Internal Environment ပေါ့။ကိုယ်က Control လုပ်မယ်ဆိုရင် တစ်ချို့ ကို ရကောင်းရမယ်..အကုန်တော့မဟုတ်ဘူးနော)
ကိုယ်က ထိမ်းချုပ် ကိုင်တွေ မဖြေရှင်းနိုင်တဲ့ External Environmental Factors တွေကျပြန်တော့ ထိမ်းလို့သာမရတယ် .. အလုပ်ကို လာပြီး ကောင်းကောင်း ထိခိုက်စေနိုင်သေးတဲ့

-Economic Uncertainty
(နိုင်ငံ ရဲ့ စီးပွါးရေးအနေအထား..ခုဆိုရင်ခေတ်စားနေတာ..ဘာတဲ့ ..Economy Crises ဆိုလား ဘာလားပဲ.တော်တော်ခေတ်စားနေလေရဲ့...း-)

-Political Uncertainty
(နိုင်ငံရေး အနေအထား.)

-Technological Uncertainty
(နည်းပညာ အားနည်းမှုတွေ၊လျော့ပါးမှုတွေ၊မနိုင်နင်းတာတွေ) စတာစတာ တွေကလည်း အလုပ်ကို ထိခိုက်စေနိုင်လို့..သူတို့ကြောင့်လည်း Stress တွေ ရနိုင်ပါတယ်တဲ့…
(Environmental Factors မှာ Internal နဲ့ External Factors နှစ်မျိုးကွဲပြားတဲ့ အသေးစိတ်အကြောင်းကိုတော့ နောက်ကြုံမှ ဆွေးနွေးချင်ပါတယ်။သူကလည်း နောက်ထပ် topic တစ်ခု ပေါ့နော... ဆားချက် တာမဟုတ် ပါခင်ဗျာ..လုပ်ငန်း တွေအတွက် အရေးကြီးတယ်ဆိုရမှာပါပဲခင်ဗျာ)

အခုလောလော ဆယ်တော့ Stress တွေ ဖြစ်လာရင် ဘာတွေ ဖြစ်လာတတ်တယ်(Physical and Emotional Effects caused by Stress) …ဆိုတာတွေ နဲ့ ပြီးတော့ ဘယ်လို အခြေအနေတွေကြောင့် အလုပ်ထဲ လုပ်ငန်းခွင်ထဲ မှာ အဲ့ဒီ့ Stress တွေ က ဖြစ်လာတတ်ကြတာလဲ (Causes of Work Stress) ဆိုတာလေးတွေ ကို သိသမျှထဲက ကောက်နှုတ်ချက် လေး များပါ ….

အဲ့ဒီ့ လုပ်ငန်းခွင် အတွင်း က ရန်သူလို့ ပြောလို့ ရတဲ့ အဲ့ဒီ့ Stress ကို ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်သလဲ(Stress Management Strategies) ဆိုတဲ့ အကြောင်းလေးကို နောက်ထပ် စာစုလေးတစ်ခု (စိတ် ထောင်း ကိုယ်ကြေ ပြေလျှော့စေ-၂) အနေနဲ့ လက်လှမ်းမီ သလောက် ကလေး ဆက်လက်ပြီး ဆွေးနွေး သွား ပါရ စေ နော …


မိတ်ဆွေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ

ဆက်လက်ဖတ်ရှူရန်...

Monday, November 9, 2009

လောကကြီးရပ်တန့်တော့မလား


ကမ္ဘာကြီး ပျက်တော့မယ် ဆိုပါလား....

ကမ္ဘာကြီးက မေတ္တာဓါတ် အာဟာရနဲ့ ဖြူစင်ခြင်း ဓါတ်စာ တွေ ငတ်ပြတ်နေလို့ပျက်ရတော့မှာလား......???

အပြုံးတုတွေ နဲ့ လျှစ်လျူရှုခြင်း ခံ ထားရတဲ့ ကမ္ဘာကြီး ရဲ့ပခုံးနှစ်ဖက် အထက် ဒေါသတွေထွက်ရင်း လမ်းလျှောက်သံတွေက ခပ်ပြင်းပြင်း ဆိုတော့ အဲ့ဒီ့ ဒဏ် ကို သူမခံနိုင်လို့များလား......???

ဒါမှမဟုတ် သူ့နှလုံးသား ပင်လယ်ပြင်ကျယ်ကျယ်တွေထဲကို စီးမျောလာတဲ့ မျက်ရည်ပူတွေနဲ့ သွေးစက်တွေကြောင့် အတွင်းဒဏ် သင့် သွားခြင်းရော ဖြစ်နေမလား......???

သူ ရှုမိ ရှိုက်မိ တဲ့ လေပြေညင်းတွေ ကြားမှာ အခိုးငွေ့ညစ်ငြမ်းမှုတွေ များနေတာကြောင့် အသက်ရှုရတာ မ၀ လို့ ရော များ ဖြစ်နိုင်သလား . . . .???

သူ....နှလုံးသွေးတွေနဲ့ ရင်းခဲ့ ပျိုးခဲ့ ရတဲ့ အလှပန်းခင်းတွေ စိမ်းလန်းခြင်းတွေ ကို အကြာကြီး တည်ဆောက်ခဲ့ရ ပြီးမှ တစ် ခဏ အတွင်း ပျက်သုန်းခြင်း အတော်များများကို မြင်တွေ့ ခံစားရင်း ရင်ကွဲနာ နှလုံးနာ ကျသွား လို့များလား....???

အင်း... တွေးစရာတွေ ကတော့ ခပ်များများ နဲ့ပေါ့ .....

ဒီလို ကမ္ဘာပျက်တော့မယ်...ကမ္ဘာပျက်တော့မယ်..နဲ့.... ငါကိုယ်တိုင် ကကော ရက်ရက်စက်စက် ကမ္ဘာကို ဖျက် ခဲ့မိ သေး လား မသိ...???

ဘယ်လိုပဲဖြစ်ဖြစ် ရင်ကွဲပက်လက် နဲ့ သူပျက်တော့မယ်ဆိုတဲ့ သတင်းစကားဆိုးတွေ ကို မြိန်ရည်လျှက်ရည် ဆိုညည်းနေကြ သံတွေ အပေါ်မှာ တော့ ကမ္ဘာဆိုတဲ့ အဲ့ဒီ့ ကမ္ဘာ က ယဉ်ကျေးသိမ်မွေ့စွာ ရက်ရက်ရောရော တုန့်ပြန်နာ ကြား ခံယူ နေ နိုင် ဆဲ ပါပဲလား ....!!!!!

( မနှင်း တောင် မေ့နေလောက်ပါပြီ .TAG ထားတာလေးကို အချိန်လုရင်း ခံစားမိသလို စာစုလေးအဖြစ် ရေးချ လိုက်မိပါတယ် ..ပြီးတော့ ကျွန်တော် ဒီစာကို ရေးနေစဉ်မှာ ကျွန်တော်အားနည်းတဲ့ စာလုံးပေါင်းတွေကို အမှန်ဝါကျ ပြင်ဆင်ပေးတဲ့ အခန်းဖော် သူငယ်ချင်း ကို ခိုင် နဲ့ ရွှေစင် တို့ကို ကျေးဇူးပါလို့ )


မိတ်ဆွေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

ဆက်လက်ဖတ်ရှူရန်...

Tuesday, October 27, 2009

စိတ်ထောင်းကိုယ်ကြေ


ကျွန်တော့် PC ပျက်နေတုန်း ခဏ မှာ Post တင်တာ အိမ်လည်တာ ပျက်ကွက်နေ ခဲ့ပေမယ့် အခင်အမင်မပျက် နှုတ်ဆက်လာကြ တဲ့ မိတ်ဆွေတွေ အားလုံး ကို ကျေးဇူးပါနော..
နေ့တဒူဝတွေ ထဲက ကိစ္စမျိုးစုံတွေအကြား အလုပ်များနေတဲ့ မိတ်ဆွေများအတွက် Stress နဲ့ ပတ်သက်တာလေး မှတ်သား မိ သလောက် လက်လှမ်းမီသလောက် ကလေးပါ...
Stress တွေ သိပ်များနေရင် ဖြစ်တတ်တဲ့ လက္ခဏာလေးတွေကို နိစ္စဒူဝ တွေကြားမှာ သတိထားသင့်တယ်ထင်လို့ပါနော....

Stress is your body's reaction to the demands placed upon it and can have PHYSICAL and PSYCHOLOGICAL / EMOTIONAL effects on the human mind and body .Taking extra care to recognize when your body is reacting to a heightened stress level can make difference in your well-being .

The Physical Effects of Stress Include:
Rapid heart rate
Rapid breathing
Muscle tension
Headaches
Increase in blood pressure
Clammy skin
Dizziness
Rashes
Nausea
Change in sleeping pattern
Fatigue
Back Pain

Psychological / Emotional Effects of Stress Include:
Nightmares
Anxiety disorder
Low self-esteem
Forgetfulness
Lack of concentration
Increased use of drugs and alcohol
An increase in nervousness
Depression
Irritability
Anger

Health Problems Linked to High Level of Stress:
Heart disease
Diabetes
High blood pressure
Stroke
Digestive Problems
Weight Problems
Ulcers

Stress ကို ဘယ်လို Handle လုပ်သင့်သလဲ ဆိုတာကို တော့ အချိန်ရရင် နောက်တစ်ခါမှာ ကြိုးစားပြီး ရေးကြည့်ပါ ဦးမယ်ခင်ဗျာ ....

မိတ်ဆွေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

ဆက်လက်ဖတ်ရှူရန်...

Saturday, October 10, 2009

နေ့စဉ်နဲ့အမျှ



သဘောကျစရာ စာစုလေး တစ်ခု ဝေမျှလိုက်ပါတယ်...အသုံးတည့်ကောင်း တည့်နိုင်မယ်လို့ မျှော်လင့်ပါ တယ်... သိပြီးသား ဖြစ်နေတယ် ဆိုရင်တော့ အမှတ်တရ လေးဖြစ်အောင် ထပ်ကြည့်သွားပေါ့နော....

CHARACTERISTICS FOR PERSONAL EFFECTIVENESS

The following traits could be imbibed by you for success, not only in your job but also in your day to day life.

Accuracy in:
Whatever work you take on hand and in following instructions.

Adaptability in:
Turning out good work under unusual circumstances.
Getting along with others whom you have to work with .

Alertness in:
Responding to requests .
Anticipating situations.
Observing and learning from your mistakes

Ambition in:
Doing work with pride and enthusiasm.
Holding yourself to high standards of achievement.
Looking ahead to ideals and goals set for the future .

Attentiveness to:
Taking instructions.
Learning about the work and managing it at a high quality .

Courage in:
Not shirking work that seems at first hard.
Admitting mistakes .
Accepting disappointments

Courtesy in:
Greeting people.
Dealing with those who disagree.
Handling intransigent assistants

Dependability in:
Carrying through each task.
Caring for valuables

Dignity in:
Approaching all work as part of the vocation you have taken .
Relationship with others.

Discretion in:
Keeping confidential matters relating to business and personal affairs of others.
Interrupting others.

မိတ်ဆွေများ အားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

ဆက်လက်ဖတ်ရှူရန်...

Wednesday, September 23, 2009

နာမ များနဲ့ နိစ္စဒူဝ



.....ညည့်သန်းခေါင်ယံ...လေပြည်ညှင်းကြား...မျောလွင့်သွားတဲ့..လရောင်တန်းရဲ့..တစ်ဒေသကို..အနန္တတံတိုင်း...
.....ပရ၀ုဏ်ကြီး......အာရုံဖြန့်လို့.......စိတ်တွေ ရွက်လွှင့် .....လိုက်ရှာနေရင်း.... ကြယ်တွေကြားမှာ ..ယဉ်ယဉ်လေးနဲ့..... လှတဲ့ မင်း ကို ..မျှော်လင့်မထားပဲ တွေ့လိုက်တယ်.........

သာယာ ငြိမ့်ညောင်းတဲ့ ကိုလွှမ်းမိုး သီဆိုထားခဲ့တဲ့ သီချင်းသံလေးကို အဆောင်ဘေးက မြက်ခင်းပြင်လေးမှာထိုင်လို့ နားထောင်နေမိပါတယ်..... ဒီညရဲ့ ကောင်းကင်မှာ ကြယ်တွေ စုံလို့ လရောင် လင်းလင်းလေး ရယ်.......

ပြီးတော့ လေညှင်း အေးအေးလေး တွေက သစ်ရွက်ကလေး တွေကို ချော့မြှူရင်း လမင်းကျွေးတဲ့ အဟာရ အလင်းရောင် ဖျော့ဖျော့အောက် မှာ မြူးတူး ပျော်ပါးနေစေ လေရဲ့...တော်တော်သာယာလှပတဲ့ ကြယ်စုံ ညလေးတစ်ညပါလား..

လှလှပပ ညလေး အောက်မှာ တောက်ပနေတဲ့ ကြယ်ကလေးတွေ ကို မော့ကြည့်နေတုန်း သူတို့ကို နာမည်လှလှလေးတွေ လိုက်ရွေး ပေးနေချင်စိတ်ပေါက်လာ မိရင်းက အဲ့ဒီ့ နာမည်လှလှလေးတွေကို သဘောကျမိတယ် ဆိုထားတဲ့ သူငယ်ချင်း ပွင့်မြူးဇင် တစ်ယောက် ကြူးရင့် ထားတာ လေးကို သွားသတိရမိတယ်.......

အော်..ကြယ်ကလေးတွေကို နာမည် လှလှလေးတွေ ပေးရင်း ရေရွတ်နေမိရင် ၀သုန်မြေစောင့် ငိုချင်း ဖွဲ့ ရအောင် ဆူညံ သွား လေ မလား ..ကြယ်စုံ ည လေးရဲ့အလှတရားက ရော ဥပေက္ခာတရားတွေ ရက်ရက်ရောရော ချွေချနိုင်ပါ့မလား...

ဒွိဟ လှေကားထစ်ကလေးတွေကို တဆင့်ချင်း ဆက်ရင်း စီရင်း ကောင်းကင်ကကြယ် ကလေးတွေရဲ့ ကြားကို အရောက် စိတ်တွေလွင့် မျောနေလိုက်တာ ..လွင့်ပါး သွားလိုက်တာ....

ကြယ်တွေစုံတဲ့ ညခင်း
လမင်းလည်း ထိုးထွင်း ဆဲ
ပျိုးခင်းထဲက ပန်းလှလေးတွေလို
မှန်းဆရင်း နှုတ်က ဆိုချင် မိရဲ့
ညိုညင်နဲ့ ၀သုန်မြေစောင့် ရယ်
ကုန်လေအောင် တဖွဖွ ကြူးပါရစေ
ထူးသမျှ နာမ တော် လှလှလေးတွေလို့
ရသမျှတွေးရင်း စိတ်လွင့်ပါး နေလိုက်တာ
လေတိုက်လို့ သစ်ရွက်သံတွေကြားတော့မှ
နားတော့ကာ အသိကပ်မိတယ်
မှတ်မိသလောက် ပြန်ရွတ် ပြရရင်
အမှန်လွတ်မယ် မရှိဘူး ထင်ပါ့
ရင်ကလာတာ နာမည် အားလုံး နှစ်လုံးတည်းနဲ့..ချုံ့လို့ ပညတ်မယ် ..
ရုပ် ရယ် နာမ် ရယ် .....တဲ့...........။ ။

ဒွိဟလှေကားထစ်ကလေးတွေကို တဆင့်ချင်း ဆက်ရင်း စီရင်း ကောင်းကင်ကကြယ်ကလေးတွေရဲ့ ကြားကို အရောက် စိတ်တွေ လွင့်မျောနေလိုက်တာ ..လွင့်ပါး သွားလိုက်တာ....နာမည်တွေ စဉ်းစားရင်းနဲ့ ပေါ့...

သီချင်းသံလေးတောင် မကြားတော့ပါလား..အင်း...ကြယ်ရောင်တွေရယ်..လရောင်ရယ် ...ပြန်ငုတ်လျှိုး သွားပြန်ရင် တဖန် နေ့သစ် တစ်ခု စဖို့ ရှင်နေမင်းကြီးလင်းလာဦးမယ်..

အမည်နာမ တွေ နဲ့ အရောင်စုံ အသွေးစုံ လောက သဘာဝကြီးထဲမှာ နေ့တဒူဝ အခန်းရပ် ဇာတ်တွေ ...နိစ္စဒူဝ တွေ ဟာလည်း ရောင်နီပျိုး နိုးထ လာမယ့် နေမင်းကြီးနဲ့ အတူရှင်သန် လှုပ်ရှား သက်ဝင် လာကြ ဦးမှာပါလား...နိစ္စဒူဝတွေရဲ့ စည်းချက် ရိုက်သံတွေကြားမှာ ကခုန် ရင်း ဇာတ်လမ်းတွေ မှတ်တမ်းတွေ ကို အရောင်ခြယ် ကန့်လန့်ကာဖွင့်ကြရဦး မှာပေါ့လေ.. ဒီတော့ မနှင်း တစ်ယောက် ခံစားဖွဲ့ဆို ခဲ့တဲ့ နိစ္စဒူဝ လေးက အသိတရားထဲကို စီးမျောလာတယ် .....
ဟုတ်တယ်....တစ်နေ့ကို တစ်မျိုး မရိုးနိုင်အောင် ကိစ္စတွေများစွာနဲ့ ဖြတ်သန်းနေရတဲ့ ...အဲ့ဒီ့...နိစ္စဒူဝ...




နိစ္စဒူဝ...
စိတ်က လူက တကယ် မနား
ဘယ်များ ရောက်နေလဲ ဆိုတဲ့ ပန်းတိုင် ကိုမျှော်သူမျှော်
အရမ်းခိုင်လို တယ် ဆိုတဲ့ သံယောဇဉ်တွေ ကွဲသူကွဲ
လဲသူလဲ လို့ ပြန်ပြန်ထရင်း ဖေးသူကလည်းဖေး
ပြေးသူကလည်းပြေးရင်း ခရီးမပေါက် တာတွေရှိလေရဲ့
ကြည့်နေကြည့်နေရင်းနဲ့ ပျားပန်းခတ်
မနားတမ်း မပြတ်တဲ့ နေ့တဒူဝ
ရှေ့အပူက မရှိ သူတွေကလည်း ပေါ မှပေါ
ပြောကြပြော လို့ သတင်းစုံ
ငြင်းခုန်သံတွေကလည်း ဆူဆူပွက်
ပူသူအခက် တွေ့နေချိန်မှာ ပျော်သူကတော့ရွှင်ကြ
ရင်က မလာပဲ ပြောကြတဲ့ ဝေါဟာရ အသစ်အသစ်တွေကြား
ညစ်ညစ်ပေရေနေတဲ့ အစွန်းအထင်းတွေလည်း မဆုံးဘု
အပြုံးတုတွေ ရောင်းစားနေကြသူတွေ များများလာတော့
မှားမှားကာ အပစ်တွေတင်တတ်လာတယ် စင်ကြယ်တဲ့ နှလုံးသားပိုင် တွေကို
အမုန်းများ တလှိုင်လှိုင် ရက်ရောတတ် လာကြပါလား
ထာဝရ ပြောလို့ ဘယ်လိုမှ မဆုံးနိုင် တဲ့ မပြီးနိုင်တဲ့ တဲ့ အဲ့ဒီ့..အဲ့ဒီ့...
စိတ်က လူက တကယ် မနားကြရတဲ့
နိစ္စဒူဝ များ အလယ် ကြားမှာပေါ့ လေ......။ ။


(ကျွန်တော့် ရင်ထဲ က လာတဲ့ အတိုင်း အစ်မ မနှင်း (နှင်းနဲ့မာယာ) နဲ့ သူငယ်ချင်း ပွင့်မြူးဇငရဲ့ Tag Posts လေးတွေ ကို စာစုလေးအဖြစ် ဖန်တီး လိုက်ခြင်းဖြစ်ပါတယ်...အဆင်ပြေသလို နားလည် ခံစားပေးပါလို့.လေးစားစွာ ခွင့်ပန်ပါရစေခင်ဗျာ)

မိတ်ဆွေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com



ဆက်လက်ဖတ်ရှူရန်...

Wednesday, September 9, 2009

*.*.*အမှတ်တရ*.*.*



မိုင်တိုင်လေးတွေက ခရီးအကွာအဝေးဘဘယ်လောက်ရှိပြီလဲဆိုတာ ကို ပြောနေလေရဲ့..
ဒီနေ့ရက်လေးကလည်း အသက်ဆိုတဲ့ ပမာဏကို တိုင်းပြနေလေရဲ့....
ဘာလိုလိုနဲ့ ခရီးတောင် အတော်ပေါက်နေပါပြီလား...
ဘယ်ခရီးပဲ ပေါက်ပေါက် ဘယ်နှစ်မိုင်ပဲရောက်ရောက် လျှောက်မြဲတော့လျှောက်နေလေရဲ့..
မွေးသမိခင်နဲ့ မွေးသဖခင်တို့ရဲ့ ကျေးဇူးတော် အနန္တ တွေကလည်း ဒီခရီးကို အားထည့်လှမ်းဆက်နိုင်ဖို့ မဟာအင်အားတွေမွေးဖွားပေးခဲ့တယ်...အရင်ဂါရ၀ပြုပါတယ်...
ဒီလိုလျှောက်ရင်း လမ်းခရီးမှာ မိတ်ဆွေတွေနဲ့ဆုံ ဖြစ်၊ရင်းနှီးဖြစ်ခဲ့ကြတော့....
ဘာမှမဟုတ်ပဲ အလိုလို အချိန်ကုန်နေ၀င်ပြီး နောက်နေ့ကူးသွားကောင်းနိုင်တဲ့ သာမာန်နေ့ရက်လေးတစ်ရက် ကို ဒီလို အဓိပ္ပါယ်လေးရှိသွားအောင်တကူးတက စုတ်ချက်လှလှလေးတွေနဲ့ ဒီလို ချယ်မှုန်းပေးလိုက်ကြပြန်ပါတယ်..

ဟင်းတွေအများကြီးချက်ပေးရင်း အခုလို ညီမ မြူးသျှရီ က...

-You’re always very special
And you should know today
That you are wished the nicest things
That life can bring your way
Like warm and loving wishes

And happiness and cheer

And everything you need to start
Another happy year
Happy Birthday
9.9.2009 မှာကျရောက်မဲ့
ကိုကြီး ဖြိုး (လင်းကြယ်ဖြူ )ရဲ့ မွေးနေ့ မှ
ပျော်ရွှင်သော ဘ၀ကိုထာဝရ ပိုင်ဆိုင်နိုင်ပါစေ..............
ခင်တဲ့
မြူး

ကိုဝသန်ကလည်း ကိတ်မုန့်နဲ့ သောက်စရာတွေနဲ့....
-ကိုးရက် ကိုးလ မှာ ကျရောက်မယ့်
ကိုလင်းကြယ်ဖြူ ရဲ့  Happy Birthday
(၉.၉.၂၀၀၉) ရက်မှာကျရောက်မယ့် ကိုလင်းကြယ်ဖြူ ရဲ့ မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ခြင်းများ အောင်မြင်ခြင်းများ ၀င်လာမစဲ ပဲ ကိုယ်စိတ်နှစ်ပါးရွှင်လန်း ချမ်းမြေ့ လျက် လိုအင်ဆန္ဒများ ပြည့်စုံနိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ် ။ Cheers!!!!!!!!
ကို ၀သန်မိုး

ကိုပီတာကတော့ လုပ်ချလိုက်ပြန်တယ်..
-မနေ့ ကပျော်ရွှင်စွာကျင်းပခဲ့ တဲ့ မွေးနေ့ ရှင်နှစ်ဦးဖြစ်တဲ့ 
ကိုဟန် နဲ့  ကိုဖြိုး တို့  နှစ်ဦးအတွက်မွေးနေ့ လက်ဆောင်ပါ..တဲ့..ကိုပီတာ (အတွေးပုံရိပ်)ကတော့လုပ်ချလိုက်ပြန်ပြီ..
အောက်ကမော်ဒယ်လ် လှလှလေးတွေလက်ဆောင်ပေးတယ်



စီဘောက်(စ်) ကနေလည်း သူတို့က..ဒီလို..ဒီလို..
-မိုးစက်အိမ်: Happy Birthday ပါကိုကြယ်ရေ ... နေ.သစ်တိုင်း "လင်း"လက်နိုင်ပြီး ကြယ်ပွင်.လိုတောက်ပ တဲ.ဘ၀ နဲ. ထာဝရ "ဖြူ "စင်စွာနေနိုင်ပါစေဗျာ ... ခင်မင်တဲ. ညီငယ်မိုးစက်အိမ်

-မေတ္တာရောင်ပြန်: ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ ကိုဖြိုးရေ။ မရောင်လည်း နေမကောင်းလို့ ဘယ်မှမရောက်ခဲ့ပါဘူး။

-မေကဆုန်: မွေးနေ့လေးမှာ ပျော်ရွင်ခြင်းများစွာကို ပိုင်ဆိုင်နိုင်ပြီး မိဘနှစ်ပါး အားကိုးအားထားပြုရတဲ့ သားကောင်းတယောက် ဖြစ်ပါစေရှင်.. အစ်ကို ကျန်းမာရွှင်လန်းပါစေ..

-ရန်ကုန်သား: ကိုးရက်ကိုးလ မွေးနေ့ မှသည် နောင် နှစ်ပေါင်း များစွာတိုင် ......

-ရန်ကုန်သား: ကိုလင်းကြယ်ဖြူရေ မင်္ဂလာရှိသော မွေးနေ့ အခါသမယပါ မွေးနေ့ မှာ ပျော်ရွှင်ခြင်းများစွာ ဖြင့်ပြည့်စုံပါစေ :D

-အနမ်း: Happy Birthday!! လင်းကြယ်ဖြူ ။ အဆင်ပြေပျော်ရွှင်ပါစေ။ လာလည်

-၀သန်မိုး:ကိုးရက် ကိုးလ ပေါင်းခြင်း ကိုး ရက်နေ့ မှာ ကျရောက်မဲ့ ကိုလင်းကြယ်ဖြူရဲ့ ယခုနှစ် မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ခြင်းများ လက်ဝယ်ပိုင်ဆိုင်နိုင်ပါစေကြောင်း

-kom:့ happy birthday.အစ်မမခင်ဦးမေ

-Pwint Myue Zin: Happy Birthday in advance!!!! Will wish you again tomorrow. :)

-မျက်မှန်လေး: ၉ ၉ မှာ ကျရောက်မယ့် မွေးနေ့မှသည် နောင်နှစ်ပေါင်းမျုားစွာတိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာ နဲ့ ဘ၀ခရီးတစ်ခုလုံးကို ကျော်ဖြတ်နိုင်ပါစေနော်

ပြီးတော့ မွေးနေ့ပွဲလေးတွေလုပ်ပေးကြတဲ့ နေရာလေးတွေမှာ Comments တွေပေးရင်း ဆုမွန်ချွေခဲ့ကြတဲ့
ဲ့
ဟုတ်ကလေး
လူရိုင်းလေး

မမေလေး

မခင်ဦးမေ
အစ်မမိုးကောင်းသူ

စိမ်းပြည့်စုံ
ကိုမြစ်ကျိုးအင်း

Mikozan
ကိုကိုမောင်(UK)
ညီမ ၀က်ဝံလေး

ကိုစည်သူ

ညီမ ကျောပိုးအိတ်

ကို ယုယ

ကိုချမ်းလင်းနေ

ကိုဖိုးစိန်
မနန်းဝါ၀ါမောင်
မ၀ါဝါခိုင်မင်း

ကိုရန်ကုန်သား
မမေသူ

ငှက်ငယ်လေး

Dream
ကိုသားကြီး
ကြယ်ကလေး
ကိုဟန်

မနှင်း(နှင်းနဲ့မာယာ)
အနမ်း

စိမ်း.........
တို့နဲ့တကွ

ပျော်စရာမွေးနေ့ပွဲလေးကို ကူညီ အားပေးခဲ့ကြတဲ့ ညီအစ်ကိုမောင်နှမတွေဖြစ်တဲ့...

ကိုမိုးဇော်လွင်(Journal Editor)
ကို သာယာ (Journal Editor)

ကိုရူပ (မင်းအင်းဝ)
ကိုပီတာ (အတွေးပုံရိပ်များ)
ကိုဟန်

ကိုချမ်း(ချမ်းလင်းနေ)+ မပွင့်ဖြူ (မဒမ် ချမ်း)

မနှင်း(နှင်းနဲ့မာယာ)
မငုံ(ကန္တာရမိုးစက်များ)

လတ်လတ်ဇော်(ကျွန်တော်တို့အိမ်)

ဖြူစင်ကြယ်( Angel Shaper)
ကောင်းကင်သမီးပျို.....တို့ကလည်း တက်ညီလက်ညီ ပျော်စရာတွေတသီကြီးနဲ့ လာရောက်ဆင်နွှဲပေးခဲ့ကြပါတယ်.. အားလုံးအားလုံးကို ကျေးဇူး အထူး ပါလို့...ပြီးတော့

ဒီ Post လေးမှာမန့်ခဲ့ကြမယ့်မိတ်ဆွေတွေနဲ့ စီဘောက်(စ်)မှာ နောက်ထပ် လာအော်ကြမယ့် မိတ်ဆွေတွေကိုလည်း ကြိုတင်ကျေးဇူးပါလို့...
အားလုံး...အားလုံးကို စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေလို့လည်း ဆုမွန်ချွေလိုက်ပါတယ်။

မိတ်ဆွေများအားလုံးပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

ဆက်လက်ဖတ်ရှူရန်...

Thursday, August 27, 2009

နေမ၀င်မီ

ဒီညနေ နေ၀င်ချိန်လေးရဲ့ ဆည်းဆာအလှတရားကို ပင်လယ်ကမ်းစပ် တစ်နေရာကနေ ခံစားနေမိတယ်။တစ်ချက် တစ်ချက် ငွေရောင်လှိုင်းဖွေးဖွေး တွေက တ၀ုန်းဝုန်းနဲ့ သဲသောင်ပြင်ပေါ်ကို အရောက် ပြေးပြေး တက်လာနေကြတာ ညနေ ဆည်းဆာ ချိန်ဆိုတော့ တော်တော်လေး ပနာသင့်လိုက်ပါဘိ။ဒီလိုကြည့်နေရင်းကနေပဲ နေလုံးနီနီကြီးကနေ တဖြည်းဖြည်း လိမ္မော်ရောင် ဖျော့လို့ တအိအိနဲ့ ဆင်းသွား လေရဲ့...မှောင်စပျိုးပြီ..နေမင်းရဲ့ အလှည့်ပြီးတော့ ညခင်းမှာ လမင်းဟာ တကျော့ပြန် အရောင်တောက်လာဦးမှာပဲ..ဒီလိုကြည့်နေရင်းကြည့်နေရင်းကနေ အတွေးလေးတစ်ခုက ခေါင်းထဲကို ဖြတ်ခနဲဝင်လာတယ်....

မေတ္တာစစ် မေတ္တာမှန် နဲ့ ခွင့်လွှတ်သည်းခံစိတ် တဲ့....ဘယ်လို ပတ်သက်နေလို့ ဒီလို သွားဆက်စပ် နေမိပါလိမ့်လို့ ကိုယ့်ကိုကိုယ်အကြိမ်ကြိမ်ပြန်မေး ကြည့်တော့...ဟုတ်တယ်...နေမင်းကြီးနဲ့ လမင်းကြီး ကို မေတ္တာစစ် ၊ မေတ္တာမှန် ကို ပေးစွမ်းနိုင်သူတွေ လို့စိတ်ကူးပြီး တင်စား မြင်ယောင်ကြည့်မိတယ်..သူတို့က သူတို့ အလင်း သူတို့စွမ်းအင်ကို အယုတ်အလတ် အမြတ်မရွေး သာတူညီမျှ တတ်စွမ်းသလောက် အကျိုးပြု ပေးနိုင်တယ်....နေမင်းရဲ့အစွမ်းကြောင့် နွေးထွေး မှု ရလို့ ကျေးဇူးတင်ဝမ်းမြောက်သူတွေ ဒါမှမဟုတ် ဒင်းကြောင့် ငါတို့ အပူဒဏ်ကို တော်တော်ခံနေရတယ် ဆိုသူတွေ စလို့ ဘယ်လို ဝေဖန်မှု တုန့်ပြန်မှုတွေ ရှိရှိ သူ့ဝတ္တရား သူမပျက်ဆက်လက်ချီတက်နေခဲ့တာ နှစ်သန်းပေါင်းများစွာရှိခဲ့ပြီ ဆိုပဲ....

ညရောက်မှာကြောက်တယ်၊ညကိုမုန်းတယ်...လ ကို မုန်းတယ်ဆိုဆို ၊ လရိပ်ရောင်ဟာ အေးမြတယ် လို့ ပြောပြော ဖိုးရွှေလ ချော ကလည်း သာမြဲ သာလျှက် သူချီတက်နေလေရဲ့.....

ဒါဆိုရင် မေတ္တာစစ်စစ် ထားတတ်ကြတဲ့ မေတ္တာတရားကြီးမားသူတွေကရော ဘယ်လို စိတ်ထားမျိုးတွေနဲ့ ဘ၀ကို ဖြတ်သန်းနေကြပါလိမ့်...လို့ ...တွေးရင်းတွေးရင်း...တွေးနေရင်း....ဒီလို မေတ္တာတရားနဲ့ပတ်သက်တာလေးက စိတ်ကူးထဲကို ၀င်ရောက်လာတယ်...အင်မတန်မှ မွန်မြတ်သန့်စင်တဲ့ မေတ္တာတွေပါ.သည်းခံခြင်းတွေပါ..ဘာသာတိုင်းမှာ ကိုးကွယ်ရာ ဘုရားသခင်အပေါင်းတို့ နဲ့ တကယ့် သူတော်စင် အပေါင်းတွေမှာ ကတော့ ဒီလို မေတ္တာတရား မျိုးကို ရင်ထဲမှာ အစဉ် ပွါးများကိမ်းဝပ် နေကြပါတယ်။နောက် မြင့်မိုရ်တောင်မက ကြီးမားတဲ့ ဂရုဏာများနဲ့ ကျေးဇူးရှင် မိဘတွေ တော်တော်များများ မှာလဲ ရှိနေတတ်ကြပါတယ်.....

ဒီလို မေတ္တာမျိုးတွေ သည်းခံခြင်းမျိုးတွေ အားလုံး ဒါမှမဟုတ် တစ်ချို့တစ်လေ လောက်ကို ကျွန်တော် ဒီနေ့ ဘယ်သူ့ကို ပေးခဲ့မိပါလိမ့် ၊ ဘယ်သူ့ဆီကရော ဒီလို မေတ္တာ တရား တွေ သို့မဟုတ် အဲ့ဒီ့ထဲက တစ်စိတ်တစ်ဒေသလေးနဲ့ ခွင့်လွှတ်သည်းခံခြင်းကို ဘယ်သူ့ဆီက ကျွန်တော်ရခဲ့ပါလိမ့် လို့ ..ပြီးတော့ ချစ်သူတွေ..ချစ်သူတွေကြား ....သူငယ်ချင်းတွေ ကြားထဲမှာ ..မိတ်ဆွေ ဆိုတာတွေ....ညီအစ်ကိုမောင်နှမတွေကြားမှာ.....စလို့စလို့..ပြားပန်းခပ်နေတဲ့ စိတ်ကူးအတွေးတွေ လွင့်ပါးရင်း ပင်လယ် ကမ်းစပ် က နေ တဖြည်းဖြည်း နိမ့်ဆင်းကျသွားတဲ့ နေမင်းကြီးကိုစိုက်ကြည့်လို့.......ပင်လယ်ပြင် နဲ့ ကောင်းကင်ကြီးတို့ နှုတ်ဆက်ထိမိ နေတယ်လို့ထင်မှတ်ရတဲ့ ဟိုး အဝေးကြီးကနေရာ လေးကိုငေးနေမိရင်း....

မေတ္တာတရားနဲ့ သည်းခံခြင်းတရားကို မြဲမြဲခိုင်ခဲ့ကြသူတွေ၊မြဲမြဲခိုင်နေကြသူတွေ ကိုလည်း စိတ်ထဲကတွေးလို့ လေးစားနေမိပါတော့တယ်ခင်ဗျာ....
ပြီးတော့မှ နှုတ်ကနေ ဖွဖွလေး ရေရွတ်နေမိတဲ့ စာစုလေး..မေတ္တာရှင်တွေ သည်းခံတတ်သူတွေ
တကယ်ဒီလိုပဲ ရေရွတ်ခဲ့ ကြ လား တော့ မသိ..သူတို့ရင်ထဲအထိ ၀င်သွားကြည့်ရင်တော့ ဒီလို တွေ့ ရမယ် ထင်မိပါရဲ့လေ......


ငါ့ကိုစိတ်တိုအောင် မင်းဘယ်လိုလုပ်လုပ်

စိတ်ဆင်းရဲအောင် ဘယ်လိုဖန်ဖန်
လောကဒဏ်တွေ ရိုက်ပုတ်လို့ ငါပန်းနေတယ်
ဒါပေမယ့်...မင်းအပေါ်မှာ ငါလေ ဘယ်တော့ မှ စိတ်မတို တတ်ခဲ့ဖူး....

ငါ့အကြောင်းကို မင်း လှည့်ဖျား
ကျေးဇူးတရားတွေ ကို မြေမှာနင်း
ငါ့ဘ၀ကို ခင်းပေးရခဲ့တယ်
ဒါပေမယ့်..ငါ မင်း ရဲ့ ကျေးဇူးတရားတွေ ကို အမှတ်ရနေပါတယ်......

ငါ့ အပေါ်မင်း ၀န်တို
ညိုညင်တဲ့ စိတ်နဲ့ လိုချင်တဲ့ အရိပ်တွေ မရလို့လား
စိတ်တွေ ကစားတတ်တဲ့ မင်း.. ငါ့ အတင်းကို မကောင်းပြောတယ်
ဒါပေမယ့် ..ငါ မင်း နဲ့ ဘယ်တော့မှ ဂုဏ်ပြိုင်ခြင်းအလျင်းမရှိ အရှုံးပေးနေမိပါရဲ့......

ငါ့ရှေ့မှာ မင်းအောင်မြင်မှုတွေ အရောင်တောက်
ပြောင်မြောက်လှပါလား မင်း အစွမ်းတွေ
မှန်းနေရင်း စိတ်ထဲမှာ မင်းရဲ့ ရှုံးသူကိုကြည့်တဲ့အကြည့်
ဒါပေမယ့် ..ငါ သိတယ် မင်းကိုနိုင်ဖို့ ဘယ်တော့မှ ၀ါကြွားမှာမဟုတ်ဘူး......

ငါ့စိတ်မှာ လှိုင်းမထန်ဘူး
အရိုင်းမခံဘူး မင်းအတွက်
ငြင်းခက် ကောင်း ခက်ပေလို့ ရတက်ပွေရချင်ပွေ
ဒါပေမယ့်...မလျောက်ပတ်ခြင်း မဟုတ်မှန်ခြင်းကင်းစေရမယ်..

ငါ့ အတွက် ရေအေးတစ်စက်ဟာ
ငွေကြေးရမ္မက် ကြောင့်ဆိုရင် နောက်ဆုံးတစ်စက်
ငါမလျှက်တော့ဘူး မင်းသွန်ချလိုက်ပါ
ဒါပေမယ့် ...ငါကိုယ်ကျိုး မရှာ မင်း မနာစေရဘူး....

ငါ့ ရင်ကို နာကျင်စေတဲ့စကား
ငါမြင်တယ် မင်းရဲ့ အမုန်းမီးတောက်ရဲရဲ
ဆွဲသူမရှိလဲ ငါ အကျွမ်းခံပါတယ် ငါ့နှလုံးသား
ဒါပေမယ့်..ငါ့ရင်က အမျက် မင်းအတွက် ဘယ်တော့မှ ငါမထွက်ဘူး.....

ငါ့..ဘ၀ ကျိုးကြေ မင်းနင်းခြေ ခဲ့
မင်းအတွက်တော့ အပျင်းပြေစေတယ်တဲ့
အရင်းတွေ တကယ်များလှပါတယ် ငါ့အတွက်
ဒါပေမယ့်..မင်း မှာ အပြစ်မရှိဘူး..ငါခွင့်လွှတ်တယ်......

ငါ ပေးဆပ်ခဲ့ရတာ နှစ်ပေါင်းမနည်း
အပြစ်ပေါင်းလည်း ခဏခဏ အပေးခံ
ချွေးပြန်လို့ စိတ်မော ရတာ ခဏခဏ
ဒါပေမယ့်..မင်းအတွက် ခပ်သိမ်းသောအရာ ကို ငါ့မေတ္တာက ဖုံးလွှမ်းပေးလိုက်ပါရဲ့....

ဒီလို ငါ့မေတ္တာစစ်စစ် ငါချစ်တဲ့အချစ်
အနှစ်တော့လုံးဝမမဲ့တာ ငါ့ရင်ကအသိ
ငါ့ပီတိ နဲ့ငါမြူး စိတ်ထဲက ကြည်နူးမိတယ်
ဒါပေမယ့်..
ငါ့ မေတ္တာကို ငါ ဘယ်တော့ မှ သစ္စာမဖောက်ဘူး..
ငါ့ မေတ္တာကို ငါ ဘယ်တော့ မှ မလှည့်ဖျားဘူး...
ငါ့ မေတ္တာကို ငါ ဘယ်တော့ မှ ယုံကြည်ချက်ကင်းခြင်းမရှိစေရဘူး...
ငါ့ မေတ္တာကို ငါ ဘယ်တော့ မှ အရောင်မနွမ်းစေရဘူး...
ငါ့ မေတ္တာကိုထိပါးမယ့် ဖောက်ပြန်ခြင်း သဘောတွေနဲ့ အစဉ်ကင်းလွတ်နေစေရမယ်............. ။ ။

ဒီလို မေတ္တာမျိုးတွေ သည်းခံခြင်းမျိုး တွေကို အားလုံး ဒါမှမဟုတ် တစ်ချို့တစ်လေလောက်ကို ကျွန်တော် ဒီနေ့ ဘယ်သူ့ကို ပေးခဲ့မိပါလိမ့် ၊ ဘယ်သူ့ဆီကရော ဒီလို မေတ္တာ တရား တွေ သို့မဟုတ် အဲ့ဒီ့ထဲက တစ်စိတ်တစ်ဒေသလေးနဲ့ ခွင့်လွှတ်သည်းခံခြင်းကို ဘယ်သူ့ဆီက ကျွန်တော် ရခဲ့ပါလိမ့်....လို့..ပြီးတော့ ချစ်သူတွေ..ချစ်သူတွေကြား ....သူငယ်ချင်းတွေ ကြားထဲမှာ ..မိတ်ဆွေဆိုတာတွေ .ညီအစ်ကိုမောင်နှမတွေ ကြားမှာ ..စလို့စလို့..ပြားပန်းခပ်နေတဲ့ စိတ်ကူးအတွေးတွေ လွင့်ပါးရင်း ပင်လယ်ကမ်းစပ်က နေ တဖြည်းဖြည်း နိမ့်ဆင်းကျသွားတဲ့ နေမင်းကြီးကို စိုက်ကြည့် လို့ .......ပင်လယ်ပြင် နဲ့ ကောင်းကင်ကြီးတို့ နှုတ်ဆက် ထိမိနေတယ်လို့ထင်မှတ်ရတဲ့ ဟိုး အဝေးကြီးက နေရာလေး ကို ငေးနေမိ ရင်း ....သတိထားမိတယ်.....တဖြည်းဖြည်း နဲ့ မှောင်တောင်မှောင် လာပြီပဲ..လမင်းကြီးတောင် တကျော့ ပြန်ပေါ် လာ နေ ပြီ .... ပင်လယ် ကမ်းစပ်မှာ တိုက်ခတ်တဲ့ လေနု အေး လေး တွေကလည်း ရင်ထဲကို အေးမြ သွားစေတယ်......ဆက်လက် တိုက်ခတ် နေပေးပါ လေနုအေးလေး တွေရယ် .......ကြည်နူး စရာ ကောင်းလှပါတယ်..... / /

မိတ်ဆွေများ အားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

ဆက်လက်ဖတ်ရှူရန်...

Wednesday, August 12, 2009

ခုတလော မှာ ...

ခုတလော....
တွေးနေမိတယ်
ဝေးမြေ အမိရပ် က တစ်ခန်းရပ် ဇာတ်လမ်းနဲ့
မှတ်တမ်းတွေ အမြှင်မပြတ်
ရင်ဘတ် ဆီ ၀င်မွှေနောက်
မြင်ကာဖျောက် မရ အဝေးက ပျော်စရာနေ့များ.......။

ဒါနဲ့ပဲ ...
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိလိုက်တယ်
အမှန်ရင်ခွင်အထိ သယ်မလာနဲ့တော့
ဘယ်အရာ မှ ပြန်ရောက်မလာနိုင်ဘူး
ချန်လောက်တာတွေ ချန်ထားပြီး
အမှန်တရားလေးနဲ့ တွယ်ဖက်လို့ ပစ္စုန်ပ္ပန် ကိုပဲကြည့်လို့..........။

ဒါမှပဲ...

ကျန်းမာရေး
လန်းစရာလေးတွေ ခါခါ
မနာမှာ မတွေးချင်ပေမယ့်
ပြေးမြင်လာတယ် သင်္ခါရ
မြင်ကာမှ ကျောချမ်း မမောမပန်းတော့ ခရီးဆက်ချင်ပါရဲ့လေ..........။

တစ်နေ့...တစ်နေ့....
ဖတ်ဖြစ်တဲ့စာအုပ်တွေ အပုံအထပ် ဖြစ်ချင်ပါရဲ့
အကုန်မှတ်ဖို့ အချိန်တွေ လုမရ
တယုတယ လုပ်ရင်း သေချာစု
မရေရာဘု ဘယ်တော့များ အကုန်ကြည့်ခွင့်ရလိမ့်မယ်......။

ဟိုလိုလို..ဒီလိုလို....
ရောက်ဖြစ်နေလိုက်တာ
ကျောက်အစစ် ရုပ်ကြွင်းလို မလှုပ်မရှား
အလုပ်များသလိုလို ဘာလိုလို နဲ့
စာဆိုတာ ကို အမှန်ရေး နိုင်ဖို့
အကြံတွေတွေးရင်း ကွန်ပျူတာရှေ့ ငုတ်တုတ်..........။

ဒါပေမယ့်...
ရေးဖြစ်နေတာ ဘာလဲလို့
ငါစွဲ မထားပဲကိုယ့်ကိုယ်မေးလိုက်တော့
အရေးစိုက်လို့ ပြန်ဖြေတယ်
မဟန်ပေ ဘူး မင်း အများကြီး လိုသေးတယ်လို့..........။

မကြာ..မကြာ...
နားထောင်ဖြစ်ရင်း
မကြားယောင် ဆောင်လည်း မတတ်သာ
ခပ်ခွာ ခပ်ခွာ နေလိုသော်လည်း သူ့စကား
အမှုမထားရင် ဘာဖြစ်မလဲ ဆိုတွေးမိ
ပြေးကြည့်မှ တစ်ယောက်တည်းရှိတဲ့ မန်နေဂျာ့ မိန့်ခွန်းများ....ခါး..ခါး....။

စိတ်ပြေ...လက်ပြေ...
ရွတ်နေမိတဲ့ ကဗျာစုံ ရင်ထဲမှာ
အစဉ်စွဲပါတယ် လို့ ခံစားရသမျှ
ပြန်ကြားလို့ စိတ်ထဲတွေး
အတိတ်ထဲ အဝေး က ငယ်သံစဉ်တွေ.........။

ဒီလိုပေါ့...
ဖြစ်ချင်နေတာ တွေ က ပျားပမ်းခတ်
မနားတမ်းကပ်လို့ စိတ်အစဉ်
အိပ်ချင်တာတောင် ကောင်းကောင်းမအိပ်ရဘူး
စိတ်ကတွေးလို့ ဖြတ်ပစ်ဦးမယ်..မင်း..ရပ်တန်းကရပ်..လို့.......။

ဟိုနဲနဲ...ဒီနဲနဲ...
စားဖြစ် နေတတ် လိုက်တာ
ရေငတ်ခိုက်မှာ ရေတွင်းထဲကျ
မသေမချင်းပဲ မပြတ်ဖြည့်
အမှတ်တမဲ့ လေးတောင် မမေ့မိဘူး......အာဟာရလေ.....။

တောင်တွေး...မြောက်တွေး.....
သနားနေမိတယ် ဒုက္ခတွေကြားက ဒုက္ခများ
ဟုတ်ပါ့မလားလို့ ပဟေဋိ
အဖြေညှိရင်း သေချာတွေးမှ
မရေမရာလေးနဲ့ ဒွိဟ တွေကြား..သတ္တ၀ါအားလုံး..သနားစရာများဖြစ်နေသလား.......။

အော်...
လွမ်းနေမိ လာသေးတယ်
ငါဝေးတဲ့ ငါ့ရဲ့အိမ် အပြင်မှာ
ဘ၀မဲ့တိမ်အဆင် လို များလွင့်နေရသလားလို့သတိထားမိမှ
အသိတရားက ပြောလာတယ်..အိမ်ဝေးသူတွေ က အများကြီးပါပဲလို့.......။

အမြဲ..အမြဲ.....
မေ့လျော့အောင် လုပ်နေမိတယ်
အရှုပ်တွေ ဆိုတာကို မသိခဲ့စဉ်က
မထိမဲ့မြင် ပြု လို့ အမှုမဲ့
အခုတလှည့် ပြန်ခံရရင်မကောင်းဘူးသိတဲ့....အမှားများ........။.


ရံဖန်..ရံခါ.....
ခါးခါးသက်သက် ဖြစ်နေမိတာက
အချစ်တွေပါလို့ မပြတ်ပြော
မရပ်မမောပဲ ကဗျာတွေ တသီစပ်လို့
အရီရပ်တဲ့အချိန်မှ အမုန်းမျက်နှာ အရောင်ပြောင်းသွားတတ်တဲ့ သူ တွေရဲ့ နှုတ်စကား.....။

အမြဲ.လိုလို.....
တမ်းတနေမိတာလား
မှန်းဆနေကြည့်တာလား ကိုယ်တိုင် မသဲကွဲ
အမြဲပဲ အလိုလို ခေါင်းထဲ ၀င်ဝင်နှောက်တယ်
ပြင်ဆောက်လို့ ရပါတော့မလားဆိုတဲ့ နေရာတစ်ခု အကြောင်း.....။

နောက်တော့.နောက်တော့....
ကြိတ်ပြီးချီးကျူး ပြီးရင်း ချီးကျူး နေမိပါတယ်
မညည်းဘူး တကယ် ခရီးကကြမ်း လူကပန်း လည်း
ယူကြစမ်းပါ ငါ့ဘ၀ကို လို့ ပေးရင်း အနွမ်းခံ
နန်းမစံ ရ လည်း အပြုံးမပျက်တတ်တဲ့ စိတ်အလှပိုင်ရှင်များ.......။

သို့သော်.သို့သော်....
မုန်းတီးနေမိတယ်
စိတ်ပျက်နေမိတယ်
ကြိတ်ပြီးအထင်သေးနေမိတယ်
အမြင်လေးနဲ့ အပြောမှာ ဒီလိုကောင် မဟုတ်ပါဘူးတဲ့
လုပ်တာတွေ တကယ်ကောင်းလှပါတယ်ဆိုတဲ့
အကြောင်းကအပိုင် တကယ်တွက်တဲ့ ရမ္မက်ကြီး အခွင့်အရေးသမားတွေ......။

မသွားဘူး...မသွားဘူး....
ဆန္ဒမရှိတဲ့ ပရ၀ုဏ်အသိုက်ထဲ
မိုက်မဲလို့ အဆင့်မရှိဘူး သမုတ်ချင်သမုတ်
ဟုတ်ရင်လည်းဟုတ် မတတ်သာ ၀င်ကာမသွားဘူး
အမြင်မှာ မာနတွေနဲ့ဂုဏ်တုဂုဏ်ပြိုင် ..ဟန်ဆောင်ရပ်ဝန်းထဲ.....။


တကယ်ပါ.....
ဆန္ဒရှိနေတဲ့ အကြောင်းအချင်း
အပေါင်းအသင်းများကိုပြောမိတော့ ရယ်ကြတယ်
ဘယ်ဘ၀ က ၀ဋ်ကြွေးတွေလဲ တော့ သေချာမသိဘူး
မရေရာပါဘိကွာ လို့ ပြောပြောသွားတတ်ကြတော့..နေချင်တဲ့ မြို့ကလေးတစ်မြို့အကြောင်းကို မေ့ထားမိတယ်...။

စွဲလန်းနေမိတယ်.....
လိုအပ်နေတယ်......
တောင်းနေမိတယ် မျှော်လင့်ချက် ဆုတွေအား
ခုနေများတော့ ပြည့်ကောင်းမှပြည့်မယ်
ရွေ့ပြောင်းကြ တဲ့ အချိန်တွေ တကယ်မနားမရပ်တဲ့
ချားရဟတ် သံသရာမှာ အမှန်တရားဆိုတာတွေ တစ်နေ့ အရာင်တောက်လာမယ်.....။

ဒီလို..ဒီလို....
အော်ဟစ်ရင်း ထပ်တလဲလဲ
မရပ်ပဲ ဆက်ကာဆက်ကာ
တစ်သက်မှာ တစ်ခါပြန်ကြုံ ချင်ပါရဲ့
မဟာရန်ကုန် မှာ လပြန်သာတဲ့နေ့............။

နောက်ဆုံးတော့.....
ဝန်ခံချင်တာလေးကို အပိတ်ထား
စိတ်ကစားတယ်ဆိုတာ မျောက်တစ်သင်းလိုပဲ တဲ့ ဘုရားဟော
တအားလည်းမောနေပါပြီ တရားမရှိပေ လို့
ကစားမိနေတဲ့ စိတ်ကိုတော့ နိုင်အောင်ထိမ်းရင်း.....ယိမ်းနေဆဲပါလို့.......။.......။

...........ညီမ လတ်ဇော် နဲ့ ညီမ ငှက်ကလေး တို့ ကျေနပ်နိုင်ပါစေ......ပြီးတော့.....

မိတ်ဆွေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com


ဆက်လက်ဖတ်ရှူရန်...