Thursday, August 27, 2009

နေမ၀င်မီ

ဒီညနေ နေ၀င်ချိန်လေးရဲ့ ဆည်းဆာအလှတရားကို ပင်လယ်ကမ်းစပ် တစ်နေရာကနေ ခံစားနေမိတယ်။တစ်ချက် တစ်ချက် ငွေရောင်လှိုင်းဖွေးဖွေး တွေက တ၀ုန်းဝုန်းနဲ့ သဲသောင်ပြင်ပေါ်ကို အရောက် ပြေးပြေး တက်လာနေကြတာ ညနေ ဆည်းဆာ ချိန်ဆိုတော့ တော်တော်လေး ပနာသင့်လိုက်ပါဘိ။ဒီလိုကြည့်နေရင်းကနေပဲ နေလုံးနီနီကြီးကနေ တဖြည်းဖြည်း လိမ္မော်ရောင် ဖျော့လို့ တအိအိနဲ့ ဆင်းသွား လေရဲ့...မှောင်စပျိုးပြီ..နေမင်းရဲ့ အလှည့်ပြီးတော့ ညခင်းမှာ လမင်းဟာ တကျော့ပြန် အရောင်တောက်လာဦးမှာပဲ..ဒီလိုကြည့်နေရင်းကြည့်နေရင်းကနေ အတွေးလေးတစ်ခုက ခေါင်းထဲကို ဖြတ်ခနဲဝင်လာတယ်....

မေတ္တာစစ် မေတ္တာမှန် နဲ့ ခွင့်လွှတ်သည်းခံစိတ် တဲ့....ဘယ်လို ပတ်သက်နေလို့ ဒီလို သွားဆက်စပ် နေမိပါလိမ့်လို့ ကိုယ့်ကိုကိုယ်အကြိမ်ကြိမ်ပြန်မေး ကြည့်တော့...ဟုတ်တယ်...နေမင်းကြီးနဲ့ လမင်းကြီး ကို မေတ္တာစစ် ၊ မေတ္တာမှန် ကို ပေးစွမ်းနိုင်သူတွေ လို့စိတ်ကူးပြီး တင်စား မြင်ယောင်ကြည့်မိတယ်..သူတို့က သူတို့ အလင်း သူတို့စွမ်းအင်ကို အယုတ်အလတ် အမြတ်မရွေး သာတူညီမျှ တတ်စွမ်းသလောက် အကျိုးပြု ပေးနိုင်တယ်....နေမင်းရဲ့အစွမ်းကြောင့် နွေးထွေး မှု ရလို့ ကျေးဇူးတင်ဝမ်းမြောက်သူတွေ ဒါမှမဟုတ် ဒင်းကြောင့် ငါတို့ အပူဒဏ်ကို တော်တော်ခံနေရတယ် ဆိုသူတွေ စလို့ ဘယ်လို ဝေဖန်မှု တုန့်ပြန်မှုတွေ ရှိရှိ သူ့ဝတ္တရား သူမပျက်ဆက်လက်ချီတက်နေခဲ့တာ နှစ်သန်းပေါင်းများစွာရှိခဲ့ပြီ ဆိုပဲ....

ညရောက်မှာကြောက်တယ်၊ညကိုမုန်းတယ်...လ ကို မုန်းတယ်ဆိုဆို ၊ လရိပ်ရောင်ဟာ အေးမြတယ် လို့ ပြောပြော ဖိုးရွှေလ ချော ကလည်း သာမြဲ သာလျှက် သူချီတက်နေလေရဲ့.....

ဒါဆိုရင် မေတ္တာစစ်စစ် ထားတတ်ကြတဲ့ မေတ္တာတရားကြီးမားသူတွေကရော ဘယ်လို စိတ်ထားမျိုးတွေနဲ့ ဘ၀ကို ဖြတ်သန်းနေကြပါလိမ့်...လို့ ...တွေးရင်းတွေးရင်း...တွေးနေရင်း....ဒီလို မေတ္တာတရားနဲ့ပတ်သက်တာလေးက စိတ်ကူးထဲကို ၀င်ရောက်လာတယ်...အင်မတန်မှ မွန်မြတ်သန့်စင်တဲ့ မေတ္တာတွေပါ.သည်းခံခြင်းတွေပါ..ဘာသာတိုင်းမှာ ကိုးကွယ်ရာ ဘုရားသခင်အပေါင်းတို့ နဲ့ တကယ့် သူတော်စင် အပေါင်းတွေမှာ ကတော့ ဒီလို မေတ္တာတရား မျိုးကို ရင်ထဲမှာ အစဉ် ပွါးများကိမ်းဝပ် နေကြပါတယ်။နောက် မြင့်မိုရ်တောင်မက ကြီးမားတဲ့ ဂရုဏာများနဲ့ ကျေးဇူးရှင် မိဘတွေ တော်တော်များများ မှာလဲ ရှိနေတတ်ကြပါတယ်.....

ဒီလို မေတ္တာမျိုးတွေ သည်းခံခြင်းမျိုးတွေ အားလုံး ဒါမှမဟုတ် တစ်ချို့တစ်လေ လောက်ကို ကျွန်တော် ဒီနေ့ ဘယ်သူ့ကို ပေးခဲ့မိပါလိမ့် ၊ ဘယ်သူ့ဆီကရော ဒီလို မေတ္တာ တရား တွေ သို့မဟုတ် အဲ့ဒီ့ထဲက တစ်စိတ်တစ်ဒေသလေးနဲ့ ခွင့်လွှတ်သည်းခံခြင်းကို ဘယ်သူ့ဆီက ကျွန်တော်ရခဲ့ပါလိမ့် လို့ ..ပြီးတော့ ချစ်သူတွေ..ချစ်သူတွေကြား ....သူငယ်ချင်းတွေ ကြားထဲမှာ ..မိတ်ဆွေ ဆိုတာတွေ....ညီအစ်ကိုမောင်နှမတွေကြားမှာ.....စလို့စလို့..ပြားပန်းခပ်နေတဲ့ စိတ်ကူးအတွေးတွေ လွင့်ပါးရင်း ပင်လယ် ကမ်းစပ် က နေ တဖြည်းဖြည်း နိမ့်ဆင်းကျသွားတဲ့ နေမင်းကြီးကိုစိုက်ကြည့်လို့.......ပင်လယ်ပြင် နဲ့ ကောင်းကင်ကြီးတို့ နှုတ်ဆက်ထိမိ နေတယ်လို့ထင်မှတ်ရတဲ့ ဟိုး အဝေးကြီးကနေရာ လေးကိုငေးနေမိရင်း....

မေတ္တာတရားနဲ့ သည်းခံခြင်းတရားကို မြဲမြဲခိုင်ခဲ့ကြသူတွေ၊မြဲမြဲခိုင်နေကြသူတွေ ကိုလည်း စိတ်ထဲကတွေးလို့ လေးစားနေမိပါတော့တယ်ခင်ဗျာ....
ပြီးတော့မှ နှုတ်ကနေ ဖွဖွလေး ရေရွတ်နေမိတဲ့ စာစုလေး..မေတ္တာရှင်တွေ သည်းခံတတ်သူတွေ
တကယ်ဒီလိုပဲ ရေရွတ်ခဲ့ ကြ လား တော့ မသိ..သူတို့ရင်ထဲအထိ ၀င်သွားကြည့်ရင်တော့ ဒီလို တွေ့ ရမယ် ထင်မိပါရဲ့လေ......


ငါ့ကိုစိတ်တိုအောင် မင်းဘယ်လိုလုပ်လုပ်

စိတ်ဆင်းရဲအောင် ဘယ်လိုဖန်ဖန်
လောကဒဏ်တွေ ရိုက်ပုတ်လို့ ငါပန်းနေတယ်
ဒါပေမယ့်...မင်းအပေါ်မှာ ငါလေ ဘယ်တော့ မှ စိတ်မတို တတ်ခဲ့ဖူး....

ငါ့အကြောင်းကို မင်း လှည့်ဖျား
ကျေးဇူးတရားတွေ ကို မြေမှာနင်း
ငါ့ဘ၀ကို ခင်းပေးရခဲ့တယ်
ဒါပေမယ့်..ငါ မင်း ရဲ့ ကျေးဇူးတရားတွေ ကို အမှတ်ရနေပါတယ်......

ငါ့ အပေါ်မင်း ၀န်တို
ညိုညင်တဲ့ စိတ်နဲ့ လိုချင်တဲ့ အရိပ်တွေ မရလို့လား
စိတ်တွေ ကစားတတ်တဲ့ မင်း.. ငါ့ အတင်းကို မကောင်းပြောတယ်
ဒါပေမယ့် ..ငါ မင်း နဲ့ ဘယ်တော့မှ ဂုဏ်ပြိုင်ခြင်းအလျင်းမရှိ အရှုံးပေးနေမိပါရဲ့......

ငါ့ရှေ့မှာ မင်းအောင်မြင်မှုတွေ အရောင်တောက်
ပြောင်မြောက်လှပါလား မင်း အစွမ်းတွေ
မှန်းနေရင်း စိတ်ထဲမှာ မင်းရဲ့ ရှုံးသူကိုကြည့်တဲ့အကြည့်
ဒါပေမယ့် ..ငါ သိတယ် မင်းကိုနိုင်ဖို့ ဘယ်တော့မှ ၀ါကြွားမှာမဟုတ်ဘူး......

ငါ့စိတ်မှာ လှိုင်းမထန်ဘူး
အရိုင်းမခံဘူး မင်းအတွက်
ငြင်းခက် ကောင်း ခက်ပေလို့ ရတက်ပွေရချင်ပွေ
ဒါပေမယ့်...မလျောက်ပတ်ခြင်း မဟုတ်မှန်ခြင်းကင်းစေရမယ်..

ငါ့ အတွက် ရေအေးတစ်စက်ဟာ
ငွေကြေးရမ္မက် ကြောင့်ဆိုရင် နောက်ဆုံးတစ်စက်
ငါမလျှက်တော့ဘူး မင်းသွန်ချလိုက်ပါ
ဒါပေမယ့် ...ငါကိုယ်ကျိုး မရှာ မင်း မနာစေရဘူး....

ငါ့ ရင်ကို နာကျင်စေတဲ့စကား
ငါမြင်တယ် မင်းရဲ့ အမုန်းမီးတောက်ရဲရဲ
ဆွဲသူမရှိလဲ ငါ အကျွမ်းခံပါတယ် ငါ့နှလုံးသား
ဒါပေမယ့်..ငါ့ရင်က အမျက် မင်းအတွက် ဘယ်တော့မှ ငါမထွက်ဘူး.....

ငါ့..ဘ၀ ကျိုးကြေ မင်းနင်းခြေ ခဲ့
မင်းအတွက်တော့ အပျင်းပြေစေတယ်တဲ့
အရင်းတွေ တကယ်များလှပါတယ် ငါ့အတွက်
ဒါပေမယ့်..မင်း မှာ အပြစ်မရှိဘူး..ငါခွင့်လွှတ်တယ်......

ငါ ပေးဆပ်ခဲ့ရတာ နှစ်ပေါင်းမနည်း
အပြစ်ပေါင်းလည်း ခဏခဏ အပေးခံ
ချွေးပြန်လို့ စိတ်မော ရတာ ခဏခဏ
ဒါပေမယ့်..မင်းအတွက် ခပ်သိမ်းသောအရာ ကို ငါ့မေတ္တာက ဖုံးလွှမ်းပေးလိုက်ပါရဲ့....

ဒီလို ငါ့မေတ္တာစစ်စစ် ငါချစ်တဲ့အချစ်
အနှစ်တော့လုံးဝမမဲ့တာ ငါ့ရင်ကအသိ
ငါ့ပီတိ နဲ့ငါမြူး စိတ်ထဲက ကြည်နူးမိတယ်
ဒါပေမယ့်..
ငါ့ မေတ္တာကို ငါ ဘယ်တော့ မှ သစ္စာမဖောက်ဘူး..
ငါ့ မေတ္တာကို ငါ ဘယ်တော့ မှ မလှည့်ဖျားဘူး...
ငါ့ မေတ္တာကို ငါ ဘယ်တော့ မှ ယုံကြည်ချက်ကင်းခြင်းမရှိစေရဘူး...
ငါ့ မေတ္တာကို ငါ ဘယ်တော့ မှ အရောင်မနွမ်းစေရဘူး...
ငါ့ မေတ္တာကိုထိပါးမယ့် ဖောက်ပြန်ခြင်း သဘောတွေနဲ့ အစဉ်ကင်းလွတ်နေစေရမယ်............. ။ ။

ဒီလို မေတ္တာမျိုးတွေ သည်းခံခြင်းမျိုး တွေကို အားလုံး ဒါမှမဟုတ် တစ်ချို့တစ်လေလောက်ကို ကျွန်တော် ဒီနေ့ ဘယ်သူ့ကို ပေးခဲ့မိပါလိမ့် ၊ ဘယ်သူ့ဆီကရော ဒီလို မေတ္တာ တရား တွေ သို့မဟုတ် အဲ့ဒီ့ထဲက တစ်စိတ်တစ်ဒေသလေးနဲ့ ခွင့်လွှတ်သည်းခံခြင်းကို ဘယ်သူ့ဆီက ကျွန်တော် ရခဲ့ပါလိမ့်....လို့..ပြီးတော့ ချစ်သူတွေ..ချစ်သူတွေကြား ....သူငယ်ချင်းတွေ ကြားထဲမှာ ..မိတ်ဆွေဆိုတာတွေ .ညီအစ်ကိုမောင်နှမတွေ ကြားမှာ ..စလို့စလို့..ပြားပန်းခပ်နေတဲ့ စိတ်ကူးအတွေးတွေ လွင့်ပါးရင်း ပင်လယ်ကမ်းစပ်က နေ တဖြည်းဖြည်း နိမ့်ဆင်းကျသွားတဲ့ နေမင်းကြီးကို စိုက်ကြည့် လို့ .......ပင်လယ်ပြင် နဲ့ ကောင်းကင်ကြီးတို့ နှုတ်ဆက် ထိမိနေတယ်လို့ထင်မှတ်ရတဲ့ ဟိုး အဝေးကြီးက နေရာလေး ကို ငေးနေမိ ရင်း ....သတိထားမိတယ်.....တဖြည်းဖြည်း နဲ့ မှောင်တောင်မှောင် လာပြီပဲ..လမင်းကြီးတောင် တကျော့ ပြန်ပေါ် လာ နေ ပြီ .... ပင်လယ် ကမ်းစပ်မှာ တိုက်ခတ်တဲ့ လေနု အေး လေး တွေကလည်း ရင်ထဲကို အေးမြ သွားစေတယ်......ဆက်လက် တိုက်ခတ် နေပေးပါ လေနုအေးလေး တွေရယ် .......ကြည်နူး စရာ ကောင်းလှပါတယ်..... / /

မိတ်ဆွေများ အားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

ဆက်လက်ဖတ်ရှူရန်...

Wednesday, August 12, 2009

ခုတလော မှာ ...

ခုတလော....
တွေးနေမိတယ်
ဝေးမြေ အမိရပ် က တစ်ခန်းရပ် ဇာတ်လမ်းနဲ့
မှတ်တမ်းတွေ အမြှင်မပြတ်
ရင်ဘတ် ဆီ ၀င်မွှေနောက်
မြင်ကာဖျောက် မရ အဝေးက ပျော်စရာနေ့များ.......။

ဒါနဲ့ပဲ ...
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိလိုက်တယ်
အမှန်ရင်ခွင်အထိ သယ်မလာနဲ့တော့
ဘယ်အရာ မှ ပြန်ရောက်မလာနိုင်ဘူး
ချန်လောက်တာတွေ ချန်ထားပြီး
အမှန်တရားလေးနဲ့ တွယ်ဖက်လို့ ပစ္စုန်ပ္ပန် ကိုပဲကြည့်လို့..........။

ဒါမှပဲ...

ကျန်းမာရေး
လန်းစရာလေးတွေ ခါခါ
မနာမှာ မတွေးချင်ပေမယ့်
ပြေးမြင်လာတယ် သင်္ခါရ
မြင်ကာမှ ကျောချမ်း မမောမပန်းတော့ ခရီးဆက်ချင်ပါရဲ့လေ..........။

တစ်နေ့...တစ်နေ့....
ဖတ်ဖြစ်တဲ့စာအုပ်တွေ အပုံအထပ် ဖြစ်ချင်ပါရဲ့
အကုန်မှတ်ဖို့ အချိန်တွေ လုမရ
တယုတယ လုပ်ရင်း သေချာစု
မရေရာဘု ဘယ်တော့များ အကုန်ကြည့်ခွင့်ရလိမ့်မယ်......။

ဟိုလိုလို..ဒီလိုလို....
ရောက်ဖြစ်နေလိုက်တာ
ကျောက်အစစ် ရုပ်ကြွင်းလို မလှုပ်မရှား
အလုပ်များသလိုလို ဘာလိုလို နဲ့
စာဆိုတာ ကို အမှန်ရေး နိုင်ဖို့
အကြံတွေတွေးရင်း ကွန်ပျူတာရှေ့ ငုတ်တုတ်..........။

ဒါပေမယ့်...
ရေးဖြစ်နေတာ ဘာလဲလို့
ငါစွဲ မထားပဲကိုယ့်ကိုယ်မေးလိုက်တော့
အရေးစိုက်လို့ ပြန်ဖြေတယ်
မဟန်ပေ ဘူး မင်း အများကြီး လိုသေးတယ်လို့..........။

မကြာ..မကြာ...
နားထောင်ဖြစ်ရင်း
မကြားယောင် ဆောင်လည်း မတတ်သာ
ခပ်ခွာ ခပ်ခွာ နေလိုသော်လည်း သူ့စကား
အမှုမထားရင် ဘာဖြစ်မလဲ ဆိုတွေးမိ
ပြေးကြည့်မှ တစ်ယောက်တည်းရှိတဲ့ မန်နေဂျာ့ မိန့်ခွန်းများ....ခါး..ခါး....။

စိတ်ပြေ...လက်ပြေ...
ရွတ်နေမိတဲ့ ကဗျာစုံ ရင်ထဲမှာ
အစဉ်စွဲပါတယ် လို့ ခံစားရသမျှ
ပြန်ကြားလို့ စိတ်ထဲတွေး
အတိတ်ထဲ အဝေး က ငယ်သံစဉ်တွေ.........။

ဒီလိုပေါ့...
ဖြစ်ချင်နေတာ တွေ က ပျားပမ်းခတ်
မနားတမ်းကပ်လို့ စိတ်အစဉ်
အိပ်ချင်တာတောင် ကောင်းကောင်းမအိပ်ရဘူး
စိတ်ကတွေးလို့ ဖြတ်ပစ်ဦးမယ်..မင်း..ရပ်တန်းကရပ်..လို့.......။

ဟိုနဲနဲ...ဒီနဲနဲ...
စားဖြစ် နေတတ် လိုက်တာ
ရေငတ်ခိုက်မှာ ရေတွင်းထဲကျ
မသေမချင်းပဲ မပြတ်ဖြည့်
အမှတ်တမဲ့ လေးတောင် မမေ့မိဘူး......အာဟာရလေ.....။

တောင်တွေး...မြောက်တွေး.....
သနားနေမိတယ် ဒုက္ခတွေကြားက ဒုက္ခများ
ဟုတ်ပါ့မလားလို့ ပဟေဋိ
အဖြေညှိရင်း သေချာတွေးမှ
မရေမရာလေးနဲ့ ဒွိဟ တွေကြား..သတ္တ၀ါအားလုံး..သနားစရာများဖြစ်နေသလား.......။

အော်...
လွမ်းနေမိ လာသေးတယ်
ငါဝေးတဲ့ ငါ့ရဲ့အိမ် အပြင်မှာ
ဘ၀မဲ့တိမ်အဆင် လို များလွင့်နေရသလားလို့သတိထားမိမှ
အသိတရားက ပြောလာတယ်..အိမ်ဝေးသူတွေ က အများကြီးပါပဲလို့.......။

အမြဲ..အမြဲ.....
မေ့လျော့အောင် လုပ်နေမိတယ်
အရှုပ်တွေ ဆိုတာကို မသိခဲ့စဉ်က
မထိမဲ့မြင် ပြု လို့ အမှုမဲ့
အခုတလှည့် ပြန်ခံရရင်မကောင်းဘူးသိတဲ့....အမှားများ........။.


ရံဖန်..ရံခါ.....
ခါးခါးသက်သက် ဖြစ်နေမိတာက
အချစ်တွေပါလို့ မပြတ်ပြော
မရပ်မမောပဲ ကဗျာတွေ တသီစပ်လို့
အရီရပ်တဲ့အချိန်မှ အမုန်းမျက်နှာ အရောင်ပြောင်းသွားတတ်တဲ့ သူ တွေရဲ့ နှုတ်စကား.....။

အမြဲ.လိုလို.....
တမ်းတနေမိတာလား
မှန်းဆနေကြည့်တာလား ကိုယ်တိုင် မသဲကွဲ
အမြဲပဲ အလိုလို ခေါင်းထဲ ၀င်ဝင်နှောက်တယ်
ပြင်ဆောက်လို့ ရပါတော့မလားဆိုတဲ့ နေရာတစ်ခု အကြောင်း.....။

နောက်တော့.နောက်တော့....
ကြိတ်ပြီးချီးကျူး ပြီးရင်း ချီးကျူး နေမိပါတယ်
မညည်းဘူး တကယ် ခရီးကကြမ်း လူကပန်း လည်း
ယူကြစမ်းပါ ငါ့ဘ၀ကို လို့ ပေးရင်း အနွမ်းခံ
နန်းမစံ ရ လည်း အပြုံးမပျက်တတ်တဲ့ စိတ်အလှပိုင်ရှင်များ.......။

သို့သော်.သို့သော်....
မုန်းတီးနေမိတယ်
စိတ်ပျက်နေမိတယ်
ကြိတ်ပြီးအထင်သေးနေမိတယ်
အမြင်လေးနဲ့ အပြောမှာ ဒီလိုကောင် မဟုတ်ပါဘူးတဲ့
လုပ်တာတွေ တကယ်ကောင်းလှပါတယ်ဆိုတဲ့
အကြောင်းကအပိုင် တကယ်တွက်တဲ့ ရမ္မက်ကြီး အခွင့်အရေးသမားတွေ......။

မသွားဘူး...မသွားဘူး....
ဆန္ဒမရှိတဲ့ ပရ၀ုဏ်အသိုက်ထဲ
မိုက်မဲလို့ အဆင့်မရှိဘူး သမုတ်ချင်သမုတ်
ဟုတ်ရင်လည်းဟုတ် မတတ်သာ ၀င်ကာမသွားဘူး
အမြင်မှာ မာနတွေနဲ့ဂုဏ်တုဂုဏ်ပြိုင် ..ဟန်ဆောင်ရပ်ဝန်းထဲ.....။


တကယ်ပါ.....
ဆန္ဒရှိနေတဲ့ အကြောင်းအချင်း
အပေါင်းအသင်းများကိုပြောမိတော့ ရယ်ကြတယ်
ဘယ်ဘ၀ က ၀ဋ်ကြွေးတွေလဲ တော့ သေချာမသိဘူး
မရေရာပါဘိကွာ လို့ ပြောပြောသွားတတ်ကြတော့..နေချင်တဲ့ မြို့ကလေးတစ်မြို့အကြောင်းကို မေ့ထားမိတယ်...။

စွဲလန်းနေမိတယ်.....
လိုအပ်နေတယ်......
တောင်းနေမိတယ် မျှော်လင့်ချက် ဆုတွေအား
ခုနေများတော့ ပြည့်ကောင်းမှပြည့်မယ်
ရွေ့ပြောင်းကြ တဲ့ အချိန်တွေ တကယ်မနားမရပ်တဲ့
ချားရဟတ် သံသရာမှာ အမှန်တရားဆိုတာတွေ တစ်နေ့ အရာင်တောက်လာမယ်.....။

ဒီလို..ဒီလို....
အော်ဟစ်ရင်း ထပ်တလဲလဲ
မရပ်ပဲ ဆက်ကာဆက်ကာ
တစ်သက်မှာ တစ်ခါပြန်ကြုံ ချင်ပါရဲ့
မဟာရန်ကုန် မှာ လပြန်သာတဲ့နေ့............။

နောက်ဆုံးတော့.....
ဝန်ခံချင်တာလေးကို အပိတ်ထား
စိတ်ကစားတယ်ဆိုတာ မျောက်တစ်သင်းလိုပဲ တဲ့ ဘုရားဟော
တအားလည်းမောနေပါပြီ တရားမရှိပေ လို့
ကစားမိနေတဲ့ စိတ်ကိုတော့ နိုင်အောင်ထိမ်းရင်း.....ယိမ်းနေဆဲပါလို့.......။.......။

...........ညီမ လတ်ဇော် နဲ့ ညီမ ငှက်ကလေး တို့ ကျေနပ်နိုင်ပါစေ......ပြီးတော့.....

မိတ်ဆွေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com


ဆက်လက်ဖတ်ရှူရန်...

Thursday, August 6, 2009

ယပ်တောင်လေး က ပြောနေတယ်

ယပ်တောင်တဲ့ ဒီနေ့ခေတ်မှာတော့ ပန်ကာတွေ လေအေးပေးစက်တွေ ကြားထဲမှာ သိပ်အသုံးမ၀င်တော့ပါဘူး.......

ဒါပေမယ့် ဟိုးတစ်ချိန် ယပ်တောင်လေးတွေကို လက်ထဲမှာကိုင်လို့ ပွဲသွားလမ်းသွား အတူတူဆောင် သွားတတ်ကြတဲ့ ခေတ်မှာ အမျိုးသမီးပျိုတွေ အများစု ဟာ အဲ့ဒီ့ ခေါက်ယပ်တောင် ဒီဇိုင်းလှလှ လေးတွေကို ဖက်ရှင် တစ်ခုအနေနဲ့ အမြတ်တနိုး တန်ဖိုးထား ဆောင်ထားတတ်ကြတာကို သတိထားမိခဲ့ပါတယ်...


အဲ..အထူးသဖြင့် အနောက်နိုင်ငံတွေတော်တော်များများမှာ အဲ့ဒီ့ခေတ်က ခေါက် ယပ်တောင်လေးတွေကို ဘာလို့ အဲ့သလို ကိုင်လေ့ ရှိကြပါလိမ့် ဆိုပြီး လေ့လာကြည့်တော့ မှ အဲ့ဒီ့ ယပ်တောင်လေးတွေကလည်း အထာလေးတွေရှိ တာကို တွေ့လိုက် ရပါတယ်.. အဲ့ဒီ့အချိန်မှာ ယပ်တောင်ကို အမျိုးသမီးပျိုလေး များဟာ ပွဲလမ်းတွေ ပါတီတွေ မိတ်ဆုံစားပွဲ စတာစတာ တွေမှာ လေအေးဓါတ်ရရုံ အတွက် ယပ်ခပ်ရန်သက်သက် သာ သုံးကြတယ်မဟုတ်ပဲ ကိုလူပျိုတို့ကို မေတ္တာ သင်္ကေတ အချက်ပြ ရန်အတွက်လည်း သုံးကြပါသတဲ့လေ..ဘယ်လိုပုံစံနဲ့ ယပ်တောင်ကို မတူညီတဲ့ မျက်နှာပေးလေးတွေနဲ့ ဘယ်လို ကိုင်ပြလိုက်ရင်တော့ ကိုယ်ရွှေချော တို့ကလည်း အလိုလို သူ့ခေတ်နဲ့သူ နားလည်ကြပါသတဲ့...အချက်ပေး သင်္ကေတ (ခုခေတ်တော့ အထာလေးတွေခေါ်မှာ ပေါ့နော်) လေးတွေက ဒီလိုပါတဲ့....


ယပ်တောင်လေးကို နှုတ်ခမ်းလေးမှာ ကပ်လို့ ပြုံးပြုံးလေးကြည့်နေရင်တော့ " I Don't Trust You" တဲ့


-ယပ်တောင်ကို ဘယ်ဖက်လက်ကလေးနဲ့ အသာခတ် ပြီး ပြနေပြီဆိုရင်တော့ ကိုရွှေချောကို သူမက " Don't flirt with that woman" ဆိုပြီး ပြောနေတာ ပါတဲ့..

-သူမလက်ကလေးတွေက ယပ်တောင်လေးရဲ့ အရိုးတိုင်လေးတွေပေါ်မှာ ပြေးလွှားစော့ ကစားပြနေရင် " I want to talk to you " တဲ့ အခြေအနေ ကောင်းလေးပါပဲနော..


-သူ့ကိုသူ ဖြေးဖြေးလေးယပ်ခတ်ပြနေတယ်ဆိုရင်တော့ ကိုလူချောရေ "Don't waste your time,I don't care about you" ..ဟော...အခြေအနေမဟန်ဘူး..

-ဒါပေမယ့် ခပ်မြန်မြန်လေး သူမကိုယ်သူမ ယပ်ခပ်ပြနေတာကတော့.." I Love You So Much " တဲ့ .. မြန်မြန် ခပ်ပါစေ လို့ တောင် ဆုတောင်းရမယ့်ပုံပဲ...

-အဲ..အဲ့ဒီ့ယပ်တောင်လေးကိုစုပြီး သူမနဖူးစပ်က ဆံပင်လေးတွေကို ပင့်တင်ပြနေရင်တော့ " Don't forget me" တဲ့. .ပြန်သာ သွားလိုက် သူမဆီကို....ကိုလူချောရေ..ဆက်ဆက်ပေါ့..

-ယပ်တောင်လေးကိုစု ဘယ်ညာပြောင်း ဟိုဖက်ဒီဖက် ဟိုလက်ကနေဒီလက် ပစ်ပြီးကစား နေရင်တော့ ကိုယ်လူချောက မဟုတ်တာ လုပ်နေပြီ.." I see that you are looking at another woman " တဲ့ .. သတိထားတော့နော်..ပြောနေပြီ..

-ယပ်တောက်ကိုခေါက်ပိတ်လို့ ဘယ်ဖက်လက်မှာ ချိတ်ဆွဲပြထားတယ်ဆိုတာက.." I am engaged"တဲ့..သွားမကပ်နဲ့တော့..

-ယပ်တောင်ကို ခေါက်ပိတ်လို့ ညာဖက်လက်မှာ ချိတ်ဆွဲပြထားတယ်ဆိုတာက ." I want to be engaged " ပါတဲ့............ ဘယ်သူနဲ့လည်း မသိဘူးနော်..း)

-ယပ်တောင်ကို ခပ်မြန်မြန် ခပ်ပြင်းပြင်း ခပ်ဆတ်ဆတ်ကလေး ဆောင့်ပြီး ခေါက်လိုက်တယ်၊ပိတ်လိုက်တယ်ဆို ရင်ကတော့ သူမကလေ.. " I am Jealous " ပါတဲ့ ..သ၀န်တိုနေပြီဆိုတာပေါ့..ဘာတွေလုပ်မိလို့ပါလိမ့်...သတိထား..ကိုရွှေချော..

-ယပ်တောင်ကို အမှတ်မဲ့လေး မသိမသာ(ဒါပေမယ့် သိလည်းသိသာအောင်) လွှတ်ချပြ လိုက် တယ်ဆိုတာ ကတော့.. ကိုင်မ ထား ချင် လို့၊ကိုင်ရတာညောင်းလို့ ......မဟုတ်ပါဘူး" I belong to you " တဲ့....ကိုရွှေချောတို့ဖက်ကို ပါလာပြီထင်ပါ့..း)

-ယပ်တောင်လေးကို ဘယ်ဖက်ရင်ဘတ် နှလုံးသားရှိရာနေရာ လေးပေါ်တင်လို့ ရီဝေေ၀ကြည့်နေပြီဆိုရင်တော့ ..."My love for you is breaking my heart " တဲ့ ..ကြေကွဲစရာပါပဲ....

-အဲ့ဒီ့ယပ်ကလေးနဲ့ အရာဝတ္ထု တစ်ခုခုကို ရိုက်နေ၊ပုတ်ပြနေတယ်ဆိုရင်တော့ ...ဟင်း..ရပ်ထားဆရာ.." I am impatient "
စိတ်တိုလာပြီနော်...တဲ့...

-နေရောင်လာလို့ ယပ်ကလေးနဲ့ကွယ်ရ သယောင် လုပ်လို့် ကိုရွှေချောကို စကားပြောနေရင်..ကိုယ့်လူ.." You are ugly ".. ပြန်ပေတော့ မစဉ်းစားနဲ့ ပြန်ပေတော့....

-ယပ်တောင်က ပန်းချီ(သို့) ရုပ်ပုံလေးတွေကို သေသေချာချာ စကားပြောရင်းစိုက်ကြည့်နေတယ်ဆိုရင်တော့.." I like you" တဲ့.. ခြေစစ်ပွဲ အောင်တဲ့သဘောနေမှာပေါ့နော်...

-နောက်ဆုံး သူမလက်ချောင်းလေးတွေ ကို ယပ်တောက်လေးနဲ့ တဖျတ်ဖျတ် ရိုက် ခတ်ပြ နေပြီဆိုရင်တော့. ..... တွေဝေ မနေ နဲ့တော့ ကိုလူချော...." Please Love Me" ပါတဲ့ဗျာ....ဆက်လက်ချီတက်ရန် အသင့် အနေအထားပေါ့ခင်ဗျာ...း)


အဲ့ဒါလေးတွေကတော့ ဟိုးနှစ်ပေါင်းများစွာက အနောက်တိုင်း ပါတီတွေ ပွဲလမ်းသဘင်တွေမှာ အပျိုမလေးများက ကိုလိုပျို တို့ ကို ယပ်တောင်လေးများနဲ့ မျက်နှာ အမူအယာရောလို့ (မျက်နှာအမူအယာကိုတော့ ပေါ်လွင်အောင်မရေးတတ်လို့ သည်းခံပါ) အချက်ပြ သင်္ကေတ (အထာလေးတွေ) ပေးရင်း လုပ်တတ်ကြတဲ့ ယဉ်ကျေးမှုလေးတွေ ပါတဲ့ ...

ဖတ်ပြီး စိတ်ဝင်စားမိတာနဲ့ မှတ်တမ်းတင် လိုက်မိပါတယ်......ခုခေတ်မှာတော့ ဒီလို ယပ်တောင် တွေ ကိုလည်း မသုံးဖြစ် ကြတော့တာ များသလို ဒီလို သင်္ကေတ အထာလေးတွေနဲ့ မတူတဲ့ တစ်ခြား အထာသစ် လန်းလန်း ကလေးများက လည်း ခေတ်စားချင် စားနေမှာပေါ့နော............ဘာပဲဖြစ်ဖြစ် ရာစုဟောင်းမှာ ကျန်ခဲ့တဲ့ အထာလေးတွေကို လည်းလေ့လာ ကည့်လိုက်ကြပါဦး...စမ်းကြည့်ချင်ရင်လည်း ရနိုင်ပါတယ်.. ကြိုပြီးပြောပြ ထားပေါ့ နော .. အဖော်မွန် ကို လေ ... ဇာတ်တိုက်သလို နေမှာပဲနော....HAVE FAN AND HAVE FUN...ပေါ့..

တွေ့မိတာကတော့ ဒီလိုဆိုထားတဲ့ စာစုလေးပါ...

In the past, hand fans were used not only as cooling instruments, but also as convenient communication devices, mainly for transmitting more or less furtive love messages.

A language of the fan, which is today completely forgotten, was widely used. For your amusement we have recovered a set of messages pertaining to this language, which we include here:


Resting the fan on her lips:
"I don’t trust you"

Fanning herself with her left hand:
"Don’t flirt with that woman"

Running her fingers through the fan’s ribs:
"I want to talk to you"

Slowly fanning herself :
"Don’t waste your time, I don’t care about you"

Quickly fanning herself :
"I love you so much"

Moving her hair away from her forehead.
"Don’t forget me"

Passing the fan from hand to hand:
"I see that you are looking at another woman"

Carrying the fan closed and hanging from her left hand:
"I’m engaged"

Carrying the fan closed and hanging from her right hand:
"I want to be engaged"

Quickly and impetuously closing the fan:
"I’m jealous"

Dropping the fan:
"I belong to you"

Resting the fan on her heart:
"My love for you is breaking my heart"

Hitting any object:
"I’m impatient"

Hiding the sunlight:
"You’re ugly"

Looking closely at the painting:
"I like you"

Hitting her hand’s palm:
"Love me"

မိတ်ဆွေများ အားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com





ဆက်လက်ဖတ်ရှူရန်...

နာမည်ကြီးမင်းသား




ခေတ်လူငယ်တွေ ၊ ကောင်မငယ် လေးတွေ(မြိတ်လို) အင်မတန်ကြိုက်လှပါတယ်ဆိုတဲ့ ၊ ခပ်ချောချော အဆိုတော် မင်းသား မောင်မင်းမော်ကွန်းကတော့
အခုလို သာသနာတော်ကို မလေးမစားနဲ့ ကိုယ့်ဂုဏ်ကိုယ်ဖျက် စကောလောက်မှ ဇောက်မနက်လုပ်ချလိုက်ပြန်ပါပြီ ဆိုတဲ့ ........သတင်းလေးရလို့ ပါ.....

ဘာသာတိုင်းကို လူမျိုးတိုင်းက အသီးသီး ကိုးကွယ်ရာအလိုက် အလေးထားပြီး ကိုယ့်ဘာသာ ကိုကိုယ် မြှင့်တင် တန်ဖိုးထားကြတာကိုတွေ့နေရပေမယ့်နာမည်ကြီး သရုပ်ဆောင်ကြီး ဦးဇင်ဝိုင်း ရဲ့သား နာမည်ကြီး သရုပ်ဆောင် အကယ်ဒမီ မောင်မင်းမော်ကွန်း နဲ့ အပေါင်းအပါ တစ်စုကတော့ထေရ၀ါဒ ဗုဒ္ဒဘာသာ အထွန်းကားဆုံးနေရာ ပြည်မြန်မာမှာ ဘယ်လို စိတ်ကူးပေါက်သည်မသိ...


ဗုဒ္ဒဘာသာ တစ်မျိုးလုံးရဲ့ အထွတ်အမြတ် ထားတဲ့ အနန္တောအနန္တ ငါးပါးထဲ က လက်ရှိ ကိုးကွယ်ရာ မြတ်သံဃာတော်တို့ဆင်မြန်းရာ သင်္ကန်းတော်ကို အရေခြုံလို့ မတော်တာလုပ်ပြနေတယ်ဆိုတော့ကလည်း....

မိမိကိုးကွယ်တဲ့ဘာသာကို မိမိက မှ တန်ဖိုးမထား မလေးစားရင်..... အင်း...........
ပြီးတော့ သံဃာတော်ငယ် များလည်း အတုခိုး မှားနိုင်ပါတယ်..
မောင်မင်းသားက ဒီပုံကို သူ့ရဲ့ Facebook မှာ တောင် တင် ထား သေးတယ်ဆိုတော့ တော်တော်ကို စဉ်းစားစရာ ပါပဲ .... ဘယ်လို ဖြေရှင်းချက် တွေနဲ့ ဘယ်လို ပြောမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပေါ့နော....


သင်္ကန်းတော်ကို ခြုံပြီဆိုတာနဲ့ ကိုယ်အမူအယာ နှုတ်အမူအယာတို့ကို အိနြေ္ဒနဲ့အညီ ၊သိက္ခာတော် များစွာနဲ့အညီ စောင့်ထိန်း နေထိုင်ကြရတဲ့ သံဃာတော်တွေ ကတော့ ဘယ်လိုပြောကြမယ်မသိပါဘူး...ပြီးတော့ သူ့ဖခင်နာမည်ကြီးအနုပညာရှင် ဦးဇင်ဝိုင်း ကကော ဘာပြောမလဲ..
နောက်ပြီး..ကိုမင်းမော် ကိုယ်တိုင်လည်း ဖခင်တစ်ယောက် ဖြစ်နေလေတော့..သူမွေးထားတဲ့ ရင်သွေးလေးတွေ ကို ဘယ်လို ဘယ်ပုံ သွန်သင် ဆိုဆုံးမ မယ်ဆိုတာက လည်း စိတ်ဝင်စားစရာပါပဲ...

ဒါပေမယ့် အရာအားလုံးကတော့ ကိုယ့်သမိုင်းကိုယ်ရေးကြမှာပါ....

ဘာသာတိုင်းကို လေးစားပါတယ်ခင်ဗျာ.......ဖတ်လို့အဆင်မပြေဖြစ်ရင် သည်းခံနားလည်ပေးပါ.....






ဆက်လက်ဖတ်ရှူရန်...

Sunday, August 2, 2009

အဆင်ပြေလို့ ကြိုက်တတ်ရင်

ဒါလေးကတော့ Celebration တွေ လုပ်ချင်နေတဲ့ သူများအတွက် လက်ဆောင်ပါ..ကမ္ဘာ ပေါ်မှာ ဈေးအကြီးဆုံး Champagne တဲ့....ဘာလို့ဈေးအကြီးဆုံးလို့ပြောရသလဲဆိုတာကတော့ .. ရောင်းဈေး...ကို ..ပုံအောက်မှာ ကြည့်နော်.....
နာမည်လေးကတော့ .....
Louis Roederer, Cristal Brut 1990, Millenium 2000, Methusalem (6L)

ရောင်းဈေး - U$D- 17,625.00
မြန်မာငွေနဲ့ဆိုရင် ..အင်း...အင်း...အင်း..အင်း..

( ၆လီတာဆိုတော့ ပုလင်းကအကြီးကြီးပဲနေမှာပေါ့။ပြီးတော့ Label ကလည်းရွှေအစစ်နဲ့လုပ်ထားတာတဲ့.. )
သူတို့ကတော့ ဒီလို ညွှန်းထားလေရဲ့ ..

Cristal has become the premium quaff of choice for the hip-hop crowd in the last couple of years, so it should come as no surprise that something as totally bling as a Methuselah–that’s six liters in one enormous, gold-labeled bottle–should sell for an equally enormous price at Sotheby’s auction in New York in early December. The identity of the seller remains undisclosed.

Harvest between Sept 11th to 17th; Perfect vintage, very fortunate. Wine showing roundness, elegance, perfectly-balanced maturity, soft, ripe tropical fruits, seductive, good acidity and very long persistent length. Showing some reductive/oxidative aromas...



ဒါက နောက်တစ်ခု White Wine ညစာ စားရင်း တွဲဖက် လို့ သုံးဆောင် ကြည့်လိုက် ကြရအောင်......အဲ..သူကလည်း ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး တဲ့...ဘယ်လောက်တောင် ရောင်းကြသလဲ...နာမည်လေးကတော့ ...

1787 Sauternes from Château d'Yquem


ရောင်းနေလိုက်ကြတာ- U$D- 90,000.oo
သူလည်းမြန်မာငွေနဲ့ဆိုရင်....အင်း..အင်း...အင်း...အင်း..
(ဒီဝိုင်ကိုလုပ်တဲ့ စပျစ်သီးတွေကို George Washington အမေရိကန်သမ္မတဖြစ်တဲ့နေ့(၁၇၈၇ ခုနစ်)မှာခူးပြီးတော့ ဒါကို လုပ်ထားတာမို့ သမိုင်းဝင်လို့ ပြောလည်းရလောက်ပါတယ်။ ရာစုနှစ် တွေတောင် ကျော်လာပြီနော်။ ပိုတောင် ဈေးကောင်း လာ နေသေး တယ်။)
ဒီလိုဆိုထားတယ်..
A record for the world's most expensive bottle of white wine has been set with a $90,000 1787 Sauternes from Château d'Yquem. Stephen Williams, Managing Director of Antique Wine Company said that the company has been "working for some time on this commission and the purchaser is a long standing customer of ours." The client is a U.S.-based wine collector and the wine was sold by a private collector in France. The bottle has been inspected and re-corked several times during the past century.

The grapes were picked when George Washington became the first President of the U.S. and so the wine has value as a piece of history regardless over whether the wine itself has held up through time. Williams is taking no chances getting the wine to the client. He picked it up from France in his private plane and will fly it over to the U.S. to personally hand it to the new owner.

ဒီတစ်ခါသူ့အလှည့်...သူကလည်း ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ပါပဲတဲ့ခင်ဗျာ..Red Wine တစ်ပုလင်းကို ဘယ်လောက် တောင် ပေးရမှာမို့လဲ...မှန်း.... ဈေးကိုအောက်မှာ ကြည့်ရဦးမယ်...နာမည်လေးက...

Chateau Lafite, 1787


ရောင်းနေကြတယ်ဒီလောက်- £105,000.၀၀ (U$D-160,000.00)
ဒီတစ်ခါလည်းမြန်မာငွေနဲ့တွက်ကြည့်မိတော့.အင်း...အင်း..အင်း..အင်း..

ဒီဝိုင် အမျိုးစားကို ၁၉၈၅ ခုနစ်က တစ်လုံး ရောင်းလိုက်ပါတယ်တဲ့ ။ဟိုး..အရင် အမေရိကန်သမ္မတဟောင်း Thomas Jefferson ရဲ့ ၀ိုင်သိုလှောင်ခန်း(Cellar) ကနေရောင်းလိုက်တာလို့လည်းပြောပါတယ်။ဝိုင်ရဲ့ Vintage ကတော့ ၁၇၈၇ ပါ...

The most expensive wine ever sold is a bottle of 1787 Chateau Lafite which sold at Christie’s London in December, 1985 for £105,000 (about US $160,000). The wine is reported to be from the cellar of Thomas Jefferson, the former US President, and this most expensive bottle of wine had the initials Th.J etched into the glass bottle.

No question about the bottle, it was correct and, subsequently, after a long and expensive process, the cork and the wine were also found to be absolutely correct.
tawny, no red, a dark brown flaky sediment; nose restrained and though oxidised opened up quite richly with residual fruit traces; a touch of sweetness on the palate and acidic, acetic, finish. Last tasted in Zurich, August 1992”

ကဲ ...၀ယ်သောက် ကြည့်လိုက် ကြရအောင် .....ဒီလို ၀ိုင်တွေ ၊ ရှန်ပိန်တွေမျိုး ကိုတော့ လူပေါ တွေပဲ သောက်နိုင်ကြမယ် ထင်ပါတယ်။ ( ဒီနေရာမှာ လူပေါ ဆိုတာ ပိုက်ဆံပေါများသော လူ တွေကို လူပေါ လို့ တင်စား ဆိုလိုပါတယ် နော.... အတိုကောက်ပေါ့..း-)
ဒီအောက်ကတော့ ၀ိုင်တွေကို ခရီးထွက်ရင် တောင် သယ်သွားတတ်ကြတဲ့ ပုဂ္ဂိုလ်ထူးတို့အကြိုက် Wine Luggage လေ..









မိတ်ဆ္ဂေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

ဆက်လက်ဖတ်ရှူရန်...

Wednesday, July 29, 2009

...ငယ်ဘ၀က သံစဉ်များ...




အခုတလော ငယ်ဘ၀ နဲ့ ပတ်သက် တာတ္ဂေကိုချည်းပဲ Tag ခြင်းကို ခံနေရသမို့ အနည်းငယ်မျှ ငယ်မူပြန်ချင် လာပါတယ်..ဒီလို ငယ်မူပြန်ချင်စိတ်ကလေး ပေါ်လာတော့ ဟိုးအရင် ကလေးလေးဘ၀ တုန်းက ရ္ဂတ်ဆို ဖြစ်ခဲ့တဲ့ ကဗျာလေးတွေ၊ စာလေးတွေ၊ ရောက်တတ်ရာရာ ကလေးဘ၀က သီဆို ဟစ်ကြေ္ဂးဖြစ်ခဲ့တာလေးတ္ဂေ က ခေါင်းထဲကို အစီအရီ လာရောက် ရိုက်ခတ် နေရာယူလာကြပါတော့တယ်.....


ဒီတစ်ည မအိပ်စက်ခင် ကောင်းကင်က ငွေလမင်းကြီးကို မော့ကြည့်နေရင်းက အတွေးထဲကို ၀င်လာတဲ့ ကလေးအရ္ဂယ် ငယ်ငယ်က သီဆို ရင့်ကြူး ကြည်နူး ခဲ့ရတဲ့ ကဗျာလေးတ္ဂေ က လင်းလက်နေတဲ့ ကြယ်ဖြူ ပွင့်လေးတွေ အလား အစီအရီ ခေါင်းထဲကို ၀င်ရောက် နေရာယူ လာတာမို့ ကောင်းကင်ကို မော့ကြည့်နေရင်း ပြုံးနေမိပါတော့တယ်.......

ရွှေလမှာ ယုန် ၀တ်လို့
ဆန်ဖွတ်တဲ့ အဖိုးအို ဟောကြည့်ပါဆို
ဆို သာဆို ပိုမိုသည့် စကား
ကလေးအငိုတိတ်အောင် အရိပ်အယာင်ပြတယ်
ဖိုးလနတ်သား....... တဲ့ ကျွန်တော် မိခင်ဖခင် ကျေးဇူးရှင်တို့ရဲ့ ကျေးဇူးကြောင့် စာမဖတ်တတ်ခင် စာမရေးတတ်ခင် အရင်ဦးစ္ဂာ သီဆို ဟစ်ကြေ္ဂးတတ်ခဲ့တဲ့ စာစုလေး စိတ်ထဲမှာ ပြန်ပေါ်လာတယ် ..ရေးရေးလေး မဟုတ်ဘူး ... သေချာတယ် ..ကောင်းကောင်း မှတ်မိနေတယ်လေ....ဒါလေးနဲ့ ဘ၀ထဲက ကဗျာဆိုတာကို စတင် မိတ်ဆက်ပေးခဲ့ကြတဲ့ မိဘနှစ်ပါး ကိုလည်း ရိုသေစွာ ဦးညွှတ်ဂါရ၀ပြုမိပါတယ်.........

ဒီလိုနဲ့ အချိန်တန်ပြီဆိုတော့...............ခေါင်းလောင်းသံ ချိုချိုတို့ ရိုက်ခတ်သံတွေကြားမှာ ........

ပန်းကလေးများ ပ္ဂင့်တော့မည်
ဖူးတံဝင့်လို့ချည်
နေခြည်မှာ ရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း .....................ဆိုတဲ့ ကဗျာလေးကို ကျွန်တော့် ဘ၀ရဲ့ စာရေးစာဖတ်ခြင်း အတတ်ပညာတို့ ရဲ့ အုတ်မြစ်ချရာ ဋ္ဌာန ထဲမှာ ခဏခဏ ပျော်ပျော်ရွှင်ရွှင် ညီညီညာညာ သီဆိုခဲ့ဖူးပါတယ်....ဒီလိုသီဆို တတ်အောင် ချော့တစ်ခါ ခြောက်တစ်လှည့် စေတနာတွေ ရင်ထဲထည့် ..ပီတိကိုစားလို့..အားရှိနေခဲ့ကြပါတယ် ဆိုတဲ့ မြတ်သောဆရာ မြတ်ဆရာ အပေါင်းတို့ကိုလည်း အမှတ်ရလို့ ကြည်ညိုမိပြန်ပါတယ်..............................

ဒီလိုနဲ့ အဲ့ဒီ့ ဋ္ဌာန လေးရဲ့ ကျေးဇူးတော် အနန္တတို့ဖြင့် စာရေးစာဖတ် ကောင်းကောင်းတတ် ခဲ့ရပြီး နောက် ... စာမြင်ရင် ဖတ်ချင်စိတ်၊ကဗျာမြင်ရင် ရ္ဂတ်ချင် စိတ် ကလေးတ္ဂေက နိုးထလာခဲ့ရပြီး .......................

မုန့်လုံးကို စက္ကူကပ်
ရွှေကလာပ်နဲ့ ဆ္ဂမ်းတော်တင်
ပုလ္လင်ပေါ်က မျောက်ကလေး
ဆင်းတယ်လို့ ပြေး ဂျာအေး............ဆိုတဲ့ မုန့်လုံးစက္ကူကပ် အမြစ်မပြတ် သီဆိုနိုင်တဲ့ ကဗျာလေးတ္ဂေ ...

နောက်တော့....

ရွှေစွန်ညို
ဘာကိုလိုလို့ ၀ဲတယ်ဝဲတယ် ...
မအေးလိုလို့ ၀ဲပါတယ်....
မအေးမပါ သူ့ချည်းသာ ပါပါရက်သား နောက်ကထား...အစပြုတဲ့ ကဗျာလေးကို ရ္ဂတ်ရင်း ကစားရတဲ့ ကစားနည်းလေး ကိုလည်း အကြိမ်ကြိမ် မြူးတူးပျော်ပါး ဆော့ကစားခဲ့ဖူးပါတယ်....အမှတ်တရရှိလိုက်တာ ငယ်ကဗျာလေးတ္ဂေကိုလေ....

ဒီလိုနဲ့ အတန်းတ္ဂေအဆင့်ဆင့်ဖြတ် လို့ အလယ်တန်းခေါ်တဲ့ ပညာရေး လမ်းကြာင်းရဲ့ခရီးတစ်ဝက်မှာ မြန်မာစာ သင်ပေးခဲ့တဲ့ ဆရာမတစ်ယောက် ကို အမြဲ အမှတ်တရရှိမိပါတယ်...သူမက အဆိုတော်လည်း လုပ်ဖူးခဲ့ပါတယ်...ဒါကြောင့် ဆရာမ က ကဗျာလေးတ္ဂေကို သင်ရင် သီချင်းလေးလို တီထ္ဂင်သီဆိုပြီး သင်ပြပေးတဲ့အတွက် မမေ့မလျော့ပဲ ယနေ့တိုင် ရင်ထဲမှာရှိနေတဲ့ ကဗျာလေးတစ်ပုဒ်ကတော့......

တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့ တောင်လုံးသာကျန်ပြန်လေသမို့
ဖန်ဖန်လေ အားအင်နှိုး လို့ရယ် ကြိုးလျှောက်ရပြန် ................... ဆိုတဲ့ ကဗျာလေးပါပဲ...ဘယ်တော့မှမမေ့နိုင်ပါဘူး ဆရာမရယ်..ဆရာမ သားတို့ ကို ကျောခိုင်းပြီး နှုတ်ဆက်ခ္ဂင့်တောင် မရလိုက်ပဲ ဘ၀ဆိုတဲ့ သံသရာခရီး ကြော ကနေ တိတ်တဆိတ် ထ္ဂက်ခွါသ္ဂားပေမယ့် ဆရာမက သီချင်းလေးလို သီဆို တီထ္ဂင်ပြီး သင်ပေးခဲ့တဲ့ ကဗျာလေးကို ရင်ထဲထည့်လို့ ဘ၀ခရီးလမ်း များကို ကြိုးစား လျှောက်လှမ်းရင်း ဒီကဗျာလေးကလေ သားတို့ အတ္ဂက် အားအင်သစ်ကိုဖြစ်စေခဲ့တာမို့ ဆရာမ ရောက်လေရာ ဘ၀မှာ အေးချမ်းသော သူ အဖြစ် တင့်တယ်စွာ စံစားနိုင်ပါစေလို့ ရင်နင့်စွာ ဆုတောင်းပေးလိုက် ပါရစေ မြတ်သော ဆရာ မြတ်ဆရာ ရေ.........

အော်...ငယ်ငယ်တုန်းက ပျော်ရွှင်ကြည်နူးစွာ လွတ်လွတ်လပ်လပ် ရွတ်ခဲ့ ဆိုခဲ့ ကြူးရင့်ခဲ့ တဲ့ ကဗျာလေးတွေ ကအများကြီးပဲ လေ...အားလုံး ကို ပြန်လည်အမှတ်ရပြီး....ငယ်ငယ်က သူငယ်ချင်းတ္ဂေနဲ့ လသာသာ ညလေးတွေမှာ ကဗျာလေးတွေရ္ဂတ် ရင်း လွတ်လပ်ပျော်ပါး လို့ အပူအပင်ကင်းကင်း နဲ့ ပြေးလွှားဆော့ ကစားနေခွင့်လေး..........ဟာ......
အော်..တော်တော်လေးကို အတွေးနယ်တွေ ချဲ့ နေလိုက်မိတာ....မော့ကြည့်နေတဲ့ လမင်းကြီးကိုတောင် တိမ်ဆိုင်လွှာ တစ်ထပ်က ခဏဖုန်းထားလိုက်ပြီပဲ..................................တိမ်တွေမြန်မြန် လွင့်သွားစမ်းပါ...လွင့်သွားလိုက်စမ်းပါ........
ဟော.....ကြည့်နေရင်ပဲ တိမ်တွေ ပြန်လည် ကင်းစင်လို့ လမင်းဝင်းဝင်းကြီး ကထပ်ပေါ်လာပြီ......အခုမှ သတိရတယ် ဒီနေ့လပြည့်ညပဲ...... ဟုတ်တယ် ဒီနေ့လပြည့်ည........

ဒီတစ်ည မအိပ်စက်ခင် ကောင်းကင်က ငွေလမင်းကြီးကို မော့ကြည့်နေရင်းက အတွေးထဲကို ၀င်လာတဲ့ ကလေးအရ္ဂယ် ငယ်ငယ်က သီဆို ရင့်ကြူး ကြည်နူး ခဲ့ရတဲ့ ကဗျာလေးတ္ဂေ က လင်းလက်နေတဲ့ ကြယ်ဖြူပွင့်လေးတွေ အလား အစီအရီ ခေါင်းထဲကို ၀င်ရောက် နေရာယူ လာတာမို့ ကောင်းကင်ကို မော့ကြည့်နေရင်း ပြုံးနေမိပါတော့တယ်... ....... ......

ပြီးမှတိုးတိုးလေး...ဟုတ်တယ်..တကယ့်တိုးတိုးလေး..လေသံဖျော့ဖျော့လေးနဲ့လေ..........


ရွှေလမှာ ယုန် ၀တ်လို့
ဆန်ဖွတ်တဲ့ အဖိုးအို
ဟောကြည့်ပါဆို
ဆို သာဆို ပိုမိုသည့် စကား
ကလေးအငိုတိတ်အောင် အရိပ်အယာင်ပြတယ်
ဖိုးလနတ်သား...................................။ ။

ဒီနေ့ကျမှ လမင်းကြီးကလည်း သာနေလိုက်တာ ..............




ကဲ...မနှင်း ရေ ကျေနပ်လိမ့်မယ်ထင်ပါတယ်ခင်ဗျာ....မှတ်မိသလောက်ရယ် ၊ တကယ်ကို ရင်ထဲမှ ကျန်နေတဲ့ ကဗျာ စာစု လေးတ္ဂေရယ်ကို စာမျက်နှာပေါ်မှာ ရေးခြစ်လိုက်ပါတယ်နော်.....

မိတ်ဆွေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

ဆက်လက်ဖတ်ရှူရန်...

Tuesday, July 21, 2009

ငယ်ငယ်တုန်းက



အခန်းထဲမှာ တစ်ယောက်တည်း သီချင်းလေး နားထောင်နေ မိပါတယ်။ပြီးတော့ အဲ့ဒီ့ သီချင်းလေး နဲ့ အတူ ဟိုး.. ငယ်ငယ်တုန်းက အဖြစ်လေးတ္ဂေ .... အပူအပင် ကင်းကင်း မိဘရင်ခ္ဂင်တ္ဂင်း မှာ စစ်မှန်တဲ့ ပျော်ရွှင်မှုလေးတ္ဂေနဲ့ ကြည်နူးခဲ့ရ ပုံလေးတ္ဂေကို အမှတ်မထင် အတ္ဂေးပုံရိပ်များ အဖြစ်နဲ့ပြန်လည် ထင်ဟပ် လို့ လာခဲ့ပါတယ် ... ဒါနဲ့ အတိတ်က အရိပ်တ္ဂေထဲ ပျော်စရာလေးတ္ဂေကိုပြန်တ္ဂေးရင်း တစ်ဆက် တည်း မှာပဲ ... အစ်မ မဟာဆန် ပြောပြဖူးခဲ့တဲ့ ငယ်ဘ၀က စားခဲ့ တာလေးကို သတိတရဖြစ်လာပါတယ်...

ဒါပေမယ့် အရင်တစ်ခါက ဒီလိုဆင်ဆင်လေး ရေးခဲ့ဖူးပါတယ်။ ဒီတော့ အခု ဘယ်လိုစဉ်းစားမိလဲဆိုတော့ ငယ်ငယ်က မိဘတ္ဂေ ရင်ခ္ဂင်ထဲက စောင့်ရှောက်မှုအောက် မှာ နေခဲ့စားခဲ့ဖူးတဲ့ ခံစားမှုနဲ့ ကိုယ်ပိုင်ဘ၀ကို လျှောက်လှမ်းနေတဲ့ နေ့ရက်တ္ဂေကြားထဲက က္ဂဲပြားမှု လေးကို ကျွန်တော်ရင်ထဲ စိတ်ထဲက နေခံစားမိသမျှကို ကဗျာ လေးတစ်ပုဒ် အနေနဲ့ ပဲ ဖ္ဂင့်ချလိုက်ပါရစေ..အဆင်ပြေသလိုသာ တ္ဂေးတော ခံစားပေးပါလို့ မေတ္တာ ရပ်ခံပါရစေခင်ဗျာ...

အတိတ်ဝေး က အရိပ်တ္ဂေးများ

မုန့်တစ်ခုအတ္ဂက် ငိုကြေ္ဂးလ္ဂယ်တဲ့
ဟိုကလေးအရ္ဂယ် ငယ်ငယ်က
တကယ်ကျ လောဘ ဒေါသဆိုတာ နို့တစ်ခ္ဂက် လောက်အရာမထင်ခဲ့…..

ရွှေစင္ဂေစ တ္ဂေဆိုတာ
ကလေက၀ ပါပဲ
အဖေက ပေးတဲ့ ဂျယ်လီတစ်ဗူး လောက်တောင် စိတ်ကူးမရှိဘူး…..

အမေကခေါ်ရင် ဗျာသံ ဆူးဆူး
မကြာအမြန်ထူးရင်း ငါမြူးလို့ပြေး
ရာထူး တို့ အခ္ဂင့်အရေးတို့ ဆိုတာ ဘာတ္ဂေလဲ …..

အဖေ၀ယ်လာတဲ့ အိမ်ပြန်မုန့်တစ်ဗူး
အလိမ်ဟန် နဲ့ မဟုတ် ဇိမ်ခံပြီး တမက်တမော စားတတ်ခဲ့
ရမ္မက်ဇော ကပ်နေတဲ့ အပူစာ မဟုတ်တာသေချာတယ်…..

မြေခကြေ္ဂလာတဲ့ ခြံထဲပင်က အသီးတစ်လုံး
ပြီးဆုံးအောင် ဝေမျှပြီး သူငယ်ချင်း တ္ဂေနဲ့စား
တကယ်အရင်း အမြတ်တ္ဂေကျန်ပါ့မလား ဆိုပြီး မတ္ဂေးဘူး…..

ငယ်အတန်းဖော် သူငယ်ချင်းတ္ဂေ နဲ့
ဖလှယ်ရင်း ဝေမျှစားတဲ့ ထမင်းဗူး
ဟင်းအထူးတ္ဂေ မပါလည်း မငြင်းဘူး အတူစားပြီးချစ်ကြတာ…..

ကျောင်းနေဖက် အတူပျော်
သူတော်တယ်ငါတော်တယ် တယ်မတ္ဂေးမိဘူး
တကယ်အရေးကြီးရင် အချင်းချင်းကူကြ ထူမလို့ပေးတတ်တယ်…..

ဘုရားရှိခိုး အမျိုးမျိုးကိုအမေကသင်ပြ
ရင်ကလာတဲ့ ကြည်ညိုမှုနဲ့ ခယ၀ပ်တ္ဂား
ခဏခဏအပြစ်များ လည်းမလုပ်မိသေးဘူး ….

ပူပင်သောကနဲ့အကြောင်းမလှလို့
ခေါင်းကျ အောင်မအိပ်နိုင်သူတ္ဂေ လောကမှာရှိတယ်တဲ့
ပြောပြ မှ သိတော့တယ် ဟုတ်ပါ့မလား……

ဒီလိုနဲ့.....
ရက်တ္ဂေလစား လတ္ဂေနှစ်ဖြတ်
အမြစ်ပြတ်ခြင်း မရှိတဲ့ ရာသီတ္ဂေ လည်ပတ် ရင်း
တကယ်မရပ်ခဲ့ ပါလား ဘ၀ ဆိုတဲ့ ရထား….
ခုတော့လည်း…..
ဟိုး…….အတိတ်ဝေးပျပျက
အရိပ်တ္ဂေးလေး တ္ဂေထက္ဂြခဲ့ရလို့
အိပ်ရေး ၀၀ မအိပ်နိုင်တဲ့ နေ့တ္ဂေက ထုနဲ့ဒေး….ဖြစ်ခဲ့ရပေါ့….လ္ဂမ်းလိုက်တာ ငယ်ဘ၀ရယ်…….

**********

ကဲ အစ်မ မဟာဆန် ရေ ကျေနပ်လိမ့်မယ်ထင်ပါတယ်......ကဗျာလေးရေးလို့အပြီး ခုနက နားထောင်နေတဲ့ သီချင်းလေးဆီကို အာရုံပြန်ရောက်ရင်း ဆက်လက် နားထောင် နေမိ ပါတော့တယ်...................................

*****ဟိုစဉ်က..ကလေးတို့ ဘ၀မှာ ..ပျော်ပါးဖို့ရာ. ..လ္ဂယ်ပါတယ်.....ကိုယ်ရတာနဲ့. ....... တင်းတိမ်ရောင့်ရဲ........စားချိန်မှာ ... ၀င်စားမယ်.. အိပ်ချိန်မှာ ၀င်အိပ်မယ် ....အပူအပင် ကင်းတဲ့ .... ကလေးလေးဘ၀ကို ..... တစ်ခါပြန်ပြီး ...ရ..ချင်..သေး..တယ်...... အပြစ် မသိ သေးတဲ့ ..အော်......ခလေးလေး ဘ၀ကို.....တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်*****



မိတ်ဆ္ဂေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

ဆက်လက်ဖတ်ရှူရန်...

Monday, July 13, 2009

ဘ၀ သစ်ပင်




ဒီနေ့ Google ထဲ က အရမ်းလှတဲ့ သစ်ပင်ကြီး တ္ဂေရဲ့ ပုံတ္ဂေကို ကြည့်ရင်း ရှင်သန်နေတဲ့ ကျွန်တော့်ကိုယ် ကျွန်တော် အပင်ကြီး တစ်ပင်လို ဟိုဟိုဒီဒီ စဉ်းစားပြီး မြင်ကြည့်မိ လိုက်တယ်။ပြီးတော့ အပင်အဲ့ဒီ့ အပင်ကြီးကို အစိတ်အပိုင်းလေးတ္ဂေ ခ္ဂဲလိုက်မိတယ်။ လေးပိုင်းပေါ့နော်။ အဲ့ဒါတ္ဂေကတော့ အကိုင်းအခက်တ္ဂေ...ပင်စည်ပိုင်းကြီး...သူ့ရဲ့ ရေသောက်မြစ်တ္ဂေ..နဲ့...သူ အခြေပြုထားတဲ့ မြေလွှာအပိုင်းလေး တ္ဂေ ဆိုပြီးတော့ပေါ့နော်...ဒါလေးတ္ဂေကို ဒီလို ဆက်စပ် ကြည့်လိုက်မိပါတယ်.......... အမြစ်ပိုင်းလေးကတော့ အရေးကြီးတယ်ထင်လို့ သူကနေစလိုက်မယ်..ဒီလိုလေးပေါ့နော........
ရေသောက်မြစ်ကလေးတ္ဂေ( The Roots ) ဟာ ဘ၀မှာ မိမိရဲ့ Attitude ကို ကိုယ်စားပြုကြည့်လိုက်မယ် ဆိုရင် အပင်ကြီးမှာ အမြစ်တ္ဂေ အများကြီးရှိသလိုပဲ လူတိုင်းမှာလဲ Attitudes တ္ဂေ အများကြီးက ရင်ထဲမှာ ခိုအောင်းနေကြပါတယ်။အမြင်အမျိုးမျိုး၊ ခံစားချက်အမျိုးမျိုး၊ ယုံကြည်ချက်အမျိုးမျိုး စတဲ့ အသ္ဂင်က္ဂဲလေးတ္ဂေ စသဖြင့်ပေါ့။အပင်တစ်ပင်ရဲ့ ရေသောက်မြစ်တ္ဂေအများကြီးက က သူတို့ အာဟာရကို ဘယ်လို စုပ်ယူ ရှင်သန်ကြသလဲ၊ရှင်သန်ရသလဲ ဆိုတာအပေါ်မူတည်လို့ အပင်တစ်ပင်နဲ့တစ်ပင် မတူညီကြသလို ကျွန်တော်တို့ အကောင်းအဆိုးကို ဘယ်လိုခ္ဂဲခြားကြမလဲ၊ ဘယ်လို ခံစားကြမလဲ ၊ လောကကြီးကို ဘယ်လိုမြင်ကြမလဲ ၊ ဘယ်လို ရှင်သန်လာကြမယ် ၊ အောင်မြင်မှု ဆုံးရှုံးမှ ရလာဒ်တ္ဂေကို ဘယ်လို တုန့်ပြန်ကြမလဲ စတာတ္ဂေ ကလည်း ကျွန်တော်တို့ရဲ့ Attitude ရေသောက်မြစ်ကလေးတ္ဂေ က လောက အာဟာရ ကို ဘယ်လို ရှုမြင်သုံးသပ် သောက်ယူကြမလဲ ဆိုတာပေါ်ကို မူတည်နေတဲ့ သဘောပေါ့နော်......

နောက်တစ်ခုကတော့ အပင်ပေါက်ရောက်ရာ ပတ်ဝန်းကျင် မြေလွှာ ( The Soil) လေးကလည်း အရေးကြီးပြန်ပါတယ် ..ခုနက ရေသောက်မြစ် Attitude လေးသာမက ပဲ အပင်ပေါက်ရောက် ရှင်သန်ကြီးထ္ဂား လာရန်မှာ သူအခြေပြူ ပေါက်ရောက်တဲ့ မြေလွှာ (ပတ်ဝန်းကျင်-Surroundings)လေးကလည်း အများကြီးအရေးပါလှပါတယ်။ ခုနက Attitude ရေသောက်မြစ်ကလေးတ္ဂေကို အာဟာရပေး ၊နေရာပေးထားတဲ့ အပိုင်းလေးမို့ပါ။အဲ့ဒီ့ပတ်ဝန်းကျင်ဆိုတာ မိမိ လူ့လောကကို ခြေလှမ်း စလိုက်ကတည်းက တ္ဂေ့ကြုံနေကြရတာ ကတော့ မလ္ဂဲမသ္ဂေပါပဲနော။အိမ်၊ကျောင်း၊အလုပ် စတာစတာတ္ဂေတိုင်းမှာ ပတ်ဝန်းကျင် အနေအထားအမျိုးမျိုး တ္ဂေကတော့ မတူညီစ္ဂာ ရှိနေတတ်ကြပါတယ်။အဲ..ပထမ ရေသောက်မြစ်ကလေးတ္ဂေက (Attitude) မြေလွှာ (Surroundings)တ္ဂေဆီက အာဟာရ ကို ဘယ်လို ယူဆောင် သောက်သုံးရမယ် ဆိုတာကို သေချာနားလည် သိနေပြီဆိုရင်တော့ အဲ့ဒီ့ မြေလွှာတ္ဂေက ပေးတဲ့ အားတ္ဂေနဲ့ ကောင်းကောင်းကြီးကို ရှင်သန်ကြီးထ္ဂား မြင့်မား လို့ ပေါက်ရောက် ပ္ဂင့်လန်းနေမှာ ဖြစ်ပါတယ်။

နောက် ပင်စည် ပိုင်း (The Trunk) ကတော့ မိမိ အပေါ်က နှစ်ခုကို အခြေပြုလို့ ဘယ်လောက်အထိ မြင့်မားကြမလဲ ဆိုတာပါပဲ။အပင်တစ်ပင်နဲ့တစ်ပင် အရ္ဂယ်အစား ပေါက်ရောက်ပုံခြင်းမတူညီကြပါဘူး။သူ့အပင်သူ့ အမျိုးအစားနဲ့သူ ဘယ်အပင်က ဘယ်လောက်အထိရှင်သန် ပေါက်ရောက် နိုင်တယ်ဆိုတာ သဘာဝကတော့ ဆုံးဖြတ်ပေးပြီးသားပါပဲ.။ဒါပေမယ့် လူသားတ္ဂေမှာ ကတော့ မိမိ ရဲ့ ဦးတည်ချက် ၊ ရည်မှန်းချက်တ္ဂေ (Personal Goals ) တ္ဂေက ဆုံးဖြတ်ပေးတတ် ကြပါတယ်။သူကတော့ အပင်မှာ အလည်ပိုင်းဖြစ်သလို လူတ္ဂေ အတ္ဂက်လည်း အသားပိုင်း အချက်အချာ ကျပါတယ်။မိမိဘယ်လောက်အထိ သ္ဂားမလဲ ဆိုတာဟာ ဘ၀မှာ မိမိ ရှင်သန်မှု ၊ဖ္ဂံ့ဖြိုးမှု ၊ ထိထိမိမိ တိုးတက်လာမှုတ္ဂေကတော့ အဲ့ဒီ့ ပင်စည်ပိုင်း ဦးတည်ချက် Plans လေးတ္ဂေနဲ့ သေသေချာချာ သက်ဆိုင်နေပါတယ်.......

"If you fail to plan ,you are planning to fail " လို့ ဆိုထားကြတာ ဒါကြောင့်မို့လို့ ထင်ပါရဲ့ နော်....


နောက်ဆုံးတစ်ခုကတော့ အပင်တစ်ပင်ရဲ့ အကိုင်းအခက်တ္ဂေ ( The Branches ) တ္ဂေပါပဲ။ဒီလို အကိုင်းအခက်တ္ဂေကို လူတစ်ယောက်ရဲ့ Knowledge တ္ဂေ Skills တ္ဂေနဲ့ အလားတူပါတယ်။အပင်တ္ဂေကတော့ သဘာဝမို့ အကိုင်းအခက် တ္ဂေ ရှိတတ်ကြပေမယ့် (မရှိတဲ့အပင်တ္ဂေလည်းရှိမယ်နော်) လူတ္ဂေမှာတော့ ဒီလို အကိုင်းအခက်တ္ဂေ တိုးပ္ဂါးလာအောင်ဆိုတာ သဘာဝက အလိုအလျောက် ဖန်တီးပေးလေ့ မရှိပါဘူး။ဒီလို အကိုင်းအခက်တ္ဂေ ဝေဆာ လာအောင်(Knowledge,Skills)တ္ဂေ တိုးပ္ဂါးလာဖို့ကတော့ အပင်တစ်ခုလုံးမှာ ပါဝင်တဲ့ အစိတ်အပိုင်းတ္ဂေကို အသုံးပြု အရင်းတည်လို့ ဦးတည်ချက် (Plans)၊ ဆုံးဖြတ်ချက် (Decisions) ၊ နားလည် တတ်မြောက်တတ်ကျွမ်းမှု(Learn (Continuously လုပ်နိုင်ရင်ကောင်းမှကောင်း) ,Understand ,Remember) ၊ ပေါင်းသင်းဆက်ဆံ ပူးပေါင်းပါဝင်မှု (Delegate,Communicate,Set Priorities)၊ ပြဿနာတ္ဂေ ကို ရင်ဆိုင်ဖြေရှင်းနိုင်မှု (Solving Problems- မိမိတတ်စ္ဂမ်းသမျှ လက်လှမ်းမီသလောက် တာဝန်ယူဖြေရှင်းနိုင်မှု)၊ မိမိကိုယ်ကိုယ် ပြန်လည် သုံးသတ်မှု ၊ အများဝေဖန်မှုကိုလည်း ပိုင်းခြား နားလည် လက်ခံတတ်မှု(Feedback)၊ အပြောင်းအလဲ တ္ဂေကို လက်ခံတတ်မှု (Acceptance of Changes ) စတဲ့စတဲ့ အကြောင်းအရာတ္ဂေ ကို တတ်နိုင်သမျှ ဖြည့်စ္ဂမ်းရင်း လုပ်ဆောင်ကြရင်း ရှင်သန်ဖ္ဂံ့ဖြိုးကြရမှာဖြစ်ပါတယ်။

ဒီ ဘ၀ သစ်ပင် My Life Tree လေးမှာ ဘယ်အပိုင်းကမှ ပိုအရေးကြီးတယ် ဆိုတာ မျိုးမဟုတ်ပဲ အဲ့ဒီ့ အပိုင်း ၄ ပိုင်းလုံးကို သင့်တင့်စ္ဂာ သဟဇာတ ဖြစ်ဖြစ် နဲ့ ရှင်သန်ပေါက်ရောက်မယ်ဆိုရင် ရှင်သန်နေခိုက်မှာတော့ အကိုင်းအခက်ဝေေ၀ဆာဆာ ကြီးမားခိုင်ခန့်တဲ့ အပင်တစ်ပင်ပဲပေါ့ ဆိုတာလေးကို သိသမျှထဲကနေ ပြန်လည် ခံစားပေးလိုက်ရပါတယ်။အားလုံး ကောင်းသောလိုရာတ္ဂေ ပြည့်နိုင်ကြပါစေခင်ဗျာ လို့ ဆုမ္ဂန်ချွေရင်း....





မိတ်ဆ္ဂေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

ဆက်လက်ဖတ်ရှူရန်...

Saturday, July 11, 2009

Mobile Phone ထဲက " ICE "



ဒီနေ့ အလုပ်ထဲ က သူငယ်ချင်း တစ်ယောက် က ဒီလို စိတ်ဝင်စားစရာနဲ့ ကျွန်တော် သတိမထားမိတဲ့ Mobile Phone ထဲမှာ ထည့်ထား သင့်တာလေးကို ပို့ပေးလိုက်လို့ ထက်ဆင့် ဖြန့်ဝေ လိုက်ရပါတယ်..သိပြီးတဲ့သူတ္ဂေ ကတော့ အပျင်းပြေ ထပ်ဖတ်သ္ဂားပေါ့နော်.. ကျွန်တော်ကတော့ တော်တော်လေးကို သဘောကျမိလို့ ပါ...

ပြောထားတာလေးကတော့ ဒီလိုလေးပါ...
Mobile Phone တ္ဂေထဲက မိမိ တစ်စုံတစ်ခု အရေးအကြောင်းကြုံခဲ့ရင် ဘယ်သူ့ဆီကို Emergency Contact လုပ်ပေးရမလဲဆိုတာကို သက်ဆိုင်ရာက/တာဝန်ရှိသူက ဖုန်းထဲက Contacts ပေါင်းများစ္ဂာထဲက နောက်မှာ ICE (In Case Of Emergency ) ဆိုပြီး ရိုက်ထားတာကို ကြည့်ပြီး မည်သူမည်ဝါကို အကြောင်းကြားပေးရမလဲဆိုတာကို လိုအပ်သလို ဆောင်ရ္ဂက်ပေးနိုင်စေရန်ဖြစ်ပါတယ်...

We all carry our mobile phones with names & numbers stored in its memory but nobody, other than ourselves, knows which of these numbers belong to our closest family or friends. If we were to be involved in an accident or were taken ill, the people attending us would have our mobile phone but wouldn't know who to call.

Yes, there are hundreds of numbers stored but which one is the contact person in case of an emergency? Hence this "ICE" (In Case of Emergency) Campaign The concept of "ICE" is catching on quickly. It is a method of contact during emergency situations. As cell phones are carried by the majority of the population, all you need to do is store the number of a contact person or persons who should be contacted during emergency under the name "ICE" (In Case Of Emergency).

(ဒါပေမယ့် ဖုန်းတ္ဂေကို Passwords တ္ဂေ ထည့်ထားတတ်ရင်တော့ တစ်မျိုးပေါ့နော်...ကိုယ်ကလ္ဂဲရင် ဘယ်သူမှ ဖ္ဂင့်လို့ မရနိုင်လို့ပါ...)

The idea was thought up by a paramedic who found that when he went to thescenes of accidents, there were always mobile phones with patients, but they didn't know which number to call.

He therefore thought that it would be a good idea if there was a nationally recognized name for this purpose.

In an emergency situation, Emergency Service personnel and hospital Staff would be able to quickly contact the right person by simply dialing the number you have stored as "ICE."

For more than one contact name simply enter ICE1, ICE2 and ICE3 etc. A great idea that will make a difference!

Let's spread the concept of ICE by storing an ICE number in our Mobile phones today!

Please forward this. It won't take too many "forwards" before everybody will know about this it really could save your life, or put a loved one's mind at rest. ICE will speak for you when you are not able to.


*********************************************




မိတ်ဆ္ဂေများအားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ

www.lkphyu.blogspot.com

ဆက်လက်ဖတ်ရှူရန်...

Wednesday, July 8, 2009

ငယ်ဘ၀ကို သတိရစေတဲ့ ဟင်း


ညီမငယ် မေကဆုန် က " ငယ်ဘ၀ကို သတိရစေမယ့် ဟင်း " ဆိုပြီး ရေးဖို့ တက်(ဂ်)လာတဲ့ အတ္ဂက် တော်တော်ကို စဉ်းစားပြီး ရေးလိုက် ရပါတယ်။ဘာလို့လဲဆိုတော့ ကြိုက်ခဲ့တာ စားခဲ့တာတ္ဂေ က တော်တော်ကို များခဲ့တာ ၊ ပြီးတော့ ဟင်းမှမဟုတ်ဘူး တစ်ခြားဟာတ္ဂေကိုပါ အစားများခဲ့တယ် ဆိုတော့ကာ အဲ့ဒီ့ထဲကမှ တကယ် ငယ်ဘ၀ကို အမှတ်ရစေတဲ့ ဟင်းတ္ဂေနဲ့ ကြိုက်ခဲ့ရတာတ္ဂေကို ပဲ နဲနဲချရေးကြည့်ပါရစေလို့ ခ္ဂင့်ပန်ပါရစေ ခင်ဗျာ .............




**********

ရန်ကုန်ကနေ အဝေးပြေးကားကို စီးပြီး နယ်ကို အလှူလုပ်ရအောင်ဆိုပြီး ခရီးထ္ဂက်လာခဲ့ပါတယ်။ဒီလိုနဲ့ လမ်းခရီးကို ရောက်တော့ ထမင်းစား ခဏနားမယ်ဆိုပြီး ဆိုင်တစ်ဆိုင်မှာ ကားရပ်ပေးလို့ ဆင်းလာရင်း ဘေးပတ်ဝန်းကျင်ကိုကြည့် လိုက်တော့ .... ဗန်းကလေးတ္ဂေနဲ့ထမ်းလို့ ရောင်းနေကြတယ် ..ငယ်ငယ်က နယ်မှာနေတုန်း အမေ က ၀ယ်ဝယ်ပြီး ကြော်ကြော်ကျွေးတတ်တဲ့ ..စာကလေးကြော်လေးတ္ဂေပါ..အော် တစ်ခါတစ်ရံ ထမင်းနဲ့တောင်မစားပဲ ရေန္ဂေးနဲ့ ထိုင်မြည်းခဲ့ဖူးတဲ့ ..အကောင်လေးတ္ဂေကို အမေက သနားတယ်ဆိုပြီး အဆက်ဖြတ်လိုက်တဲ့ အချိန်ကစလို့ အဆက်ပြတ်နေခဲ့တာ ခုလိုပြန်တ္ဂေ့လိုက်ရတော့ ဟိုး အရင် ကလေးဘ၀က အကောင်လေးတ္ဂေကို အထူးအဆန်းလုပ် စားတတ်တဲ့ အချိန်တ္ဂေကို ပြန်လည် တသမိခဲ့ပါတယ်။အဲ့ဒီ့တုန်းကတော့ ဘာသိမှာလဲ ရရင်ကြိုက်ရင် ကြိတ်တာပဲပေါ့နော်....

ဒီလိုနဲ့ဆက်ထ္ဂက် လာခဲ့တာ ပြည်မြို့ ကို ရောက်တော့ ကျွန်တော်ငယ်ငယ်က နေခဲ့ဖူးတဲ့ ကျောင်းတစ်ကျောင်းနားမှာ ပြည်ပလာတာ ကောင်းကောင်း တစ်ပ္ဂဲ ကို စားရင်း ဟိုးငယ်ငယ် အချိန်ကနေ အခု အချိန်အထိ အနည်းဆုံး တစ်လ တစ်ကြိမ်လောက်ကို အမေ ချက်ကျွေးခဲ့ တဲ့ ပြည် ပလာတာ ကို သတိရမိပါရဲ့...ကျွန်တော် ၆ နှစ်သားလောက်က ပလာတာ လုပ်မယ့် ပစ္စည်းတ္ဂေ ကို ကားပေါ်တင်ရင်း ပြည်မြို့ ကနေ နဲနဲ (၁၂မိုင်) လောက် အလှမ်းဝေးတဲ့ တောရ္ဂာလေးတစ်ရ္ဂာ က ဘုန်းကြီးကျောင်းမှာ အလှူလုပ်ခဲ့တဲ့နေ့ လေး က ကျွန်တော့စိတ်ထဲ ကို တိုးဝင်လာခဲ့တာနဲ့ ခပ်သုတ်သုတ် စားခဲ့ပါတယ်......

အဲ..ဒီလိုနဲ့ ခုနကပြောတဲ့ကျေးရ္ဂာလေးကိုရောက်တယ် ဆိုပါတော့ ပြီးတော့ အမျိုးတ္ဂေ အိမ်မှာနေရင်းနဲ့ ညီမတစ်ယောက်က အပြင်ထ္ဂက်မလို့တဲ့ ပြည်ဖက်ကိုသ္ဂားမှာတဲ့ ဘာမုန့်ဝယ်ခဲ့ရမလဲမေးတော့ ..စဉ်းစားတယ်..ဘာစားရင်ကောင်းမလဲဆိုတော့ ဟိုးအရင် ကျွန်တော်ငယ်ငယ်က နေခဲ့တဲ့ လမ်းထဲက တရုတ်မကြီးတစ်ယောက် ကလက်ရာကောင်းကောင်းနဲ့ လမ်းထိပ်ဈေးဆိုင်တန်းလေးမှာ မနက်စောစော ရောင်းရင်း ကျွန်တော်အတ္ဂက် နံနက်စာလို ဖြစ်ခဲ့ဖူးတဲ့ ကော်ရည်ခေါက်ဆ္ဂဲ ဆိုင်လေးမှာ မနက်စောစော ကျောင်းမသ္ဂားခင် ၀င်ဝင်ပြီး စားသ္ဂားတတ်ခဲ့တာကို သတိရမိတော့...သိတယ်နော်...ညီမကို ဘာမှာ မလဲဆို တာကတော့ ...အဲ့ဒီ့ ဟာလေးပေါ့ခင်ဗျာ...

ဒါနဲ့ နေရင်းနဲ့ အလှူရောက်ရင် ကျွေးမ္ဂေးဧည့်ခံမယ့် ဟာတ္ဂေကို တိုင်ပင်ကြတော့ နယ်မှာဆို အလှူတိုင်း မပါမဖြစ် ငခြောက်ထောင်းကြော် လေးတော့ ထည့်ဖြစ်အောင်ထည့်ပါလို့ ပြောသံကြားတော့ ဟိုးငယ်ငယ်က အဘိုးနဲ့ အလှူတစ်ခုမှာ အဲ့ဒီ့ ငခြောက်ထောင်းကြော် လေးနဲ့ အ၀အပြဲ ၀င်တီးခဲ့တာလေးကို သတိရမိခဲ့ ပါတယ်။

နောက်တော့ အမေအမြဲ ကြော်ကြော်ပြီး ပေးတတ်တဲ့ ငပိကြော် ခေါ်မလား ဘာလချောင်ကြော် ခေါ်မလား အဲ့ဒါလေးလည်း အလှူမှာ ထည့်ပေးပါလားလို့ ကျွန်တော်ကပြောတော့ ဒီမှာက ငရုတ်သီးကြော်ကို ပိုကြိုက်ကြတယ်တဲ့ ။ပြီးမှ သရက်သီး အစိမ်းသုတ် နဲ့ အချဉ် သဘောမျိုး လုပ်ပြီး ၀က်သားဆီပြန် တို့ ကြက်သားဟင်းတို့ ငသလောက်ပေါင်းတို့ ဆိုတာမျိုးတ္ဂေကို ကျွေးမှ လူကြိုက်များတာဆိုတော့ ကာ အလှူနေ့ ကို ရောက်မှ ခုနက ငရုတ်သီးကြော်နဲ့ သရက်သီး သုတ်ကို အရင် ကို ဦးအောင်ဝင်တ္ဂယ်ပြီးတော့ မှ ...ဟာ...ဒီဟင်းမျိုးတ္ဂေက ဟိုးငယ်ငယ်တုန်းက ကိုယ်ကသတိမထားမိလို့ပါ..အမြဲကို တ္ဂေ့ဖူး စားဖူးနေကျပါပဲလို့.... (အဲ့ဒီ့ရ္ဂာလေး ကို တစ်ခါက ၁၀ နှစ်ကြာပြီးမှ တစ်ခေါက် ပြန်ရောက်ဖြစ်တယ်။ခုနောက်ပိုင်းတော့ ၃ နှစ်ခြား တစ်ခါ လောက်တော့ ရောက်ပါတယ်။ခုတော့ Vacation ပြန်တိုင်း သ္ဂားမယ်လို့ စိတ်ကူးထားပါတယ်။)

ထူးခြားတာကတော့ အဲ့ဒီ့မှာ နေတုန်း ခဏ နေ့တိုင်းလိုလို ဂ္ဂေးတောက်ရ္ဂက် ဟင်းချို ခါးခါးလေး ကို သောက်ခဲ့ရပါတယ်။တစ်ချို့ ကတော့ ဒီနာမည်ကို မကြားဖူးဖူးတဲ့ ပြောကြပါတယ်။သက်သက် လေးနဲ့ ခံတ္ဂင်းလိုက်စေပါတယ်..သောက်ရင်းနဲ့ ငယ်ငယ်က ဆေးဖြစ်ဝါးဖြစ်ဆိုပြီး အရည်သက်သက်ညှစ်တိုက်တာကိုလည်း နှာခေါင်းပိတ် သောက်ခဲ့ရပုံ လေးကို အမှတ်ရမိပါသေးတယ်..

ကဲ ဆက်ပြောရရင် အများကြီးဖြစ်သ္ဂားမယ်..ပြီးတော့ ငယ်ဘ၀ကို သတိရပုံတ္ဂေကတော့ အသက်ကြီးလာလေလေ ပြန်ပြောပြဖို့တော်တော် စိတ်အားသန်လေမို့ ပါ.။

အခုလောလောဆယ်တော့စိတ်ထဲမှာ အဲ့ဒါလေးတ္ဂေကို သတိတရရှိနေရင်း က အိမ်ရဲ့အဝေး အလုပ်ထဲက Cafeteria မှာ နေ့တိုင်းကျွေးတဲ့ မချစ်သော်လည်း အောင့်ကာနမ်း ဟင်းများနဲ့ နှစ်ပါးသ္ဂားရင်း ၊ တစ်ခါတစ်ရံ သူငယ်ချင်းတ္ဂေ ပျော်ပျော်ပါးပါး အိမ်အလ္ဂမ်းပြေ ဟင်းကလေးတ္ဂေကို ချက်စားရင်း ...

ပြီးတော့ .....မြင်ရုံနဲ့ သ္ဂားရည်ကျသ္ဂားအောင် Online ကနေ လုပ်ပြနေကြတဲ့ ..........


  • အစ်ပျိုကြီး ဆိုတော့ ဟင်းဘယ်လိုချက်လဲဆိုတာသိချင်လို့ မငုံ ကို မေးရင်း ၊

  • ကြက်ဥတော့ ကောင်းကောင်းပြုတ်တတ်ပါတယ်ဆို တဲ့ ညီမ လတ်လတ်ဇော် တစ်ယောက် ဘာတ္ဂေ ဘယ်လိုချက်စား နေတယ်ဆိုတာကို သိချင်မိရင်း ...ဆက် တက်(ဂ်) လိုက်ရပါတယ် လို့ ...
အချိန်ရမှ နားထောင်ပါ...အဲ..အချိန်ရရင် ရေးပေးကြပါ ပြောပြပေး ကြပါဦးနော်... " ငယ်ဘ၀ကို သတိရစေတဲ့ အစားအစာ လေးများ " ကို လေ..........




(ပုံထဲက ဟင်းတ္ဂေကတော့ ကျွန်တော်ချက်တာ မဟုတ်ရပါ..ဟုတ်တယ်ဆိုလည်း ယုံကြမှာမှ မဟုတ်တာ... ဒီတော့ ဟော့ဒီ့နေရာ လေးကနေ ချက်ပြီးသားတ္ဂေကို အဆင်သင့် ယူလာပေးတာလေ..)

မိတ်ဆ္ဂေများ အားလုံး ပျော်ပါစေ
လင်းကြယ်ဖြူ
www.lkphyu.blogspot.com

ဆက်လက်ဖတ်ရှူရန်...